Main menu

Background

ပြည်တွင်းပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ ပြည်တွင်းကုန်စည်စီးဆင်းမှု မှန်ကန်ရေးအတွက် ဆောင်ရွက်ချက်များအပေါ် သူတို့အမြင်

Wed, 01/27/2010 - 09:33 -- Anonymous (not verified)

စီးပွားဝန်းကျင်သူတို့အမြင်

ပြည်တွင်းပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာမှာ ပြည်တွင်း ကုန်စည်စီးဆင်းမှု မှန်ကန်အောင် ထိန်းသိမ်း ဆောင်ရွက်နိုင်ဖို့ဟာလည်း အရေးကြီးလှပါတယ်။

ကုန်စည်စီးဆင်းမှုနဲ့ ငွေကြေးစီးဆင်းမှုဟာ ဆက်စပ်ပတ်သက်နေတဲ့အတွက် နှစ်ခုစလုံး မှန်မှန်ကန်ကန်ဖြစ်ဖို့ သက်ဆိုင်ရာဌာနတွေက ဦးဆောင်ပြီး ဆန်ပိုဒေသနဲ့ ဆန်လိုဒေသက တာဝန်ရှိ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ တွေ့ဆုံပြီး လစဉ်လိုအပ်ချက်တွေကို အပြန်အလှန်ပေးပို့ကာ စနစ်တကျစီးဆင်းဖို့လုပ်ဆောင် နေတာ တွေ့ရပါတယ်။ ဒီလိုလုပ် ဆောင်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်၊ မြို့နယ်အလိုက် ဆန်ကုန်သည်အဖွဲ့အစည်းတွေက တာဝန်ရှိ သူတွေရဲ့ အမြင်တွေကို မေးမြန်းခဲ့တာ ကို ကောမတ်စ်ပရိသတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။

 ဦးမောင်ထွေးဝေ (ဥက္ကဌ) ဆန်ကုန်သည်ကြီးများအသင်း၊ တနင်္သာရီတိုင်း

ကျွန်တော်တို့ကဆန်လိုဒေသ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းနဲ့မွန် ပြည်နယ်က ဆန်တွေကိုဝယ်ယူ စုဆောင်း နေရတာဖြစ်ပါ တယ်။ ပဲခူးတိုင်းက ဆန်ကိုတော့မွန်ပြည်နယ်ဘက် ကနေလှည့်ပြီးတော့သယ်ရတာပါ။ ဒီလိုသတင်းပို့သယ်ယူစနစ်ကို သတ် မှတ်လိုက်တဲ့အတွက် ရဲရဲဝံ့ဝံ့ သယ်ရဲဝယ်ရဲသွားပါပြီ။ဆန်ဈေးငြိမ် သွားမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့မြိတ်ဒေသ စားသုံးဖို့ တစ်လကို ဆန်တန်ချိန် ၃ဝဝဝ၊ အိတ်အားဖြင့် ၆ဝဝဝဝ ခန့်လိုအပ်တာပါတယ်။ ယခင်ပါမစ်စနစ် နဲ့တုန်းက မြိတ်ကို ရောက်ဖို့ ၁၅ရက်ကနေတစ်လ ခန့်ကြာပါတယ်။ အခုသတင်း ပို့စနစ်နဲ့ဆို အနည်းဆုံး ၂ ရက်နဲ့ မြိတ်ကိုရောက်လာမှာဖြစ်တဲ့ အတွက် ဆန်ဈေးတည်ငြိမ်ဖို့ အထောက်အကူပြုမှာ သေချာသလောက်ပါပဲ။

ဦးမောင်မောင်ဇော် (ဒါရိုက်တာ၊ ဧရာဒီပါပုသိမ် )    

အခုလို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းကြီး ကို မြို့နယ်များ အဆင့်အထိ ဖွဲ့စည်းပြီးတစ်မြို့နဲ့တစ်မြို့ဆန်ရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက်ချိတ်ဆက်မှုဆောင်ရွက်ပေးတဲ့ အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတာကြောင့် ကောင်းတဲ့ဆာင်ရွက်မှုတစ်ရပ်လို့ မြင်ပါတယ်။

 

ဦးကျော်ကိုဆန်း UMFCCI-EC (ဆန်ကုန်သည်)

