Main menu

Background

ပြုပြင်ပြောင်းလဲရေးကာလ ရက်၁၀၀ နဲ့ ကုန်သွယ်မှုမူဝါဒဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေ

Tue, 07/05/2016 - 11:11 -- journal_editor

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျတဲ့ ကုန်သွယ် မှုတိုးတက်ရေးကို  ဆောင်ရွက်ရာမှာ  ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်ဖို့အပြင် ပြည်တွင်းမှာရှိတဲ့  သဘာဝအရင်းအမြစ် အခြေအနေ များအရကုန်သွယ်ရေး မူဝါဒ များ ပြုပြင်ပြောင်းလဲခြင်းကို အရှိန် အဟုန်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ရက်ပေါင်း ၁၀၀  မပြည့်မီကာလအတွင်း   အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ဖော်ပြလိုက်ရ ပါ တယ်။

သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှုရှိရေး
ပြည်တွင်း လုပ်ငန်းရှင်များ နဲ့ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ၊ တင် ပို့လိုသူများက မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်စပ် ဥပဒေ များ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊  လုပ်ထုံးလုပ်နည်း များကို ပွင့်လင်းမြင်သာ စွာ  သိရှိနိုင်ခြင်းဖြင့် ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှု တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်(ATIGA)  ရဲ့  Article -13 အရအကောက်ခွန် မဟုတ်တဲ့  စီမံဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ ပင်ရင်းဒေသ   စည်းမျဉ်းအပါအဝင်   ကုန်သွယ်မှုဆိုင်ရာ သတင်း အချက်အလက်များ သိသာမြင်သာ ထင်သာရှိစေရေးအတွက် ကုန် သွယ်မှုအချက်အလက်များ ဘဏ္ဍာတိုက် (National Trade Portal and Trade Repository Website)  တည်ထောင်ရေးကို (USAID) ရဲ့ ကူညီထောက်ပံ့မှုနဲ့  အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှာNational Trade Portal  Website တရားဝင်လွှင့်တင် ခဲ့ပြီးဖြစ်ပါတယ်။ Portal Website မှာ တင်ပြထားတဲ့ အချက်အလက် များပြောင်းလဲမှုရှိတိုင်း  Update ဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာန များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် ကုန်သွယ်မှုမူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များကို အများပြည်သူ ပိုမိုသိရှိနိုင်စေရန်အတွက် Commerce.gov.mm Website  အပြင်facebook.com/dottrade.mm မှာလည်း အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးလျက် ရှိပါ တယ်။ EIF ( Enhanced Integrated Framework)  လုပ်ငန်းစဉ်များဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရေးစတဲ့ ဆောင်ရွက်ချက် များကို အများပြည်သူ  သိရှိနိုင်စေဖို့   ( http:www.commerce.gov.mmeif)Web Page  ကိုမေလ အတွင်းမှာ လွှင့်တင်ထားပြီးဖြစ်ပါတယ်။

ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေး
ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်လျှောက်ထား ရာမှာ အချိန်နဲ့ ငွေကုန်သက်သာပြီး မြန်ဆန်တိကျစွာဆောင်ရွက်နိုင် ရေးအတွက်Fully Online Licensing System ကို အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး အဲဒီ စနစ် အပေါ် လုပ်ငန်းရှင်များ သိရှိဆောင် ရွက်နိုင်ရေး အတွက်လည်း လုပ်ငန်းရှင်များအား အသိပညာပေးရှင်း လင်းခြင်းများကို ရန်ကုန်မြို့   UMFCCI  ရုံးမှာ ၂၀၁၆ ခုနှစ် မေ ၃၀ရက်မှာ ပြုလုပ်ခဲ့ပါ တယ်။ ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်နေ့ မှာတောFully Online Licensing System  စနစ်ကို စတင်အသုံးပြုဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ လိုင်စင်ထုတ် ပေးမှုနဲ့ပတ်သက်လို့Error  များ ဖြစ်ပေါ်ခြင်း မရှိဘဲ လိုင်စင်များ အဆင်ပြေစွာ ထုတ်ပေးလျက် ရှိနေပြီဖြစ် ပါတယ်။
 ဒါ့အပြင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Digitalization of Myanmar Import Licensing Application Project (MGMA)စနစ်ရဲ့ အချက်အလက်များ ကို Online မှတိုက်ရိုက်ချိတ်ဆက်ပြီး  CMP လိုင်စင် များအား Fully Online Licensing စနစ်နဲ့ ထုတ်ပေး နိုင်ရေးအတွက် နည်းပညာပိုင်းအရချိတ်ဆက်ဆောင်ရွက် ပြီးဖြစ်လို့  CMP (အထည် ချုပ်) လိုင်စင်များထုတ်ပေးရာတွင် လိုအပ်သည့် မူဝါဒဆိုင်ရာအချက် အလက်များကို ညှိနှိုင်းဆွေးနွေးခြင်းများကိုလည်း ဇွန်လ ၁၇ ရက် နေ့မှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ကုန်သွယ်မှုမူဝါဒများ နိုင်ငံတကာနဲ့ လိုက်လျောညီထွေဖြစ်စေ ဖို့ဖြေလျှော့ရေး
ပြည်ပသို့  တင်ပို့မှုပိတ်ပင်ထားတဲ့ ကုန်စည်စာရင်းဟာ ၁၉၉၉ ခုနှစ်မှာ အမျိုးအစား ၃၂ ခုရှိခဲ့ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း ဖြေလျှော့ခဲ့လို့ ၂၀၀၈ ခုနှစ်မှာ အမျိုးအစား ၁၅ မျိုးရှိရာမှ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ခုနှစ်မှာထပ်မံဖြေလျှော့ ခဲ့ တဲ့အတွက်  လက်ရှိမှာ အမျိုးအစား ၁၂ မျိုးကျန်ရှိနေပါတယ်။ ဒီပိတ်ပင်ထားတဲ့ ကုန်စည် ၁၂ မျိုးကိုလည်း နိုင်ငံတကာနဲ့လိုက်လျော ညီထွေဖြစ်ဖို့ရယ်၊ မြန်မာ နိုင်ငံက ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေး စနစ်နဲ့ ကိုက်ညီစေဖို့ ရယ် အတွက် ပြန်လည်စိစစ်သုံးသပ်ပြီး  ဆက်စပ်ဌာနများနဲ့ အသင်းအဖွဲ့ များရဲ့ သဘောထားမှတ်ချက်များရယူကာ ထပ်မံဖြေလျှော့မှုကို တင်ပို့ခွင့် ပိတ်ပင်ထားတဲ့ (၁၂) မျိုးထဲ က အချို့သော ကုန်စည်များကို လုံးဝဖြေလျှော့ တင်ပို့ခွင့်ပြုဖို့ကုန်စည်အုပ်စု၊ တချို့ကို စည်းမျဉ်း စည်းကမ်းနဲ့ တင်ပို့ခွင့်ပြုဖို့ ကုန်စည်အုပ်စုနဲ့ လုံးဝပိတ်ပင်ထားတဲ့ ကုန်စည်အုပ်စု ဆိုပြီးအုပ်စုသုံးခုနဲ့ ဖြေလျှော့သွားဖို့ လျာထား ပါတယ်။ ဒီအုပ်စုသုံးခု  သတ်မှတ်ပြီး ဖြေလျှော့မှု အစီအမံကိုလည်း  လုပ်ထုံး လုပ်နည်းနဲ့အညီ စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ ဆက်လက် တင်ပြခွင့်ပြုချက်ရယူဖို့ဆောင်ရွက်လျက် ရှိပါ တယ်။ မကြာခင်မှာ ခွင့်ပြုချက်ရယူပြီး ထုတ်ပြန်ကြေညာသွား မှာဖြစ် ပါတယ်။
