Main menu

Background

စတော့ရှယ်ယာတွေနဲ့ ပတ်သက်လို့နည်းနည်းပြောပါရစေ

Mon, 03/14/2016 - 13:26 -- journal_editor

           စတော့ရှယ်ယာဈေးကွက်နဲ့ ပတ်သက်ပြီးတကယ်တော့ ၁၉၉၅ - ၁၉၉၆ ခုနှစ်လောက်က ဂျပန်ဒိုင်ဝါနှင့် ပူးပေါင်းပြီး မြန်မာ နိုင်ငံမှာ စတော့ဒိုင် ပေါ်ပေါက်ဖို့ ကြိုးစားခဲ့ချိန်ကတည်းက စတော့ ရှယ်ယာဈေးကွက်ကို စိတ် ဝင်တစား ကြည့်ခဲ့၊ လေ့လာစူးစမ်းမှု တွေလည်း လုပ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ထဲမှာပဲအမေရိကန်နိုင်ငံကို တစ်လကြာသွားရောက်ပြီးအမေရိကန် ဘဏ္ဍာရေးဈေးကွက်ကို လေ့လာတော့Wall Street  အပါအဝင်  Newyork Stock Exchange, အမေရိကန် ဗဟိုဘဏ်စတဲ့ နေရာတွေကိုရောက်ရှိ လေ့လာခဲ့ဖူး သလို ၂၀၀၈ - ၂၀၀၉ ခုနှစ်လောက်မှာလည်း အမေရိကန် ငွေစက္ကူ ရိုက်တဲ့  စက်ရုံကိုလေ့လာဖို့ ရောက်ရှိခဲ့ဖူးပါတယ်။  အဲဒါကြောင့် စတော့ရှယ် ယာဈေးကွက်နဲ့ သိပ်တော့ အဆက်ပြတ်လှတယ်လို့ မထင်ပါဘူး။ အခုလက်ရှိရန်ကုန်စတော့ဒိုင် လှုပ်ရှားမှုမှာလည်း အဆက် မပြတ်စောင့်ကြည့် လေ့လာနေတဲ့အဆင့်မှာရှိပါတယ်။ ကိုယ်တိုင် ကိုယ်ကျတော့ ပါဝင်ဆင်နွှဲနိုင်တဲ့ အခြေအနေမရှိပါဘူး။
           အခုတလောမှာစတော့ရှယ်ယာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ လည်းပေါ်တယ်။ နားလည်တတ်ကျွမ်းတဲ့သူများကရေးသားကြ၊ ဘာသာပြန်ဆိုကြတာတွေ့ရသလို၊ တချို့စာအုပ်တွေမှာကြတော့ ဘာသာစကားအခက်အခဲ၊ ပညာရပ်ပိုင်းဆိုင်ရာအခက်အခဲတွေ နဲ့မို့လို့ဖတ်ရရှုရတာ အဆင်မပြေတာတွေလည်းတွေ့ရပါတယ်။ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာတော့ စတော့ ရှယ်ယာနဲ့ ပတ်သက်တဲ့ ဥပဒေရေးဆွဲစဉ်ကတည်းကပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဆွေးနွေးတာတွေကို ကြားနာရပါတယ်။ စတော့ရှယ်ယာဈေးကွက် အရောင်းအဝယ် မလုပ်နိုင်ဘဲနဲ့ ရန်ကုန် စတော့ဒိုင်ဖွင့်တာ၊ စာရင်းပေါက်ကုမ္ပဏီ ဖြစ်ဖွယ်ရာရှိတဲ့ ကုမ္ပဏီ ခြောက်ခုကိုကြေညာထားတာ၊ စည်းမျဉ်းစည်းကမ်းပိုင်းမှာ အား နည်းချက် ချွတ်ယွင်းချက်တွေရှိနေတာကို သူကတော်တော်လေး ဝေဖန်ပါတယ်။ အထူးသဖြင့်တော့ စာရင်းပေါက် ကုမ္ပဏီဖြစ်ဖွယ် ရာရှိတဲ့ ကုမ္ပဏီတွေကိုစိစစ်နေတဲ့ အကြောင်း ကြော်ငြာတာေ တွ ကိုလည်းသူကသဘောကျပုံမရပါဘူး။ အဲဒီအပြင် ရင်းနှီးမြှုပ်နှံတဲ့ သူတွေကိုလည်းထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဖို့ လိုအပ်မယ်လို့လည်းသူက မြင်ပုံရပါတယ်။ ခက်တာက ကျွန်တော်တို့ မြန်မာ လူ မျိုးတွေမှာလည်းစိတ် အားထက်သန်မှုက လွန်ကဲနေတော့ စတော့ရှယ်ယာဈေးကွက် ရန်ကုန်ဒိုင်မှာပထမဆုံးစာရင်းပေါက် ကုမ္ပဏီတွေ ဖြစ်လာကြမယ့် ကုမ္ပဏီတွေလို့ ကြော်ငြာလိုက်တာနဲ့ အဲဒီကုမ္ပဏီများရဲ့ စတော့ ရှယ်ယာေ ဈးနှုန်းတွေ သိသိသာသာတက်သွားတယ်ဆိုတဲ့ ကိစ္စပါ၊ ဆိုလိုတာကတော့ စိတ်အားထက်သန်မှုတွေ၊ စိတ်ဓာတ်တက်ကြွမှု တွေ ရှိနေတယ်ဆိုတာတစ်နည်းအားဖြင့်တော့ ကောင်းသလိုလိုရှိပေ မယ့် တစ်ဖက်ကကျတော့လည်း စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။
            စတော့ရှယ်ယာဈေးကွက်နဲ့ ပတ်သက်လို့ စာအုပ်စာတမ်း တွေ ပေါ်ထွက်လာသလို စတော့ရှယ်ယာဈေးကွက်မှာ ရောင်းနည်း ဝယ်နည်းသင်တန်းတွေ၊ ရက်တိုသင်တန်းတွေ၊ အနီးကပ်သင်တန်း တွေ ပေးမယ်ဆိုပြီးေ တာ့လည်း သင်တန်းကြော်ငြာတွေကိုလည်း တွေ့မိပါတယ်။ အများအားဖြင့်တော့ သူတို့တစ်တွေဟာကမ္ဘာမှာ ကျော်ကြားနေသူတွေရဲ့နည်းလမ်းတွေ၊  ဖွံ့ဖြိုးနေတဲ့ တခြားနိုင်ငံက လုပ်ပုံလုပ်နည်းတွေစသဖြင့် သင်ကြားပေးမယ် လို့ ပြောကြဆိုကြ တာတွေ့ရပါတယ်။ တကယ့် တကယ်တော့ မြန်မာနိုင်ငံမှာတကယ် တန်းရောင်းကြဝယ်ကြမယ်ဆိုရင် ရောင်းစရာဝယ်စရာကုမ္ပဏီက ခြောက်ခုလောက်ပဲ ရှိသေးတာတွေ့ရပါတယ်။ အဲဒီကုမ္ပဏီ ခြောက်ခုေ လာက်ကိုရှယ်ယာတွေ နောက်မှာ ဝယ်မယ်၊ ရောင်းမယ်ဆိုလည်း ရန်ကုန်စတော့ဒိုင်မှာရောင်းကြ၊ ဝယ်ကြမှာမဟုတ်ဘဲနဲ့ ကြားထဲက ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ များကနေတစ်ဆင့် စာရင်းဖွင့်ပြီးတော့ ကိုယ့်ရဲ့ဘဏ် စာရင်းနဲ့ ချိတ် ဆက်ပြီးတော့မှ ရောင်းကြ၊ ဝယ်ကြရမှာ ဖြစ်ပါတယ်။ ရန်ကုန် စတော့ဒိုင်ဖွင့်တဲ့ နေ့တုန်းကဆိုရင် ငွေထုတ်ပိုက်ပြီးတော့ ရှယ်ယာ ဝယ်မလို့ သွားတဲ့လူတွေရှိတယ်လို့ ကြားသိရလေတော့ စတော့ ရှယ်ယာနဲ့ ပတ်သ က်ပြီးတော့ စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။ ဒါကလည်းစတော့ရှယ်ယာနဲ့ ပတ်သက်ပြီးကမ္ဘာမှာဘယ်သူဖြင့် ဘယ်လိုချမ်းသာသွားတယ်ဆိုတာဖြင့် ဇာတ်လမ်းတွေကလည်း