ကျွန်တော်ကိုယ်တိုင်ကဆန်ကုန်သည်လည်းဖြစ် ကိုယ်တိုင် ဆန်ရောင်းတဲ့သူလည်းဖြစ်ပါတယ်။ ပြည်တွင်းရောင်းသမားတွေ အတွက်ကတော့ ဒီသယ်ယူရေးစနစ်ကိုစီမံလိုက်တဲ့ အတွက် ကြိုက်ပါတယ်။ရန်ကုန်မြို့မှာကို ဧရာဝတီတိုင်း၊ ပဲခူး(အနောက်) က အဓိကဝင်လာတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းကို တစ်နေ့ကို အိတ်ဆန် ကြမ်းရော ဆန်ချောပါ ၄၅ဝဝဝ ကနေ ၅ဝဝဝဝ အထိဝင်နေ ပါတယ်။ ရန်ကုန်မှာ စားဖို့ရော မန္တလေး၊ မကွေး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ကယားတို့ကိုလည်း ပို့ပေးနေရပါတယ်။ တစ်လပျမ်းမျှ မွန်ပြည်နယ်ကို အိတ်၁၅ဝဝဝ၊ ကရင်ပြည်နယ်ကို အိတ် ၁၅ဝဝဝနဲ့ တနင်္သာရီ တိုင်းကို အိတ် ၃ဝဝဝဝ မှ ၄ဝဝဝဝ အထိ ပို့ရနေရတာပါ။ ဆန်လိုဒေသကလူတွေအနေနဲ့ ကိုယ်တိုင်လာဆင်း ဝယ်တဲ့လူရှိသလိုကုန် အမှာအော်ဒါရတဲ့အခါ ဒီကပို့ပေးရတာလည်းရှိတယ်။

 

ဦးအေးကြွယ်လယ်လုပ်၊ ဆန်ဝယ်ရောင်း မွန်ပြည်နယ်-သထုံ

ဒီစနစ်လုပ်တာပိုကောင်း တယ်လို့ ထင်ပါတယ်။ မည်သူမဆို ပြည်တွင်းမှာလွတ်လပ်စွာ သယ်ယူနိုင်ခွင့်ရမယ်လို့ ထင်တယ် လေ။ လိုအပ်ချက်အရ ဒီလိုစီမံပေးတယ်လို့ဘဲ ယူဆပါ တယ်။ ကျွန်တော်တို့ပြည်နယ်က ဆန်လိုဒေသဖြစ်သလို ဆန်ပိုဒေသလည်းဖြစ်ပါတယ်။ တခြားပြည်နယ်တိုင်းကဝင်လာပြီး တနင်္သာရီတိုင်း၊ကရင်ပြည်နယ်တွေကိုလည်းကျွန် တော်တို့ဆီ ကတစ်ဆင့်သွားနေပါတယ်။ ဒေသမှာ စပါးထွက်ရှိမှုအပေါ် မူတည်ပါတယ်။ အထွက်နှုန်းကောင်းရင် အခြားပြည်နယ်တိုင်းက ဝယ်တာကိုလျော့ဝယ်လေ့ရှိပါတယ်။

 

ဦးအောင်မင်း (ပွင့်ဦးဆန်ပွဲရုံ၊ ဘုရင့်နောင်) ဥက္ကဌ - ကုန်သည်များအသင်း၊ ရန်ကုန်တိုင်း)

ဒီသယ်ယူရေးစနစ်ဟာ ပိုကောင်းလာစေနိုင်ပါတယ်။ ဆန်လို၊ ဆန်ပိုဒေသတွေနဲ့ စီးဆင်းမှုကို သိနေတဲ့အတွက် အထွက်နဲ့ လက်ကျန်ကိုတွက်ရင်ဘယ်လောက်ပိုပြီးထွက်လာ နိုင်မလဲ၊ Export ဘယ်လောက်ပို့ နိုင်မလဲဆိုပြီး တွက်ဆနိုင်မှာ ဖြစ်ပါတယ်။ အရင်ကထက်စာရင်ပိုပြီး အနီး စပ်ဆုံး ခန့်မှန်းနိုင် သွားတော့မှာပါ။

 

မိမိတို့ရန်ကုန်တိုင်းကို ဧရာဝတီ၊ ပဲခူးအရှေ့ခြမ်းနဲ့ အနောက်ခြမ်းတို့က ဝင်လေ့ရှိပါတယ်။ ဧရာဝတီတိုင်းက အများဆုံးဝင်တဲ့ ဆန်ကတော့ ဇီယာဆန်၊ ပေါ်ဆန်း ဆန်၊ ပေါ်ကွဲျတို့ဖြစ် ပါတယ်။ရန်ကုန်မှာက တစ်ရက်ကို အိတ်ရေ လေးသောင်းခန့်လိုနေ ပါတယ်။ ၇၅ ရာခိုင်နှုန်းက ဆန်ကြမ်း တွေဖြစ်ပါတယ်။ ရန်ကုန်တိုင်း ကထွက်တဲ့ဆန်ဟာ တိုင်းလိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းပဲရှိတာမို့ ၇၅ ရာခိုင်နှုန်းကို အခြားတိုင်းတွေက မှာယူနေရတာပါ။

 

