
နှစ်တစ်နှစ်ကို ကူးပြောင်းရောက်ရှိ ခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို ကူးပြောင်း ရောက်ရှိခဲ့ချိန်မှာ နှစ်တစ်နှစ်အတွင်း အပြောင်းအလဲ ပေါင်းများစွာ ဖြစ်ပေါ်ခဲ့တာဟာ လူတစ်ဦးချင်းစီမှသည် နိုင်ငံတစ် နိုင်ငံ အတွင်းဖြစ်ပေါ်ခဲ့တယ် ဆို တာ ငြင်းလို့မရနိုင်ပါဘူး။အပြောင်းအလဲလို့ဆိုရာမှာကောင်း သောအပြောင်း အလဲတွေ ဖြစ်ခဲ့သလို မကောင်းသောအပြောင်းအလဲတွေ လည်းဖြစ်ခဲ့ရပါတယ်။မြန်မာနိုင်ငံမှာလည်း အကောင်းရော အဆိုးပါ ဒွန်တွဲခဲ့တဲ့ဖြစ်ရပ် တွေ ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ရောထွေး ယှက်တင်ဖြစ်ခဲ့တာကို အားလုံးအသိပဲ ဖြစ်မှာပါ။ ၂၀၁၆ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ်။အဲဒါကတော့ ပြည်သူတွေကိုယ်တိုင် လိုလို လားလား နဲ့ ရွေးချယ် တင် မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွက်ခဲ့တာဟာ ကောင်းသော အပြောင်းအလဲလို့ ဆိုရမှာပါ။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဟာ နိုင်ငံတော် ကို ကော င်းေ သာ အပြောင်း အလဲများဖြစ်ပေါ်စေဖို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ ဘက်စုံတိုးတက်စေဖို့ လုပ်ဆောင်ခဲ့ပါတယ်။ဦးသိန်းစိန်အစိုးရဟာ ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ကျန်ရှိတဲ့ သက်တမ်းသုံးလ အတွင်း နိုင်ငံတော် အတွက် တတ်စွမ်းသမျှ လုပ် ဆောင်ပေးခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါ တယ်။အဲဒီလိုအပြောင်းအလဲတွေအနက် နိုင်ငံတော်ရဲ့ စီးပွားရေးဘက်စုံတိုးတက်ဖို့အတွက်ကုန်သွယ်ရေး ကဏ္ဍမှာ ဖြစ်ပေါ်ခဲ့ တဲ့ ပြောင်းလဲမှုတွေ ကတော့ နိုင်ငံတော်စီးပွားရေးတိုးတက်ဖို့အတွက် ကောင်းသောအလားအလာတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။လက်ရှိနိုင်ငံတော်အစိုးရဟာ ကုန်သည်လုပ်ငန်းရှင်များ ကုန် သွယ်မှုပြုရာမှာ ယခင်ကထက် ပိုမိုအဆင်ပြေချောေ မွ့စေဖို့အတွက် ဖြေလျော့မှုပေါင်းများစွာကို ပြုလုပ်ပေးခဲ့ပါတယ်။၂၀၁၆ခုနှစ်အတွင်း နိုင်ငံတော်အစိုးရက ကုန်သွယ်မှုဆိုင်ရာ အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ရာမှာလအလိုက် ဖြစ်ပေါ်ခဲ့မှုတွေကို တင်ပြရမယ်ဆိုရင်-
ဇန်နဝါရီလ
ဇန်နဝါရီလအတွင်းမှာ ဦးသိန်းစိန် အစိုးရဟာ ၎င်းင်းလက်ထက် က ဖွဲ့စည်းခဲ့တဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီကို ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာကို ၂၀၁၅ခုနှစ် ဒီဇင် ဘာလ ၃၀ ရက်မှာ ထုတ်ပြန် ခဲ့ပါတယ်။ဇန်နဝါရီလ ၁၅ ရက်မှာ အမျိုးသားပို့ကုန်မဟာဗျူဟာရဲ့ပဲ မျိုးစုံနဲ့ဆီထွက် သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်သာလန် နိုင်ငံ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန(CBI)က ကူညီထောက် ပံ့မယ့် ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ရှိ ဟိုတယ် ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ဇန်နဝါရီလ ၁၉ ရက်မှာ မူဆယ် မြို့မှာရှိတဲ့မူဆယ်ဗဟိုအထူး စီးပွားရေးဇုန်လမ်းမကြီးနဲ့ နိုင်ငံတကာအဆင့်မီ မင်္ဂလာမူဆယ် လမ်း လျှောက်ဈေးကို ဖွင့်လှစ်ခဲ့ပါတယ်။ဇန်နဝါရီလ ၂၆ ရက်မှာကုန်သွယ်မှုသတင်းအချက်အလက် ဘဏ္ဍာတိုက် တစ်ခုဖြစ်တဲ့Myanmar Trade Portal ဝက်ဘ်ဆိုက်ကို အကောင်အထည်ဖော်နိုင် ရန်အတွက် ဆွေးနွေးပွဲကို နေပြည်တော် ဟိုတယ် ဇုန် ရှိ ံHotel Royal ACE မှာ ကျင်းပခဲ့ပါတယ်။ပည်ပနိုင်ငံများသို့ ဈေးကွက်ထိုး ဖောက်နိုင်ရန်ရည်ရွယ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာMyanmar Trade Center(Seoul) ကို ဇန်နဝါရီ လ ၂၅ ရက်က ဖွင့်လှစ် ခဲ့ပါတယ်။
