
အတွဲ(၁၅)အမှတ်(၁၃)
ပို့ကုန်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော် ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန် ရေးဆွဲခဲ့သော မြန်မာနိုင်ငံ၏ပထမဆုံးသော အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာစတင် အကောင် အထည်ဖော်ခြင်းအခမ်းအနားကို မတ်လ၂၅ ရက်တွင် နေပြည်တော် ရှိ MICC-II ၌ ကျင်းပခဲ့ရာ နိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးÓဏ်ထွန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန(ITC) ExecutiveDirector Ms. Arancha Gonzalez တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါမဟာဗျူဟာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဦးဆောင်မှု၊နိုင်ငံတကာကုန်သွယ်မှု ဗဟို ဌာန(ITC) ၏နည်းပညာ အကူအညီ၊ ဂျာမနီနိုင်ငံ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ရန်ပုံငွေအထောက်အပံ့ နှင့် ဂျာမနီနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (GIZ) ၏ပံ့ပိုးမှုတို့ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။အမျိုးသားပို့ကုန်မဟာဗျူဟာ သည်မြန်မာနိုင်ငံအား စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်သွယ်မှုကဏ္ဍ၏လိုအပ် ချက်များ၊ ဦးစားပေး အစီအစဉ်များကို ငါးနှစ်စီမံကိန်းဖြင့် အကောင် အထည်ဖော်မည့် လမ်းပြမြေပုံ ဖြစ်သည်။''ထွန်းသစ်စမြန်မာနိုင်ငံ အတွက် ပို့ကုန်ဦးဆောင်သောစဉ်ဆက်မပြတ်တိုးတက်မှုနှင့် ကြွယ်၀ မှုဆီသို့'' ဟူသည့်မဟာဗျူဟာမျှော်မှန်းချက်ကို ပေါက်မြောက်အောင် မြင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ၏ လုပ်ငန်းစီမံချက် (ActionPlans) များတွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ၏ ယှဉ်ပြိုင်နိုင်စွမ်းအားတိုးတက်ရေး၊ ရေရှည်ဆောင်ရွက်ရမည့်မူဝါဒနှင့် ဥပဒေရေးရာများ ပြုပြင်ပြောင်းလဲရေးတို့ကို ထည့်သွင်းရေးဆွဲ ထားသည်။နိုင်ငံတော်တစ်ဝန်းလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်း ပေးမည့် အမျိုးသားပို့ကုန်မဟာဗျူဟာသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား နက်နက်ရှိုင်းရှိုင်း စေ့စပ်ဆွေးနွေးညှိနှိုင်းမှုမှ ပေါ် ထွက်လာသည့် အကျိုးရလဒ်ဖြစ်ကြောင်းပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ဦးစားပေးရွေးချယ်ထား သည့် ကဏ္ဍများသည် ပြည်သူအများစု၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးသက်ရောက်နိုင်ဆုံးဖြစ်မည့်ပို့ကုန် ကဏ္ဍများကို ဦးစားပေးရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ အမျိုးသားပို့ကုန် မဟာ ဗျူဟာကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်၏ အဓိကရည်မှန်းချက်များဖြစ်သော ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံဝင်ငွေတိုးမြှင့်ရရှိရေး တို့ကိုထိရောက် စွာ အထောက်အကူပြုမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု နှင့် ကြွယ်ဝမှုကို အောင်မြင်စွာဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံ တော်ဒုတိယသမ္မတကဖြည့်စွက်ပြောကြားခဲ့သည်။
ပို့ကုန်အမျိုးအစားနှင့် ဈေးကွက် စုံလင်ကျယ်ပြန့်စေခြင်းအမျိုးသားပို့ကုန် မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပုံစံကို ပြောင်းလဲရန်နှင့် ကုန်သွယ်မှုအကျိုးရလဒ်များဖြင့် မြန်မာပြည်သူများအား ပိုမိုကြွယ်ဝမှုဆီသို့ ဆောင်ကြဉ်းပေးရန် ဖြစ်သည်။ မကြာသေးမီ ဆယ်စုနှစ်ကာလများအတွင်းနိုင်ငံတော်၏ပို့ကုန် ဖွဲ့စည်းမှုသည် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ပို့ကုန်အမျိုး အစား အနည်းငယ်အပေါ်သာအားထားနေရပြီး အများစုမှာအဆင့် မြှင့်တင်ပြုပြင်ထုတ် လုပ်မှုမရှိသည့် သဘာဝသယံဇာတကုန်ကြမ်းပို့ကုန်များသာဖြစ်သည့်အပြင် ပို့ကုန်ဈေးကွက်မှာလည်း အကန့် အသတ်ရှိနေသည်။
