Main menu

Background

အစိုးရကြွေးမြီဖြေရှင်းရေးဟာထိပ်တန်းဦးစားပေးဖြစ်

Fri, 01/29/2010 - 05:36 -- Anonymous (not verified)

    စီးပွားရေးနာလန်ထူမှု မတည်မငြိမ်ရှိနေသေးတဲ့အတွက် ကမ္ဘာပေါ်ရှိမူဝါဒရေးဆွဲသူတို့အဖို့ မြင့်တက်လျက်ရှိနေတဲ့ အစိုးရ ကြွေးမြီဖြေရှင်းရေးဟာ ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖဲွဲ့ (အိုင်အမ်အက်ဖ်) ရဲ့ အကြီးအကဲဒိုမနစ် စထရော့ ခန်းက ပြောကြားပါတယ်။    ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ မူဝါဒတွေရဲ့အကျိုးဆက်တွေကို ကန့်သတ်ထိန်းချုပ်ဖို့ လို ကြောင်းလည်း ပြောကြားပါတယ်။ လာမဲ့နှစ်တွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ထွန်းသစ်စနိုင်ငံတွေ အစိုးရရဲ့ ကြွေးမြီမြင့်မားမှုကို ထိန်းချုပ်ရေးမှာ ထိပ်တန်းဦးစားပေးဖြစ်နိုင်ကြောင်း ဂျပန်နိုင်ငံသို့သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ စထရော့ခန်းကပြောကြားခဲ့ပါတယ်။    စီးပွားရေးစွမ်းအားမြှင့် အစီအစဉ်တွေကို အချိန်မတိုင်မီ ရုပ်သိမ်းလိုက်ပါက စီးပွားရေးနာလန်ထူမှုကို အညွှန့်ချိုးပစ်သလို ဖြစ်နိုင်ကြောင်းလည်း သတိပေးစကား ပြောကြားခဲ့ပါတယ်။ AFP