Main menu

Background

ဈေးကွက်နှင့်အညီ ပြောင်းလဲတိုးတက်လာသော ရွှေဘိုဆန်စက်များ

Fri, 01/29/2010 - 05:09 -- Anonymous (not verified)

    မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအခြေခံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချရေးလုပ်ငန်းများတွင် စိုက်ပျိုးထုတ်လုပ်မှုမှသည် ပြည်ပတင်ပို့နိုင်သည်အထိ ဦးဆောင်ကုမ္ပဏီများဖွဲ့စည်းပြီး စိုက်ပျိုးသူတောင်သူများအား စိုက်ပျိုးစရိတ်များ ကြိုတင်ထုတ်ပေးခြင်းများ အပြင် မြန်မာနိုင်ငံမှ ကမ္ဘာ့ဈေးကွက်ဝင် ပြည်ပဆန်များကြိတ်ခွဲထုတ်လုပ်လျက်ရှိရာ နိုင်ငံခြားမှထုတ်လုပ်ော ခေတ်မီဆန်စက်များ၊ စက်ယူနစ်များ ထုတ်လုပ်မှုနည်းပညာများကို မိမိစိတ်တိုင်းကျ ရွေးချယ်နိုင်တဲ့အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါ တယ်။    စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ဟာ ဆန်စပါးကို တစ်တိုင်းလုံး၏ ၅ဝ ရာခိုင်နှုန်းထုတ်လုပ်ပေးနေပြီး ဆန်စပါးအထူးပြုကုမ္ပဏီများ ဦးဆောင်ကုမ္ပဏီများဖွဲ့စည်းပြီး ဆန်စပါးကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိနေတဲ့အပြင် ဆန်စက်များကို လည်း အသစ်တည်ဆောက်၊ အဟောင်းပြုပြင်လျက်ရှိပါတယ်။    ယခုအခါ ရွှေဘိုခရိုင်အတွင်းမှာ တရုတ်နိုင်ငံလုပ်ခေတ်မီဆန် စက် ၂၄ နာရီ တန် ၆ဝ ကျ ဆန်စက် တစ်လုံး၊ ၂၄ နာရီ တန် ၅ဝ ကျ ဆန်စက် ၂ လုံး၊ ၂၄ နာရီ တန် ၂၄ ကျ ဆန်စက် ၄ လုံး၊ ၂၄ နာရီ တန် ၂ဝ ကျ ၁ လုံး၊ စုစုပေါင်း စက်သစ် ၈လုံးအပြင် ယူနစ်အစားထိုး Modification ပြုလုပ်လာတဲ့ဆန်စက် ၁၅လုံး ခန့်ရှိလာပြီဖြစ်ပါတယ်။    ယူနစ်အစားထိုးပြောင်းလဲလာသော ဆန်စက်အစိတ်အပိုင်းများမှာ ငါးပုံကျောက်အစား (R-Roll husker)၊ ဘိလပ်ဆန်ကာအစား (Tray Type) ဆန်ကာ၊ ဆန်ဖြူဖွတ်တ်မတ်တတ်ကျောက်အစား (Horizontal Type) ဆန်ကွဲရွေးစက် (Flab Scive) အစား ဆန်ကာလုံး (Tri-Cylinder)၊ ဆန်အရောင်တင်စက် ယခင်ကမရှိခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံလုပ် (Wet Polisher, Dry Polisher) များတပ်ဆင်အသုံးပြုလာကြတဲ့အတွက် ယခင်က ၂၅ရာခိုင်နှုန်းမှတ်ဆန် ပြည်တွင်းအဆင့်သာကြိတ်ခွဲနိုင်မှုမှ ယခုအခါ အလတ်စ ၊အထက်စ Super ၅ရာခိုင်နှုန်း၊ Super ၁ဝရာခိုင်နှုန်းဆန်များ ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်ပသို့ အဆင့်မီဆန်များ တင်ပို့နိုင်ပြီဖြစ်ကြောင်းသိရပါတယ်။