ဈေးကွက်သစ်များနှင့် ပို့ကုန်အသစ်များသို့ တိုးချဲ့ကုန်သွယ်နိုင် ရန်အတွက် ဦးစားပေးကဏ္ဍများဖြစ်သည့် ဆန်စပါး၊ ပဲမျိုးစုံနှင့်ဆီ ထွက်သီးနှံ၊ ငါးလုပ်ငန်း၊ သစ်တောထွက်ပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊ ရော်ဘာ၊ ခရီးသွားလုပ်ငန်းတို့တွင်ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး လုပ် ငန်းစဉ်တစ်ရပ်အနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာက ဆောင် ရွက်သည်။ ပို့ကုန်ကဏ္ဍအသီးသီးအတွက် မျှော်မှန်းထားသည့် ရင်းနှီး မြှုပ်နှံမှုများကိုလည်းထောက်ခံဖော်ထုတ်ပေးသည်။ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အပြည့် အ၀ ပါဝင်နိုင်ရန်အတွက် ပို့ကုန်အထောက်အကူပြုကဏ္ဍများဖြစ် သော ဘဏ္ဍာငွေရရှိစေရေး၊ ကုန်သွယ်မှုသတင်းအချက်အလက် ရရှိ ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ကုန်သွယ်မှုလျင်မြန်ချောမွေ့စေ ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး၊ အရည်အသွေးစီမံခန့်ခွဲရေး စသည့်စီးပွားရေးပတ်ဝန်းကျင်တွင် တွေ့ကြုံနေရသည့် အဟန့် အတားများကို ဖြေရှင်းဆောင်ရွက်ရန်လည်း အမျိုးသားပို့ကုန် မဟာဗျူဟာက ဆောင်ရွက်မည် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများနှင့် ကုန် သွယ်မှု အထောက်အကူပြုအဖွဲ့ အစည်းများ၏ဆန်းသစ်တီထွင်နိုင်မှု စွမ်းရည်များကို မြှင့်တင်ပေးနိုင်ရန် အမျိုးသားပို့ကုန်မဟာဗျူဟာက ရှာဖွေ ဖော်ထုတ်ပေးထားသည်။
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီအောင်ထိန်းညှိပေးခြင်းကုန်သွယ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်ရေးအတွက် နိုင်ငံအဆင့် လမ်းညွှန်မြေပုံဖြစ်သည့် အမျိုးသားပို့ကုန် မဟာဗျူဟာသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းအသစ်များ ဖော်ဆောင် ပေးမည်ဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် အမျိုးသားပို့ကုန် မဟာဗျူဟာက အကောင်အထည်ဖော် မည့် လုပ်ငန်းများနှင့်ဆက်စပ်နေသော မိတ်ဖက်အဖွဲ့အစည်းအသီး သီးက ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ညှိနှိုင်း ဆက်သွယ် ဆောင်ရွက်ပေးလျက်ရှိသည်။
အချို့သော လုပ်ငန်းများကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ရာ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှExecutive Director,Ms.Arancha Gonzalez က အမျိုးသားပို့ကုန်မဟာ ဗျူဟာတွင် ထည့်သွင်းရေးဆွဲထားသော လုပ်ငန်းများကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ခြင်းအားဖြင့် အဓိကဈေးကွက်များဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုမည်ဖြစ်ပြီးမြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းများနှင့် လုပ်သားများ ကမ္ဘာ့စီးပွားရေးထဲသို့ ပိုမိုပါဝင်လာနိုင် စေမည့်အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဂျာမနီနိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (GIZ) မြန်မာရုံးမှ Head of Programme,Irina Scheffmann က အမျိုးသားပို့ကုန် မဟာဗျူဟာတွင် မြန်မာနိုင်ငံသည် ပို့ကုန်တိုးမြှင့်နိုင်မည့် အလားအလာ အလွန်ကြီးမားသော်လည်း အပြည့်အဝရယူခံစားနိုင် ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြထားရာ အဓိကအရေးကြီး ဆုံးအချက်မှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေးပင်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ အခြေခံအဆောက် အအုံများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းအတွက် အပို ကုန်ကျစရိတ်များ လျှော့ချနိုင်ရေးကိုလည်း အမျိုးသားပို့ကုန် မဟာဗျူဟာက မှန်ကန်စွာဖော် ထုတ်ထားကြောင်း