ဦးဝင်းဦး ၊  အသင်းအမှုဆောင်မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း ပဲခူးတိုင်း (အရှေ့)
ကျွန်တော်တို့ ပဲခူးတိုင်း (အရှေ့ခြမ်း) ဟာ ဆန်ပိုဒေသဖြစ်ပြီး ကရင်နဲ့ မွန်ပြည်နယ်တွေကို ပို့ပေးနေ ရပါတယ်။ အခုလို စီးဆင်းမှု စနစ်ကို စီမံဆောင်ရွက်ပေးတဲ့အတွက် ကုန် သည်အတွက်ကောင်းသွားပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပဲခူးအရှေ့ ခြမ်းက တန်ချိန် ၁၂၅ဝ ၊ အိတ်ရေ ၂၅ဝဝဝ ခန့် ဆန်လိုဒေသ တွေကို ပေးပို့နေရပါတယ်။ အများဆုံးပေးပို့တဲ့ ဆန် အမျိုးအစားကတော့ အလတ်စ ၂၅ မှတ်ဖြစ်ပြီး ကရင်ပြည်နယ်ကို အိတ် ၁၅ဝဝဝ ၊ မွန်ပြည်နယ်ကို အိတ် ၁ဝဝဝဝ ခန့် ပုံမှန်ပေးပို့နေပါတယ်။ ဒီအစီအစဉ်အရဆောင်ရွက်ရတဲ့အတွက် တရားဝင်တင်ပို့ခွင့် လုပ်ဆောင်ခွင်ရရှိသွားပြီလို့ယူဆပါတယ်။ မွန်နဲ့ကရင်ကဘယ်ပွဲရုံတွေကို ပို့မယ်ဆိုပြီး လွတ်လွတ် လပ်လပ် ပိုမိုတိကျစွာနဲ့ သယ်သွားလို့ရ နိုင်ပါပြီ။

 

ဦးဘဟိန်း  (ကုန်သည်၊ ဖျာပုံ)
ဆန်အပို/အလိုဒေသတွေက တာဝန်ရှိသူများတွေ့ဆုံပြီး ဆန်စီးဆင်း မှုကို စီမံဆောင်ရွက်ခြင်းဟာဆန် ဈေးနှုန်းတည်ငြိမ်မှုရှိလာ နိုင်သလို  မလိုလားအပ်တဲ့  တရားမဝင် စီးဆင်း မှုကိုလည်း ထိန်းချုပ်ထားနိုင်မှာဖြစ်တာ ကြောင့် ပြည်တွင်းလိုအပ်မှုအတွက် သုံးစွဲ ပြီး ပိုလံျှတဲ့ဆန်တွေကို ပြည်ပသို့ တင်ပို့ရာမှာလည်း ချိန်ဆပြီး တင်ပို့နိုင်မယ်လို့ထင်ပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးဟာ ရန်ကုန်တိုင်း ကိုတင်ပို့နေဆဲ ဖြစ်ပါတယ်။ ယခင်နှစ်က တနင်္သာရီတိုင်း မြိတ်မြို့ကိုအိတ် ၅ဝဝဝ နီးပါးတင်ပို့ခဲ့ ဖူးပါတယ်။

ဦးဟန်ဝင်းနိုင် (ဆန်စက်ပိုင်ရှင်၊ ဝါးခယ်မမြို့နယ်)
ကျွန်တော်တို့ မြို့နယ်အနေနဲ့ ဆန် စပါးများကြိတ်ခွဲပြီး နှစ်စဉ် ဆန်တွေ တင်ပို့ရောင်းချခဲ့ပေမဲ့ မြို့နယ်အနေနဲ့ ဘယ်လောက်အရေ အတွက်ပေးပို့ခဲ့ တယ်ဆိုတာ မသိရှိခဲ့ပါဘူး။ အခုလိုဆန် စီးဝင်/စီးထွက်မှုကို စနစ်တကျ စီမံဆောင်ရွက်တာကြောင့် စီးထွက်တဲ့ ဆန်အရေအတွက်ကို သိရှိရတာကြောင့်ဖူလုံပိုလံျှမှုကို သိရပြီး စပါး၊ ဆန် ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ်လို့ယူဆပါ တယ်။ ကျွန်တော်တို့မြို့နယ် ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးထုတ်လုပ်သူများနှင့် ညှိနှိုင်းချက်အရရန်ကုန်တိုင်း ကိုတစ်လ ဆန်အိတ်   (၁၅ဝဝဝဝ) တင်ပို့ဖို့ ညှိနှိုင်းခဲ့ပါတယ်။

ဦးလှဦး(ဆန်ကုန်သည်ဥက္ကဌ၊  ကံျုပျော်)
အခုလို ဆန်စီးဆင်းမှုစီမံ ဆောင်ရွက်တဲ့အတွက် မိမိဒေသက ထွက်ရှိမှု၊ ပိုလံျှမှု၊ စီးဆင်းမှုကိန်းဂဏန်းတွေ သေချာရရှိမှာဖြစ်ပြီး၊ နောင်ဆန်စပါး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရေ ရှည်ကောင်းမွန်တဲ့ဆောင်ရွက်မှုဖြစ်ပါတယ်။ အခုလို ဆန်စပါးလုပ်ငန်းအသင်းကြီးဖွဲ့စည်းပြီး ဆန်စီးဆင်းမှုကို ညှိနှိုင်းဆွေးနွေးတဲ့အတွက် ကိုယ့်ဒေသက ပိုတဲ့ဆန်တွေစီးချင်ရာစီး၊ဈေး တက်ရင်များများစီး၊ ဈေးနည်းရင်မစီး တော့တဲ့အခြေအနေတွေ မရှိတော့သလို ဈေးနှုန်းတွေလည်း မှန်ကန်သင့်တင့်စွာ ဖြစ်နိုင်ပါတယ်ခင်ဗျား။