
ခေတ်တွေ စနစ်တွေ တိုးတက်လာတာနဲ့အမျှ ရောင်းဝယ်ဖောက်ကားမှုတွေမှာလည်း တစ်နေ့တခြား တိုးတက်လို့လာနေပါပြီ။ ကုန်ပစ္စည်းချင်းဖလှယ်ရာကနေ ငွေကြေးနဲ့ရောင်းဝယ်တဲ့ခေတ်၊ ငွေကြေးနဲ့ ရောင်း ဝယ်တဲ့ခေတ်ကနေ စမတ်ကတ် (Smart Card)လို့ခေါ်တဲ့ အီလက်ထရွန်းနစ်ငွေပေးချေရေးနည်းလမ်းတွေနဲ့ ရောင်းဝယ်တဲ့ခေတ်ကို ရောက်ရှိနေပါပြီ။ ဗီဇာကတ်၊ မာစတာကတ်စသဖြင့် အီလက်ထရွန်းနစ်တွေကို အသုံးပြုတဲ့ေ ငွပေးချေရေးနည်းလမ်းတွေ ကြောင့် မသမာသူတွေရဲ့အန္တရာယ်ကနေလည်း ရှောင်ကွင်းလို့ရနေပါပြီ။ အမျိုးမျိုးသော ငွေပေးချေမှုနည်းလမ်းတွေနဲ့အတူ ပိုပြီးခေတ် စားလာတာကတော့ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းပါပဲ။ အခု ခေတ်ဟာ စီးပွားရေးလုပ်ချင်ပြီး ငွေကြေးအနည်းငယ်သာတတ်နိုင်တဲ့သူတွေအတွက် အွန်လိုင်းပေါ်ကနေ ဈေးရောင်းတာဟာ ခေတ် အမီဆုံးသော စီးပွားရှာခြင်းလို့ပဲ ဆိုချင်ပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူေ ပါင်းဟာ ၁၀ သန်း ကျော်ရှိနေပြီဖြစ်ပြီး အဲဒီ ၁၀ သန်းကျော်အနက်မှာ အင်တာနက် အသုံးပြုသူပေါင်းဟာ ခုနစ်သန်းနီးပါးခန့်ရှိနေပြီဖြစ်တယ်လို့ ဆိုပါ တယ်။ မကြာ ခင်ကာလမှာ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်တိုးတက် လာတာနဲ့အမျှ အင်တာနက်အသုံးပြုသူ အရေအတွက်ဟာ လည်း တစ်နေ့တခြား တိုးတက်လာတော့မှာဖြစ်ပါတယ်။ အဲဒီအခြေခံအချက်တွေအရ အွန်လိုင်းပေါ်မှာ စီးပွားရှာသူ တွေအတွက် အခွင့်အရေးကောင်းတစ်ခုလို့ပဲ ဆိုချ င်ပါတယ်။ ငွေကြေးအနည်းငယ်သာတတ်နိုင်သူတွေအတွက် နေရာမလို၊ ဝန်ထမ်း များများ အသုံးပြုဖို့မလိုတဲ့ စီးပွားရှာမှုနည်းလမ်းဟာ အွန်လိုင်းပေါ် ကနေ စီးပွားရှာတဲ့လုပ်ငန်းတစ်ခုလို့ ဆိုချင်ပါ တယ်။ အထူးသဖြင့် မြန်မာနိုင် ငံအနေနဲ့ အင်တာနက်အသုံးပြုသူ အရေအတွက်ထက် လူမှုကွန်ရက်ဝက်ဘ်ဆိုက် (Facebook) မှတစ်ဆင့် ဈေးရောင်းဈေးဝယ်ပြုလုပ်မှုတွေဟာ လူကြီး၊ လူငယ်၊ လူလတ်ပိုင်းအထိ စိမ့်ဝင်ပျံ့နှံ့နေပြီဆိုတာ သိသာထင်ရှားလှပါ တယ်။ ဘယ်သူ့ကိုမှ ငွေကြေးပေးစရာမလို၊ ဘယ်သူ့ကိုမှ အောက်ကျခံစရာမလို၊ မိမိနေအိမ်ထဲမှာတင်အလုပ်လုပ်လို့ရ စီးပွားရှာလို့ရတဲ့လုပ်ငန်းဟာ ဖေ့စ်ဘုတ်ပေါ်ကနေ ဈေးရောင်းဈေးဝယ်လုပ်တဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ဖေ့စ် ဘုတ်ပေါ်မှာ ဈေးရောင်းဈေးဝယ်လုပ်နေတဲ့သူ အများစုဟာ လူငယ်များပဲဖြစ်ပါတယ်။ လူငယ်တွေဟာ စိတ်ကူးဉာဏ်ရင့်သန်ရင်ရင့်သန်သလို အရောင်းအဝယ်လုပ်နေကြတာဖြစ်ပါတယ်။ အဝတ်အစားတွေ၊ အမျိုးသမီးအသုံးအေ ဆာင်ပစ္စည်းတွေ၊ တစ်ပတ်ရစ်ပစ္စည်းတွေ၊ တိရစ္ဆာန်အရောင်းအဝယ်တွေကအစ မိုဘိုင်းဖုန်း နံပါတ်အဆုံး အွန်လိုင်းပေါ်ကနေပဲ အရောင်းအဝယ်လုပ်နေကြပါပြီ။
အချိန်ကုန်သက်သာသလို ငွေကုန်ကြေးကျလည်း သက်သာတဲ့အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လိုမြို့ကြီးတွေသာမက နယ်မြို့ကလေးတွေမှာလည်း အဲဒီလိုအွန်လိုင်းကနေ အရောင်း အဝယ်လုပ်တဲ့ ဈေး ကွက်ဟာ တစ်နေ့တခြား ကြီးထွားလို့ လာနေတာကို မြင်တွေ့နေရပါပြီ။ ZaytheGyi.com, ZawGyi.com, Shop.com, Motor.com တို့လို ဝက်ဘ်ဆိုက်နေရာတစ်ခု ထူထောင်ပြီး ရောင်းချနေတဲ့ အွန် လိုင်းဈေးသည်တွေ ရှိနေေ ပမယ့်လည်း လူမှုကွန်ရက်ဝက်ဘ်ဆိုက်က နေ ဈေးရောင်းဈေးဝယ်လုပ်ကြတာက ပိုများတယ်လို့ အွန်လိုင်းမားကက်တင်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။ "Shop.com လိုမျိုး ဒေါ့ကွန်းတွေလုပ်ပြီး ဈေးရောင်းတာက ပိုပြီး ခိုင်မာမှုရှိတယ်။ သူတို့တွေက သူတို့ရဲ့ Page မှာလာတင်ထားတဲ့ပစ္စည်း ဘယ်လိုပစ္စည်းမျိုးကိုမဆို တာဝန်ယူထားရတာဆိုတော့ အဲဒီလို Page တွေမှာ အရောင်းအဝယ်လုပ်တာက ပိုပြီးစိတ်ချရပါတယ်။ ဖေ့စ်ဘုတ်တွေ မှာ ရောင်းတာကျတော့ စိတ်ချရမှုမရှိပါဘူး။ ဖေ့စ်ဘုတ်ဆိုတာကလည်း သိတဲ့အတိုင်း ဒီနေ့တွေ့နေရပေမယ့် နောက်နေ့ကျ တွေ့ချင်မှတွေ့ရတာမျိုးပါ။ ပိုဆိုးတာက အဲဒီဖေ့စ် ဘုတ်မှာ ကြော်ငြာဝင်ပြီးရောင်းနေတဲ့ပစ္စည်းတွေက အတုလား အစစ်လားဆိုတာ သေသေချာချာ မသိရတာမျိုးပါ။ ဒါကြောင့် အွန် လိုင်းကနေ ဈေးဝယ်မယ်ဆိုရင် တကယ် ခိုင်မာမှုရှိတဲ့ ဒေါ့ကွန်းတွေ လုပ်ထားတဲ့ Page တွေကနေဝယ်ဖို့ တိုက်တွန်းချင်ပါတယ်"လို့ အွန် လိုင်းမား ကက်တင်းကို ကျွမ်းကျင်စွာလုပ်ကိုင်နေတဲ့ ကိုသူရက ပြောပါတယ်။ အွန်လိုင်းပေါ်မှာ အထူးသဖြင့် ဖေ့စ်ဘုတ်ပေါ်မှာ ရောင်းချနေတဲ့ပစ္စည်းတွေမှာ ဆေးဝါးတွေ ပါဝင်နေတာဟာ မြန်မာပြည်သူတွေအတွက် တကယ်ကို ရင်လေး စရာကောင်းတဲ့ အချက်တစ်ချက်ပဲဖြစ်ပါ တယ်။ မြန်မာပြည်က စားသုံးသူတွေဟာ ဖေ့စ်ဘုတ်ပေါ်ကနေ ဝယ်ယူစားသုံးရတာကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ခုံမင်နှစ်ခြိုက်နေကြပါပြီ။ အချိန်ကုန်သက်သာသလို ပင်ပန်းမှုလည်း မရှိတဲ့အတွက် ဖေ့စ်ဘုတ်ပေါ်ကတစ်ဆင့် ဈေးဝယ်ရတာဟာ လူငယ်တွေအတွက် ရော လူကြီးတွေအတွက်ပါ ပိုမိုအဆင်ပြေစေတယ်လို့ ဖေ့စ်ဘုတ်က နေတစ်ဆင့် ဈေးဝယ်ဖူးသူတစ်ဦးက ပြောကြားပါတယ်။ "ဖေ့စ်ဘုတ်ပေါ် ကနေ ဈေးဝယ်ရတာ အဆင်ပြေတယ်။ သူတို့ရဲ့အကောင့်ထဲမှာ ဖော်ပြထားတဲ့ ပစ္စည်းတွေထဲက ကိုယ်လိုချင် တဲ့အရာကို မက်ဆေ့ချ်ပို့လိုက်တယ်။ တချို့တော့ ငွေကြိုသွင်းရတယ်။ တချို့ကတော့ ပစ္စည်းရောက်မှ ငွေချေရတယ်။ အမျိုးမျိုးပဲပေါ့။ အိမ်တိုင်ရာရောက်၊ ဒါမှမဟုတ် ရုံး/ အလုပ်အထိ လိုက်ပို့တဲ့အတွက် အချိန်ကုန်လည်း သက်သာတယ်။ လူလည်း မပင်ပန်းတော့ဘူး။ ဒါကြောင့် ဖေ့စ်ဘုတ်ကနေ ဈေးဝယ်ရတာကို ကြိုက်တာပါ"လို့ ဖေ့စ် ဘုတ်ပေါ် ကနေပဲ သူလိုချင်တဲ့အရာတွေကို ရှာဖွေဝယ်ယူတတ်တဲ့ ကိုကိုမောင်က ပြောကြားခဲ့တာပါ။
ဒါပေမယ့်လည်း လောကကြီးမှာ အကောင်းအဆိုးဆိုတာ အမြဲတမ်း ဒွန်တွဲနေတတ်တာကြောင့် ဖေ့စ်ဘုတ်ပေါ်က ရောင်းဝယ်မှုမှာလည်း ဝိသမသမား လောဘသားတွေ ကျင်လည်ကျက်စားနေကြတာကိုလည်း မြင်ေ တွ့နေရပြန်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာရောင်းချနေတဲ့အဝတ်အထည်၊ လူသုံးကုန် ပစ္စည်းတွေက စားသုံးသူတွေရဲ့အသက် အန္တရာယ်ကို ဒုက္ခမပေးနိုင် ပေမယ့် ဆေးဝါးအမျိုးမျိုးနဲ့ အလှကုန်ပစ္စည်းတွေကိုပါ ရောင်းချနေတဲ့ အတွ က် ဒါတွေဟာ စားသုံးသူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်စေနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဆေးဝါးအမျိုးမျိုးလို့ဆိုရာမှာလည်း ပိန်ဆေး၊ ဝဆေး၊ အသား ဖြူဆေး၊ အရပ်ရှည်ဆေးစတဲ့ဆေး တွေအပြင် သုံးမိနစ်အတွင်း အသားအရည်ကို ဖြူဝင်းသွားစေနိုင်တယ်ဆိုတဲ့ အလှကုန်ပစ္စည်း တွေ၊ ဒါတွေကို အွန်လိုင်းပေါ်မှာတင်ပြီး ရောင်းချနေကြတာကို နေ့စဉ်လိုလို တွေ့မြင်နေရပါတယ်။ မိတ်ဆွေတစ်ယောက်ညွှန်လို့ စာရေးသူ အွန်လိုင်းပေါ် မှာ ေ ရာင်းချနေတဲ့ အထက်ပါဆေးတွေအနက်က ပိန်ဆေးနဲ့ အသားဖြူ ဆေးရောင်းတဲ့သူတွေကို မေးကြည့်ဖူးပါတယ်။ သူတို့ကတော့ သူတို့ ပစ္စည်းတွေဟာ ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ပစ္စည်းပါ။ ပစ္စည်းရဲ့အရည် အသွေးက ကောင်း ပါတယ်။ စိတ်ချပြီး သောက်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး (Side Effect) လည်းမရှိပါဘူး။ ပိန်ဆေးဆိုရင် တစ်ပတ်ကို အနည်းဆုံး ငါးပေါင်ကျပြီး တစ်လလောက်သောက်လိုက်ရင် ပေါင် ၂၀ လောက် အနည်းဆုံးကျပါတယ်။ အသားဖြူဆေးဆိုရင် ဒီဆေးကို သောက်လိုက်တာနဲ့ အသားအရည်တွေ ဖြူဝင်းလာပြီး ချောမော လှပသွားနိုင်ပါတယ်စသဖြင့် အညွှန်းကောင်းကောင်းနဲ့ ညွှန်းနေတာကို သိခဲ့ရပါတယ်။ အဲဒီတော့ စာရေးသူတစ်ခွန်းလောက် ပြ န်မေးလိုက်ပါတယ်။ မြန်မာနိုင်ငံအစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ ခွင့်ပြုချက်ရထားပြီးပါပြီလားလို့ တစ်ခွန်းတည်းပါပဲ။ အဲဒီလို မေး လိုက်တဲ့ အချိန်မှာ ဘာလုပ်သွားတယ်လို့ ထင်ပါသလဲ။ စာရေးသူကို ဘလော့လုပ်သွားတာပါပဲ။ တချို့ကတော့ ကျွန်မတို့ပစ္စည်းဟာ Good Manufacturing Product ပါ။ အဲဒါကြောင့် အက်ဖ်ဒီအေယူဖို့မလိုပါဘူးလို့ ပြောပါ သေးတယ်။ ဒီလိုပြောတဲ့အတွက် သူတို့တွေ ဖေ့စ်ဘုတ်ပေါ်မှာ တင် ပြီး ရောင်းချနေတဲ့ ပစ္စည်းတွေဟာ တရားမဝင်တင်သွင်းလာတဲ့ပစ္စည်း တွေဖြစ်တယ်လို့ပဲ ဆိုပါရစေ။
အလှကုန်ပစ္စည်းတွေဆိုရင်လည်း ထိုင်းနိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံရဲ့အိမ်တွင်းစက်မှုလုပ်ငန်းငယ်လေးတွေကနေ ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို သူတို့နိုင်ငံမှာလည်း စမ်းသပ်ကုန်ပစ္စည်းအနေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာပဲ တင်ပြီးရောင်းချကြတာပါ။ တရားဝင် ရောင်းချနေတဲ့ကုန်ပစ္စည်းတွေမဟုတ်ပါဘူး။ ပိုပြီးဆိုးတာက အဲဒီလိုဖေ့စ်ဘုတ်ပေါ်ကနေ တရားမဝင် ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းပါပဲ။ ဈေးနှုန်းတွေဟာ အနည်းဆုံး သောင်းဂဏန်းကနေ အများဆုံးသိန်းဂဏန်းအထိရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီပစ္စည်းတွေရဲ့မူရင်းဈေးနှုန်းဟာ ဈေး အကြီးဆုံးပစ္စည်းဆိုရင်တောင် နှစ်သောင်း ထက်မပိုပါဘူး။ မြန်မာပြည်ရဲ့အွန်လိုင်းပေါ် အထူးသဖြင့် ဖေ့စ်ဘုတ်ပေါ်က စီးပွားရှာသူတွေ ဟာ မြန်မာပြည်သူတွေကို