Main menu

Background

ရွှေဈေးငြိမ်နေခြင်းမှာအဝယ်လိုက်၍သာဖြစ်

Wed, 02/03/2010 - 05:46 -- Anonymous (not verified)

    ယခုအခါရွှေဈေးနှုန်းမှာ ကျပ်ခြောက်သိန်းဝန်းကျင်တွင် တည်ရှိနေသောကြောင့် ယခုလို ဈေးငြိမ်နေခြင်းမှာ အဝယ်ရှိနေ၍ ဈေးငြိမ်နေခြင်းသာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရွှေကြည်က ဆိုပါတယ်။ဆက်လက်ပြီး ''ဒီမှာစီမံခန့်ခွဲတဲ့ ပုဂ္ဂိုလ်တွေက အစ အရည်အချင်း ကောင်းတွေနဲ့စီမံမှုရှိပြီး ငွေကြေးကို ထိန်းသိမ်းတတ်လာတယ်။ ရွှေဈေးက ငွေကြေးဈေးအပေါ် မူတည်နေတယ်။ ရှေ့ဆက်ပြီး ငွေကြေးခိုင်မာဖို့ပဲရှိတယ်လို့ ခန့်မှန်းတယ်။ အခုရွှေဈေးကွက်မှာ အဝယ်ပါရင် ပါသလို ရောင်းနေကြတယ်။ အမှန်ဆိုဒေါ်လာဈေးတက်ရင် ရွှေဈေးကျရမှာ၊ အခု မကျဘူးဆို တော့ အချက်နှစ်ချက်ပဲရှိတယ်။ နံပါတ်တစ်က ငွေကြေးခိုင်မာလာတာရယ်။ နောက် တစ်ချက်က အဝယ်လိုက်တာတာကြောင့်ပဲ။ အခုဆို ၂ဝ၁ဝ ခုနှစ်မှာ အရောင်းအဝယ်က ပိုပြီး လွတ်လပ်ခွင့် ရှိလာတယ်။ အခုဆို ရွှေကိုဝန်ဆောင်မှုပေးလာတယ်။ အိမ်တိုင်ရာရောက်အထိကို လိုက်ရောင်း ပေးလာတယ်။ ဖုန်းဆက်ရင် အိမ်အထိ ပို့ပေးတယ်။ ဈေးကွက်လွတ်လပ်မှု၊ ပွင့်လာမှုကို ကြိုဆို ရမယ်'' လို့ပြောပါတယ်။    ယခုလတ်တလော ရွှေဈေးကွက်အတွက် အခေါက်ရွှေမှာ အကယ်ဒမီအခေါက်ရွှေများ အရောင်းအဝယ် ဖြစ်နေပါတယ်။ ယခင်က အရောင်းအဝယ်ဖြစ်ခဲ့သော ဘသန်းရွှေအပြင် ယခု အခါ ဈေးကွက်အတွင်းကို အောင်သမာဓိနဲ့ ရွှေမြင်းပံျတို့လည်းဈေးကွက် ဝင်ရောက်လာတာ တွေ့ရပါတယ်။ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၆ဝ၅ဝဝဝ ဝန်းကျင်ရှိပါတယ်။ မင်းသန့်