ဒါ့အပြင် သွင်းကုန်လိုင်စင်လျှောက်ထားရန်  လိုအပ်တဲ့စာရင်း(Negative List) မှ  အချို့သော   ကုန်စည်လိုင်းများကို  လိုင်စင် လျှောက်ထားဖို့ မလိုတဲ့စာရင်းအဖြစ် ထပ်မံဖြေလျှော့ဖို့ ဆောင်ရွက် မှုကိုလည်း ဝန်ကြီး ဌာနအတွင်း  အကောင်အထည်ဖော်ဆောင်ရွက် ရေးအဖွဲ့နှင့် ၂၀၁၆ ခုနှစ်၊ မေလအတွင်းမှာ ပထမအဆင့် အနေနဲ့   ညှိနှိုင်းစိစစ်ရွေးချယ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊HS Code  ကျွမ်းကျင်တဲ့ အကောက်ခွန် ဦးစီးဌာနမှ အရာထမ်းများ၊ UMFCCI မှ တာဝန်ရှိသူများနဲ့ ညီနောင် အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များဟာ ဇွန်လပထမသီတင်းပတ်မှာ တွေ့ဆုံကာ ထပ်မံရွေးချယ် ခဲ့ပြီး လက်ရှိမှာတော့HS Code  လိုင်း ပေါင်း ၂၆၇ လိုင်းကို လိုင်စင်လျှောက်ထားဖို့ မလိုတဲ့လိုင်းအဖြစ် ဖြေလျှော့နိုင်ရေး စီးပွားရေးရာကော်မတီနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတို့ကို  ဆက်လက်တင်ပြထားပြီးဖြစ် ပါတယ်။ ဒီဖြေ လျှော့မှုကိုလည်း မကြာမီကာလ အတွင်းမှာ ထုတ်ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။
ကုန်သည်လုပ်ငန်းရှင်များကို ဖြေလျှော့ပေးခြင်းသာမက နယ် စပ်ဒေသမှာရှိတဲ့ ဒေသခံကုန်သည်ငယ်များအတွက်လည်း တစ်ဦး ချင်းကုန်သွယ်မှုလုပ်ငန်းရှင်  မှတ်ပုံတင်လက်မှတ်Individual Trading Card -ITC)  နဲ့ ကုန်သွယ် မှု ကို ယခင် ကတစ်ရက် ကျပ် သိန်း ၂၀ နဲ့ ငါးရက်စာအတွက် ကျပ်သိန်း  ၁၀၀  ခွင့်ပြုခဲ့ရာမှ ယခုအခါ တစ်ရက်ကို ကျပ်သိန်း ၃၀ နှုန်းနဲ့ ငါးရက်စာကျပ်သိန်း ၁၅၀ အထိ တိုးမြှင့်ဆောင် ရွက်ခွင့်ပြုခြင်းကိုလည်း ၂၀၁၆ ခုနှစ် ၊ မေလအတွင်း မှာ အသိပေးအကြောင်းကြားထားပြီးဖြစ်ပါတယ်။ITC  ကတ် မှတ်ပုံ တင်ထားသူတစ်ဦးကို မော်တော်ဆိုင်ကယ်တင်သွင်းဖို့အတွက် တစ် ရက် လျှင် တစ်စီးနှုန်းနဲ့ တစ်ပတ်ကို ဆိုင်ကယ်စီးရေ  ငါးစီးအထိ စမ်း သပ်ကာလ တစ်လတင်သွင်းခွင့်ပြုထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းလုပ်ငန်းရှင်များ အလုပ်အကိုင် အခွင့် အလမ်းပိုမိုရရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများရဲ့ ဈေးကွက်ဝယ်လိုအားရှိတဲ့ကုန်စည်အချို့ကို ပြန်လည်တင်ပို့ခွင့် (re-export ) စနစ်နဲ့ခွင့်ပြုပေးခြင်း ကိုလည်း ဆောင် ရွက် လျက်ရှိပါတယ်။
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင် ရွက်မှု
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်တာနဲ့အညီ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ရဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အကူအညီ ပေးရေး အစီအစဉ် (Enhanced Integrated Framework-EIF)   ကို ၂၀၁၃ခုနှစ်မှာ စတင်ပါဝင် ခဲ့ပြီး EIF ရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ကုန်သွယ်မှုဆိုင်ရာ ဘက်စုံလေ့လာဆန်းစစ်မှု  ( Diagnostic Trade Integrated Study-DTIS)  အစီရင်ခံစာပြုစုခြင်းကို   စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့  ကမ္ဘာ့ ဘဏ်ပညာရှင်များ  ပူး ပေါင်းပြီး ပြုစုခဲ့ပါတယ်။DTISအစီအရင်ခံစာ အတွက်Launching Ceremony  ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာမှာ ပါတဲ့  ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်စေရေးအတွက်     လုပ်ငန်းစဉ်များ (Action Matrix)ကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ   နည်းပညာနဲ့ ငွေ ကြေးအကူအညီများပေးဖို့  ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံ များနဲ့  အဖွဲ့အစည်း များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ကုန် သွယ်မှု မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာအဖွဲ့ အစည်းများရဲ့ သဘောတူညီချက်နဲ့ လိုက်လျော ညီထွေစွာနဲ့ ပြည်သူ များရဲ့ကျန်းမာရေး၊  လုံခြုံရေး၊   သဘာဝပတ်ဝန်းကျင်မထိခိုက်ရေး တို့အပြင် နိုင်ငံတော်ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ကို ဦးတည်ရည်မှန်းလျက် ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း  ရက် ၁၀၀  အတွင်း လက်ရှိဆောင် ရွက်ထားမှု အခြေအနေများအား  တင်ပြလိုက်ရပါတယ်။