Main menu

Background

နှစ်စတွင်ရွှေဈေးအနည်းငယ်ပြောင်းလဲလာ

Thu, 01/21/2010 - 08:51 -- Anonymous (not verified)

    ၂ဝ၁ဝ ခုနှစ်တွင် ရွှေဈေးများ အနည်းငယ်ပြောင်းလဲမှုများရှိလာပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း အတက်ဘက်သို့သာ ဦးတည်လျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရွှေကြည်က ပြော ကြားပါတယ်။    ''အခုအချိန်မှာလူတွေအနေနဲ့ ငွေကိုကိုင်ထားမယ့်အစား ရွှေကိုဝယ်စုထားသင့်တယ်။ ရွှေဈေး က အတက်ဘက်ကိုပဲ ဦးတည်နေတယ်။ ကမ္ဘာနဲ့အဝန်းမှာလည်း ရွှေကိုပဲဝယ်စုနေကြတော့ ရွှေဈေးကခဏခဏဆိုသလိုကို တက်တက်လာတယ်။ ကမ္ဘာ့ရွှေသုတေသီတွေကလည်း ဒီ ၂ဝ၁ဝ မှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ဒေါ်လာ ၁၅ဝဝ ကနေ ၂ဝဝဝ အထိ တက်မယ်လို့ ခန့်မှန်း ထားတယ်။ ကျန်တဲ့အိမ်၊ ခြံ၊ မြေနဲ့ ကားဈေးကွက်ကလည်း ကျမယ့်အလားအလာတွေ့နေ ရတော့ ရွှေဝယ်စုတာပိုကောင်းပါတယ်'' လို့ ၎င်းကပြောပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့တွင် ရွှေ ဈေးနှုန်းမှာ တစ်ကျပ်သားလျင် ၅၉၈၅ဝဝ နဲ့ ဈေးပိတ်ခဲ့သော်လည်း ၇ ရက်နေ့မှာ ရွှေဈေး တစ်ကျပ်သားလျင် ၆ဝ၃ဝဝဝ ဝန်းကျင်သို့ပြောင်းလဲလာပြီး နယူးယောက်ရွှေဈေးကွက်မှာ ရွှေဈေးတစ်အောင်စလျှင် ၁၁၂ဝ ဒေါ်လာခန့်ရှိကြောင်း သိရပါတယ်။                   မင်းသန့်