ရှိနေတာကိုး၊ တကယ်တော့  စတော့ရှယ်ယာနဲ့ ပတ်သက်ရင် ကြီးပွားတဲ့လူ အောင်မြင်တဲ့ လူနည်းနည်းပဲရှိတာပါ။ ကြားထဲက စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ပေးတဲ့ ဝန်ဆောင်မှု ကုမ္ပဏီ တွေကတော့ ရောင်းရလည်းအကျိုးရှိ၊ ဝယ်ရလည်းအကျိုးရှိ၊ ဈေး တက်လည်း အကျိုးရှိ၊ ဈေးကျလည်းအကျိုးရှိတဲ့ သဘောရှိပါတယ်။ စတော့ရှယ်ယာတွေ ရောင်းကြဝယ်ကြပြီးအကျိုးမရှိတဲ့သူကလည်း ငြိမ်နေကြတာများပါတယ်။ သူတို့ကထိခိုက်တာ၊ ဆုံးရှုံးတာထုတ် ပြောတာလည်းနည်းပါတယ်။
             အဆိုးဆုံး ကတော့ ပြည်တွင်းဈေးကွက်မှာသာမက ပြည်ပ ဈေးကွက်မှာပါ ရွှေတွေ၊ ဒေါ်လာတွေ၊ နိုင်ငံခြားငွေတွေကို အရောင်းအဝယ် လုပ်ပေးမယ်ဆိုပြီးတော့ အတုအယောင် ပေါ် ပေါက်လာတဲ့ လုပ်ငန်းတွေ ရှိနေ တာပါ။ ဒါတွေကတော့ ခေတ် အဆက်ဆက်မှာ နည်းအမျိုးမျိုးနဲ့ ပေါ်ပေါက်လာတတ်ပါတယ်။ လူတွေရဲ့ အလျင်အမြန် ဖြတ်လမ်းကတိုးတက်ချင်တဲ့စိတ်၊ ချမ်းသာ ချင်တဲ့စိတ်၊ မသိနားမလည်တဲ့စိတ်၊ လိုအပ်တာထက်ပိုများ တဲ့ ေ လာဘစိတ်တွေကိုအသုံးချပြီး ဒီလိုလုပ်ငန်းတွေက သူ့ကိုယ်ကျိုး အတွက် လုပ်သွားပြီးတော့ ထိထိရောက်ရောက် အရေးယူနိုင်တဲ့ အခြေအနေမျိုးမရှိသေးပါဘူး။ နောက်တစ်ခုကတော့ သင်တန်းတွေ အများကြီးမှာလည်း နိုင်ငံ တကာက လုပ်ပုံလုပ်နည်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့လာကြ တယ်ဆိုပေမယ့်၊ မြန်မာနိုင်ငံရဲ့အခြေအနေကိုတော့ အဲဒီသင်တန်း တွေ အတော်များများကလေ့လာနားလည်ထားပုံမရပါဘူး။ အဲဒီလိုသင်တန်းတွေ များလာတဲ့ အတွက်ခုအခါမှာဘဏ္ဍာရေး ဝန်ကြီးဌာနကသင်တန်းသုံးခုရဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ပုံ သင်နည်းတွေ၊ အဲဒါတွေကိုလေ့လာပြီးတော့ သက်သာတဲ့အခ ကြေးငွေနဲ့ သင်တန်းဖွင့်ဖို့ တရားဝင် ခွင့်ပြုလိုက်တယ်ဆိုတဲ့ သတင်း ကိုလည်း ကြားသိရပါတယ်။ အဲဒီသင်တန်းများကိုလည်းစိတ်ဝင် စားတဲ့သူများက သွားလာမေးမြန်းစုံစမ်းနေတာတွေ့ရပါတယ်။
