Main menu

Background

တရားမဝင်ကုန်သွယ်မှုများစီးဆင်းနေဆဲဖြစ်

Wed, 02/04/2015 - 21:28 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်အနေနဲ့ တစ်ဖက်ထိုင်းနိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိ ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ မြဝတီအပါအဝင် ကော့သောင်း၊ မြိတ်၊ တာချီလိတ်၊ မောတောင်၊ ကျိုင်းတုံ၊ ထီးခီးနယ်စပ်ကုန်သွယ် ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများ ဖွင့်လှစ်ပြီး နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ လုပ်ဆောင်နေသော ကုန်သည်လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေရေးဆောင် ရွက်လျက်ရှိနေပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလထိ ၈လ တာကာလမှာ မြန်မာ-ထိုင်းနယ်စပ်စခန်းများရဲ့ ကုန်သွယ်မှုပမာဏ မှာ ကန်ဒေါ်လာ ၄၉၈ သန်းကျော်ရှိပြီး  ပို့ကုန် ကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ သွင်းကုန် ၃၇၆ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ထိုင်းနယ်စပ်ရှိ စခန်းအလိုက် ကုန်သွယ်မှုဆောင်ရွက်နိုင်မှုများ ကတော့ -
            ကန်ဒေါ်လာသန်း
    ပို့ကုန်    သွင်းကုန်    ကုန်သွယ်မှု
ကျိုင်းတုံ    ဝ.၅၉၉    ဝ.၆၅၉    ၁.၂၅၈    
တာချီလိတ်    ၁.၀၉၃    ၇.၇၃၄    ၈.၈၂၇
မြဝတီ    ၃.၅၈၁    ၃၅.၅၆၁    ၃၉.၁၄၂
ကော့သောင်း    ၃.၄၈၄    ၇.၀၀၂    ၁၀.၄၆၈
မြိတ်    ၉.၁၇၆    ၂.၅၇၆    ၁၁.၇၅၂
ထီးခီး    ဝ.၀၀၃    ဝ.၄၈၁    ဝ.၄၈၄
မောတောင်    -    ဝ.၀၀၆    ဝ.၀၀၆        အသီးသီးဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းခုနစ်ခုအနက် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ဟာ ကုန်သွယ်မှု ပမာဏအများဆုံးဆောင် ရွက်နိုင်တဲ့ စခန်းတစ်ခုဖြစ်ပြီး ကျန်ထိုင်းနယ်စပ်စခန်းများနဲ့ နှိုင်း ယှဉ်လျင် ကုန်းလမ်းမှ တစ်ဆင့်ပြည်မသို့ကုန်ပစ္စည်းပမာဏအမြောက်အများကို အချိန်ကုန်သက်သာစွာနဲ့ကုန်သွယ်မှုပြုနိုင်တဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်။ကျန်စခန်းများမှာရေကြောင်း/လေကြောင်းများမှ တစ်ဆင့် ပြည်မသို့ သယ်ယူပို့ဆောင်ရ သဖြင့် ကုန်ပမာဏသယ်ယူမှုမှာ ကန့်သတ်ချက်ရှိနေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းအနက် ကုန်သွယ်မှုပမာဏအများဆုံးဆောင်ရွက်နိုင်သလို အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်မှုပြုနေတဲ့ ကုန်သွယ်ရေးစခန်း ၁၅ ခုအနက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ပြီးလျှင် ဒုတိယအများဆုံး ကုန်သွယ်မှုဆောင်ရွက်နိုင်တဲ့စခန်းတစ်ခုလည်း  ဖြစ်ပါတယ်။ ဒါပေမယ့်တစ်ဖက်ထိုင်းနိုင်ငံတာ့ခ်ခရိုင်ကထုတ်ပြန်တဲ့ ပို့ကုန်၊သွင်းကုန် ပမာဏများနဲ့ နှိုင်းယှဉ်လျှင်တော့ ကွာခြား ချက် များ ကို အောက်ပါအတိုင်းတွေ့ရှိရမှာဖြစ်ပါတယ်-
        ကန်ဒေါ်လာသန်း
မိမိဘက်ပို့ကုန်        ၃.၅၈၁
ထိုင်းဘက်သွင်းကုန်        ၁၃.၅၃၀
ခြားနားချက်    (-)    ၉.၉၄၉
မိမိဘက်သွင်းကုန်        ၃၅.၅၆၂
ထိုင်းဘက်ပို့ကုန်        ၁၆၄.၀၀၆
ခြားနားချက်    (-)    ၁၂၈.၄၄၄

ပို့ကုန်ပိုင်းခြားနားခြင်းမှာ မိမိဘက်မှ တရားဝင်တင်ပို့ခွင့်ပြုထားခြင်းမရှိတဲ့ ကျွဲနွားအရှင်များ တစ်ဖက်နိုင်ငံ စာရင်းတွင်ပါရှိနေ ခြင်း၊ မိမိဘက်မှ တရားဝင်အမှန်တင်ပို့သော ကြက်သွန်နီ၊ နှမ်း၊ မြေပဲ ဆံပမာဏနဲ့ တစ်ဖက်နိုင်ငံ စာရင်းတွင် ဖော်ပြပမာဏမှာ ပိုမိုနေတာ ကို တွေ့ရပါတယ်။
အလားတူသွင်းကုန်ပိုင်းမှာလည်း မိမိဘက်သို့ တင်သွင်းရန် ကန့်သတ်ထားတဲ့ ဘီယာနဲ့ ဝီစကီအရက်များ တစ်ဖက်နိုင်ငံပို့ကုန်စာ ရင်းတွင်ပါရှိနေခြင်း၊ တရားဝင် မိမိဘက်သို့ တင်သွင်းရန် ခွင့်ပြုထား တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ တယ်လီဖုန်းနဲ့ တယ်လီဖုန်းဆက်စပ်ပစ္စည်း၊ အချိုရည်မျိုးစုံ၊ စားသုံးဆီများ မိမိဘက်သို့ တရားဝင်တင်သွင်းတဲ့ စာရင်းထက် တစ်ဖက်နိုင်ငံစာရင်းက ပိုမိုနေတာတွေ့ရပါတယ်။
မိမိဘက်ကုန်သွယ်မှုစာရင်းထက် တစ်ဖက်နိုင်ငံကုန်သွယ်မှု စာရင်းက ပိုမိုအသာစီးရရှိနေခြင်းမှာ နယ်နိမိတ်ထိစပ်နေတဲ့ သောင် ရင်းမြစ်ကမ်းတစ်လျှောက်ရှိ တရားမဝင်ဂိတ် ၂၂  ခုမှ နေ၍ နေ့စဉ် တရားမဝင် တင်ပို့တင်သွင်းမှုများ ပြုလုပ်နေခြင်း၊ ကုန်ပစ္စည်းအလိုက် သတ်မှတ်ဈေးနှုန်း/တန်ဖိုးကွာဟမှုရှိနိုင်ခြင်း၊ တရားမဝင်မှောင်ခိုကုန်သည်များအနေနဲ့ ကုန်သွယ်ရေးဇုန်ရှောင်ကွင်းလမ်းများမှ တစ်ဆင့် ယာဉ်ကြီး/ယာဉ်ငယ်များနဲ့ သယ်ဆောင်လျက်ရှိတဲ့အပြင် ကုန်မဲ့ယာဉ်များ ၊ ကုန်ပစ္စည်းအနည်းငယ်သာတင်ဆောင်ထားတဲ့ယာဉ်များနဲ့ ကုန်သွယ်ရေးဇုန်အတွင်း ဝင်ရောက်စစ်ဆေးခံပြီး ကုန်သွယ်ရေးဇုန်အား ကျော်လွန်ပြီး ကြိုတင်သယ်ဆောင် စုပုံ သိုလှောင်ထားတဲ့ ကုန်ပစ္စည်းများကိုတင်ဆောင်ပြီး ပြည်မသို့ တရားမဝင် သယ်ဆောင်မှုများရှိနေခြင်း၊ နေ့စဉ်အိမ်စီးယာဉ်အဖြစ် သွားလာနေ တဲ့ ယာဉ်ငယ်များ၌ ကုန်ပစ္စည်းအပြည့်ပါရှိနေသော်လည်း ကုန်သွယ် မှုစာရင်းတွင် ပါဝင်မှုမရှိခြင်းတို့ကြောင့် မိမိဘက်ထက် ထိုင်းဘက်က