ဖေဖော်ဝါရီလ
ဖေဖော်ဝါရီလ၁၀ရက်မှာပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ကုန်သွယ် ရေးနှင့်စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးလုပ်ငန်းအဖွဲ့နှင့်ကမ္ဘာ့ဘဏ်အုပ်စုမှ အပြည်ပြည် ဆိုင်ရာငွေကြေး ကော်ပိုရေးရှင်း(IFC) ) တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် နဲ့ပတ်သက်ပြီးဆွေးနွေးပွဲကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ကျင်းပခဲ့ပါတယ်။ဖေဖော်ဝါရီလ ၁၇ ရက်မှာ အာ ဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် (Self-Certification System) ကိုကျင့်သုံးဆောင် ရွက်ရာမှာ လိုက်နာရမယ့်စည်းကမ်းချက်တွေကို ကြေညာချက်အမှတ် ၉/၂၀၁၆နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။အသုံးပြုပြီး တစ်ပတ်ရစ် ပစ္စည်းများ(Used Machine)တင်သွင်း ခွင့်ကို တစ်နှစ်ထပ်မံခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၀^ ၂၀၁၆ ကို ဒီဇင်ဘာလ ၁၉ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအနေဖြင့် ဓာတ်မြေသြ ဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာများအား ကုန်သွယ်မှုပြု ရာမှာ လိုက်နာဆောင်ရွက်ရမယ့် သတ်မှတ်ချက်များကို ဖေ ဖော်ဝါရီ လ ၁၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁/၂၀၁၆ နဲ့ ထုတ် ပြန်ခဲ့ပါတယ်။
မတ်လ
ကုန်သွယ်မှုသတင်းအချက်အလက် မြှင့်တင်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်သွယ်မှုသတင်းအချက်အလက် ကွန်ရက်Trade Information Network- TIN) ကိုတည်ထောင်နိုင်ရန်အတွက် ကနဦးစတင် တည်ေ ထာင်မည့်အဖွဲ့ဝင်များရဲ့ ဆွေးနွေးချက်မှတ်တမ်း လက်မှတ်ရေးထိုးနိုင်ရေးညှိနှိုင်း အစည်းအဝေးကို မတ်လ ၉ ရက်က နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှာ ကျင်းပခဲ့ပါတယ်။မော်တော် ယာဉ် များကိုတင်သွင်းရာမှာ စည်းကမ်း သတ် မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ မော်တော်ယာဉ်အရောင်းစင်တာ ၄၇ ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဧပြီလ
ဧပြီလ ၁ ရက်မှစတင်ပြီး အစိုးရသစ်တာာဝန်ယူခဲ့ရာ ဝန်ကြီး ဌာနများကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလိုဖွဲ့ စည်းခဲ့ရာမှာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက် မှာရှိတဲ့ ဦးစီးဌာနများကို ပြန်လည်ပြင် ဆင်ဖွဲ့စည်းခဲ့ရာဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ဆိုပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ဧပြီလ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ သန်းမြင့် ဟာ ပြည်တွင်းပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များ၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းရှင်များနဲ့ UMFCCI မှာတွေ့ ဆုံပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှာ ပို့ကုန်သွင်းကုန် ကွန်တိန်နာများ အချိန်မီ ထုတ်ယူနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ ပါတယ်။
မေလ
မူဆယ်နှင့်မြဝတီကုန်သွယ်ရေးဇုန်တို့တွင် လိုင်စင်ရရှိပြီး တင်သွင်း ရန်ကျန် ရှိနေသည့်လုပ်ငန်းသုံးယာဉ်ယန္တရားများအနက် မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ၈၀၀၃ စီး၊ မြဝတီကုန်သွယ် ရေးဇုန်မှ ၄၆၃၂ စီးတို့ကို သွင်းကုန် လိုင်စင်သက်တမ်းတိုးမြှင့်ခွင့်ပြု ပြီး ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပါတယ်။ကုန်သည်လုပ်ငန်းရှင်များအား ယာဉ်ယန္တရားတင်သွင်းခွင့်များ အား ယာယီရပ်ဆိုင်းထားခဲ့ရာမှ လုပ်ငန်းလိုအပ်ချက်အရ ယာဉ် ယန္တရားတင်သွင်းမှုများအား လိုင်စင်တစ်စောင်လျှင် ၁၀ စီး တင်သွင်းခွင့်ပြုခဲ့ပြီး လိုင်စင်အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။မူဆယ်နဲ့မြဝတီကုန်သွယ်ရေးဇုန်များမှာ တရားဝင်တင်သွင်းဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းသုံးယာဉ်များကိုလည်း ကွန်ပျူတာမှတ်တမ်းများ အရ စိစစ်ခွင့်ပြုပေးခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးဒေါက်တာ သန်းမြင့်ဟာ မေလ ၂၀ ရက် မှာ အေးရှားဝေါလ်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနဲ့ မြန်မာစက်မှု ဆိပ်ကမ်းတို့ကို သွားရောက်ပြီး ကုန်တင်ကုန်ချလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဟာ မေလ ၁၈ ရက်မှာ ရန်ကုန် မြို့ ကုန်တင်ကုန်ဆိပ်ကမ်းများမှာ ကုန်တင်ကုန်ချပြုလုပ်ရာ၌ အခက် အခဲများဖြစ် ပေါ်နေခြင်းကိစ္စနှင့် ပတ်သက်ပြီး UMFCCI အစည်း အဝေးခန်းမမှာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။မြန်မာဥရောပသမဂ္ဂ သတင်းအချက်အလက်မျှဝေရန်ဌာနကို မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂဈေးကွက်များအကြား ပို့ကုန်သွင်းကုန် စီးဆင်းမှု မြန်ဆန်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ရုံးကို မေလ ၂၇ ရက်က ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဇွန်လ
ဇွန်လ ၇ ရက်နေ့မှာ ပို့ကုန် သွင်းကုန်လိုင်စင် ထုတ်ပေးခြင်းလုပ်ငန်း များအား အင်တာနက်ရရှိသည့်နေရာတိုင်းမှ လျှောက်ထားနိုင်သညFully Online Licensing စနစ်ကို စတင်ခဲ့ပါတယ်။တရုတ်နိုင်ငံမှ ထုတ်လုပ် သည့် ဆိုင်ကယ်များကို တရားဝင် သတ်မှတ်ထားသည့်ဈေးနှုန်းများအတိုင်း မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ တင်သွင်းခွင့်ပြုခဲ့ပါတယ်။Re-export စနစ်ဖြင့် ကုန်သွယ်မှု ပြုရာတွင် ယခင်က ခွင့်ပြုခဲ့ သည့် ကုန်ပစ္စည်း အမယ်များ အပြင် နောက်ထပ် ကုန်ပစ္စည်းအမယ် ၁၄ မျိုးဖြစ်သည့် ကားတာယာ၊ နှမ်း(နှမ်းဖြူ/နှမ်းနက်)၊ ငရုတ်သီး ခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန် ပစ္စည်းများ၊ အဝတ်အထည်၊ စားသုံးဆီ နဲ့ ကြက်သွန် ဖြူတို့ကို Re-export စနစ်ဖြင့် ကုန်သွယ်မှုပြုခဲ့ပါတယ်။
ဇူလိုင်လ
ဇူလိုင်လ ၂၂ ရက်နေ့တွင် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ မောဝ်ရွှေလီကုန်သွယ် မှုဗဟိုဌာနကို ဖွင့်လှစ် ခဲ့ပါတယ်။
သြဂုတ်လ
သြဂုတ်လတွင် သွင်းကုန်လိုင်စင် လျှောက်ထားရယူ ဆောင် ရွက်ရမယ့် ကုန်စည်လိုင်းပေါင်း ၄၄၀၅ လိုင်းအနက် ကုန်စည်လိုင်း ၂၆၇ လိုင်းအား သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုသော ကုန် စည်လိုင်းများအဖြစ် စက်တင်ဘာ ၁ ရက်မှ စတင်ဖြေလျှော့ခဲ့ပါတယ်။ပြည်ပသို့တင်ပို့ခွင့်မပြုသော ကုန် ပစ္စည်း ၁၂ မျိုးအနက် ပို့ကုန်ပစ္စည်း ၅ မျိုးဖြစ်တဲ့ ပန်းနှမ်းဆီ၊ မုန်ညင်းစေ့၊ မုန်ညင်းဆီ၊ နေကြာဆီ၊ နေကြာစေ့ ဆီကြိတ်ဖတ်အားလုံးနှင့် ပုဇွန်၊ ဖွဲတို့ကို သြဂုတ်လ ၁၆ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၆၂/၂၀၁၆ အရ ဖြေလျှော့ ပေးခဲ့ပါတယ်။