ဂုတ်သွေးစုတ်အမြတ်ကြီးစားပြီး ဈေးနှုန်းကို အဆမတန်တင်ထားသလို ကုန်ပစ္စည်းရဲ့အရည်အသွေးကို လည်း လိမ်ညာလှည့်ဖျားပြီး ရောင်းချနေကြတာကို သိရှိနေရပါပြီ။ မြန်မာပြည်သူတွေ အထူးသဖြင့် အလှကြိုက်တဲ့ကိုကို မမတွေ၊ မောင်လေး ညီမလေးတွေအတွက်ကတော့ မြေပြင်က မျက်မြင်ကြုံ တွေ့နေရတဲ့ အစားအသော က်မှာပါတဲ့ ဓာတုဓာတ်ကြွင်းတွေ၊ ဆိုး ဆေးတွေရဲ့အန္တရာယ်ထက် မမြင်ရမသိရှိရတဲ့ ဖေ့စ်ဘုတ်ပေါ်က အလှကုန်နဲ့ဆေးဝါးတွေရဲ့အန္တရာယ်အချက် ပေးခေါင်းလောင်းသံက ပိုပြီး ကျယ်လောင်လို့လာနေပါပြီ။ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေအရ စားသုံးသူတွေ အန္တရာယ်ဖြစ်လာပြီဆိုရင် တိုင်ကြားနိုင်ပါတယ်ဆိုပေမယ့် အခုလို မျိုး အွန်လိုင်းပေါ်ကနေ ရောင်းတယ်၊ စားသုံးသူတွေကလည်း ဝယ် ယူသုံးစွဲကြတယ်၊ ချက်ချင်းလက်ငင်း အသက် အန္တရာယ်မဖြစ်နိုင် ပေမယ့် ရေရှည်မှာဖြစ်လာနိုင်မယ့်အန္တရာယ်တွေအတွက် ဘယ်သူ့ကို အရေးယူရမည်နည်း။ စဉ်းစားကြဖို့ လိုနေပါပြီ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အင်တာနက်ခေတ်ကြီးမှာ အယုံလွယ်တဲ့သူတွေ၊ မသိ နား မလည်တဲ့သူ တွေ၊ ခေတ်ရှေ့ပြေးချင်တဲ့ သူတွေအတွက် ဖေ့စ်ဘုတ်ပေါ်ကနေ အလွယ်တကူဝယ်ယူလို့ရနေတဲ့ ဆေးဝါးတွေ၊ အလှကုန်ပစ္စည်းတွေရဲ့ ဆိုးကျိုးတွေ၊ ဖြစ်ပေါ်လာ နိုင်မယ့် အန္တရာယ်တွေကို ပြည်သူအများသိရှိေ အာင် လုပ်ဆောင်ကြရ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံစားသုံးသူအကာအကွယ်ပေးရေးအသင်း၊ မြန်မာ နိုင်ငံစားသုံးသူများသမဂ္ဂ၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ဟာ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်း တွေကို လုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း စတင်လုပ်ဆောင်စဉ် ကတည်းက အခုအချိန်အထိ ပညာပေးရေးလုပ်ငန်းတွေကိုပဲ လုပ် ဆောင်နေပါသေးတယ်။ ထိထိရောက်ရောက် အရေးယူမှုတွေကို လုပ်ဆောင်ရ မယ့်အချိန်ကို ရောက်နေပါပြီ။ မြေပြင်ပေါ်က စားသုံး သူအကာအကွယ်ပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်တာနဲ့အတူ အွန်လိုင်းပေါ်က စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ လိုအပ်နေပြီဖြစ်ပါ ကြောင်း .......။
မယ်သီတာ