စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လမ်းပမ်းဆက်သွယ်ရေး တိုးတက်ပြီး၊ ခရီးစဉ်များကို အချိန်တိုအတွင်း သွား လာနိုင် ရေးအတွက်လည်း ပုသိမ်စက်မှု ဇုန်မှ အမြန်ရေယာဉ်များ ထုတ်လုပ်ပေး လျက်ရှိနေပါတယ်။ ပုသိမ်-ဟိုင်းကြီး ခရီးစဉ်ပြေး ဆွဲလျက်ရှိသော ရိုးရိုး အမြန်ရေယာဉ် ပုသိမ်သူ ၇ မှာ တစ် နာရီကို ရေမိုင် ၁၈၊ ၂ဝ မိုင်ခန့် မောင်း နှင်ပြီး လေးနာရီခွဲနဲ့ ငါးနာရီ အတွင်း ရောက် ရှိပြီး ပုသိမ်-ဟိုင်းကြီး အသွားအပြန် ပြေးဆွဲလျက်ရှိနေပါတယ်။ ယခုအချိန် ပုသိမ်သူ ၉ အထူး အမြန်ယာဉ်မှာRF 10 NISSAN ဒီဇယ်မြင်းကောင်ရေ HP 450 စက်နဲ့ တစ်နာရီကို ရေမိုင် ၂၈ မိုင်၊ ၃ဝ မိုင် မောင်းနှင်နိုင်ပြီး ကြာချိန် သုံးနာရီ၊ သုံးနာရီခွဲအတွင်းသာရှိပြီး ပုသိမ်-ဟိုင်းကြီး နေ့ချင်းပြန်ပြေးဆွဲရန် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ အသွား နှုန်းကောင်းသော ပုသိမ်သူ ၉ အထူး အမြန်ယာဉ်မှာ ပုသိမ်-ဟိုင်းကြီး နေ့ချင်း ပြန်ပြေးဆွဲရန် တိုင်းပို့ ဆက်သို့လုပ်ငန်း လိုင်စင်လျှောက်ထားပြီး ဇန်နဝါရီလ ဒုတိယ၊ တတိယပတ်အတွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရပါ တယ်။ ပုသိမ် သူ ၇ ရိုးရိုး အမြန်ယာဉ်တွင် လမ်း ကြောင်း ပြမြေပုံ Radar မောင်းနှင်ချိန် အမြန် ရေယာဉ် ပတ်ဝန်းကျင်မြစ် အတွင်းရှိ လှေ၊ စက်လှေ၊ သင်္ဘောများ ကြည့်ရှု နိုင်ရန် အတွက် Sounder နဲ့ ရေအတိမ် အနက်ကို ကြည့်ရှုနိုင်ရန်အတွက် Radar များ တပ်ဆင် အသုံးပြုထား သော်လည်း ယခုပုသိမ်သူ ၉ အထူး အမြန်ရေယာဉ်တွင်G. P. S ၊ Radar ၊ Sounderများသာမက ခရီးသွားများ သက်တောင့်သက်သာနဲ့ စီးနင်းလျက် လိုက်ပါရင်း Aircon ? TV နဲ့ သင်္ဘော ခေါင်မိုးပေါ်တွင် လေသန့်ဘူးများပါ တပ်ဆင် ထားရှိကြောင်း သိရှိရပါတယ်။ ပို့ဆောင်ရေးကဏ္ဍပိုမိုပြီး ဖွံ့ဖြိုး တိုးတက်နိုင်စေဖို့အတွက်လည်း လိုအပ် သောလိုင်းများတွင် အမြန်ရေယာဉ် များတိုးခဲျ့ပြေးဆွဲရန် အတွက် ပုသိမ် စက်မှုဇုန်မှ အမြန်ရေယာဉ် ၉ စီး ဆက် လက်ထုတ်လုပ် တည်ဆောက်လျက် ရှိကြောင်း သိရပါတယ်။
Background