Main menu

Background

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ ရောက်ရှိသွားတဲ့ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ ခြေတစ်လှမ်းစပြီ

Tue, 08/22/2017 - 13:00 -- journal_editor

       ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မြန်မာ့ကော်ဖီမိတ်ဆက်ပွဲကို ဇူလိုင်လ ၆ ရက်က ကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံမှထွက်ရှိတဲ့ မြန်မာ့ကော်ဖီကို ဆွစ်ဇာလန်နိုင်ငံမှာ ရောင်းချနိုင်ဖို့အတွက် ဆွစ်ဇာလန်နိုင်ငံသို့ ပထမဦးဆုံးအကြိ မ် သယ်ဆောင်လာတဲ့ မြန်မာ့ကော်ဖီတွေဟာ ဇွန်လကုန်ပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုရောက်ရှိခဲ့တဲ့အထိမ်းအမှတ်အဖြစ် မြန်မာ့ကော်ဖီမိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပရတာဖြစ်ပါတယ်။ အဲဒီအခမ်း အနားကို ဂျီနီဗာမြို့ရှိ Chantepoulet Square မှာ မြန်မာအဖွဲ့ရုံး၊ NAT Coffee နဲ့ Border Coffee တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာ့ကော်ဖီတွေကို ဆွစ်ဇာလန် နိုင်ငံသို့ ယခုနှစ်မေလဆန်းက တင်ပို့ခဲ့တာဖြစ်ပြီး NAT Coffee က တာဝန်ယူတင်ပို့ခဲ့တာဖြစ်ပါတယ်။ အဲဒီလို တင်ပို့နိုင်ဖို့အတွက် NAT Coffee ရဲ့ကော်ဖီတွေတင်ဆောင်လာတဲ့ ကော်ဖီကွန်တိန်နာကို ဆွစ်ဇာလန်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှတာဝန်ရှိသူ အသီးသီးက ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
         အဲဒီမြန်မာ့ကော်ဖီမိတ်ဆက်ပွဲအခမ်းအနားမှာ ဆွစ်ဇာလန်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာတည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၆၇၆၅၇၈ စတုရန်းကီလို မီတာရှိရာ ဆွစ်ဇာလန်နိုင်ငံထက် ၁၆ ဆ ကြီးမားကြောင်း၊ လူဦးရေအနေဖြင့်လည်း မြန်မာနိုင်ငံရဲ့လူဦးရေဟာ သန်း ၅၀ ကျော်ရှိပြီး ဆွစ်ဇာလန်နိုင်ငံရဲ့လူဦးရေဟာ ၈ ဒသမ ၇ သန်း ကျော်သာရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့လူဦးေ ရဟာ ခြောက်ဆကျော် များပြားပါကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံဟာ လူသားအရင်းအမြစ်နဲ့ ဈေးကွက်အခွင့်အလမ်း ပိုမိုများပြားတာကို တွေ့မြင်နိုင်မှာဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံမှဆွစ်ဇာလန်နိုင်ငံသို့ အဝတ်အထည်၊ ပရိဘော ဂ၊ ရတနာများနှင့် သတ္တုများကို ပို့ကုန်အဖြစ် တင်ပို့လျက်ရှိပြီး ဆွစ်ဇာလန်နိုင်ငံမှ စက်နှင့်စက်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများကို တင်သွင်းလျက်ရှိပါကြောင်း၊ ၂၀၁၆ခုနှစ်က မြန်မာ နိုင်ငံသို့ လာရောက်လည် ပတ်ခဲ့သည့် ဆွစ်လူမျိုးကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၄၀၀၀ကျော်ရှိခဲ့ပါကြောင်း၊ ယခုအခါ မြန်မာ့ကော်ဖီကို ဆွစ်ဇာလန် နိုင်ငံ၌ မိတ်ဆက်ပေးလိုက်သဖြင့် ဆွစ်လူမျိုးကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာ လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာထွက်ပေါက်များမှ ကမ္ဘာလှည့်ခရီးသည် ၁ ဒသမ ၃ သန်း ဝင်ရောက်ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှ  ၃ ဒသမ ၃ သန်းဝင်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ မှာ ဟိုတယ်အလုံးပေါင်း ၁၂၃၉ လုံးရှိပြီး အခန်းပေါင်း ငါးသောင်းနီးပါးရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့၊ နိုင်ငံရဲ့မြို့တော် နေပြည်တော်၊ရှေးဟောင်းယဉ်ကျေးမှု မြို့တော်ဖြစ်တဲ့ ပုဂံမြို့၊ မြန်မာ ဘုရင်များရဲ့ နောက်ဆုံးမင်းဆက်နန်းစံခဲ့တဲ့ မန္တလေး နေပြည်တော်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ အင်းလေးဒေသ တို့ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ လည်ပတ်သင့်တဲ့နေရာတွေဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
        အဲဒီနောက် Ms. Nathalie F. Manac'h ကမြန်မာ့ကော်ဖီ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ မြန်မာ့ကော်ဖီမိတ်ဆက်ပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်းမှာပင် မြန်မာ့ကော်ဖီကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားများက  ဝယ်ယူလိုတဲ့အတွက် မေးမြန်းစုံစမ်းခဲ့ကြပါတယ်။ ဒါကြောင့် NAT Coffee မှ တာဝန်ရှိသူများက NAT Coffee ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ http://natcoffee.com/ မှာ ဝယ်ယူရရှိနိုင်ပါတယ်လို့ ပြန်လည်ဖြေကြား ခဲ့ပြီးေ နာက် စတင်ဝယ်ယူနေပြီဖြစ်တယ်လို့ဆိုပါတယ်။ NAT Coffeeမှ ဆွစ်ဇာလန်နိုင်ငံသို့ တင်သွင်းခဲ့သည့် မြန်မာ့ကော်ဖီအမျိုးအစားများမှာ ချင်းပြည်နယ်မှထွက်ရှိတဲ့ Chin Litai ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ထွက်ရှိတဲ့ Yellow Diamond ၊မိုးကုတ် မြို့မှထွက်ရှိတဲ့ Ruby နဲ့ မန္တလေးမြို့မှထွက်ရှိတဲ့ Jade ဆိုတဲ့အမျိုးအစားများပဲဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံသို့ မြန်မာနိုင်ငံမှ ကော်ဖီကိုတင်ပို့ရောင်းချ နိုင်တဲ့အတွက် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊မန္တလေး တိုင်းဒေသကြီးတို့မှာရှိတဲ့ ကော်ဖီစိုက်ပျိုးသူများအတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနဲ့ မြန်မာ့ ထုတ်ကုန်များကို ကမ္ဘာကအသိအမှတ်ပြုလာစေဖို့ အတွက်လည်း အထောက်အကူဖြစ်နိုင်မှာဖြစ်ပါတယ်။ မြန်မာ့ကော်ဖီမိတ်ဆက်ပွဲအခမ်းအနားသို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရဲ့ဧည့်သည်များအဖြစ် အမေရိကန်၊ သြစတြေး လျ၊ ဂျပန်နဲ့အာဆီယံအဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များ၊ ဒုတိယအမြဲတမ်းကိုယ်စားလှယ်များ၊ လက်နက်ဖျက်သိမ်းရေး၊ လူ့အခွင့်အရေး နဲ့ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြပြီး NAT Coffee မှ ဖိတ်ကြားထားသည့် ဆွစ်ဇာလန်နိုင်ငံမှ ဒေသခံများလည်း တက်ရောက်ခဲ့ကြပါတယ်။
          မြန်မာ့ကော်ဖီတွေကို ဆွစ်ဇာလန် နိုင်ငံဈေးကွက်သို့ ရောက်ရှိ ပုံကတော့ ဆွစ်ဇာလန်နိုင်ငံရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ထံသို့ NAT Coffee တည်ထောင်သူနဲ့ အုပ်ချုပ်မှုဒါရိုက်တာ Ms. Nathalie F. Manac'h တို့ ယခုနှစ်ဧပြီလ ၂၆ ရက်ကလာရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်လျက်ရှိတဲ့ ကော်ဖီတွေကို ဆွစ်ဇာလန်နိုင်ငံမှာ မိတ်ဆက်ပြီး