
အတွဲ(၁၅)အမှတ်(၈)
မြန်မာနိုင်ငံမှ ငါး/ပုစွန်ရေထွက်ပစ္စည်းများကို နှစ်စဉ်နိုင်ငံ ပေါင်း ၃၀ ခန့် တင်ပို့လျက်ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံ၊ အမေရိကန် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အေးခဲခြင်းဖြင့် လည်းကောင်း၊ အရှင်အားဖြင့်လည်းကောင်း၊ အခြောက်ပြုလုပ်၍ လည်းကောင်း၊တန်ဖိုးမြှင့်ရေထွက်ကုန် အနေဖြင့်လည်းကောင်း တင်ပို့ ရောင်းချခဲ့ရာ လွန်ခဲ့သည့် ငါးနှစ်မှစတင်၍ နှစ်စဉ်နိုင်ငံခြားဝင်ငွေအမေရိကန်ဒေါ်လာသန်း ၆၀၀ ခန့်ရရှိလျက်ရှိပါသည်။နိုင်ငံတကာတွင် အစားအစာမှ အစာအဆိပ်သင့်မှုဖြစ်စဉ် သည် နှစ်စဉ်တိုးတက်လျက်ရှိသည့်အတွက် အစားအသောက်ရောင်းဝယ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ စံချိန် စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသိရှိဆောင်ရွက်နိုင်ရေးအတွက် ထုတ်ကုန်တစ်မျိုးချင်း အလိုက်ရေးဆွဲဆောင်ရွက်ထားရှိပါသည်။ ၎င်းင်းအပြင် မြန်မာနိုင်ငံ အနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် အပင်၊ တိရစ္ဆာန်၊ သားငါး သက်ရှိသက်မဲ့တို့၏ကျန်းမာသန့်ရှင်းရေးဆိုင်ရာ သဘောတူညီချက် (SPS) ဆိုင်ရာ သဘောတူညီချက်များကို သိရှိလိုက်နာနိုင်ရန် လိုအပ်ပြီး ငါးကဏ္ဍအနေဖြင့်
အာဆီယံအဖွဲ့အစည်း၏ လမ်းညွှန် (ASEAN Guideline) များဖြစ်သော-
- အစားအသောက်ထိန်းချုပ်မှုဆိုင် ရာအာဆီယံဘုံမူဝါဒများ။
- ထုပ်ပိုးပြီး အစားအသောက်များတွင် အညွှန်းတပ်ဆင်ရန် (Labelling) ။
- အစားအသောက်ကျန်းမာသန့် ရှင်းရေးအတွက် အာဆီယံဘုံ မူဝါဒနှင့် လိုအပ်ချက်များ။
- ငါး/ပုစွန်အတွက်ကောင်းမွန် သော မွေးမြူရေးကျင့်စဉ်။
- အာဆီယံဒေသတွင်း အစားအသောက်ထုတ်လုပ်မှုလုပ်ငန်း အားစစ်ဆေးခြင်းနှင့် အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးသောလုပ်ငန်းလမ်းညွှန်။
- ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသော ဓါတုဆေးဝါး နှင့် အန္တရာယ်ဖြစ်စေသော ဆေးဝါးများ အသုံးမပြုရေးလမ်းညွှန်။
- မွေးမြူရေးရေထွက်ပစ္စည်းများ၏ အရင်းအမြစ်သိရှိနိုင်ရေး လုပ်ငန်းလမ်းညွှန်။
စသည်တို့အား မြန်မာမှုပြု၍ လုပ်ငန်းရှင်များသိရှိနိုင်ရေး ဆောင်ရွက် ထားရှိပါသည်။
အာဆီယံအနေဖြင့်လည်း အာဆီ ယံ-တရုတ်၊ အာဆီယံ-အီးယူ၊ အာဆီ ယံ-အိန္ဒိယ၊ အာဆီယံ-ဂျပန် စသည်ဖြင့် မိတ်ဖက်နိုင်ငံများ အဖြစ်SPSဆိုင်ရာ သဘောတူညီချက်များကိုWTO (SPS) များအား အခြေခံ၍ ရေးဆွဲလျက်ရှိပါသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်WTO,ASEAN နှင့်ရေထွက်ပစ္စည်းတင်သွင်းသည့် နိုင်ငံများ၏ ှဏှ ဆိုင်ရာလိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက်ငါးလုပ်ငန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်း သိမ်းရေးဌာနစုတွင် ဝန်ထမ်းဦးရေ ၁၃၀ ဦးဖြင့်ဖွဲ့စည်း၍ ဆောင်ရွက် လျက်ရှိပါသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မူဆယ်၊ ချင်းရွှေဟော်၊ မြိတ်၊ ကော့သောင်း၊ မြဝတီနှင့် ရန်ကုန်မြို့မှ ပြည်ပသို့တင်ပို့သော ရေထွက် ပစ္စည်းများကိုစစ်ဆေးဆောင်ရွက်လျက်ရှိပြီး တင်ပို့မှုမြန်ဆန် နိုင်ရန်အတွက် နယ်စပ်ဒေသများတွင် စစ်ဆေးရေးစခန်းများ ဖွင့်လှစ် ၍ဆောင်ရွက်လျက်ရှိပါသည်။ဖမ်းဆီးခြင်း၊ မွေးမြူခြင်း၊ သယ်ပို့ ခြင်း၊ ငါးချဆိပ်ကမ်း၊ ငါးပုစွန် ပြုပြင်စက်ရုံများ၊ ငါးလုပ်ငန်းသုံးရေခဲစက်များ၊ လုပ်ငန်းရှင်များအနေ ဖြင့်အရည်အသွေးကောင်းမွန်၍ အန္တရာယ်ကင်းသော ရေထွက် ပစ္စည်းများ နိုင်ငံတကာနှင့် အာဆီယံသတ်မှတ်ချက်များဖြစ်သည့်ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ် (GMP) ? Hazard Analysis and Critical Control Point (HACCP )စနစ်များကိုကျင့်သုံးစေပြီးယင်းစနစ်များအား ကျင့်သုံးနေမှု ထိရောက်မှု ရှိမရှိအား ငါးလုပ်ငန်း ဦးစီးဌာနမှ စစ်ဆေးရေးမှူးများက စက်ရုံ၏အဆင့်အလိုက် သုံးလ တစ်ကြိမ်၊ခြောက်လတစ်ကြိမ်စစ်ဆေးပြီး အားနည်းချက်များအား စစ်ဆေးဖော်ထုတ်၍ ပြင်ဆင်ရန်အချက်များကို လုပ်ငန်းရှင်များအားအချိန်အတိုင်းအတာတစ်ခုထိ ညှိနှိုင်းသတ်မှတ်၍ ပြင်ဆင်စေပြီး ညှိနှိုင်းသတ်မှတ်ကာလ အတွင်းပြီးစီးမှုရှိမရှိအား ပြန်လည်စစ်ဆေး၍ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် လုပ်ငန်းရှင်များမှ ကျင့်သုံး လျက်ရှိသော အရည်အသွေးဆိုင်ရာ ကျင့်စဉ်များ ထိရောက်မှု ရှိမရှိ အတွက်စိစစ်ရာတွင် စက်ရုံများမှထုတ်လုပ်သော ထုတ်ကုန်၊ ရေ၊ ရေခဲတို့အား ဓာတ်ခွဲခန်းမှ နမူနာကောက်ယူ၍ လစဉ် စစ်ဆေးပေး လျက်ရှိပြီးရေနမူနာများအား သုံးလတစ်ကြိမ်ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဌာနသို့လည်း ကောင်း၊တစ်နှစ်လျှင် တစ်ကြိမ် အီးယူဈေးကွက် လိုအပ်ချက်အရ အိန္ဒိယနိုင်ငံသို့လည်းကောင်း ပေးပို့စစ်ဆေးလျက်ရှိပါသည်။
ဓာတ်ခွဲစစ်ဆေးခြင်းအတွက် တိကျမှန်ကန်သော ရလဒ်ရရှိစေ ရန်ISO17025 အသိအမှတ်ပြုလက်မှတ်ရရှိသော ဓါတ်ခွဲခန်းတစ်ခု အားရန်ကုန်မြို့တွင် တည်ထောင်ဖွင့်လှစ်ထားပြီး ပြည်နယ်တိုင်း ဒေသကြီးများရှိ ငါးလုပ် ငန်းများ (Supply Chain) တွင်လည်း သတ်မှတ်ချက်များပြည့်မီရန်အတွက် မန္တလေး၊ မြိတ်၊ စစ်တွေတို့တွင် ဓါတ် ခွဲခန်းများဖွင့်လှစ်၍ စစ်ဆေးရေးမှူးများနှင့် ဓါတ်ခွဲခန်းဝန်ထမ်းများမှကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။
အထူးသဖြင့် အီးယူဈေးကွက်လိုအပ်ချက်ဖြစ်သည့် သဘာဝမှ ဖမ်းဆီးသောရေထွက်ပစ္စည်းများ ဝယ်ယူရာတွင် ကမ်းဝေးငါးဖမ်း ရေယာဉ်များကိုရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှတ်ပုံ တင်ခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင် လိုင်စင်ရယူခြင်း၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖမ်းဆီးခြင်း၊ ဖမ်းဆီးရရှိသည့် ကုန်ချိန်အား ငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းပေးပို့စေပြီး သတင်း ပေးပို့သည့်ကုန်များကို သာငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ထောက်ခံ ချက်ထုတ်ပေးခြင်း (IUU Certificate) ဆောင်ရွက်ပေးမှသာ ၎င်းင်းရေထွက်ပစ္စည်းများကို လက်ခံဝယ်ယူပါသည်။ အလားတူလုပ်ငန်း အား အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ကျင့်သုံးနိုင်ရေးညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။မွေးမြူရေးငါးများပြည်ပသို့ တင်ပို့ရာတွင် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ဓါတု၊ ဟော်မုန်းနှင့် ပဋိဇီဝဆေးဝါးဓါတ် ကြွင်းများမပါဝင် ကြောင်းအာမခံချက်ပေးနိုင်ရေးအတွက် တစ်နှစ်ပတ်လုံး မွေးမြူရေး ကန်များတွင် မွေးမြူထားသည့်ငါးများ၊ သားပေါက်များ၊ ကျွေးသည့် အစာများအားနမူနာကောက်ယူ ၍ISO17025 အသိအမှတ်ပြုလက် မှတ်ရရှိသော ဓါတ်ခွဲခန်းသို့ပေးပို့စစ် ဆေးပြီး နှစ်စဉ်ဆောင်ရွက်သည့် စီမံချက်နှင့်ဆောင်ရွက်ပြီးစီးမှုအစီရင်ခံစာအား ပြုစုပြီး ဥရောပ သမဂ္ဂအဖွဲ့အစည်း သို့ပေးပို့ရပါသည်။ရေထွက်ပစ္စည်းများတွင် စားသုံးသူများအား အန္တရာယ်ဖြစ် စေနိုင်သည့် ပိုးမွှားများ၊ ဓါတုပစ္စည်းများပါဝင်လာပါက စားသုံးသူ လက်ဝယ်သို့မရောက်ရှိ အောင်ဖော်ထုတ်တားဆီးနိုင်ရေးအတွက် ထုတ်ကုန်၏ အရင်းအမြစ် (Traceability)ကိုသိရှိနိုင်ရန် ထုတ်လုပ် သူ များမှထုတ်ကုန်၏အရင်းအမြစ်ကို ဖော်ထုတ်နိုင်သည့်စနစ်အား ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ငါးလုပ်ငန်း ဦးစီးဌာနအနေ ဖြင့်ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍ အကောင်အထည် ဖော်ထားရှိပါသည်။
ယခုအခါတွင်ကုန်သွယ်မှုစနစ်ကို တင်ပို့သည့်နိုင်ငံများဖြစ် သော အီးယူ၊ တရုတ်၊ ဗီယက်နမ်းနိုင်ငံများအနေဖြင့် တင်ပို့သည့် နိုင်ငံ၏အာဏာပိုင်အဖွဲ့အစည်းမှ ၎င်းင်းတို့နိုင်ငံများ၏ ှSPSဆိုင်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း ထောက်ခံပေးပို့ရပါသည်။ ပေးပို့ခဲ့သောစက်ရုံများ၏ စာရင်းအား ယင်းတို့၏နိုင်ငံ Website များတွင် ဖော်ပြထားရှိပြီး စစ်ဆေးရေးမှူးများမှ ဖော်ပြထားသော နိုင်ငံမှစက်ရုံများကိုသာ တင်ပို့ခွင့်ပြုသည့်စနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ထုတ်လုပ်မှုလုပ်ငန်းရှင်များအနေ ဖြင့် ငါး၊ ပုစွန်အရည်အသွေး နှင့် အန္တရာယ်ကင်းရှင်းစေမှုကို အာမခံနိုင်ရေးအတွက် နိုင်ငံတကာ နှင့်တင်ပို့သည့်နိုင်ငံများမှ ပြဋ္ဌာန်းထားရှိသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်လာ ပါသည်။၎င်းင်းအပြင်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် လက်ရှိလစဉ်တင် ပို့လျက်ရှိသော ရေထွက်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်အပေါ်မူ တည်၍ရေထွက်ပစ္စည်းအန္တရာယ်ကင်းမှုဆိုင်ရာ ကျင့်စဉ်များကို နိုင်ငံတကာ အကူအညီဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိတွင်ၤFAO/TCP/MYA 340 ဖြင့်လည်းကောင်း၊ ဥရောပသမဂ္ဂအဖွဲ့အစည်း အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပါ သည်။ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့နိုင်သော စာရင်းများနှင့် လက် ရှိတွင် အီးယူဈေးကွက်သို့တင်ပို့နိုင်သော စက်ရုံစာရင်းကို့https:/webgate.ec.europa.eu/sanco/traces/output/MM/FFP_MM_en.pdf တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသို့ တင်ပို့နိုင်သော စက်ရုံ စာရင်းကို့http://www. nafiqad.gov.vn/copy_of_list company/fish-and-fishery-products-1/ ။ တွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့နိုင်သောစက်ရုံစာရင်းကို www.cnca.gov.cn နှင့် www.chinafeedonline.com/user files/file/Myanmar-FM တို့တွင် ဖော်ပြထားရှိပါသည်။
ကုန်သွယ်မှုပြုရာတွင် တင်ပို့သည့် နိုင်ငံများအနေဖြင့် ၎င်းင်းတို့ နိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေအရ တင်သွင်းသည့် ရေထွက် ပစ္စည်းများ အရည်အသွေးနှင့် အန္တရာယ်ကင်းမှုစိတ်ချနိုင်ရေး အတွက် ၂၀၁၀ ခုနှစ်မှစတင်၍ ဥရောပသမဂ္ဂအဖွဲ့အစည်းအနေဖြင့် ၎င်းင်းတို့အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်သူများအား စစ်ဆေးရေးမှူးများ အဖြစ် ခန့်အပ်ဖွဲ့ စည်းထားသည့်စစ်ဆေးရေးအဖွဲ့(FVO) မှနှစ်စဉ် နိုင်ငံပေါင်း၇၃ နိုင်ငံသို့ ဥရောပသမဂ္ဂမှ ပြဋ္ဌာန်းထားသော ဥပဒေ စည်းမျဉ်းစည်းကမ်း၊ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များနှင့် ညီမညီစစ် ဆေးခြင်း၊အကြံပြုချက်များပေးပို့ခြင်းကို ဆောင်ရွက်ပြီး လိုက်နာမှု မရှိသော နိုင်ငံများမှ ပစ္စည်းများအား တင်သွင်းခြင်း အားရပ်တန့်ခြင်း၊ အခြားနိုင်ငံများသို့တင်ပို့ခြင်းမပြုလုပ်နိုင်ရန် Rapid Alert System for Food and Feedhttps://webgate.ec.europa.eu/rasffwindow/portal/event=SearchForm&cleanSe... 1 website မှတစ်ဆင့် ချက်ချင်းသတင်းအချက်အလက်ပေးပို့ခြင်းကို ဆောင်ရွက်လျက်ရှိပါ သည်။ အလားတူစနစ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွင်း တွင်လည်းသတင်းအချက်အလက် ဖလှယ်နိုင်ရေးအတွက်http://www.arasff.net/ အားဆောင်ရွက်နိုင်လျက် ရှိပါသည်။ပြောင်းလဲလာသော ကုန်သွယ်မှုစနစ်၊ တင်သွင်းသည့်နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့စည်းများဖြစ်သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၏SPSကို သိရှိနားလည်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်တည်တံ့ချောမွေ့စေရန် မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ငါးလုပ်ငန်းဦးစီးဌာနနှင့် လုပ်ငန်းရှင်များ မှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။