Main menu

Background

ပြောင်းတင်ပို့မှုရှေ့အလားအလာ

Mon, 07/18/2016 - 14:58 -- journal_editor

ပြောင်းကို  မြန်မာနိုင်ငံ  တစ်ဝန်းလုံးတွင် စိုက်ပျိုးကြပြီး ပြောင်းစိုက်ပျိုးဧရိယာ  ၁၀၉၃၄၈၂   ဧကရှိပြီး တန်ချိန် ၁၆ သိန်းကျော် ထွက်ရှိပါတယ်။မျိုးစေ့၊ လေ့လွင့်နဲ့  စားသုံးမှုတို့အတွက် တန်ချိန် ၂၅၀၀၀၀တန်  လျာ ထားပြီး  ပိုလျှံတန်  ၁၄ သိန်း ခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် အတွင်း ပင်လယ်ရေကြောင်းနဲ့  နယ်စပ်စခန်းများမှ  တန် ချိန် ၁၁၈၈၄၃၈တန်၊  အမေရိကန် ဒေါ်လာ ၃၀၅ ဒသမ ၀၈၉ သန်း တင်ပို့နိုင်ခဲ့ပြီး၊  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်  ဧပြီလမှ ဇွန်လအထိ အမေရိကန်ဒေါ် လာ ၂၆ ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၀၀၀၀၅၀ တန်  တင်ပို့ပြီး ဖြစ်တယ်လို့ သိရပါ တယ်။ တရုတ်နိုင်ငံအနေဖြင့် ပြောင်းဖူးစေ့ကို ၎င်းင်း တို့၏ အရေးကြီးကုန်စည်အဖြစ်  သတ်မှတ်ထား ရှိပြီး စံအရည်အသွေးစစ်ဆေး  ထိန်းချုပ်ရေးအဖွဲ့ (AQSIQ)ဖြင့် ကန့်သတ်ထားရှိပြီး ကိုတာ သတ် မှတ်တင်ပို့ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ သတ်မှတ်ကိုတာ ကျော်လွန်ပါက  တားဆီး ပိတ် ပင်ထားတဲ့ ပစ္စည်းဖြစ်ကြောင်းလည်း  သိရှိရပါ တယ်။မြန်မာနိုင်ငံမှာ  စိုက်ပျိုးထွက်ရှိတဲ့  ပြောင်း များကို တရုတ်နိုင်ငံ ယူနန်၊ စီချွမ်၊ ကွမ်ကျိုး ပြည် နယ်တို့မှာရှိတဲ့  အသေးစားစက်မှု လုပ်ငန်းများမှ မုန့်လုပ်ခြင်းနဲ့ တိရစ္ဆာန်အစားအစာအတွက် ဝယ် ယူအသုံးပြုကြကြောင်း  သိရှိရပြီး  နှစ်စဉ် အောက် တိုဘာလမှ ဒီဇင်ဘာလအထိ အများဆုံးဝယ်ယူပါ တယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်  ပြောင်းဖူးစေ့ တစ်တန်လျှင်   ယွမ် ၁၆၀၀ မှ  ယွမ် ၁၈၀၀ အထိ ဈေးရရှိခဲ့ကြောင်း၊ ငွေလဲနှုန်း ပျမ်းမျှတစ်ယွမ်လျှင် ၁၈၀ ကျပ် နှုန်းအရ ပြောင်းတစ်တန်လျှင်၂၈၈၀၀၀ ကျပ်မှ   ၃၂၄၀၀၀ ကျပ်နှုန်းဖြစ်ကြောင်း  သိရပါ တယ်။   အစိုဓာတ် ၁၃ ဒီဂရီ  မကျော်တဲ့ ပိုးမထိုး၊ မှိုမတက်  အလုံးကြီးတဲ့   ပြောင်းများကိုသာ ရွေး ချယ်ဝယ်ယူကြပါတယ်။ မြန်မာနိုင်ငံ တောင်ကြီး- နမ့်ဆန်ဒေသမှ  ထွက်ရှိတဲ့  ပြောင်းအမျိုးအစား များကို ကြိုက်ကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ အသေးစားစက်မှုလုပ်ငန်း