         ဒီကြားထဲမှာထူးခြားတာတစ်ခုကတော့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် ကော်မရှင်ရဲ့ဥက္ကဋ္ဌ ကိုယ်တိုင်က စတော့ ရှယ်ယာရောင်းဝယ် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်လို့ ပညာပေး ဟောပြောဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ ပါတယ်။ သူကတော့ ငွေပိုငွေ လျှံရှိမှ စတော့ရှယ်ယာဝယ်ဖို့ အကြံပြုပါတယ်။ ငွေပိုငွေလျှံရှိတဲ့ အခါ ဒါမှမဟုတ် ရုတ်တရက် ထီပေါက်လို့သော်လည်းကောင်း၊ အမွေရလို့ သော်လည်းကောင်း ရတဲ့ငွေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ပြော ပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ပုံလုပ်နည်းကိုလည်း သူကပြောပြသွားသေးတယ်။ တစ်နည်းကတော့ စတော့ရှယ်ယာကို ရေရှည်ကိုင်ထားတဲ့နည်းပါ။ နောက်တစ်နည်းကကြတော့ ဝယ်လိုက်၊ ရောင်းလိုက် လုပ်တဲ့နည်းပါ။ ဒါတော့ တချို့လူတွေကဝါသနာပါကြတယ်။ တချို့ကျ ဖြန့်ထားတယ်၊ ကုမ္ပဏီတစ်ခုကိုလည်းဝယ်တယ်၊ နောက် ကုမ္ပဏီတစ်ခုကိုလည်းဝယ် တယ်၊ စတော့ရှယ်ယာလည်းဝယ်တယ်၊ ရွှေလည်းဝယ်တယ်။ ဘဏ်မှာ လည်းငွေစုတယ်။ ေ နာက်ထပ်နည်း တစ်ခုကတော့ နာမည်မကြီးပေ မယ့် တချို့ကုမ္ပဏီများက နေ့ချင်း ညချင်း ကြီးပွားတိုးတက်မယ့် အရိပ်အယောင်ရှိတယ်။ ဒါပေမယ့် တချို့ကုမ္ပဏီတွေကနာမည် မကြီးပေမယ့် မှန်မှန်လေးတက်နေတယ်၊ သူ့ရဲ့ ရှယ်ယာဈေးနှုန်းကလည်းမဆိုးဘူးပေါ့၊ အဲဒီလိုမျိုး လက်စလက်နလေးရှိတဲ့ ရွက်ပုန်းသီး ကုမ္ပဏီလေးတွေမှာ ရင်းနှီးမြှုပ်နှံတဲ့နည်းပါ။ ဘယ်ေ နရာမှာပဲရင်းနှီးမြှုပ်နှံ ရင်းနှီးမြှုပ်နှံ သိထားဖို့ကောင်း တာက အဲဒီကုမ္ပဏီက ဘယ်လို ကုမ္ပဏီလဲ၊ ဘယ်သူတွေက ဦးဆောင် နေတာလဲ၊ ဦးဆောင်နေတဲ့သူတွေရဲ့ ပညာအရည်အချင်းနဲ့ သီလသမာဓိကဘယ်လိုရှိသလဲ၊ သူတို့ဘာတွေလုပ်နေသလဲ၊ သူတို့ ရင်ဆိုင်နေရတဲ့ သူတို့ရဲ့အနာဂတ်စီမံကိန်းတွေကဘာလဲ၊ သူတို့ ရဲ့လုပ်ငန်းမှာသမိုင်းကြောင်းအရ  အရှုံးအမြတ်ကဘယ်လိုလဲ၊ နောက်တစ်ခါ သူတို့ဟာ အခြေအနေကောင်းတွေချည်းကြုံရတာ အခွင့်အလမ်းကောင်းတွေချည်း ကြုံရတာမဟုတ်ဘဲနဲ့ အခက် အခဲတွေ ဆုံးရှုံးနိုင်စရာတွေလဲ ကြုံရနိုင်တတ်လို့ အဲဒီလို ဆုံးရှုံးနိုင် စရာတွေကဘာတွေလည်းလို့ စိစစ်ပြီးမှ ရင်းနှီးမြှုပ်နှံဖို့ ပညာရှင်များက အကြံပြုကြတာတွေ့ရပါတယ်။
