Main menu

Background

မိုးမြေပဲအပြီး ဆောင်းမြေပဲအကြို မန်းမြေပဲဈေးကွက်

Tue, 01/19/2010 - 08:51 -- Anonymous (not verified)

    ယခုအချိန်မှာဆိုရင် မိုးမြေပဲတွေ ရဲ့ စိုက်ပိုျးထွက်ရှိမှုကောင်းခဲ့လို့ ဈေးကွက်အသီးသီးကို ရောက်ရှိခဲ့ပြီး ဆောင်းမြေပဲတွေလည်း တဖြည်းဖြည်းထွက်ရှိလာပြီ ဖြစ်ပါ တယ်။ မန်းဈေးကွက်သို့ မြင်းခြံ၊ တောင်သာ၊ ကျောက်ဆည်၊ မတ္တရာ၊ ပုသိမ်ကြီးစသည့် အညာဒေသများနှင့် ဗန်းမော်၊ ကသာ ဒေသများမှ မြေပဲဆံများနေ့စဉ် ပုံမှန် ဝင်ရောက်လျက်ရှိပါတယ်။ ဆောင်းမြေ ပဲအနေဖြင့် ရှမ်းကလေးကျွန်းနှင့် ဧရာ ဝတီဖြစ်ရိုးတစ်လျှောက်နှင့် ဒေသစုံမှ ဆောင်းမြေပဲများမှာ ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ မန်းဈေး ကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာတော့ မှာ ဖြစ်တယ်လို့သိရပါတယ်။ ဇန်နဝါရီ လ ဒုတိယပတ်မှာ မန်းဈေးကွက်သို့ ဆောင်းမြေပဲ အကြိုမြေပဲဆံအစုံ ဖြူ၊ နီများ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ဝန်းကျင်ခန့် ပုံမှန်ဝင်ရောက်နေပြီး မြေပဲဆံဖြူတစ်ပိဿာကို ၁၆ဝဝ-၁၆၂၅ ကျပ်နှင့် အကြော်စုံသမားများ အဝယ် လိုက်တယ်လို့ သိရပါတယ်။    မြေပဲဆီဈေးမှာတော့ တစ်ပိဿာ ကို အနိမ့်ဆုံး ၂၈ဝဝ ကျပ်၊ အမြင့်ဆုံး  ၃ဝဝဝ ကျပ်ဈေးနှုန်း၊ ပဲဖက်ဈေးမှာ တော့ တစ်ပိဿာကို ၇၂ဝ ကျပ်- ၇၂၅ ကျပ် ဈေးဖြစ်ပြီး မွေးမြူရေးသမား များပုံမှန်အဝယ်ရှိကာ မိုးမြေပဲအပြီး ဆောင်းမြေပဲလည်း အရောင်းအဝယ် သွက်နိုင်တယ်လို့ သိရပါတယ်။ ဝါဝါခင်