Main menu

Background

အစားအသောက်အမယ် တစ်ထောင်ကျော်အားFDAတွင် ထောက်ခံချက် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြု

Tue, 03/21/2017 - 10:26 -- journal_editor

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနသည် အစားအသောက်  တင်သွင်းခြင်းလုပ်ငန်းများ အား အဆင်ပြေချောမွေ့စေရန်အတွက် တိုက်ရိုက်စားသုံးရန်မဟုတ်သည့် ပါဝင် ပစ္စည်းတစ်မျိုးတည်းသာ ပါဝင်သော အစားအသောက်ထပ်ဖြည့် ပစ္စည်း(Food Additives)  များ တင်သွင်းရန်အတွက်  သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီး ဌာန၏ ထောက်ခံချက်လျှောက်ထားခြင်းအား ကင်းလွတ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
လိုင်စင်လျှောက်ထားရာတွင် ထောက်ခံချက်ရယူရန် ကင်းလွတ်ခွင့်ပြု သည့် အစားအသောက်အမယ်စုစုပေါင်း ၁၀၀၈ မျိုးရှိပြီး အဆိုပါအစား အသောက် အမယ်များစာရင်းကို www.codexalimentarius.org  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုဒ်ဖြစ်သည့် fh www.commerce.gov.mm  နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တရားဝင်ဝက်ဘ် ဆိုက်ဖြစ်သညwww.fdamyanmar.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိ ပါသည်။        

အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်            

/sites/default/files/FDA.pdf

မယ်သီတာ