ရေနံဈေးမြင့်တက်လို့ ဇီဝ ဓါတ်ငွေ့အတွက် စားအုန်းဆီကြမ်းဝယ် လိုအား ပိုလာနိုင်တာရယ်၊ အယ်နီညိုကြောင့် ထုတ်လုပ်မှုလျော့ ကျနိုင်တာရယ်ကြောင့် ယခုနှစ်အတွင်း စားအုန်း ဆီကြမ်းဈေးနှုန်းဟာ တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၈၅ဝ မှာ ရှိနေနိုင်တယ်လို့ Royal Bank of Scotland Asia Securities ကုမ္ပဏီမှ လေ့လာဆန်းစစ်သူNirunan Tircheluam က ဇန်နဝါ ရီလ ၂၇ ရက်နေ့က ပြောကြားပါတယ်။ ယမန်နှစ်က ပျမ်းမျှတစ်တန်ကို ကန်ဒေါ်လာ ၆၈၁ ဈေးရှိခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကန်ဒေါ်လာ ၇၆ဝ ဒသမ ၅ ထိရှိလာ တာကြောင့် ၂ဝ၁၁ မှာ ကန်ဒေါ်လာ ၉၅ဝ ကိုမြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ရာသီဥတုပြောင်းလဲမှုများ ရယ် လောင်စာဆီအတွက် ဝယ်လိုအားမြင့်မားလာတာရယ်အကြား စားအုန်းဆီသိုလှောင်မှုလျော့ကျ နိုင်တယ်လို့ Tirucheluan က ဆက်လက်ပြောကြားပါတယ်။ Sources: palmoilhg .com ယုဇန
Background