
အတွဲ(၁၅)၊ အမှတ်(၁၄)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းဒေသ ကြီးများနှင့် ပြည်နယ်အသီးသီးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူပြုမည့် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခုလက်ရှိအစိုးရ တာဝန်ယူပြီးသည့်နောက် ၂၀၁၁ ခုနှစ် မေလတွင် ကျင်းပပြုလုပ် ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး နိုင်ငံ တော်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှုတွင် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ် (၈)ရပ်မှာ '' ကျေးလက် ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး"လုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းရာတွင် ကျေးရွာများစွာတွင် လက်မှုလုပ်ငန်းများစွာရှိကြောင်း တွေ့ရပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆပ်ကော်မတီ တစ်ရပ်ကို ၂၀၁၁ ခုနှစ် ဇွန်လမှာ ဖွဲ့စည်းခဲ့ပြီး အဓိကအခြေခံလုပ်ငန်း သုံးရပ်မှာ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ၊
တစ်ရွာထွက်ကုန်တစ်မျိုးလုပ်ငန်းများနှင့် လယ်ယာကဏ္ဍအခြေခံ စက်မှုလုပ်ငန်းငယ်များ ဖြစ်ပါသည်။ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် များဖြစ်တဲ့ အရင်းအနှီးရရှိရေး၊ နည်းပညာထောက်ပံ့ပေးနိုင်ရေးနှင့် ဈေးကွက်ရရှိဖော်ဆောင်နိုင်ရေးတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အတူ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တွဲဖက်ဆောင်ရွက်ခဲ့ပါ သည်။
ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဆပ်ကော်မတီမှာပါဝင်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိကျေးရွာ အသီးသီးသို့ ကွင်း ဆင်းဆောင်ရွက်ရာတွင် မြေအခြေခံသည့် အိုးလုပ်ငန်း၊ ဝါး အခြေခံ လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ မုန့်မျိုးစုံလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ လယ်ယာသုံးပစ္စည်းလုပ်ငန်း၊ ဖျာလုပ်ငန်း၊ ကြိုးကျစ်လုပ်ငန်း၊ ဆွယ် တာလုပ်ငန်း၊ ထန်းလုပ်ငန်း၊ သက်ကယ်နှင့် ဂျုံရိုး ဦးထုပ်လုပ်ငန်း ကျေးရွာအလိုက်၊ လုပ်ငန်းအလိုက်၊ မိသားစု၏ ဒုတိယဝင်ငွေရရှိသော လုပ်ငန်းများကို ဦးစားပေး ကူညီရန် ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိပါသည်။
ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းမှ မဟုတ်ပါ၊ မည်သည့်လုပ်ငန်းတွင်မဆို အရင်းအနှီး၊ နည်းပညာနှင့်ဈေးကွက် ရရှိမှသာ အောင်မြင်သော လုပ်ငန်းဖြစ်ပါမည်။ သို့သော် ကျေးလက် ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ် ငန်းရှင်များမှ အဓိကလိုအပ်ချက်ဖြစ်သည့် အရင်းအနှီး တောင်းဆို ခြင်းကြောင့် ဆပ်ကော်မတီအနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် အရင်းအနှီးပံ့ပိုးမှု ချေးငွေကိုအထိုက်အလျှောက် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ကျေးလက်ဒေသ အသီးသီးသို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၃၇၅ သိန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၁၀၃၅၁ ဒသမ ၇ သိန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ကျပ် ၄၃၂၉ ဒသမ ၂ သိန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၂၄၆၁ သိန်း ထုတ်ချေးပေးနိုင်ခဲ့သဖြင့် စုစုပေါင်း ချေးငွေကျပ် ၂၈၅၁၆ ဒသမ ၉ သိန်းထုတ်ချေးပေးနိုင်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ အသေးစား ကုန် ထုတ်လုပ်ငန်းဖွံ့ဖြိုးရေး ဆပ်ကော်မတီအနေဖြင့် ကျေးလက်ဒေသ လုပ်ငန်းရှင်များ၏ အဓိကလိုအပ်ချက်ဖြစ်သော အရင်းအနှီးကို ထိုက်သင့်သလောက် ထုတ်ချေး ပေးနိုင်ခဲ့သလို နောက်ထပ်လိုအပ်ချက် တစ်ခုဖြစ်သော နည်းပညာရရှိရေးအတွက် အထောက်အကူဖြစ်စေ မည့် နည်းပညာပေးရေးသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် ပေးခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရအဖွဲ့မှ ဇောက်ချဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်မနေလိုအပ်သောကြောင့် မန္တလေး တိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများနှင့် ကုန် စည်ပြပွဲများကို စဉ်ဆက်မပြတ် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်သွယ်မှုအတွက် အရေးကြီး သည့် ကုန်ဈေးနှုန်းများ ဈေးကွက်သတင်း အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ရတနာပုံကုန်သွယ်မှု ဗဟို ဌာနကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း တိုင်း ဒေသကြီးဦးစီးမှူးရုံး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် သစ်သီးဝလံများမှ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်ပေးနိုင်ရေးအတွက် '' သစ်သီးဝလံ အခြေခံစားသောက်ကုန် ထုတ် လုပ်ခြင်းသင်တန်း" အား တစ်ကြိမ်လျှင် သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးနှုန်းဖြင့် နှစ်ကြိမ်တိုင်တိုင် သင်တန်းများအား ဖွင့်လှစ်နိုင်ခဲ့ပါ သည်။ ထိုသို့ သင်တန်း ဖွင့်လှစ် ခြင်းကြောင့် သစ်သီးဝလံများမှတစ်ဆင့် မြင့်တက်သည့် ယိုစုံများပြု လုပ်ခြင်း၊ ဖျော်ရည်များထုတ်လုပ်ခြင်း၊ ဝိုင်များထုတ်လုပ်ခြင်းစသည့် လုပ်ငန်းများကြောင့် ကျေးလက် လုပ်ငန်းရှင်များအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ များစွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း သိရပါသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မှ ကြီးမှူး၍ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် '' အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း" အား မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးသိပ္ပံကျောင်း၌ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက် ရောက်သင်ကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် မြင်းခြံခရိုင်မှ သင်တန်းသားများ ပါဝင်ကြောင်း သိရပါသည်။ ထိုသင်တန်းသို့ တက် ရောက်ခြင်းအားဖြင့် မိမိတို့ ရက်ကန်းစင်များမှ ထုတ်လုပ်သည့် အဝတ် အထည်များအား ပန်းပုံရိုက်ခြင်း၊ ဆေးရေးခြင်းအားဖြင့် တန်ဖိုးမြင့် တက်စေခြင်းကြောင့် ဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ဆေးရေးအထည်များအား နိုင်ငံခြားသို့ တင်ပို့နိုင်ပါက နိုင်ငံခြားဝင် ငွေရရှိမှာဖြစ်သောကြောင့် နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေ တိုးတက်လာမည်ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ နယ် တက်မကျေးရွာအုပ်စု