ထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံ အဆင့်မြင့်အစိုးရ အရာရှိကြီးများဟာ အာဆီယံနိုင်ငံများအတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှုအစီအစဉ်အရ ကုန်သွယ် ကြမဲ့ဆန်စပါးနဲ့ပတ်သက်ပြီး အငြင်းပွား မှုကို ဖြေရှင်းဖို့ ဇန်နဝါရီလ ၁၇ ရက် နေ့မှာစတင်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်း မြို့မှာကျင်းပမဲ့ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးမှာ ဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်တယ်လို့ ထိုင်းဒုတိယလယ်ယာစိုက်ပျိုးရေးဝန်ကြီး ဆက်ပရက်ဒိုဆာရာနိုကပြောကြားပါတယ်။ ဒါပေမယ့် ဆန်တန်ချိန် သုံးသိန်းကျော်ကို မနီလာသို့တင်ပို့ရန် ဖိလစ်ပိုင်က အတည်ပြုမပြုကို ဆာရာဒိုကအတည်ပြုပြောကြားခြင်းမရှိ သေးပါ။ အာဖတာအရ ဖိလစ်ပိုင်နိုင်ငံက ယခုနှစ်မှစပြီး ဆန်ကိုသွင်းကုန်ခွန် လျှော့ချပေးရမှာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အောက်တိုဘာ လအတွင်းက ဖိလစ်ပိုင်နိုင်ငံဟာ ဆန်တင်သွင်းမှုအခွန်ကို ၃၅ ရာခိုင်နှုန်း အောက်လျှော့ချမပေးနိုင် ဘူးလို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး အာသာယပ်ကပြောကြားခဲ့ပါတယ်။ လော လောဆယ်မှာ အာဆီယံအက်ဖ် တီအေအရ ဆန်တင် သွင်းမှုမှာ အခွန် ၄၀ ရာခိုင်နှုန်းပေးဆောင်ရမှာဖြစ်ပါ တယ်။ ဆန်စပါးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်က အခွန်လျှော့ပေးဖို့နှောင့်နှေးနေမယ်ဆိုရင် အာဆီယံကုန်ပစ္စည်း ကုန်သွယ်မှု (ATIGA) ကို အကောင်အထည်ဖော်ဖို့ရပ်ဆိုင်းထားမယ်လို့ ထိုင်းနိုင်ငံကခြိမ်းခြောက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကစ ပြီး ဖိလစ်ပိုင်နဲ့ကျန် အာဆီယံငါးနိုင်ငံတို့က အကောက်အခွန်လိုင်း ၇၈၈၁ အပေါ်မှာ အခွန်လျှော့ချပေးခဲ့ ပါတယ်။ အလွန်အရေးကြီးစာရင်းထဲမှာပါတဲ့ ဆန်ကိုတော့ သတ်မှတ်ထားတဲ့နေ့ရောက်မှ လျှော့ချပေးမှာဖြစ်တယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။Source: businessmirror.com.ph
Background