Main menu

Background

အာဆီယံ-သြစတြေးလျ လွတ်လပ်တဲ့ကုန်သွယ်မှုက နှစ်ဘက်အကျိုးရှိနိုင်

Wed, 01/27/2010 - 09:59 -- Anonymous (not verified)

   အာဆီယံနဲ့သြစတြေးလျ-နယူး ဇီလန်လွတ်လပ်တဲ့သဘောတူစာချုပ်ဟာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်အသက်ဝင် ခဲ့ပါတယ်။ သဘောတူစာချုပ်အရ နှစ်နိုင်ငံကုန်သွယ်နေတဲ့ ကုန်ပစ္စည်းတွေအတွက် အကောက်ခွန်ကို သုညရာခိုင်နှုန်းအထိ တစစ လျှော့ချသွားမှာဖြစ်ပါတယ်။   လွတ်လပ်တဲ့ကုန်သွယ်မှုနဲ့ လယ်ယာစိုက်ပျိုးရေးဟာ အမြဲတမ်းကသိကအောက် ဖြစ်တက်ပါတယ်။ နိုင်ငံအတော်များများက အကောက်ခွန်တွေ၊ ခွဲတမ်းသတ်မှတ်ပြီး မိမိလယ်သမားတွေအတွက် အကာအကွယ်တွေပေးတတ်ပါတယ်။ ယခုသဘောတူစာချုပ် မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီသဘောတူစာချုပ်အရ ကင်းလွတ်ခွင့်ပေးရာမှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်ကို ပို့တဲ့ဆန်၊ အင်ဒိုနီးရှားကိုရောင်းတဲ့ မင်းဂွတ်၊ ပြောင်းနဲ့သရက်သီး၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကထွက်တဲ့ ဟင်းသီးဟင်းရွက်နဲ့သကြား၊ အင်ဒိုနီး ရှားနဲ့မလေးရှားကိုပေးပို့တဲ့ ဝိုင်နဲ့အရက်စတာတွေမပါသေးပါဘူး။   ဒီလိုချွင်းချက်တွေရှိနေပေမယ့် အကျိုးရှိနိုင်ပါတယ်။ ယခုအခါမှာ သြစတြေးလျကထွက်တဲ့ ဒိန်ခဲနဲ့စပျစ်သီးတွေ မလေးရှားမှာ အခွန် မရှိတော့ပါ ဘူး။ ဖိလစ်ပိုင်မှာ ဂျုံနဲ့သိုးသားအခွန်လွတ်သွားပါပြီ။ နောက်လာမဲ့ နှစ်နှစ် သို့မဟုတ် သုံးနှစ်မှာ တခြားအခွန်တွေကိုလည်း ဖယ်ရှားပေးတော့မှာဖြစ်ပါတယ်။   လယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေကိုတင်သွင်းတဲ့အခါမှာ သြစတြေးလျက အခွန်နည်းနည်းပဲကောက်ပါတယ်။ ဒါပေမယ့် ပိုးမွှား သန့်စင်ရေး စံနှုန်းသတ်မှတ်ချက်တွေမြင့်လွန်းတဲ့အတွက် အတားအဆီးတွေများလွန်းတယ်လို့ တခြားနိုင်ငံတွေကပြောကြပါတယ်။   ဒီလိုစံနှုန်းသတ်မှတ်ချက်မရှိ တောင်မှ ယခုလိုသဘောတူညီချက်မရခင်က သြစတြေးလျဟာ အာဆီယံနဲ့ဆက်သွယ်ရာမှ စင်ကာပူ နဲ့စာရင်ပိုပြီး မြင့်မားတဲ့ကုန်သွယ်မှုအတားအဆီးတွေရှိနေပါသေးတယ်။ စင်ကာပူဟာ ၂၀၁၁ ခုနှစ်ရောက်ရင် အခွန်လုံးဝမကောက်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တော့မှာပါ။ သြစတြေးလျကတော့ ၂၀၂၀ ပြည့်မှာမှ ဒီအခြေအနေမျိုးရနိုင်ပါမယ်။ Source: businesspectator.com.au