
အတွဲ(၁၅)အမှတ်(၇)
မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၃-၁၄ခုနှစ်တွေမှာ မိုးပျံပူဖောင်းတစ်လုံးကိုလေထဲလွှတ်တင်လိုက်သလိုတရွေ့ရွေ့နဲ့မြင့်တက်လာခဲ့ပါ တယ်။ အဲဒီလိုမြင့်တက်မှုတွေဟာ အိမ်ရာစီမံကိန်း တွေ၊ မြို့သစ်စီမံကိန်းတွေေ ကြာင့်ဖြစ်ရသလိုသို့လောသို့လောစီမံကိန်းတွေကြောင့်လည်းဈေး တွေ မြင့်တက်ရတာ ဖြစ်တယ်လို့ အိမ်ခြံ မြေဈေးကွက်ကို လေ့လာနေသူတွေက သုံးသပ်ခဲ့ကြပါတယ် ။နိုင်ငံတော်အစိုးရသစ်တာဝန်ယူပြီး ကာလတစ်လျှောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ် နှံသူတွေဟာ မြန်မာ့မြေပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ အတွက်အတော်လေးကိုလက်တွန့်နေခဲ့ကြပါတယ်။အဲဒီလို လက် တွန့်ရတဲ့အကြောင်း က မြေယာဈေးကြီးမြင့်မှုကြောင့်ရယ်၊ မြေယာ ပြဿနာတွေ ရယ်ကြောင့်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မြေယာပြဿနာတွေဟာ နေရာ တိုင်းလိုလို ဖြစ်ပေါ်နေတာကြောင့်လည်း သူတို့လက်တွန့်တာမဆန်း ဘူးလို့ ဆိုရမှာပါ။ဒါပေမယ့် လည်း ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အိမ်ခြံမြေ ဈေးကွက်တွေဟာ အေးစက်လို့သွားပါတော့တယ်။ စီမံကိန်းတွေလုပ် မယ်လို့ ကြေညာထားတဲ့ နေရာတွေမှာ ဝယ်ယူထားတဲ့သူတွေဟာ ပိုက်ဘောတွေမိပြီး ဈေးကွက်တွေ ပျက်ကုန်ခဲ့ကြတာကို မျက်ဝါးထင် ထင် မြင်တွေ့နေရပြီဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် ကြည့်မြင်တိုင်မြို့နယ်ရဲ့ ဟိုဘက် ကမ်းသည်ဘက်ကမ်းကို တံတားထိုးပြီး မြို့သစ်တည်ဆောက်မယ်ဆို တဲ့စီမံကိန်း ကြောင့် အဲဒီနေရာကို ရင်းနှီးမြှုပ်နှံမှုတစ်ခုသဖွယ် အသုံး ချပြီး မြေကွက်တွေ လယ်ကွက်တွေ လိုက်လံဝယ်ယူခဲ့ကြတဲ့သူတွေ ဟာ နေ့စဉ်လိုလို အများအပြားရှိခဲ့တာကို သိရှိကြမှာပါ။အဲဒီနေရာမှာရှိတဲ့မြေကွက်၊ လယ်ကွက်တွေကို လိုက်လံဝယ်ယူ တဲ့သူတွေဟာ မြန်မာနိုင်ငံသားဆိုတာထက် တရုတ်နိုင်ငံသားတွေများ တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။''ကျွန်တော်တို့နေရာကိုလာပြီး ဝယ်ကြတဲ့သူဋ္ဌေးတွေက မြန်မာ လူမျိုးတွေ နည်းတယ်။ အများအားဖြင့် မြန်မာစကားလုံး၀ မပြောတတ် တဲ့ တရုတ်တွေ လာဝယ်ကြတယ်။ သူတို့က မြန်မာတွေပေးတဲ့ဈေးထက် ပိုပြီးတော့ပေးတယ်။ ဒီမှာ မြို့သစ်ဖြစ်လာရင် ကျွန်တော်တို့ ဒေသ တွေ ဖွံ့ဖြိုးလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လယ်တွေယာတွေကို ရောင်းကြတာ ပါ}}လို့ တွံတေးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။၂၀၁၅ခုနှစ်အရောက်မှာတော့ အိမ်ခြံမြေဈေးကွက်ဟာ တဖြည်းဖြည်းနဲ့အေးစက် မှန်းမသိ အေးစက်လာခဲ့ပါတယ်။ အဲဒီလို အေးစက်လာတာဟာ အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်တော့မယ့် အနေအထားတစ်ခုကိုရောက်ရှိလာ တော့မယ်ဆိုတဲ့ နိမိတ်ဖြစ်မယ်လို့ အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။အဲဒါကလည်းအကြောင်းရှိပါတယ်။ ၂၀၁၅ခုနှစ် အောက်တိုဘာ လမှာစတော့ ဈေးကွက်စတင်တော့မယ်လို့ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်လို့ပဲ ဖြစ်ပါတယ်။စတော့ဈေးကွက်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ မြန်မာနိုင်ငံအတွက်တော့ စတော့ဈေးကွက်ဟာ အစိမ်းသက်သက်သာဖြစ်နေပါသေးတယ်။စတော့ ဈေးကွက်ကို ထူထောင်နိုင်ဖို့အတွက် ၁၉၉၆ခုနှစ် ကတည်းက စတင်လုပ်ဆောင်ခဲ့ပေမယ့်လည်း အကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိပါဘူး။ အဲဒီအချိန်ကာလဟာ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကာလဖြစ်နေတဲ့အတွက် စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံစားနေရတဲ့အချိန်လည်းဖြစ်ပါတယ်။ ဈေးကွက်ပေါ်ထွန်းမှုတွေ များစွာ နောက်ကျခဲ့ရသလို စီးပွားရေးအရလည်း ချွတ်ခြုံကျခဲ့ရတဲ့ကာလတစ်ခုကိုလည်း ရောက်ရှိခဲ့ပါတယ်။အစိုးရသစ် ပေါ်ထွန်းလာပြီးနောက်ပိုင်းမှာတော့ စတော့ဈေး ကွက်ကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မေလအတွင်းမှာစတော့ ဈေးကွက် စတင်နိုင်ဖို့အတွက် Daiwa Securities/Tokyo Stock Exchange တို့နဲ့အတူ စတော့ဈေးကွက်ပေါ် ထွန်းလာရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ အဆိုပါစတော့ အိတ်ချိန်းတို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ နိုင်ငံတော်အစိုးရ ရဲ့ ဘဏ္ဍာရေးစနစ်များကြောင့် စတော့ဈေးကွက်ဖွင့်လှစ်နိုင်ရေးမှာ မလွယ်ကူလှသေးကြောင်းကိုလည်း လေ့လာသူတွေက ဝေဖန်လျက်ရှိ နေပါတယ်။စတော့ဈေးကွက်ဖွင့်လှစ်ဖို့ တာစူလာတဲ့အတွက် အိမ်ခြံမြေ ဈေးကွက်တွေဟာ အေးစက်လာခဲ့ပြီး အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီး မြှုပ်နှံသူတွေဟာစတော့ဘက်ကိုခြေဦးလှည့် ဖို့ပြင်လာခဲ့ကြပါတယ်။ရင်းနှီးမြှုပ်နှံသူတွေဟာ အိမ်ခြံမြေဈေးကွက်နဲ့စတော့ရှယ်ယာ ဈေးကွက်တို့မှာ ရင်းနှီးမြှုပ်နှံလေ့ရှိပါတယ်။နိုင်ငံတကာ မှာတော့ စတော့ရှယ်ယာဈေးကွက်မှာသာ ရင်းနှီးမြှုပ်နှံလေ့ရှိပြီး အိမ်ခြံမြေ လုပ်ငန်းမှာတော့ စီးပွားရေးလုပ်ငန်းအများစုကသာ ရင်းနှီးလေ့ရှိတယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ စတော့ဈေးကွက်ပေါ်ထွန်း ခြင်းမရှိသေးတဲ့အတွက် အိမ်ခြံမြေဈေးကွက်မှာသာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စတော့ဈေးကွက်မှာ ပြောင်းလဲရင်းနှီးမြှုပ် နှံခြင်းဖြင့် အိမ်ခြံမြေဈေးနှုန်းများကျဆင်း မှု ကို ဖြစ်နိုင်စေပေမယ့် ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အပေါ်မှာတော့ ဈေးကွက်လိုအပ်ချက်များ ပြားတဲ့အတွက် အိမ်ခြံမြေ ဈေးကွက် ဆက်လက်ဖွံ့ဖြိုးနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာနရဲ့ ထုတ် ပြန်ချက်များအရ မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၄ခုနှစ် ဇူလိုင်လအတွင်း အမေရိကန် ဒေါ်လာ ၂၅၆သန်းရှိပြီး သြဂုတ်လအတွင်းနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာသန်း ပေါင်း ၁၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။စတော့ဈေးကွက်မှာ မည်ရွေ့မည်မျှ ရင်းနှီးမြှုပ်နှံကြမည် ကို မသိရှိရသေးဘဲ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပါ စတော့ရှယ်ယာဈေးကွက်တွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်ခွင့်မရှိသဖြင့် စတော့ရှယ်ယာဈေးကွက်တွင် ပြည်တွင်းမှ လုပ်ကိုင်လိုသူများ အား ကျောထောက်နောက်ခံပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာ နိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်းတွင် လာရောက်ရင်းနှီးမြှုပ်နံှကြမယ့်သူများအနေနဲ့ အိမ်ခြံမြေဈေးကွက်မှလွဲ၍တခြား ရင်းနှီးမြှုပ်နှံစရာ နည်းပါး တဲ့ မြန်မာနိုင်ငံမှာ စတော့ရှယ်ယာဈေးကွက်ကြီးတစ်ခု ပေါ်ပေါက် လာစေရေးကို ကြိုဆိုလျက်ရှိကြပါတယ်။ပုံမှန် အားဖြင့် အိမ်ခြံမြေဈေးကွက်ဟာ တည်ငြိမ်တဲ့ ဝင်ငွေကို ရရှိနိုင်တဲ့အတွက် အဲဒီဈေးကွက်ကို ကာလတစ်ခုအထိ ပိုင်ဆိုင်ထား ကြတာပဲ ဖြစ်ပါတယ်။ စတော့ဈေးကွက်မှာတော့ အိမ်ခြံမြေဈေးကွက် ထက် အမြတ်အစွန်းပိုမိုရရှိနိုင်သလို အရှုံးလည်းများနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။စတော့ဈေးကွက်နဲ့ အိမ်ခြံမြေဈေးကွက်နှစ်ခုကို နှိုင်းယှဉ်ကြည့် ပါက အိမ်ခြံမြေဈေးကွက်ဟာ ငွေဖြစ်လွယ်မှုမရှိသလို ငွေပြန်ပေါ်ရန် အတွက်လည်း အချိန်ကြာမြင့်စွာ စောင့်ရမှာဖြစ်ပါတယ်။ စတော့ဈေး ကွက်ကတော့ ငွေဖြစ်လွယ်မှုမြန်သလို ငွေ ပြန်ပေါ်ရန်အတွက်လည်း အချိန်အနည်းငယ်သာ ပေးရမှာဖြစ်တဲ့အတွက် နိုင်ငံတကာရင်းနှီး မြှုပ်နှံသူများအနေနဲ့ စတော့ဈေးကွက်မှာသာ ရင်းနှီးမြှုပ်နှံလိုကြတာ ဖြစ်ပါတယ်။ဒါပေမယ့် အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ၁၀နှစ် မှ နှစ်၂၀ အတွင်းတွင် စတော့ရှယ်ယာများထက် အကျိုးအမြတ်ပိုမို ရရှိနိုင်တယ်လို့ Russell အဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စတင်ဝင်ရောက်ခွင့်ပေးလိုက် တဲ့အချိန်ကစပြီး ဈေးကွက်လိုအပ်ချက်ထက် ဈေးကစားသူတို့ရဲ့ လက်ဝယ်မှာ အိမ်ခြံမြေဈေးများဟာ တရိပ်ရိပ် မြင့်တက်လာခဲ့ရပါ တယ်။ တစ်ခါတစ်ရံဘူးမျှ မစဉ်းစားခဲ့မိတဲ့ဈေးနှုန်းများ ဖြစ်ပေါ်လာခဲ့ ပါတယ်။ ပါးစပ်ထဲတွင် ရှိသည့်ဈေးကို ငွေထုပ်ပိုက်ပြီး ငွေလက်ငင်း ချေတဲ့စနစ်ကြောင့်လည်း အိမ်ခြံမြေဈေးကွက်တွေ အဆမတန်မြင့် တက်လာရတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။၂၀၁၃ခုနှစ်နဲ့ ၂၀၁၄ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့မြို့ ကြီးတော်တော် များများရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ကြောက်ခမန်း လိလိ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာတော့ အဆမတန်မြင့်တက်ခဲ့တဲ့ဈေးတွေဟာ တဖြည်း ဖြည်းနဲ့ အကျဘက်ကို ဦးတည်လာခဲ့ပါတယ်။