မုန်တိုင်းကျေးရွာတွင် ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် '' ဝါးလုပ်ငန်းအခြေခံသင်တန်း "ကို အောင်မြင်အောင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တက်မကျေးရွာအုပ်စုအတွင်းရှိ ဝါးအခြေခံသည့် တောင်း၊ ဆန်ကော၊ ဆန်ကာရက်လုပ်သည့် လုပ်ငန်းရှင်များမှ သင်တန်းသား ၄၂ ဦးတက် ရောက်ကြောင်း သိရပါသည်။ ဝါးမှတစ်ဆင့် ထုတ်လုပ်သော တောင်း၊ ဆန်ကော၊ ဆန်ကာများမှ ပိုမိုအဆင့်မြင့်လာသည့် ဓါတ်ပုံဘောင်များ၊ တစ်ရှူးဘောက်များ၊ ဘောလ်ပင်ထည့်သည့်ခြင်းများ၊ သစ်သီးထည့်သည့် ခြင်းများ ပြုလုပ်ခြင်းဖြင့် ဝင်ငွေတိုးတက်လာမည်ဖြစ်ပါသည်။ ထို့ အတူ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလလယ်တွင် မန္တလေးခရိုင်၊ အမရပူရ မြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးသိပ္ပံကျောင်း၌ မိမိတို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့်'' ဝါးလုပ်ငန်း အခြေခံသင်တန်း" ကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ပေးနိုင်ခဲ့ပါ သည်။
'' ကျေးလက်ဒေသ အသေးစားထုတ်ကုန်များနှင့် ပြည်ပပို့ကုန် အလားအလာရှိသော ကုန်စည်များပြပွဲ"ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ၃ ရက်တိုင်တိုင် နံနက် ၉း၀၀ နာရီမှ ည ၉း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ကုန်စည်ပြပွဲအပြင် ကျေးလက်ဒေသ အသေးစားထုတ်ကုန်များနှင့် ပြည်ပပို့ကုန်အလား အလာရှိသော ကုန်စည်များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို လည်း နေ့စဉ်ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။ ထိုသို့ ကုန်စည်ပြပွဲ ပြသ နိုင်ခြင်းအားဖြင့် ကျေးလက်ဒေသ အသေးစားထုတ်ကုန်များ ဈေး ကွက်ချဲ့ထွင်နိုင်ခြင်း၊ လုပ်ငန်းရှင်အချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိ ခြင်း၊ တစ်ဦးနှင့်တစ်ဦး လုပ်ငန်းသဘော သဘာဝအရအားနည်းချက်၊ အားသားချက်များ ဖလှယ်နိုင်ခြင်း၊ နည်းပညာများဖလှယ်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိတဲ့အပြင် အလုပ်ရုံဆွေးနွေးပွဲကြောင့် ပြည် တွင်းသာမက ပြည်ပအတွေ့အကြုံဗဟုသုတ များစွာရရှိခြင်း၊ လုပ် ငန်းများတွင် ကြုံတွေ့ရသည့် အခက်အခဲများကို မည်သို့ကိုင်တွယ် ဖြေရှင်းခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် မတ်လတွင် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာတွင် တတိယအကြိမ်မြောက် '' ဝါးလုပ်ငန်းအခြေခံ သင်တန်း "ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ နှမ်းကြဲကျေးရွာ သည် ဝါးဖြင့်ရက်လုပ်သည့် သစ်သီးထည့်သည့်ခြင်းတောင်း၊ ကွမ်းရွက် ထည့်သည့်ခြင်းတောင်း၊ အမှိုက်ထည့်သည့်ခြင်းတောင်း စသည်များ ကို ရက်လုပ်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချသည့် လုပ်ငန်းများကို လုပ်ကိုင်သည့် ကျေးရွာဖြစ်သောကြောင့် ဝါးနှင့် ပတ်သက်၍ အတွေ့အကြုံရှိသည့် ကျေးရွာဖြစ်သောကြောင့် ဝါးလုပ်ငန်းအခြေခံ သင်တန်းကို ၎င်းင်းရွာ၌ဖွင့်လှစ်ရန် ရွေးချယ်ရခြင်းဖြစ်ပါသည်။ ဝါး တစ်လုံး၏ တန်ဖိုးမှာ ၅၀၀ ကျပ်ဖြစ်ပြီး ကုန်ချောအဖြစ် ဝါးခြင်း တောင်းကို ရက်လုပ်ပါက ၁၈၀၀ ကျပ်ရရှိမည်ဖြစ်သဖြင့် ၁၃၀၀ ကျပ် အမြတ်အစွန်းရရှိမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပိုမိုအဆင့်မြင့်သည့် ဝါးအချောထည် (ဓါတ်ပုံဘောင်၊ တစ်ရှူးဘောက်၊ သစ်သီးဝလံထည့် သည့်ခြင်း၊ ဘောလ်ပင်ထည့်သည့်ခြင်းကလေးများ) ပြုလုပ်ပါက အပို ဝင်ငွေများစွာရရှိနိုင်ကြောင်း သိရပါသည်။ အဆင့်မြင့်သည့် ဝါး အခြေခံကို လုပ်ကိုင်ခြင်းအားဖြင့် ကုန်ကြမ်းဝယ်ယူမှု တန်ဖိုးလျှော့ကျ လာခြင်း၊ ကုန်ကြမ်းသယ်ယူမှုစရိတ် လျော့ကျခြင်း၊ ကုန်ချောပစ္စည်း တန်ဖိုးမြင့်တက်ခြင်း၊ ကုန်ချောပစ္စည်းတင်ပို့မှု စရိတ်လျော့ကျခြင်း စသည့် ဝန်ဆောင်မှုစရိတ်သက်သာခြင်းကြောင့် မိသားစုဝင်ငွေတိုးတက်လာမည်ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် မတ်လနောက်ဆုံးအပတ်တွင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တမိုက်သာကျေးရွာတွင် စတုတ္ထအကြိမ်မြောက် ''ဝါးလုပ်ငန်းအခြေခံသင်တန်း" ကိုဖွင့်လှစ်မည်ဖြစ်ပြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် တက်စည်ကျေးရွာတွင် ကျေးလက်ဒေသအသေး စား ကုန်ထုတ်လုပ်ငန်း တစ်ခုဖြစ်သော ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပါသည်။ ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရက်ကန်းနှင့် ပတ်သက်သော ပညာရှင်များ၊ လုပ်ငန်းရှင် များနှင့် ဌာနဆိုင်ရာ အသင်းအဖွဲ့များမှ တက်ရောက်ဆွေးနွေးမည်ဖြစ် ကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အနေဖြင့် ''သစ်သီးဝလံ အခြေခံစားသောက်ကုန်သင်တန်း " အား နှစ်ကြိမ်၊ ''အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း" အား တစ်ကြိမ်၊ '' ဝါးလုပ်ငန်း အခြေခံသင်တန်း" လေးကြိမ်၊ ကုန်စည်ပြပွဲ တစ်ကြိမ်နှင့် အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ် ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။
လုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီးထုတ်ချေးခြင်းကို အမြဲတစေထုတ်ချေးပေးနိုင်မည်မဟုတ်ပါ။ ကျေးလက်ဒေသ အသေးစားလုပ်ငန်းရှင်များအား နေ့စဉ်ရွှေဥများ ဥပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များ၏ စွမ်းအားများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင် တန်းများဖွင့်လှစ်ခြင်းဖြစ်ပါသည်။ လူ့စွမ်းအားအသိဉာဏ်ရှင်သန် ဖွံ့ဖြိုးမှ မိမိတို့၏ လုပ်ကိုင်နေသော လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း မည်ဖြစ်ပါသည်။ အထက်မှာ ဖော်ပြထားသော ဖွင့်လှစ်ပြီးတဲ့ သင်တန်း တိုင်းတွင် ထူးချွန်သည့် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးစီပေါ်ထွက် လာပါက ၎င်းင်းတို့မှတစ်ဆင့် ရရှိပြီးသည့် ပညာများအား ပြန်လည် ဖြန့်ဝေပေးပါက ကျေးလက်ဒေသ အသေးစား ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။
သဘာဝသယံဇာတများသည် ထုတ်လုပ်သူများပြားလာလျှင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကုန်ခမ်းသွားနိုင်ပါသည်။ လူသားတို့ထံမှ ထွက်ရှိသော လူ့စွမ်းအားအရင်းအမြစ် (လူ၏စွမ်းအား) သည် ဘယ် သောအခါမှ ကုန်ခမ်းသွားမည်မဟုတ်ကြောင်း၊ ထို့ကြောင့် လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ကျေးလက်ဒေသ အသေး စားကုန်ထုတ်လုပ်ငန်းရှင်များ မိမိတို့နှင့်သက်ဆိုင်သော သင်တန်း များအား တက်ရောက်သင်ယူ သင့်ပါကြောင်း----။