              တွေ့ကြဆုံကြတဲ့အခါ  ကျွန်တော် စတော့ရှယ်ယာ ကစားချင်တယ်၊  ဘယ်လိုလုပ်ရမလဲဆိုတာစပြီးတော့ မေးကြ တာတွေ့ရပါတယ်။ မေးတဲ့မေးခွန်းကိုက  ရင်းနှီးမြှုပ်နှံတဲ့ သဘောမဟုတ်ဘဲနဲ့ အလောင်းအစား သဘော လုပ်ချင်ကြတဲ့ သဘောဖြစ်နေပါတယ်။  အခြေခံနားမလည်သေး မပိုင်သေးဘဲနဲ့ မြန်မြန်ချမ်းသာချင်ကြတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အဲဒီလိုနားလည်သိကျွမ်းမှုနည်းပြီး  လောဘကြီးမားပြီး လုပ် ရင်တော့ အမှားတွေ့ဖို့ ပိုများပါတယ်။ အလွယ်တကူလေ့လာနိုင်တဲ့နည်းကတော့  အချို့ပညာ ရှင်များ ရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေကို အချိန်ယူ လေ့လာပြီးမှ  ဖတ်ရှုပြီးနားလည်နိုင်ပါတယ်။  အချိန်ယူလို့ ပြောရတာက ပညာရပ်တစ်ခုဆိုတာက ချက်ချင်းလက်ငင်းသိ၊ ချက်ချင်း လက်ငင်းတတ် ဘယ်လိုမှ ဖြစ်နိုင်စရာမရှိလို့ပါ။ အဲဒီတော့ ''တော်ကြာ အခုစိတ်ကူးရလို့ ထဖတ်လိုက် ပြီးရင် ပစ်ထားလိုက် ''ဆိုရင်လည်း နားလည်နိုင်မှာမဟုတ်ပါဘူး။ အရေးကြီး တာ ကတော့ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်ဉာဏ် ပါပဲ၊ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်ဉာဏ်ဆိုတာကတော့  သူများ က၊ ဘယ် သင်တန်းကမှ သင်ပေးနိုင်တဲ့ အနေအထားမျိုးမရှိပါ ဘူး။ ဒါကြောင့် စတော့ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ်၊ အခြား ဘယ်ကိစ္စမှာ  ရင်းနှီးမြှုပ်နှံတာပဲ ဖြစ်ဖြစ်၊  နောက် ကိုယ့်ရဲ့အသိဉာဏ် ဗဟုသုတ တိုးပွားအောင် ကြိုးစားနေဖို့နဲ့ လောဘမကြီးအောင် နေဖို့ပဲ လိုပါတယ်။ '' ငွေမျောငွေနဲ့လိုက်၊ လှေမျောလှေနဲ့လိုက်''  ဆိုတဲ့ စကားဟာ ကြားရ တာကောင်းပေ မယ့်၊ လိုက်လို့ မဆုံး၊  ငွေမျောလို့ မဆုံး၊  လှေလိုက်လို့မဆုံး ဖြစ်သွားမှာလည်းစိုးရိမ်ရပါတယ်။ အဲဒါ ကြောင့် သက်ဆိုင်ရာ ပညာရှင်များက  နိုင်သလောက်ပဲလုပ်၊  အိမ်ရောင်းပြီး၊  မြေ ရောင်းပြီး၊ ရှယ်ယာအေ ရာင်းအဝယ်လုပ်တာမျိုး တွေ၊ စွန့်စား မှုကြီးတဲ့အလုပ်တွေမလုပ်ကြဖို့ တိုက်တွန်းတာတွေ့ ရပါ တယ်။
          ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ၂၀၁၆ ထဲမှာ ရင်းနှီးမြှုပ် နှံစရာ အခွင့်အလမ်းတစ်ခု တိုးလာတဲ့အတွက်ကတော့ စိတ်ဝင်စားစရာ  ကောင်းပါတယ်။ အခုလိုရန်ကုန်စတော့ဒိုင် ပေါ်ပေါက်လာတော့ နေ့ချင်း ညချင်းချမ်းသာ မယ် လို့ မျှော် လင့်ကြတယ် ၊ တချို့ကလည်း သူတို့လိုချင်ကြတဲ့ အရင်းအနှီး တွေရတော့မှာပဲလို့   မျှော်လင့်ကြတယ်။   