ပြောကြားခဲ့သည်။၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာကုန် သွယ်မှုဗဟိုဌာန(ITC) သည် အမျိုးသားပို့ကုန်မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းကို စတင်အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံ၏ အရှေ့ပိုင်း၊ ကယားပြည်နယ်တွင် အလုံးစုံ လွှမ်းခြုံပါဝင်သောခရီးသွားလုပ်ငန်း စီမံကိန်းတစ်ရပ်ကို စနစ်တကျလေ့လာ၍စတင်ဆောင်ရွက်နေပြီဖြစ် သည်။ နယ်သာလန်နိုင်ငံအစိုးရ၊ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်တင် သွင်းမှု မြှင့်တင်ရေးစင်တာ (CBI) ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက် လျက်ရှိသည့်အဆိုပါစီမံကိန်းသည် ဒေသတွင်းမှ ကုန်စည်ထုတ် လုပ်သူများနှင့် ဝန်ဆောင်မှုဆောင်ရွက်သူများကို ခရီးသွားလုပ်ငန်းတန်ဖိုးကွင်းဆက်ဖြစ်စဉ်ထဲသို့ စုစည်းပါဝင်ခွင့်ရစေမည်ဖြစ်သလို အားလုံးပါဝင်သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရေးမြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များအတွက် အကူအညီရရှိမည်ဖြစ်သည်။ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လက်အောက်ရှိ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် စံချိန်စံညွှန်းအဖွဲ့(Standards and TradeDevel-opment Facility-STDF) ၏ ငွေကြေး ထောက်ပံ့မှုဖြင့် ဆောင်ရွက် နေသည့် အခြားစီမံကိန်းတစ်ခုမှာ မြန်မာနိုင်ငံမှဆီထွက်သီးနှံတန်ဖိုး ကွင်းဆက်၏ ယှဉ်ပြိုင်နိုင်မှု တိုးတက်ရေးကို ဆောင်ရွက်မည့် စီမံ ကိန်းဖြစ်သည်။ အစားအစာများနိုင်ငံခြားဈေးကွက်များသို့ ဝင် ရောက်နိုင်ရန် ကြိုတင်လိုအပ်ချက်ဖြစ်သည့် အစားအစာများ၏လုံခြုံ စိတ်ချရမှုနှင့် အရည်အသွေးစံချိန်စံနှုန်းများ ကိုက်ညီမှုကို တိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည်ကမ္ဘာတွင် ဆီထွက်သီးနှံအများဆုံး ထုတ်လုပ်သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။
နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနသည် အမျိုးသားပို့ကုန်မဟာ ဗျူဟာ အကောင်အထည်ဖော်မှုနှင့် စီမံခန့်ခွဲမှုများကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစိုးရနှင့် ပုဂ္ဂလိကတို့မှတာဝန်ရှိဌာန/အဖွဲ့အစည်း များအား လာမည့်နှစ်များအတွင်း အကြံÓဏ်များနှင့် အကူအညီ များကို ဆက်လက်ပေးသွားမည် ဖြစ်သည်။
မှတ်ချက်
နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ပူးတွဲအဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံ တကာကုန်သွယ်မှု ဗဟိုဌာနသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ကို ကူညီပေးနေပြီး၊ကုန်သွယ်မှုအတွက် အထောက်အပံ့အစီအစဉ် (Aid-for-Trade Agenda) နှင့် ထောင်စု နှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်(Millennium Development Goals) မူဘောင်များအတွင်းမှ ဖွံ့ဖြိုးဆဲနှင့် အသွင်ကူးပြောင်းဆဲ နိုင်ငံများရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ ယှဉ်ပြိုင် နိုင်စွမ်းကို တိုးတက်လာခြင်းဖြင့် စဉ်ဆက်မပြတ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန်ကူညီပေးလျက်ရှိပါသည်။ နိုင်ငံတကာကုန်သွယ် မှု ဗဟိုဌာနသည် ကမ္ဘာ့ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်နိုင်မှုစွမ်းအား ဆိုင်ရာလုပ်ငန်းများအစုအဖွဲ့(United Nations Inter-Agency Cluster on Trade and Productive Capacity) နှင့်Enhanced Integrated Framework (EIF) တို့၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး United Nations Country Team -UNCT) နှင့်ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာ့Trade Sector Working Group ၏ အဖွဲ့ဝင်လည်းဖြစ်ပါသည်။