စီးပွားရေးနာလန်ထူမှုကြီးမားလာတဲ့တိုင်အောင် အလုပ်အကိုင်ဈေးကွက် မတည်မငြိမ်သေးတဲ့အတွက် ၂၀၁၀ ပြည့်နှစ်မှာ အလုပ် အကိုင်သစ် ၂၅၀၀၀၀ ဖန်တီးဖို့ရည်မှန်းထားတယ်လို့ တောင်ကိုရီးယားနိုင်ငံက ဇန်နဝါရီ ၂၁ ရက်နေ့ ကကြေညာပါတယ်။ စီးပွားရေး နဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနများရဲ့ အစည်းအဝေးကျင်းပပြီးနောက် အလုပ်အကိုင်သစ်အရေအတွက်ခန့်မှန်းချက်ကို တိုးမြှင့်ခဲ့ပါတယ်။ လူအင်အားစုစည်းမှုကို အထောက်အကူပေးနိုင်ဖို့အတွက် အသေးစားနဲ့အလတ်စား ကုမ္ပဏီတွေကို အခွန်နဲ့တခြားအကျိုးခံစား ခွင့်တွေကို အစိုးရကစီစဉ်ပေးမယ်လို့ တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး ယွန်ယောင်ဟွန်ကပြောကြားပါတယ်။Source: AFP
Background