ပေါများပြီး  ကုန်ကြမ်းလိုအပ်ချက် လွန်စွာ များပြား ကြောင်းလည်း သိရပါတယ်။တရုတ်နိုင်ငံရဲ့ အိမ်နီး ချင်းနိုင်ငံတွေဖြစ်တဲ့   ဗီယက်နမ်နဲ့   လာအိုနိုင်ငံ တို့မှာ ပြောင်းကိုပြည်တွင်း စားသုံးရန်နဲ့ တိရစ္ဆာန် အစာအတွက်သာ  စိုက်ပျိုးကြတာကြောင့် တရုတ် နိုင်ငံသို့  တင်သွင်းမှု  မရှိကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံမှ  တရုတ်နိုင်ငံသို့  ၂၀၁၄ ခုနှစ် ခန့်အထိ  ပြောင်းများ  တင်သွင်းခဲ့ပြီး  အမေရိကန် ပြောင်းများက  မြန်မာနိုင်ငံမှ  တင်ပို့တဲ့  ပြောင်း များနဲ့  ဈေးနှုန်း ကွာခြားမှု မရှိပေမယ့်၊ ပိုးမွှားဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်စေရန်   မျိုးရိုးဗီဇပြောင်းလဲ ထားကြောင်း  စစ်ဆေးတွေ့ရှိရတဲ့အတွက်  စားသုံး ရန်မသင့်လို့ သတ်မှတ်ကာ ၂၀၁၄ ခုနှစ် နောက် ပိုင်းတွင် အမေရိကန် ပြောင်းများ  တင်သွင်းမှု ရပ် ဆိုင်းခဲ့တယ်လို့  သိရှိရပါတယ်။  မြန်မာနိုင်ငံမှ ပြောင်းများသည် မျိုးရိုးဗီဇပြောင်းလဲထားခြင်း  မရှိ သည့်  သဘာ၀ ပြောင်းများဖြစ်၍  ဆက်လက် ဝယ် ယူလျက်ရှိကြောင်း သိရှိရပါတယ်။
၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့သည် ကမ္ဘာ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ဖြစ်သည့်အတွက် တရုတ်နိုင်ငံရဲ့   ဒေသဆိုင်ရာ   တာဝန်ရှိသူများက ဇွန်၂၄ ရက်မှစတင်၍ နယ်စပ်ဝင်^ထွက် ပေါက် များကိစစ် ဆေးမှုများ တင်း ကျပ် စွာ ပြုလုပ်နေသ ဖြင့် ကျိန်စမ်းကျော့ဝင်^ထွက်ပေါက်မှ  ဝင်ရောက် လျက်ရှိသော  ပြောင်းဖူးစေ့များသည်  တရုတ်နိုင်ငံ အတွင်းသို့  တရားဝင် ဝင်ရောက်ခြင်း  မဟုတ်သည့် အတွက်  မူးယစ်ဆေးဝါးရှာဖွေ ရာ တွင် ရောနှော ၍ အဖမ်းခံရမည်စိုးသဖြင့်   တရုတ်ဝယ်လက်များ လာရောက်  မဝယ်ယူခြင်းကြောင့် ကျိန်စမ်းကျော့ ဂိတ်မှ ပြောင်းဖူးစေ့  အရောင်းအဝယ်  ရပ်ဆိုင်းခဲ့ သော်လည်း  မော်တောင်း၊  ခိုခေး၊  ပိုင်ကျုံး၊  နမ့် တောင်း၊  လုံတန်၊  ကျိန်စမ်းကျော့မှ  တရားမဝင် ပြောင်း  သယ်ဆောင်တဲ့  ကုန်တင်ယာဉ်ကြီးများ နေ့စဉ်နီးပါး  သယ်ဆောင်လျက်ရှိကြောင်း  စုံစမ်း သိရှိရပါတယ်။တရုတ်ကုန်သည်များက  မူဆယ်မြို့နယ် အတွင်းရှိ ရွှေလီမြစ်ကို ရှောင်ကွင်း သွားနိုင် မည့် လမ်းတချို့မှ တရုတ်ကားများဖြင့်  ဝင်ရောက်ပြီး အရည်အသွေးကောင်းမွန်တဲ့  ပြောင်းများကို  