Main menu

Background

အစိုးရသစ်လက်ထက် ကိုးလတာကာလအတွင်း ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၅၁၀ တန်ဖိုးရှိ ပို့ကုန်များ ပိုမိုတင်ပို့နိုင်

Thu, 01/12/2017 - 15:07 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားအားထုတ်လျက်ရှိရာ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ဧပြီလ မှ ဒီဇင်ဘာလ)အထိ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန် အမေရိကန်ဒေါ်လာသန်း ၈၃၀၀ ခန့်၊ သွင်းကုန်  အမေ ရိကန်ဒေါ်လာ ၁၁၅၂၇ သန်း ကုန်သွယ်မှုပမာဏ  အမေရိကန်ဒေါ် လာ ၁၉၈၂၇ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခင်ဘဏ္ဍာ နှစ်ကာလတူထက် ပို့ကုန် အမေရိကန်ဒေါ်လာသန်း ၅၁၀ ပိုမိုတင်ပို့ နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန် ဒေါ်လာ ၈၄၁ သန်း လျော့နည်း တင်သွင်းနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှ အဓိကတင်ပို့တဲ့ ပို့ကုန်ပစ္စည်းတွေကတော့ သဘာဝဓာတ်ငွေ့၊ CMP ချုပ်ပြီး အထည်တွေ၊Re-export  စနစ်နဲ့ တင်ပို့တဲ့ သကြား၊ လယ်ယာထွက်ကုန်ပစ္စည်းတွေဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ဆန်၊ ပြောင်း၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ ရော်ဘာ၊ ငါးမျိုးစုံနဲ့ သတ္တု တွင်းထွက်ပစ္စည်းတွေ တင်ပို့နေတာကို တွေ့ရပါတယ်။ယခင်နှစ်ထက် ပိုမိုတင်ပို့နိုင်  တဲ့ ပစ္စည်းတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။     စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ပပို့ကုန်တိုး မြှင့်နိုင်ရေးအတွက်  Re-export     စနစ်နဲ့ ကုန် သွယ်မှုကို ဆောင်ရွက်ခဲ့ရာမှာ (သကြား၊ ကွမ်းသီး၊ စက်သုံးဆီ)တို့ကို အောင်မြင်အောင်တင်ပို့နိုင်ခဲ့ပြီး ထပ်မံ၍ အဝတ်အထည်၊ ကြက် သွန်ဖြူ၊ နှမ်း (ဖြူ/နက်)၊ ငရုတ်သီးခြောက်၊ မြေပဲ၊  ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကားတာယာတို့ကRe-export  စနစ်နဲ့ တင်ပို့ ခွင့်ပြုခဲ့ကြောင်း သိရှိ ရပါတယ်။
ပို့ကုန်တိုးမြှင့်ရေးအတွက်လည်း ပြည်ပသို့ တင်ပို့ခွင့်မပြုသော ကုန်ပစ္စည်းများအနက် ပန်းနှမ်းဆီ၊ မုန်ညင်းစေ့၊ မုန်ညင်းဆီ၊ နေကြာစေ့၊ နေကြာဆီ၊ ဆီကြိတ်ဖတ်အားလုံး၊ ပုစွန်ဖွဲစသည့် ပစ္စည်း ငါးမျိုးကို ပြည်ပမှ တင်ပို့ခွင့်မပြုသော ပစ္စည်းများအဖြစ်မှ ဖြေလျှော့ပြီး ပြည်ပ သို့ တင်ပို့ခွင့်ပြုခဲ့ပါတယ်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ှSME လုပ်ငန်းများ တိုးတက်လာပြီး ပြည်ပသို့ အရည် အသွေးကောင်း မွန်တဲ့ ဆန်တွေ တင်ပို့နိုင်ဖို့အတွက် ဆန်စက်တွေကို အဆင့်မြှင့်တင် နိုင်ဖို့ ဆန်စက်နဲ့ ဆန်စက်အပိုပစ္စည်းများ ပြည်ပမှတင်သွင်းရာမှာ မြန်ဆန်စေရေး ဆောင်ရွက်ပေးလျက်ရှိသလို နယ်စပ်စခန်းများမှ တင်သွင်းရာမှာလည်း လျင်မြန်ချောမွေ့စေရေးအတွက် နယ်စပ် စခန်းများမှာလည်း  လိုင်စင်များ ခွင့်ပြုပြီး တင်သွင်းခွင့်ပေးလျက်ရှိ ပါတယ်။
ကုန်သွယ်မှုပမာဏ တိုးတက်လာစေရေးနှင့် တရားမဝင် ကုန် သွယ်မှုများ မဖြစ်ပေါ်စေရေးအတွက် မယ်စဲ့ကုန်သွယ်ရေးစခန်းမှ ဒေသထွက် ငရုတ်သီးခြောက်ကိုITC    ကတ်ဖြင့် ထပ်မံဖြေလျှော့ပြီး တင်ပို့ခွင့်ပြုခဲ့ပါတယ်။
ပို့ကုန်ပမာဏတိုးတက်လာစေ ရေးနှင့် တရားမဝင်တင်ပို့မှုများ မရှိစေရေးအတွက် ကုန်သွယ်ရေးစခန်းများ၊ ကုန်သွယ်ရေးဇုန်များ အားလုံးနဲ့ ပို့ကုန် သွင်းကုန်ရုံး(မန္တလေး၊ ကျိုင်းတုံ၊ မြစ်ကြီးနား)တို့မှာလည်းITC   ကတ်နဲ့  ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုရာမှာ ယခင်ခွင့်ပြုခဲ့တဲ့ပစ္စည်းများအပြင် ငရုတ်သီးခြောက်ကိုလည်း လုပ်ထုံးလုပ်နည်းများနဲ့အညီ တင်ပို့ခွင့်ပြုလျက်ရှိပါတယ်။
၂၀၁၆ ခုနှစ်နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တို့မှာ (၈) ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲ ကော်မရှင်အစည်းအဝေး ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ကျင်းပခဲ့ရာမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ဆန်၊ ပဲ၊ ကြက်သွန်နီ စတဲ့ လယ်ယာထွက် ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်း  နည်းလမ်းဖြင့်တင်ပို့နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက် မှာ မူဆယ်မြို့မှာ ဖြစ်ပေါ်ခဲ့ တဲ့ ဖြစ်စဉ်များကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရ သလို ကုန်သွယ်မှု လုပ်ငန်းများလည်း နှောင့်နှေးခဲ့ရပါတယ်။
အဲဒီလို နှောင့်နှေးခဲ့ရတဲ့အတွက် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ နှစ်လအတွင်းမှာ ကုန်သွယ်မှုအများဆုံးဒေသဖြစ်တဲ့ မူဆယ်ကုန် သွယ်ရေးဇုန်မှ ကုန်သွယ်မှု ပမာဏလျော့ကျခဲ့ရပါတယ်။ပုံမှန်ကုန်သွယ်မှုသာမက Re-export  စနစ်နဲ့  ကုန်သွယ်မှု မှာပါ  ကျဆင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီဇင်ဘာလကုန်ပိုင်းမှာ ဒေသတွင်း ပြန်လည် တည်ငြိမ်အေးချမ်းမှုကိုရရှိခဲ့တဲ့အတွက် ကုန်သွယ်မှုလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီဇင်ဘာလရဲ့ပို့ကုန် ပမာဏဟာ ပြန်လည်မြင့်တက် လာခဲ့ရတာဖြစ်ပါတယ်။
Re-export  စနစ်ဟာ ပို့ကုန် ပမာဏမြင့်တက်စေနိုင်တဲ့အကြောင်း တရားဖြစ်တာကြောင့်Re-export  စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ဒါ့အပြင်အာဆီယံဒေသတွင်းနိုင်ငံများနဲ့ စီးပွားရေး အရ ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ဖို့နဲ့ ကုန်သွယ်မှု ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူများဟာ ဒေသ တွင်းနိုင်ငံများ သို့ သွားရောက်ပြီး ကုန်သွယ်မှုဆိုင်ရာများ ပူးပေါင်း လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့် ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလအတွင်းမှာလည်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစီးတဲ့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ဟာ ဗီယက်နမ် နိုင်ငံသို့ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးမြှင့်တင်ဖို့အတွက် သွားရောက်မယ်လို့ သိရှိရပါတယ်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အနေနဲ့ ပို့ကုန်သုံးဆ  တိုးမြှင့်နိုင်ရေးအတွက် ရည်မှန်းချက် ချမှတ်ပြီး လုပ် ဆောင်လျက်ရှိရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေရပေမယ့် လက်ရှိကာလမှာတော့ အဲဒီအကျပ် အတည်းတွေကနေ ရုန်းထွက်နိုင်ဖို့ လမ်းစကို မြင်တွေ့နေရပြီ ဖြစ် ပါတယ်။ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ဖို့အတွက်  လုပ်ဆောင်လျက်ရှိရာမှာ သက်ဆိုင်ရာ  ဝန်ကြီးဌာနများရဲ့ ပူးပေါင်းလုပ်ဆောင်မှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်အနာဂတ် ကာလများမှာ လည်း  ပို့ကုန်ပမာဏကို ယခုထက် ပိုမိုတိုးတက် တင်ပို့နိုင်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်လှပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ရှင်မင်းအံ့(တန့်ဆည်)