Main menu

Background

ရှမ်းပဲပုပ်လက်ကျန်နည်းလို့ အရောင်းအဝယ်အေး

Tue, 01/19/2010 - 08:34 -- Anonymous (not verified)

    ရှမ်းပြည်နယ်တောင်ပိုင်း မှာ ပဲပုပ်တွေကို မိုး/ဆောင်းဆိုပြီး တစ်နှစ်မှာ နှစ်ရာသီစိုက်ပိုျးကြပါတယ်။ မိုးပဲပုပ်တွေရဲ့ ဒီနှစ်အထွက်နှုန်းက မနှစ်ကထက်နည်းတယ်လို့သိ ရပါတယ်။ ပေါ်ကာစ သြဂုတ်လလယ် လောက်မှာ တစ်ပိဿာ ကို ၆၅ဝ ကျပ်ဈေးရှိခဲ့ပါတယ်။အနိမ့်ဆုံး ၅၅ဝ ကျပ်မှ အမြင့်ဆုံး ၇၃ဝ ကျပ်ထိ ရှိခဲ့ပါတယ်။ စက်တင်ဘာနဲ့ အောက်တို ဘာလတွေမှာ ဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ခဲ့ပေမဲ့ အရည်အသွေးပေါ် မူတည်ပြီး၊ ဈေးနှုန်းအမိုျးမိုျးနဲ့  သတ်မှတ်ဝယ်ယူကြလို့ ၅၅ဝ ကျပ်မှ ၇၅ဝ ကျပ်ထိရှိခဲ့ ပါတယ်။ ဒေသအတွင်း ဆီကြိတ်ဖို့ ရန်ကုန်၊ မန္တလေးဝယ်လက်တွေက ဝယ်ယူကြတယ်လို့သိရပါတယ်။     အောက်တိုဘာလမှာ ပဲပုပ် ဈေးဟာ ၄၅ဝ ကျပ်မှ ၅ဝဝ ကျပ်ဈေး အထိရှိပါတယ်။ ပဲပုပ် (ထိပ်စ)တွေကို မန္တလေးကတစ်ဆင့် မူဆယ်ဘက်ကို တင်ပို့ကြပြီး၊ အရည် အသွေးအနည်း ငယ်ကောင်းတဲ့ ပဲပုပ်တွေကို ဒေသတွင်း အစာစပ်စက်ရုံတွေနဲ့ ရန်ကုန်မှဆီစက် လုပ်ငန်းရှင်တွေက ဝယ်ယူကြပါတယ်။ မန္တလေးတိုင်းက ပြန်ဝင်လာတဲ့ ပဲပုပ် (ညံ့)စတွေကိုတော့ ဈေးသက်သာတဲ့အတွက် ဒေသတွင်းဆီကြိတ်ဖို့အတွက် ဝယ်ယူကြပြီး၊ ပဲပုပ်ဖတ်တွေကို တိရစ္ဆာန်အစာအဖြစ် တစ်ပိဿာ ၆၅ဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ် ခဲ့ကြပါတယ်။     နိုဝင်ဘာလမှာ ပဲပုပ်ဈေး ဟာ ၅၃ဝ ကျပ်မှ ၇၂ဝ ကျပ်ဈေးရှိပြီး၊ ပဲပုပ်ဖတ်ကတော့ တစ်ပိဿာ ၆၇ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလဆန်းမှာ ဆောင်းပဲပုပ်တွေက စတင်ပေါ်လာပြီး၊ ဈေးကွက်ကိုဝင်လာပါတယ်။ ဆောင်းပဲပုပ်က မိုးပဲပုပ်ထက် စိုက်ဧကနည်းတာမို့ အထွက်လည်းနည်းပါတယ်။ ရှမ်းပြည်နယ်ရဲ့ နာမည်ကြီးမိုးနဲ ပဲပုပ် (ဆောင်း) အသစ်တွေက တစ် ပိဿာ ၇၂ဝ ကျပ်ဈေးနဲ့ ဈေးကွက်ကို ဝင်လာပါတယ်။ မိုးပဲပုပ် (ဟောင်း) ဈေးကတော့ ၅၅ဝ ကျပ်မှ ၆၇ဝ ကျပ် ထိရှိပါတယ်။ ပစ္စည်းပေါ် မူတည်ပြီး ဈေးဖွင့် ဝယ်ပါတယ်။ ဒီနှစ်ကပဲပုပ်တွေ အထွက်နည်းပြီး ပစ္စည်းညံ့တွေလည်း များလို့ ပဲပုပ်တွေကလည်း ကုန်သလောက်ဖြစ်နေပါပြီ။     ဇန်နဝါရီလမှာတော့ ပဲပုပ် ဈေးကွက်ဟာ ၆၅ဝ ကျပ်မှ ၇ဝဝ ကျပ်ဈေးရှိပြီး၊ ပဲပုပ်ဖတ်ကတော့ တစ်ပိဿာ ၆၈ဝ ကျပ်ဈေးရှိပါတယ်။ ဆောင်းပဲပုပ်ရော၊ မိုးပဲပုပ်ပါ လက် ကျန်နည်းနေပြီမို့ အရောင်းအဝယ်လည်း အေးနေတယ်လို့ တောင်ကြီးကုန် စည်ဒိုင်ကသိရှိရပါတယ်။                                                                      ဧဧခိုင်