စက်တင်ဘာလ
စက်တင်ဘာ ၁၄ ရက်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များအားNatio-nal Trade Portal and Trade Repo-sitory ကို မိတ်ဆက်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံ၏ ပြုပြင်ေြ ပာင်းလဲမှု များ ဆောင် ရွက်နေခြင်းကို အသိ အမှတ်ပြုတဲ့အနေနဲ့ အမေရိကန် ပြည် ထောင်စုက မြန်မာနိုင်ငံသို့ ယေဘုယျ အကောက်ခွန်သက်သာခွင့် အစီအစဉ်GSP မှာ ပါဝင်ခံစားခွင့် ရရှိ ရန်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစတင် ၍ ပြန်လည်ခွင့်ပြုပေးတော့မှာဖြစ် ကြောင်း အမေရိကန် ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။စက်တင်ဘာ ၂၆ ရက်မှ ၃၀ ရက် အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ Public Forum သို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်၊ ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနဲ့ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးMyanmar: Opening up For Business Forum သမကာ ကိုပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။
အောက်တိုဘာလ
လယ်သမားများရဲ့ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ပြည်ပဈေးကွက် လိုအပ်ချက်ရှိနေတဲ့ စပါးကို ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့ပါ တယ်။ကမ္ဘာပေါ်ရှိ စီးပွားရေး လုပ်ရ ကိုင်ရ လွယ်ကူတဲ့ နိုင်ငံများစာရင်းကို ကမ္ဘာ့ ဘဏ်ရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့Doing Business အဖွဲ့က အောက်တို ဘာ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ရကိုင်ရ လွယ်ကူတဲ့ နိုင်ငံအဆင့်မှာ ယမန်နှစ်က အဆင့် ၁၇၁ ရှိခဲ့ရာမှ ယခု နှစ်မှာ အဆင့် ၁၇၀ သို့ တက်လာခဲ့တယ်လို့ ဖော်ပြခဲ့ ပါတယ်။Doing Business မှာဖော်ပြထားတဲ့ ကဏ္ဍ ၁၀ ခုအနက် မြန်မာနိုင်ငံရဲ့ ကုန် သွယ်မှုကဏ္ဍမှာ အဓိက အရေးပါလျက် ရှိတဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ကဏ္ဍမှာမူ အဆင့် ၁၀ ဆင့် ကျဆင်း သွားခဲ့ကာ အဆင့် ၁၄၉ မှ အဆင့် ၁၅၉ သို့ ရောက်ရှိသွားခဲ့ပါတယ်။အောက်တိုဘာလ ၂၁ ရက်နေ့ တွင် လက်မှတ်အတု၊ မှတ်ပုံတင်အတု နဲ့ မော်တော်ယာဉ်လိုင်စင်လျှောက်ထား လာတဲ့ ကိုယ်စားလှယ်ဒေါ်စန်းစန်းမြင့် နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ပြုလုပ်ဆောင်ရွက်ပေးတဲ့ ဒေါ်နှင်းနှင်း ခေါ် ဒေါ်သက်မာဦးတို့ကို စစ်ဆေး အရေးယူဆောင်ရွက်ခဲ့ပါတယ်။
နိုဝင်ဘာလ
(၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလား ဒေ့ရှ် ကုန်သွယ်ရေးပူးတွဲ ကော်မရှင် အစည်းအဝေးကို နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ကျင်းပခဲ့ရာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဆန်၊ ပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းတက်နဲ့ချင်းတို့ကို နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေး အတွက် ပင်လယ်ရေ ကြောင်းနည်းလမ်း