ဖြန့်ဖြူးရောင်းချနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြရာမှ အစပြုခဲ့တာဖြစ်ပါတယ်။ Ms. Nathalie F. Manac'h ဟာ မြန်မာ့ကော်ဖီလေ့လာရေးခရီးစဉ်အဖြစ်၂၀၁၅ခုနှစ် နိုဝင်ဘာလ၊ ၂၀၁၆ခုနှစ် ဇန်နဝါရီလနဲ့ အောက်တိုဘာလတို့မှာ ကော်ဖီအများဆုံးစိုက်ပျိုးထုတ်လုပ်ရာဒေသများသို့ သွားရောက်လေ့လာခဲ့ပါ တယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ မြန်မာ့ကော်ဖီတွေကို ဆွစ်ဇာလန်နိုင်ငံသို့ တင်ပို့နိုင်ဖို့ အတွက် NAT Coffee ကို တည်ထောင်ခဲ့ပါတယ်။ NAT Coffee ဟာ ချင်းပြည်နယ်မှာရှိတဲ့ NGO အဖွဲ့၊ ချင်းပြည် နယ်အတွင်းမှာရှိတဲ့ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၅၀ ကျော်နဲ့ ပူးပေါင်းပြီး ချင်းကော်ဖီအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ရက်မှာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန် မာ့ကော်ဖီကို ဆွစ်ဇာလန်နိုင်ငံသို့ တင်ပို့နိုင်ဖို့ ဆက်လက်ဆောင်ရွက်ခဲ့တဲ့အတွက် အခုလိုကော်ဖီမိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ကမ္ဘာ့ဈေးကွက်မှာ အရည်အေ သွးမီတဲ့ မြန်မာ့ကော်ဖီဈေးကွက်နေရာရရှိစေရေးတို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မဟာဗျူဟာစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို ညှိနှိုင်းဆွေးနွေးမှုတွေကိုလည်း ယခုနှစ် ဇူလိုင်လအတွင်းက ပြင်ဦးလွင်၊ ရန်ကုန်နဲ့ နေပြည်တော်မြို့တို့မှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
        မြန်မာနိုင်ငံမှာ ကော်ဖီပင်ကို ၁၉၃၀ ပြည့်လွန်နှစ်များက စတင်ပြီးစိုက်ပျိုးလျက်ရှိရာ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နဲ့မန္တလေး တိုင်းဒေသကြီးတို့ကတော့ အများဆုံးစိုက်ပျိုးတဲ့ဒေသများပဲဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူးပြီး EIF အစီအစဉ်နဲ့ကော်ဖီနဲ့ လက်ဖက် ပြည်ပပို့ကုန် တိုးမြှင့်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ် ဇွန်လ ၃၀ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ကမ္ဘော ဇ ကုန်သွယ်မှုဗဟိုဌာနမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနဲ့တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည် မြောင်းဝန်ြ ကီး ဦးစိုင်းလုံကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌနှင့် ညီနောင်အသင်း များ၊ ကော်ဖီ၊ လက်ဘက်အစုအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဌာနဆိုင်ရာများမှ ကော်ဖီ၊ လက်ဖက်နဲ့ သက်ဆိုင်တဲ့ စာတမ်းလေးစောင်၊ ကော်ဖီ၊ လက်ဖက်အသင်းမှ စာတမ်း သုံးစောင် ဖတ်ကြားခဲ့ပါတယ်။ ယခုလအတွင်းမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြီးမှူးပြီး ကော်ဖီဖိုရမ်တစ်ရပ်ကို နေပြည်တော်မှာ သြဂုတ်လ ၁၇ရက်က ကျင်းပခဲ့တယ်လို့သိရပါတယ်။ မြန်မာ့ေ ကာ် ဖီဟာကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လျက်ရှိတဲ့ သီးနှံဖြစ်လာတဲ့အတွက် ပို့ကုန်တိုးမြှင့်ရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ရေးတို့အတွက် အရေးပါတဲ့သီးနှံအမယ်တစ်မျိုးအဖြစ် စံနမူနာပြနေပြီဖြစ်ပါတယ်။

 

ရှင်မင်းအံ့ (တန့်ဆည်)