တချို့ကလည်း ဘဏ်မှာရှိတဲ့ ငွေတွေ ဆွဲထုတ်သွားပြီး၊ စတော့ရှယ်ယာတွေ ပြောင်းဝယ်သွားကြရင် ဘဏ်တွေ ဒုက္ခ  ရောက်မယ်လို့  တွက်ဆကြတယ်။ တကယ့်တကယ်ကတော့ ဒါတွေ အားလုံးဟာ ရေတိုမှာဘယ်လိုမှ မဖြစ်နိုင်ပါဘူး။  ဘယ်ကုမ္ပဏီတွေက ဘဏ်တိုးနှုန်းထက်  ပိုပေးနိုင်မလဲ၊ ပိုများတဲ့ အမြတ်ဝေစု ပိုပေးနိုင်မလဲ ဆိုတာ လည်း မသေချာသေးပါဘူး။ စောစောက ပြောသလိုပဲ  ဘဏ်များမှာ  စုငွေအဖြစ်  အပ်နှံထားတာဟာ လည်း ဆက်လက်ပြီးတော့ ရှိနေဦးမှာပါ။ စတော့ရှယ်ယာဈေးကွက် ချက်ချင်းလက်ငင်း ဝုန်းဒိုင်းနဲ့ ကြီးပွားလာဖို့ လည်း မဖြစ်နိုင်သေးပါဘူး။  တစ်ဖက်မှာ ရှယ် ယာဝယ်တဲ့သူတွေ ရှိမယ်၊ အဲဒီဝယ်ထားတဲ့ စတော့ရှယ်ယာ တွေ ကို ပြန်ရောင်းရင်  ဝယ်တဲ့သူကလည်းရှိရမယ်၊ စတော့ ရှယ်ယာတွေကနေ ဘာတွေအကျိုးရှိမလဲဆိုတော့ အမြတ်ေ၀ စုရမယ်၊ ကိုယ်ဝယ်ထား တဲ့ ကုမ္ပဏီရဲ့အခြေအနေကောင်းရင် အမြတ်ဝေစုရမယ်၊  အခြေအနေ မကောင်းရင်တော့  ဆုံးရှုံးမှု တွေရှိနိုင်တယ်။ အဲဒီလိုပါပဲကိုယ်  ဝယ်ထားတဲ့  ကုမ္ပဏီ တွေရဲ့အခြေအနေကောင်းရင်  ရှယ်ယာေ ဈးတွေ  ထိုးတက် သွားမယ်၊  ကိုယ်ဝယ်ထားတဲ့  ကုမ္ပဏီတွေရဲ့ အခြေအနေမ ကောင်းရင်တော့  ရှယ်ယာဈေးတွေ  ထိုးကျသွားမယ်။ ပုံမှန် အားဖြင့်တော့  အမြတ်ဝေစုနဲ့  ရှယ်ယာဈေးနှုန်းကနေပြီး အကျိုးရှိမယ်လို့ ဆိုနိုင်ပါ တယ်။  အမြတ်ဝေစုတွေ များများပေး နေရင်လည်း ဘဏ်တိုးနဲ့ ယှဉ်ပြီးအမြတ်ဝေစုများများပေးနေတာကိုဝယ်တဲ့သူ တွေကတော့ သဘောကျကြမှာပါ။ ဒါပေ မယ့်တစ်ဖက်ကလည်း အမြတ်ဝေစုများများပေးလိုက်လို့ရှိ ရင်  ကုမ္ပဏီ ရဲ့ ရေရှည် တိုးတက် ရာတိုးတက်ကြောင်း၊ ကြီးပွား ရာကြီးပွားကြောင်း ပြန်ပြီးတော့  ရင်းနှီးမြှုပ်နှံဖို့ ခက်တယ်ဆို တာသတိပြုရမှာပါပဲ၊  ဒီတော့  နိဂုံးချုပ် ရမယ်ဆိုရင် စတော့ ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ်၊   တခြား   ေ နရာမှာရင်း နှီးမြှုပ်နှံတာပဲဖြစ်ဖြစ်၊ အချို့ ပညာရှင်များ   သတိပေးသလို အတုအယောင်တွေ သတိထားကြဖို့၊  လွယ်လွယ်ကူကူနဲ့ ငွေ ရနိုင်တယ်  အကျိုးအမြတ်ရှိတော့မယ်လို့ ပြောရင်၊  လိမ်တာ ဟုတ်၊ မဟုတ်စဉ်းစားဖို့၊ လိုအပ် တာထက် လောဘမကြီးဖို့ ဆိုတဲ့ "ကံ၊ ဉာဏ်၊ ဝီရိယ" တွေ  လိုအပ်တယ်ဆိုတာ တင်ပြ လိုက်ရပါတယ်။