ဖြင့် တင်ပို့လိုကြောင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်း အဝေးသို့ အမြဲတမ်း အတွင်းဝန်ဦးတိုး အောင်မြင့်နှင့် ကုန် သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်းတို့ တက်ရောက်ခဲ့ကြ သည်။နိုဝင်ဘာ ၂၀ ရက် နံနက် ၆ နာရီ မိနစ် ၂၀ အချိန်မှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ပန်ဆိုင်း-ကြူကုတ် ဂိတ်၊ မူဆယ်-လားရှိုးဂိတ်နဲ့ အရှေ့ မြောက်တံခါးကုမ္ပဏီရဲ့ သစ်သီးဝလံ ချကွင်းအသစ်နေရာတို့မှာ အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့ သုံးဖွဲ့ခွဲ၍ ဝင်ရောက်လာပြီး အကြောင်းမဲ့ ပစ်ခတ် တိုက်ခတ်ခဲ့ပါတယ်။
ပို့ကုန်သွင်းကုန်လိုင်စင်လျှောက် ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အထောက်အကူပြုအလုပ်ရုံဆွေးနွေးပွဲ ကို နိုဝင်ဘာ ၂၃ ရက်က နေပြည်တော် ဟိုတယ်ဇုန်ရှိ Hilton ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ဒီဇင်ဘာလ
(၁၆)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည် ပြပွဲ (မူဆယ်)နဲ့ (၁၂)ကြိမ်မြောက် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်း ရေးကော်မတီအစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ မူဆယ်မြို့ မင်္ဂလာဈေး၊ အထူးစီးပွားရေး ဇုန်တွင် ကျင်းပရန်ကြေညာခဲ့မှုအား မူဆယ်မြို့၏လုံခြုံမှုအခြေအနေအရ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ကုန်သွယ်မှု လျင်မြန်ချောမွေ့စေ ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်း များအား ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ရန်အတွက် ပို့ကုန်သွင်းကုန် လိုင် စင်များအား ဈေးနှုန်းစိစစ်ခြင်း မပြု တော့ဘဲ ကုမ္ပဏီများက တင်ပြလာသညInvoice နဲ့ Sale Contract ပါဈေးနှုန်းနဲ့ တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန် လိုင်စင်များကို ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၄/၂၀၁၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီ များအား ကုန်သွယ် ခွင့်ပြုရာတွင် နိုင်ငံခြားမှ တရားဝင် ယူဆောင်လာတဲ့ ငွေပမာဏအတိုင်း သာ ကုန်သွယ်ခွင့်ပြု မည်ဟူသော သတ်မှတ်ချက်အား နိုဝင်ဘာ ၂၂ ရက်စွဲပါအမိန့်ကြော်ငြာ စာအမှတ် ၇၅/၂၀၁၆ ဖြင့် ပယ်ဖျက် ခဲ့ပါတယ်။ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခြင်းနဲ့ ပတ်သက်၍ မော်တော် ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ၂၀၁၇ ခုနှစ်အတွက် ပြည်ပမှ မော် တော်ယာဉ်တင်သွင်းရာမှာ ထုတ်လုပ်တဲ့ ခုနှစ်သတ်မှတ်ခြင်း ကို နိုဝင်ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါ တယ်။နိုင်ငံခြား ဖက်စပ် ကုမ္ပဏီများ အား ကုန်သွယ်ခွင့်ပြုသည့် ဆေးရုံသုံး ကိရိယာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ အားHS Code လိုင်းများ သတ်မှတ်၍ ဒီဇင်ဘာလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၅/၂၀၁၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါ တယ်။သွင်းကုန်လိုင်စင် လျှောက်ထား ရန် လိုအပ်သည့် ကုန်စည်လိုင်းများ အနက်မှ ကုန်စည် လိုင်း ၁၅၀ အား သွင်းကုန် လိုင်စင်လျှောက်ထားရန် မလိုအပ်သော ကုန်စည်လိုင်းအဖြစ် ဒီဇင်ဘာ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၈၆/၂၀၁၆ ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။