ကုန်သွယ်မှု အသာစီးရရှိနေကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်အနေနဲ့ ကုန်သွယ်ရေးဇုန်အတွင်းမှဝင်ရောက်ဖြတ်သန်းအစစ်ဆေးခံသော ကုန်တင်ယာဉ်များနဲ့ စပ်လျဉ်း၍သာအခွန်ကောက်ခံရရှိနိုင်သဖြင့်လစဉ်နိုင်ငံတော်မှရသင့်  ရထိုက်တဲ့ အခွန် အခရရှိရေးအတွက် များစွာ နစ်နာဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
ကုန်သွယ်ရေးဇုန်အတွင်းကို ဝင်ရောက်စစ်ဆေးခံတဲ့ယာဉ် များတွင် တရားမဝင်ကုန်စည်များ အကောက်ခွန်မဲ့ ရောနှောသယ် ဆောင်မှုမရှိစေရန်နဲ့ ကုန်တင်ယာဉ်များအား စနစ်တကျစစ်ဆေး ဆောင်ရွက်ပေးရန် ကုန်သွယ်ရေးဇုန် တာဝန်ကျ OSS အကောက်ခွန် အဖွဲ့အားအသိပေးညှိနှိုင်းဆောင်ရွက်ထားလျက်ရှိသော်လည်း  တရားမဝင်ကုန်ပစ္စည်းသယ်ဆောင်သူများဟာ ဇုန်ရှောင်ကွင်းလမ်းများမှ နေ့ညအချိန်မရွေး ကုန်တင်ယာဉ်ကြီး၊ ယာဉ် ငယ်များ နဲ့ ဖြတ်သန်းသွားလာပြီး နယ်မြေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးမှု လျော့နည်းခြင်းအပေါ်အခွင့်အရေးယူပြီး မသမာသူ ဝိသမလောဘသမားများက တရား မဝင်ဆောင်ရွက် လျက်ရှိနေကြပါ တယ်။ ဒေသအုပ်ချုပ်ရေးအဖွဲ့က တာဝန်ပေးအပ်ထားတဲ့ စစ်ဆေးရေးအဖွဲ့များကလည်းစနစ်တကျကြပ်မတ်နိုင်မှုမရှိတဲ့အတွက်တရားမဝင်ကုန်သွယ်မှုတားဆီးရန် OSS အဖွဲ့တစ်ခုတည်းအနေနဲ့ အင်အားမမျှဖြစ်နေရတယ်လို့  မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူ များရဲ့ သုံးသပ်ချက်များကို ဆက်သွယ်စုံစမ်းမေးမြန်း အသိပေး  လိုက်ပါရစေ။
မဲဆောက် -မြဝတီ-ထိုင်းဘက်ခြမ်း ပို့ကုန် (မိမိဘက်သွင်းကုန်)စာရင်းပါ ထိပ်တန်း ၂၀ စာရင်းဝင်ပစ္စည်းများမှာတယ်လီဖုန်းနဲ့ ဆက်စပ်ပစ္စည်း၊ ဘီယာ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ လယ်ထွန်စက်၊ ခြွေလှေ့နဲ့ ရိတ်သိမ်းစက်၊  TV ၊ ပွင့်ရိုက်ပိတ် ၁၀၀ ရာခိုင်နှုန်းချည်သား၊ ညှပ်ဖိနပ်၊  ပွင့်ရိုက်ပိတ်ဆိုးဆေး၊  ဆပ်ပြာမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်၊ မော်   တော်ဆိုင်ကယ်၊ အလှကုန်အမျိုးမျိုး၊ စက်သုံးဆီ၊ စားသုံးဆီအမျိုးမျိုး၊ ပဲနို့၊ Synthetic Cotton Textile ၊ လက်တွန်းလယ်ထွန်စက်နဲ့ ဆိုင် ကယ်တာယာများပါရှိပါတယ်။
မဲဆောက်-မြဝတီ-ထိုင်းဘက်ခြမ်း သွင်းကုန် (မိမိဘက်ပို့ကုန်) စာရင်းထိပ်တန်း ၂၀ စာရင်းဝင်ပစ္စည်းများမှာ  ကျွဲ/နွားအရှင်၊ သစ် ဖြင့် ပြုလုပ်ထားတဲ့ အလှပန်းခက် (ကနုတ်) နဲ့ ပရိဘောဂများ၊ ငရုတ် သီးခြောက်၊ မြေပဲ၊ ကြက်သွန်ဥကြီး၊ စက်ဘီးအဟောင်း (Used)များ၊ ပင်လယ်ငါး၊ ပဲမျိုးစုံ၊ ပင်လယ်ကဏန်း၊ နှမ်း၊ ဆိုးဆေးပြုလုပ်တဲ့ ကုန်ကြမ်း၊ အရိုးကြိတ်မှုန့်၊ အလူမီနီယံအတိုအစ၊ သံတိုသံစ၊ ကွမ်း သီးခြောက်၊ ငါးရှဉ့်အရှင်နဲ့  နနွင်းတက် တို့ဖြစ်ကြ ပါတယ်။