ရွေးချယ်၍  လာရောက်ဝယ်ယူလျက်ရှိကြောင်း    လက်ရှိပြောင်းပေါက်ဈေးမှာ  မူဆယ်ဘက်ခြမ်း နေရာရှိ ဂိုဒေါင်များ တွင်  လာရောက်ဝယ်ယူလျက် ရှိတဲ့ ဈေးနှုန်းမှာ ပြောင်းအမျိုးအစား  ကောင်းပါက  ၅၀ ကီလို တစ် အိတ်လျှင် ၈၃ ယွမ်၊ တစ်တန်လျှင် ၁၆၆၀ ယွမ်ဖြစ် ပြီး ငွေလဲနှုန်း  တစ်ယွမ်လျှင်  ၁၇၃ ကျပ်နှုန်းအရ ပြောင်းတစ်တန်လျှင်  ၂၈၇၁၈၀ ကျပ် နှုန်းပေါက်ကြောင်း  စုံစမ်းသိရှိရပါတယ်။
တရုတ်ပြည်  တစ်ဝန်းတွင်  ဇူလိုင်လဆန်း မှစ၍  ရေကြီးရေလျှံခဲ့တဲ့အတွက်   ပြောင်းစိုက် ဧရိယာများပျက်စီးခြင်း၊ နီပါတက်  အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့်  စိုက်ပျိုးသီးနှံများ ပျက်စီး  ခဲ့ရာ  ပြောင်းစိုက်ဧရိယာများ လည်း  ပါဝင်သွား တယ်လို့သိရှိရပါတယ်။ တရုတ်နိုင်ငံမှာ ပြောင်းဖူး စေ့အသုံးပြု၍မုန့်မျိုးစုံနဲ့တိရစ္ဆာန်အစားအစာများ ထုတ်လုပ်သည့်   အသေးစား  စက်မှုလုပ်ငန်းများ များပြားလျက်ရှိရာ  လုပ်ငန်းများ  ပုံမှန်လည် ပတ် နိုင်ရေး အတွက်  ကုန်ကြမ်းများစွာ  လိုအပ်လျက်ရှိ သဖြင့်  ပြောင်းလိုအပ်ချက်  ကြီးမားနေကြောင်း၊ မြန်မာနိုင်ငံမှ  သြဂုတ်လတွင်  စတင်ထွက်ရှိမယ့် ပြောင်းများကို  စောင့်ဆိုင်းလျက်ရှိကြောင်း၊ ယခင် နှစ်က ထွက်ရှိခဲ့တဲ့ မြန်မာ့ပြောင်း များ က ခြောက် သွေ့ပြီး  အလုံးမလှတော့ခြင်း၊ သိုလှောင်ရုံများတွင်သိုလှောင်ထိန်းသိမ်းမှု အားနည်းသဖြင့် ပိုးထိုး မှိုတက်လာခြင်းများကြောင့် ပြောင်းသစ်ပေါ်ချိန်ကို ဝယ်ယူရန်  စောင့်စားလျက်ရှိကြောင်း  သိရှိရပါ တယ်။ မြန်မာနိုင်ငံမှ  ပြောင်းစိုက်တောင်သူများ အနေဖြင့် ပြောင်းဖူးသစ်ပေါ်ချိန်ရသည့် ဈေးဖြင့် မရောင်းဘဲ  ရသင့်ရထိုက်သော  ဈေးနှုန်းများရရှိ မှသာ ရောင်းချနိုင်ရေး  သက်ဆိုင်ရာပညာရှင်များ က ပြောင်းဖူး  အရည်အသွေးမြင့်မားရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာများ  ဖြန့်ဖြူးပေးရန်  လိုအပ်လျက်ရှိပါတယ်။   တောင်သူများအနေဖြင့် လည်း မျိုးကောင်းမျိုးသန့် အရည်အသွေးကောင်း ပြောင်းမျိုးများ  စိုက်ပျိုးထုတ်လုပ်ကြ၍  မူဆယ် နယ်စပ် ဒေသ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ရဲFace-book? Web Page များမှတင်ပြပေးနေသည့် ပြောင်းဈေးနှုန်းများကို ကြည့်ရှုကြစေလိုကြောင်း  အကြံပြုတင်ပြလိုက်ရပါသည်။

နီနီမော်(မူဆယ်)