Main menu

Background

ဈေးကွက်လိုအပ်ချိန်နှင့် ချိန်ကိုက်ထုတ်လုပ်မှ ဖရဲစိုက်တာ အကိုျးရှိမည်

Fri, 01/15/2010 - 18:32 -- Anonymous (not verified)

     မြန်မာနိုင်ငံ၏ ရေမြေရာသီဥတု အနေအထားအရဖရဲသီးကို ပြည်နယ်/ တိုင်းအသီးသီးတွင် နေရာအနံှ့ စိုက်ပိုျး ထုတ်လုပ်နိုင် ပြီး ဒေသတွင်းစားသုံးရန် ဖူလုံနိုင်သည့်အပြင် ပြည်ပသို့ တင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေများစွာ ရှာဖွေပေးလျက်ရှိပါသည်။ သစ်သီး ဝလံကဏ္ဍတွင် နိုင်ငံ ခြားငွေအများဆုံး ရရှိပြီး ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၉ သန်း ကျော်အထိရရှိခဲ့ ကြောင်း သိရသည်။  ဖရဲသီးပို့ကုန်များ ကို ယခင်က ရာသီချိန်တွင်သာ စိုက်ပိုျး ထုတ်လုပ် နိုင်သော်လည်း ယခုအခါ တစ်နှစ်ပတ်လုံး စိုက်ပိုျးထုတ်လုပ်ပြီး ပြည်ပသို့ပိုမို တင်ပို့လျက်ရှိရာ  ပြည်ပ အဓိကတင်ပို့နေသော ဖရဲသီးများကို မူဆယ် နယ်စပ်မှတစ်ဆင့် အများဆုံး တင်ပို့နေခြင်းဖြစ်၍ ခရီးနီးသည့် မန္တလေးနှင့်စစ်ကိုင်းတိုင်းများတွင် အများဆုံးစိုက်ပိုျးလျှက်ရှိပြီးတစ်နှစ်ထက် တစ်နှစ် တိုးမြှင့်စိုက်ပိုျးလျှက်ရှိကာ ပုံမှန်စိုက်ပိုျးသည့် စိုက်ဧကများအပြင် ကုမ္ပဏီများကပါ တိုးခဲျ့စိုက်ပိုျးလျက် ရှိသည်ကိုတွေ့ရသည်။မိုးနှင့်နွေအကြားဝင်ငွေရ     ဖရဲသီးစိုက်ပိုျးရာတွင် ရက် ၇ဝ မှ ၉ဝ အထိသာကြာမြင့်ပြီး စိုက်ပိုျး ရာသီမှာစက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများဖြစ်၍ မိုး နှင့် နွေစီမံကိန်းသီးနံှများ၏ ကြား ကာလတွင် အချိန်ယူစိုက်ပိုျး ထုတ် လုပ်နိုင်သည့် သီးနံှဖြစ်ပါသည်။ ဈေး ကောင်းသည့် နှစ်များမှာဝင်ငွေ အနေဖြင့် ရိုးရိုးဖရဲတစ်ဧက ၃၈ သိန်းနှင့် အစေ့မဲ့ဖရဲ တစ်ဧက ၅ဝ သိန်းအထိ ရရှိနိုင်သည့် အတွက် စီမံကိန်းသီးနံှစိုက်သည့် အချိန်တွင် ရင်းနှီး ငွေကောင်းကောင်း ရနိုင်မှာဖြစ်ပါသည်။ ထို့အပြင် ဖရဲစိုက်ပိုျးရာတွင် အသုံးပြု သော မြေသြဇာများ၊ သဘာဝ မြေသြဇာများ၊ မြေပြုပြင်မှုများကြောင့် စီမံကိန်းသီးနံှအတွက် များစွာအကိုျး ဖြစ်ထွန်းသည်ကိုလည်း တွေ့ရမှာဖြစ်ပါ သည်။ ဖရဲကို ကြားကာလသီးနံှအပြင် စိုက်ပိုျးခြင်း အားဖြင့် ဒေသခံများလည်း အလုပ်ရရှိ ဝင်ငွေတိုးပြီး နည်းပညာ သစ် များရရှိ၍ ကျေးလက်လူနေမှုအဆင့် အတန်းလည်း မြင့်မားလာနိုင်မည်ဖြစ် ပါသည်။လက်ရှိတရုတ်ဈေးကွက်ဝယ်အားမကောင်း     ယခုနှစ်ဖရဲဈေးကွက်နှင့်ပတ် သက်၍ မြန်မာနိုင်ငံသစ် သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပိုျး ထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း ဒုတိယ ဥက္ကဌ ဦးအောင်သန်းက ''ဒီနှစ်ဖရဲသီး ဈေးကွက်မှာ ဖရဲသီးစိုက် ဧကများပြီး အထွက်များပေမယ့် ဈေးကွက် မရှိ ဖြစ်နေတယ်။ အဓိကရောင်းချနေတဲ့ တရုတ်နိုင်ငံမှာလည်း နှင်းမုန်တိုင်း၊ အအေးလှိုင်းစတဲ့ ရာသီဥတုဖောက်ပြန် မှုတွေကြောင့် ဖရဲဝယ်လိုအားကျဆင်း နေပါတယ်။ ဒီနှစ် ဖရဲစိုက်ဧက အနေနဲ့ ရန်ကုန်တိုင်းမှာ ၉၅ဝ ဧက၊ ပဲခူးတိုင်းမှာ ၂၂ဝဝ ဧက၊ ဧရာဝတီတိုင်း မှာ ၆ဝဝ ဧက၊ မကွေးတိုင်းမှာ  ၁ဝဝ ဧက၊ မန္တလေးတိုင်းမှာ ၁၂ဝဝ ဧကနဲ့ စစ်ကိုင်း တိုင်းမှာ ၁၅ဝ ဧက၊ စုစု ပေါင်းတစ်နိုင်ငံ လုံးဧက ၅၂ဝဝ ခန့်စိုက်ပါတယ်။ အထွက်နှုန်းလည်း ပုံမှန်ထွက်ပါတယ်။ စိုက်ဧကများတာကြောင့် ဒီနှစ်ဖရဲ အထွက်များတယ်လို့ ပြောပါ တယ်။ မြန်မာနိုင်ငံမှာ အဓိကစိုက်ပိုျးတဲ့ ဖရဲမိုျးတွေ ပြည်တွင်း/ပြည်ပအကြိုက် မိုျးများဖြစ်တဲ့ ထိုင်ဝမ် ၁၆၄၊ ၈၅၅၊ ဝဝ၁၊ ၁၆၈ တို့ဖြစ်ပြီး တစ်ဧကအထွက် နှုန်းမှာ ရောင်းတန်းဝင်ပျမ်းမျှ ၁ဝဝဝ လုံးခန့်နဲ့ ရပ်ကွက် (သို့) ဒေသသုံး (ပယ်သီး) ပျမ်းမျှ ၅ဝဝ လုံးခန့်၊ စုစု ပေါင်း ၁၅ဝဝ လုံးခန့်ရှိပါတယ်။ ဖရဲ တစ်ဧကစိုက်ပိုျးစရိတ်မှာ မြေအမိုျး အစားပေါ်မူတည်ပြီး ၅ သိန်းမှ ၈ သိန်း ခန့်ထိရှိပါတယ်။ အခိုျ့ဒေသတွေမှာ ၃ သိန်းလောက်ပဲ ကုန်ကျတာလည်း ရှိပါတယ်''ဟု ပြောသည်။ တရုတ်နိုင်ငံသို့ ရောင်းချနေသော ဖရဲသီး အရွယ်အစား မှာ ရောင်းတန်းဝင် (နထစသမအ ှငဖန) လုံးပတ် ၂၄ လက္ခအထက်၊ အရှည် ၁၂ လက္ခဖြစ်ပြီး ယခုနှစ်ဈေးကွက်ထဲ တွင် ရောင်းတန်း ဝင်ဖရဲသီးတစ်လုံးလျင် ၈ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်အထိ ဈေးရှိ ကြောင်း၊ ရပ်ကွက်ဒေသစားသုံးသည့် (ပယ်သီး) တစ်လုံးလျှင် ၂ဝဝ ကျပ်မှ ၃ဝဝ ကျပ် ဈေးရှိကြောင်း၊ ယခင်နှစ် တွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ ရာတွင် အလုံး ၃ဝဝဝ (အလုံးကြီး) မှ အလုံး ၃၅ဝဝ (အလုံးသေး) ပါသည့် ၂၅ တန်ကား တစ်စီးလျင် ယွမ် ၃ဝဝဝဝ မှ ယွမ် ၅ဝဝဝဝ ထိရရှိခဲ့ပြီး ကားတစ်စီးလျင် ယွမ် ၇ဝဝဝဝ ထိပင်ရ ခဲ့ဘူးတာရှိပါ ကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံ၌ ရာသီဥတုအခြေအနေ ကြောင့် ဝယ်ယူ မှုအားမကောင်းသေး၊ ဈေးမပေးသေး သော်လည်း ဒီကပို့ လိုက်သည့် ၂၅ တန် ကားတစ်စီးကို ယွမ် ၂၅ဝဝဝ မှ ယွမ် ၃ဝဝဝဝ သာရ သဖြင့် မကိုက်ပါကြောင်း၊ ကားတစ်စီး ကို ဖရဲသီးတန်ဖိုး ကပင် သိန်း ၃ဝ ခန့်ရှိ ပြီး ကားခအနေ ဖြင့် ၁ဝ ဘီးကားတစ် စီးမူဆယ်ထိ ၁၇ သိန်း တင်ပို့သည့် နေရာမှ ပွဲခ၊ အလုပ်သမားခ၊ ဖွဲကပ်ခက ၃ သိန်းခွဲခန့်ရှိ၍ နယ်စပ်တွင် ဂူျတီခ နှင့် ပွဲခက ၅ သိန်းလောက်ထပ်ပေါင်း လျှင် ကားတစ်စီးလျှင် စုစုပေါင်း ၅၅ သိန်းခွဲ၊ သိန်း ၆ဝ ခန့်စရိတ်ရှိပါကြောင်း၊ ယခုအချိန်ထိ တရုတ်နိုင်ငံမှ ဝယ်အား မကောင်းသေး သော်လည်း ဖေဖော်ဝါရီ လအတွင်း တရုတ်နှစ်သစ်ကူးရှိသည့် အတွက် တော်တော်ဝယ်မည်ဟု ခန့်မှန်းပါကြောင်း ပြောကြားခဲ့ပါသည်။အစေ့မဲ့ဖရဲစိုက်တဲ့ ခွာညိုကုမ္ပဏီ     စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ခွာညိုကုမ္ပဏီအနေနှင့် စီးပွားဖြစ် အစေ့မဲ့ဖရဲစိုက်ပိုျး ထုတ်လုပ် ပြည်ပ တင်ပို့ရောင်းချလျက်ရှိရာ သုံးနှစ်ရှိပြီ ဖြစ်ပါသည်။ ၂ဝဝ၇-၂ဝဝ၈ ရာသီတွင် ဧက ၈ဝ၊ ၂ဝဝ၈-၂ဝဝ၉ ရာသီတွင် ဧက ၁ဝဝ နှင့် ၂ဝဝ၉-၂ဝ၁ဝ ရာသီတွင် ဧက ၂ဝဝ အထိ တိုးခဲျ့စိုက်ပိုျး လျက်ရှိသည်။ မုံရွာမြို့ နယ်တွင် ညောင်ပင်စောင့်ကျေးရွာအနီး ချင်း တွင်းမြစ်သဲသောင်ပြင်ပေါ်မှာ တစ် ဧကမြေငှားခ ကျပ် ၁၃ဝဝဝဝ နှုန်းနှင့် ဧက ၂ဝဝ ငှားရမ်းကာ တရုတ်ပြည်တင် ပို့ရန် ကျွမ်းကျင်ပညာရှင်နှင့် လုပ်သား အဖွဲ့ ၅ ဖွဲ့ဖွဲ့ပြီး နိုဝင်ဘာလကစပြီး အင် တိုက်အားတိုက် စိုက်ပိုျးခဲ့ကြတာတွေ့ ရပါသည်။       ယမန်နှစ်က အောက်တိုဘာလ တွင် စတင်စိုက်ပိုျးခဲ့သော်လည်း ဒီနှစ်မှာ နိုဝင်ဘာလဆန်းပိုင်းမှ စတင် စိုက်ပိုျးခဲ့ရကြောင်း တရုတ်ပြည်၏ ဖရဲစိုက်ပိုျးသည့်ဒေသများတွင် နှင်း မုန်တိုင်းဒဏ်ကြောင့် ဖရဲ စိုက်မရ သေးသည့်အတွက် ဈေးကွက် လိုအပ် ချိန်ကိုတွက်ဆပြီး ယခုလို နောက်ကျ စိုက်ပိုျးရခြင်းဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူကရှင်းပြသည်။ လာမည့် ဖေဖော်ဝါရီနှင့် မတ်လဆန်းမှာ ဈေး ကွက်ဝင်အသီးအဖြစ် ခူးဆွတ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။      မူဆယ်ရှိ ဖရဲသီးကုန်သည်တစ်ဦး က ''၂ဝဝ၉ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလမှာ တရုတ်ပြည် ဖရဲသီးထွက် ရှိချိန်ဖြစ်လို့ မြန်မာဘက် ကတင်ပို့တဲ့ ဖရဲသီးတွေ ဈေးကောင်း မရခဲ့ပါဘူး။ ဒီဇင်ဘာမှာတော့ တရုတ် ပြည်က ထွက်ရှိမှုလျော့နည်း သွားလို့ အရောင်းအဝယ်ပုံမှန်ဖြစ်လာပြီး  ဈေး ကောင်းရရှိလာခဲ့ပါတယ်။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာတော့ ရာသီဥတု က အအေးပေါ့ပြီး အပူချိန်အနည်းငယ် ရှိလာလို့ အရောင်းအဝယ်များပြားလာ နိုင်တယ်လို့ ကုန်သည်အများစုက တွက် ဆထားကြပါတယ်''လို့ ပြောပါတယ်။ မူဆယ် (၁ဝ၅) မိုင် သစ်သီးဝလံ ကုန် စည်ဒိုင်၏ ၁-၁၁-၂ဝဝ၉ ရက်နေ့မှ ၉-၁-၂ဝ၁ဝ နေ့အထိဖြစ်ပေါ်ခဲ့သော ဖရဲသီးအမိုျးအစားအလိုက် ပြည်တွင်း၊ ပြည်ပဈေးနှုန်းများအခြေအနေကို ဇယားဖြင့် ဖော်ပြထားပါသည်။