Main menu

Background

မွန်ပြည်နယ်ဘက်တွင် သြဂဲနစ်စနစ်ဖြင့် ပုစွန်ကျားများမွေးမြူလာ

Tue, 01/19/2010 - 07:46 -- Anonymous (not verified)

   ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်ဘက်တွင် သြဂဲနစ်စနစ်ဖြင့် ပုစွန်ကျားများမွေးမြူလုပ်ကိုင်လာကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်းမှသိရသည်။ ''မွန်ပြည်နယ်ထဲမှာ သြဂဲနစ် စနစ်နဲ့ ပုစွန်မွေးမြူတာကို ပြည့်ဖြိုးကျော်ကုမ္ပဏီကလုပ်ကိုင်လာတာတွေ့ရတယ်။ ပြည်ပဈေးကွက် အတွက်ရည်ရွယ်ပြီးမွေးမြူတာပါ။ သြဂဲနစ် စနစ်နဲ့ မွေးမြူတဲ့ ပုစွန်ကျား ၂ ကန်၊ သိပ္ပံနည်းနဲ့မွေးတာ ပုစွန်ဖြူ ၂ ကန်၊ အဲဒီကန်တွေထဲ မှာ ပုစွန်သားပေါက်ကောင်ရေ ၁၄ သိန်းကျော်ထည့်ပြီး မွေးမြူခဲ့ပါတယ်။ လက်ရှိမှာ ပုစွန် ၇ တန်ကို ဖမ်းဆီးပြီးပါပြီ၊ ကန်ထဲမှာ ၇ တန် ကျော်ကျော် ကန်ဖော်ဖို့ကျန်နေပါသေးတယ်'' ဟု ယင်းအသင်းမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးကပြောပြသည်။   အဆိုပါကုမ္ပဏီမှာ မွန် ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ရေလုပ်ငန်းများကို အခြေ စိုက်လုပ်ကိုင်နေကြောင်းသိရသည်။ခင်မျိုးသွယ်