ကုန်သွယ်ရေးစခန်းများမှ ရော်ဘာပိုမိုတင်ပို့
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ တာချီ လိတ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၂ သန်းတန်ဖိုးရှိ ရော်ဘာ ၇၁၆ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မRSS 3 အမျိုးအစား ၂၄၃ တန်ကျော်၊RSS 5အမျိုးအစား ၃၃၆ တန်ခန့်နဲ့ MSR 20အမျိုးအစား ၆၉ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမRSS 3 အမျိုးအစားရှစ်တန်နဲ့ Crepe Rubber ၁၀ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေးတန်ချိန် ၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းများမှ ရော်ဘာ ၄၆၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်