ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှာ ၂၀၁၄ခုနှစ် အောက်တိုဘာလ၃ရက် လက်ကားဆန်ဈေးအရဖျာပုံပေါ် ဆန်းလတ်စတစ်အိတ်၃၃၀၀၀ကျပ်၊ ထိပ်စ တစ်အိတ် ၃၄၅၀၀ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စတစ်အိတ် ၃၁၀၀၀ ကျပ်၊ ထိပ်စ တစ်အိတ် ၃၃၀၀၀ ကျပ်၊ ပေါ်ကျွဲလတ်စတစ်အိတ်၂၅၅၀၀ ကျပ်၊ ထိပ်စတစ်အိတ်၂၆၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း
တစ်အိတ် ၄၃၀၀၀ ကျပ်မှ ၄၄၅၀၀ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့လို့ ယခင်အပတ်ထက် ဆန်ချောတစ်အိတ် ၅၀၀ ကျပ်မှ ၁၀၀၀ ဝန်းကျင် ဈေးပြန်အေးခဲ့ပါတယ်။ ယခင်တစ်ပတ်က မြင့်လာတဲ့ ဆန်ဈေးဟာ မူရင်းဈေးကို ပြန်ပြီး ငြိမ်သွား တာဟာ အရောင်းအဝယ်ပြန်လေး သွားတာကြောင့်လို့ ဈေးကွက်က ဆိုပါတယ်။ ဧည့်မထ လတ်စ တစ်အိတ် ၁၆၅၀၀ ကျပ်၊ ထိပ်စ တစ်အိတ် ၁၈၀၀၀ ကျပ်၊မိုးသုခ တစ်အိတ် ၁၈၂၀၀ ကျပ်၊ ဆင်းသွယ်လတ် တစ်အိတ် ၂၀၀၀၀ကျပ်၊ နွေ ဆန်တစ်အိတ် ၁၅၃၀၀ ကျပ်မှ ၁၆၅၀၀ ကျပ် ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ်အိတ် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း ဈေးဆက်ကျလာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ကကျနေတဲ့ ဆန်ကြမ်းဈေးဟာ ယခု သီတင်းပတ်မှာ အ နည်းငယ် ဆက်ကျတာဟာ တရုတ်လိုင်း မဆွဲတဲ့အချိန် ရန်ကုန် FOB သမားတွေလည်း ငြိမ်နေ ကြလို့ ရောင်းလိုသူများနေခြင်းကြောင့် ဖြစ်တယ်လို့ ကုန်စည်ဒိုင်ဈေးကွက်က သိရပါတယ်။ ရန်ကုန်ဈေးကွက် အ တွင်း ဧည့် မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၅၀ ကီလိုကို ၁၄၃၀၀ ကျပ်-၁၄၅၀၀ ကျပ်ခန့် ရှိပြီး ယခင် အ ပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်ဈေးဆက်ကျလာကြောင်း၊ ရန်ကုန် FOB မှရောင်းထားသော်လည်း တရုတ်လိုင်း အဆွဲစပါးသစ်အပေါ်နဲ့ ဈေးကွက်အခြေအနေကို ကြည့်ပြီး စောင့်ဝယ်ကြကြောင်းသိရပါတယ်။ တရုတ်လိုင်း မူဆယ် မှာအောက်တို ဘာလ ၃ ရက်နေ့ ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ် နွေရှယ်တစ်အိတ် ၁၃၂-၁၃၅ ယွမ်၊ ဧည့်မထ ၁၅ မှတ် ၇၄၇ တစ်အိတ် ၁၃၀-၁၃၂ ယွမ်၊ ငစိန် ၁၀ မှတ် တစ်အိတ် ၁၂၄-၁၃၂ ယွမ် အ သီးသီးဖြစ်ပေါ်ခဲ့လို့ယခင် တစ်ပတ်ကျနေတဲ့ ဈေးဟာယခုအပတ်မှာ ၈-၉ ယွမ်ဝန်းကျင်ကျခဲ့ကြောင်း၊ အောက်တိုဘာလ ၃ရက် မူဆယ်ငွေ လဲနှုန်းဟာတစ် ယွမ်ကို ၁၆၀ ဒသမ ၇၇ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ၁ ဒသမ ၈၃ ကျပ်ဈေးကျခဲ့ကြောင်း ၊အောက်တိုဘာလ ၁ ရက်နေ့က တရုတ်ကုန်သည်အချို့ အနည်းငယ်ပြန်ဝယ်သော်လည်း ဆန်ဈေးကျခြင်း၊ နယ် စပ်ငွေ လဲနှုန်းကျနေခြင်းတို့ကြောင့် မကိုက်ကြကြောင်း သိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခု ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၂၆ ရက်အထိ တန်ချိန် ၇ ဒသ မ ၃၃ သိန်းကျော်၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ သန်း ၂၇၀ ကျော် ရရှိနေကာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၂ ဒသမ ၈၃ သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၉၇ သန်းကျော်ပိုမိုတင်ပို့ထားနိုင်တာတွေ့ရပါတယ်။ ဆန်ဈေးကွက် ရှေ့အလားအလာ မှာ တရုတ်လိုင်းက ပြန်မဆွဲခဲ့ရင် အကြမ်းစများ လကုန်ပတ်အထိ အခြေအနေမေ ကာင်းနိုင်သေးဘဲ ဆန်ချောတွေ က ခပ်အေးအေးနဲ့ဆက်သွားနိုင်တိ့ ကုန်စည်ဒိုင်ဈေးကွက်မှသိရပါတယ်။