Main menu

Background

ယူကေနိုင်ငံပညာရေးစနစ်သစ်ကြောင့် မြန်မာကျောင်းသားများ ဗီဇာလျှောက်ထားရ ပိုမိုလွယ်ကူ

Tue, 01/12/2010 - 03:02 -- Anonymous (not verified)

    ယူကေနိုင်ငံတွင် ပညာရေးစနစ် သစ်ဖြစ်သော Tier 4 Points Based System မှာ ၂ဝဝ၉ ခုနှစ်မတ်လတွင် ထွက်ပေါ်လာခဲ့ပြီး၊ ယင်းစနစ်သစ် ကြောင့် မြန်မာကျောင်းသားများ ယူကေနိုင်ငံသို့ ပညာသင်ဗီဇာလျှောက် ထားရာတွင် ပိုမို၍လွယ်ကူသော်လည်း အခြားနိုင်ငံများရှိကျောင်းသားများ ဗီဇာလျှောက်ထားရာတွင် အခက်အခဲ ဖြစ်ပေါ်နေကြောင်း နဝရတ်ပညာရေး စင်တာမှ ဒေါက်တာနေဝင်းနိုင်ကပြော ကြားသည်။    ''ဒီစနစ်ပေါ်လာတဲ့အတွက် မြန်မာကျောင်းသားတွေဗီဇာလျှောက် ရတာအရမ်းလွယ်သွားတယ်။ ဒါပေမယ့်တစ်ခြားနိုင်ငံ ကကျောင်း သားတွေကျတော့ ဒီစနစ်ကြောင့် အခက်အခဲဖြစ်သွားတယ်။ ပါကစ္စတန် တစ်နိုင်ငံထဲမှာ ကျောင်းသား ၁၄ဝဝဝ ကျော်ဗီဇာ လျှောက်တာကြန့်ကြာမှုဖြစ်ပြီး၊ ယူကေသွားဖို့အခက်အခဲဖြစ်သွားတယ်။ ၂ဝဝ၈ ခုနှစ်တုန်းက ကျောင်းသားအရေ အတွက်မှာ ယူကေက ပထမ၊ အမေရိကန်က ဒုတိယနေရာရှိတာ။ အခု ၂ဝဝ၉ ခုနှစ်မှာ အမေရိကန် က နိုင်ငံရပ်ခြားပညာသင် ကျောင်းသား ၆၂၃၈ဝ၅ ဦး၊ ယူကေနိုင်ငံက ၅၁၃၅၇ဝ ဦးနဲ့ ဒုတိယနေရာဖြစ်သွားတယ်။ ဒါပေမယ့် ဒီစနစ်သစ်ကြောင့် ယူကေက မျှော်လင့်ကျောင်းသားအရေ အတွက် ၁ သိန်းပိုရတယ်။ နောက်ပြီး ဗီဇာလျှောက် ကျောင်းသားအသက် ၁၆၊ ၁၇ နှစ်အရွယ်ဆို အရင်က ငွေကြေးပိုင်ဆိုင်မှု၊ လုပ်ငန်းပိုင်ဆိုင်မှု၊ အခြားပိုင်ဆိုင်မှုအထောက်အထားတွေ ကို အရင်ကပြရတယ်။ အခုပြစရာမလို တော့ဘူး၊ ဗီဇာလျှောက်ကျောင်းသားရဲ့ ကိုယ်ပိုင် Bank account ကို ၂၈ ရက် ကြာကြာထားပြရတယ်''ဟု ၎င်းက ထပ်မံပြောကြားသည်။    အဆိုပါစနစ်သစ်၏ ရည်ရွယ်ချက် မှာ ယူကေအစိုးရမှ ယူကေရှိအတု အယောင်ကျောင်းများ (Bogus) အန္တရာယ်မှ နိုင်ငံတကာကျောင်းသား များကင်းဝေးစေရန်ရည်ရွယ်၍ ကျောင်းသားလက်ခံမည့်ကျောင်းများ မှာ လိုင်စင်အသစ်ပြန် လျှောက်ရမည် ဖြစ်ပြီး၊ အရည်အသွေးမပြည့်ဝသော ကျောင်းများကိုခွင့်ပြုချက်ထုတ်ပေး တော့မည်မဟုတ်ကြောင်းနှင့် ဗီဇာကြန့် ကြာမှုမဖြစ်စေရေးအတွက် Universities UK (UUK) ဥက္ကဌ ပါမောက္ခ Steve Smith u UK Border Agency ကိုဝေဖန်ပြောကြားထား ကြောင်းသိရသည်။