Main menu

Background

လားရှိုး-နေပြည်တော် ဓူဝံကားလိုင်းမှ ထပ်မံတိုးခဲျ့ပြေးဆွဲ

Tue, 01/26/2010 - 06:06 -- Anonymous (not verified)

    ၂ဝဝ၉ မေလ ၁၅ ရက်နေ့ က စတင်ပြေးဆွဲခဲ့တဲ့ လားရှိုး-နေပြည် တော်     '' ဓူဝံ''အဆင့်မြင့် သယ်ယူပို့ ဆောင်ရေးမှ   လားရှိုး-နေပြည်တော် ခရီးစဉ်အား မူလပြေးဆွဲနေတဲ့ ခရီးစဉ် အပြင် ၂ဝ၁ဝ ဇန်နဝါရီ ၇ ရက်က စတင်ပြီး နေ့စဉ် နံနက် ဝ၆း၃ဝ နာရီမှာ လားရှိုး မှ နေပြည်တော်၊ နေပြည်တော်- လယ်ဝေးမှ လားရှိုး၊ နေပြည်တော်-မြို့မဈေးမှ လားရှိုးသို့လည်းကောင်း ဘောဂသီရိ ကားဝင်းမှလားရှိုးမြို့မသို့နံနက် ရးဝဝ နာရီ ထပ်မံတိုးခဲျ့ပြေးဆွဲလျက်ရှိပါတယ်။ ယခုလို လားရှိုး-နေပြည်တော်သို့ နေ့စဉ်တိုက်ရိုက် ခရီး သည်တင်ယာဉ်လိုင်း ထပ်မံတိုးခဲျ့လာ တဲ့အတွက် နေပြည်တော်ကိုသွားတဲ့ ဝန်ထမ်းများအလုပ်အကိုင် ကိစ္စဖြင့် သွားလာကြမည့်ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ခရီးသွားပြည်သူများ ယခင် ကထက် ပိုမိုအဆင်ပြေချောမွေ့လျက်ရှိလာ ပါတယ်။ ယခင်ည နေပိုင်းပြေးဆွဲ နေတဲ့ လားရှိုး-နေပြည်တော်ခရီးစဉ်ကို လည်း မူလအစီအစဉ်အတိုင်းပြေးဆွဲ လျက်ရှိနေပါတယ်။ ယာဉ်လိုင်းကို ဆက်သွယ်ရမည့်လိပ်စာမှာ အမှတ် ၅၂ မန်ဆူကားဝင်း၊ ဖုန်းနံပါတ် ဝ၈၂-၂၅၁၄၈၊ လားရှိုးမြို့အခန်း (က-၃၁) ဘောဂသီရိကားဝင်း၊ ဖုန်းနံပါတ် ဝ၆၇-၃၈၃၅ဝ (ဘောဂသီရိ) ဝ၉၄၈၈၁၃၉ဝ၆ (မြို့မဈေး)၊ နေပြည်တော် တို့ဖြစ်ကြောင်း သိရပါတယ်။  ပပဝင်း