အန္တရာယ်များတဲ့ စွန့်စားမှုတွေကို ထိန်းချုပ်ဖို့အတွက် အမေရိကန်ဘဏ်များနဲ့ ဘဏ္ဍာရေးလုပ်ငန်းများရဲ့ အရွယ်အစားနဲ့ နယ်ပယ်ကို ကန့်သတ်မဲ့အစီအစဉ်ကို အမေရိကန်သမ္မတအိုဘားမားက ဇန်နဝါရီ ၂၁ ရက်နေ့ကကြေညာပါတယ်။ ဝေါစထရိမှ ဆန့်ကျင်မှုများရှိနေ သည့်တိုင် လွှတ်တော်သို့ပြင်ဆင်မှုများကို တင်ပြရန်အိုဘားမားက စီစဉ်လျက်ရှိပါတယ်။ ဝေါစထရိက ဆုကြေးငွေများကို တနင့်တပိုး ထုတ်ယူပြီး ချေးငွေဈေးကွက်ကို ကျပ်တည်းအောင်လုပ်တဲ့အတွက် အများပြည်သူအတွင်းဖြစ်ပွားနေတဲ့ ငြိုငြင်မှုကို ထိန်းသိမ်းဖို့ အတွက် ယခုကြေညာချက်ဟာ အိမ်ဖြူတော်ရဲ့နောက်ဆုံးကြိုးပမ်းချက်ဖြစ်ပါတယ်။ Source: AFP
Background