၂၀၁၅ခုနှစ်ရဲ့နှစ်ဦးပိုင်းကာလကစတင်ပြီး အေးစက်လာခဲ့တဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဖေဖော်ဝါရီလထဲကို ရောက်ရှိလာတဲ့အထိအရောင်း အဝယ်များ အေးစက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့တွင်း တိုက်ခန်းများတွင်လည်း အရောင်းထက် အငှားက ပိုများနေတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေးကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။မြို့သစ်မြေကွက်များလည်း အရောင်းထိုင်းသွားသလို ငွေပေါ် လိုသူများကတော့ အရှုံးခံပြီး ရောင်းကြတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် ကွန်ဒိုတိုက်ခန်းများ၊ ကြိုပွိုင့်များမှာ အဝယ်ထက် အရောင်းက ပိုများလာကြောင်း၊ ရောင်းလိုသူ ကသာ တစ်နေ့တစ်ခြား များပြားနေပြီး ဝယ်လိုသူ ရှားပါးနေကြောင်း၊ အဝယ်ရှားပါးနေတဲ့ အတွက်ငွေလိုသူတွေဟာရတဲ့ဈေးနဲ့ ထုတ်ရောင်း နေကြတယ်လို့ ဒဂုံ မြို့သစ်မြောက်ပိုင်းမှ အိမ်ခြံမြေပွဲစားတစ်ဦးက ပြောကြားခဲ့ပါတယ်။၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းမှာစတော့ ဈေးကွက်ပေါ်ထွန်းလာရင် အိမ်ခြံမြေဈေးတွေ ကျလာနိုင်တယ်ဆိုတဲ့စကားကြောင့် တချို့သော ရင်းနှီးမြှုပ်နှံသူများဟာ အနည်းငယ်အရှုံးခံပြီး ရောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။]]ခုရက်ပိုင်းမှာ မြေသီးသန့်ဝယ်တာထက် အိမ်ရောမြေရောတွဲ ပြီး ဝယ်တဲ့သူပဲ ရှိတယ်။ပြန်ရောင်းတဲ့သူတွေက လည်း မြေသီးသန့်ရောင်းတဲ့သူတွေပဲများတယ်။ သူတို့က ငွေပိုနေလို့ ရင်းနှီးမြှုပ်နှံထား ကြတာလေ။ ခုတော့ ဈေးကျတော့မယ့်အရိပ်အယောင် တွေ တွေ့ လာရလို့ ပြန်ရောင်းကြတာ။ ခုလိုမျိုးဆိုရင်တော့ အိမ်ခြံ မြေဈေးကွက် ပျက်တော့မယ့် လက္ခဏာပဲ''ဟု အိမ်ပွဲစားတစ်ဦးဖြစ်တဲ့ ဒေါ်အေးက ပြောကြားခဲ့ပါတယ်''မြန်မာနိုင်ငံမှာ စတော့ဈေးကွက်ဖြစ်ပေါ်လာခဲ့ရင်တောင်မှ အိမ်ခြံမြေဈေးကွက်အပေါ်သက်ရောက်မှု သိပ်မရှိနိုင်ပါဘူး။ ပေါ် ထွန်းစဈေးကွက်တစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်ကြ ဦးမှာပါ''လို့ ံHouse.com.mm မှ Country Manager ဖြစ်သူ Jan Sommerfeld က သုံးသပ်ပြောကြားခဲ့ပါတယ်။ဒါကြောင့် အိမ်ခြံမြေဈေးကွက်ကိုရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ လက်ရှိ အလုပ်မှာပဲ မွေ့ပျော်နေမလား၊ စတော့ဈေးကွက်ဘက်ကို ခြေဦးလှည့်မလားဆိုတာကို စဉ်းစားကြဖို့သင့်ပါပြီ။