မိမိတို့အနေနဲ့ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတားဆီးရေးအတွက်  မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်း ကြောင်းပေါ်ရှိ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်ယာယီ  အခြေပြု Mobile Team  အဖွဲ့အား တာဝန်ပေးပြီး ဖြတ်သန်းသွားလာ သော ကုန်တင်ယာဉ်များကိုသာ ရပ်တန့်စစ်ဆေးရှာဖွေတားဆီး ထိန်း သိမ်းမှုများကို လုပ်ဆောင်လျက်ရှိပါတယ်။  တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ ကြီးကြပ်မှုဖြင့် မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြုဖွင့်လှစ်ထားသောMobile Team  လရ-၂ အဖွဲ့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ထိ တားဆီးစစ်ဆေးထိန်းသိမ်းထားတဲ့ ကုန်ပစ္စည်းများအား အမှုတွဲ ၁၄၁၉ ခု၊ ခန့်မှန်းတန်ဖိုးကျပ်  ၂၇၉၄ ဒသမ ၃၄၅ သန်းဖိုးရှိနေပြီဖြစ်ပါတယ်။
လရ-၂ အဖွဲ့အနေနဲ့ တားဆီးထိန်းသိမ်းရမိတဲ့များစုမှာ စားသောက်ကုန်များ၊ ရာသီအလိုက်ပေါ်သော သီးနှံများ၊ အချိုရည် အမျိုးမျိုး၊ အရက်ဘီယာအမျိုးမျိုး၊ အထည်အလိပ်များ၊ အဝတ် အထည်များ၊ လူသုံးကုန်အိမ်သုံးကုန်များ၊ အလှကုန်ပစ္စည်းများ၊ ပုလင်းအခွံဟောင်း၊ ဂြိုလ်တုစလောင်းဆက်စပ်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်း၊ ငါးဖမ်းပိုက်၊ ခွေးစာ၊ ကြောင်စာ၊ အပင်အားဆေး၊  ပေါင်းသတ် ဆေး၊ ဆေးဝါး၊ ခြင်ဆေးခွေ၊  ကြက်မြစ်ကြက်သည်း၊  ကြက်သား၊ လိုင် စင်မဲ့ယာဉ်များ၊ ကား/ဆိုင်ကယ်ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကားအင်ဂျင်စသည်တို့ဖြစ်ပါတယ်။
အစိုးရသစ်တာဝန်ယူပြီးနောက် မိမိတို့စီးပွားရေးနှင့် ကူးသန်းရောင်း  ဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပို့ကုန် သွင်းကုန်ပိုင်းဆိုင်ရာ ဖြေလျော့မှု များစွာ ပြုလုပ်ပေးထားပြီးဖြစ်တဲ့အတွက် ကုန်သည်လုပ်ငန်းရှင်များ       အနေနဲ့ ရိုးရိုးသားသားနဲ့ တရားဝင်ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းပေါ်မှသစ္စာရှိရှိနဲ့ကျသင့်အခွန်အခများပေးဆောင်ခြင်းဖြင့်ကုန်သွယ်မှုမြှင့်တင်ရေး၊ တရားဝင်လမ်းကြောင်းပေါ်မှ ကုန်သွယ်မှုပြုလုပ်   ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။