Main menu

Background

မြန်မာ့ပဲလောက ရင်ဆိုင်ရသည့် ပြည်ပဈေးကွက် စိန်ခေါ်မှုများ

Mon, 09/04/2017 - 13:24 -- journal_editor

        နှစ်ပေါင်း ၃၀ ကျော်ကြာ  ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့တဲ့ အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံ ပဲ အရောင်းအဝယ်ကိစ္စဟာ သြဂုတ်လ ၅ရက်က တစ်ကြိမ်၊ သြဂုတ်လ ၂၁ ရက်ကတစ်ကြိမ် နှစ် ကြိမ်တိုင်  ထုတ်ပြန်ခဲ့တဲ့ အိန္ဒိယအစိုးရ ရဲ့သွင်းကုန် ကန့်သတ်ချက်တွေကြောင့် မြန်မာ့ပဲကုန်သည်တွေ ဟာ အကျပ်အတည်းတွေ ကျရောက်ခဲ့ရပါတယ်။အိန္ဒိယနိုင်ငံ ဟာ ကမ္ဘာပေါ်မှာ ပဲအများဆုံး စိုက်ပျိုးတဲ့နိုင်ငံဖြစ်သလို ပဲအများဆုံးစားသုံးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ လူဦးရေအချိုးနဲ့ ပဲထွက်ရှိ မှုအချိုး မညီမျှတာကြောင့် ပြည်ပမှ ပဲတန်ချိန် ပေါင်းများစွာကို တင်သွင်းနေရတာဖြစ်ပါတယ်။
အယ်လ်နီညို၊ လာနီညာ  စတဲ့ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စိုက်ပျိုးမှုကိုထိခိုက်ခဲ့သလို ပဲအထွက်ကိုလည်းထိခိုက်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံရဲ့ပဲစိုက်တောင်သူတွေဟာ ပဲအစားအခြားသောသီးနှံတွေကို ပြောင်းလဲ စိုက်ပျိုး ခဲ့ကြ ပါတယ်။ ဒါ့အပြင် ပြည်ပမှ တင်သွင်းလာတဲ့ ပဲ အမျိုးမျိုး (အထူးသဖြင့် မတ်ပဲနဲ့ပဲစင်းငုံ)ရဲ့ ဈေး နှုန်းတွေဟာ ပြည်တွင်းကထွက်ရှိတဲ့ ပဲဈေးနှုန်း တွေထက် နိမ့်ကျတာကြောင့် စားသုံးသူတွေဟာ ပြည်ပက တင်သွင်းလာတဲ့ ပဲကိုသာ ဝယ်ယူစားသုံး ခဲ့ကြပါတယ်။ ဒါကြောင့် ပြည်တွင်းကထုတ်လုပ်တဲ့  ပဲဈေးတွေ အဆမတန်ကျဆင်းသွားခဲ့ရပြီး ပဲစိုက် တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေခဲ့ကြရပါတယ်။အဲဒီလိုအခြေအနေတွေကြောင့် အိန္ဒိယနိုင်ငံ အစိုးရ ဟာ ပြည်တွင်းက ပဲစိုက်တောင်သူများရဲ့ အခက်အခဲကို ဖြေရှင်းတဲ့အနေနဲ့ ပဲတင်သွင်းမှု တန်ချိန်ကို ကန့်သတ်ခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယ တိုင်းမ်သတင်းမှာ ဖော်ပြထားချက်အရ သိရပါ တယ်။ ပဲတင်သွင်းမှုကို ကန့်သတ်လိုက် တဲ့ပဲေ တွ အနက် မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ဟာ မြန်မာ နိုင်ငံက အများဆုံးတင်သွင်းလျက်ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ပဲတင်ပို့မှု  အများဆုံး နိုင်ငံများအနက် တတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် မြန်မာ တောင်သူတွေဟာ ယခင်က စိုက်ပျိုးခဲ့တဲ့သီးနှံ အစား မတ်ပဲနဲ့ပဲစင်းငုံကိုအဓိကထားပြီး စိုက် ပျိုးခဲ့ကြပါတယ်။မြန်မာနိုင်ငံ ဟာ၂၀၁၅-၁၆ ခုနှစ်က မတ်ပဲ ၁ ဒသမ ၁၃ သန်းဟက်တာ စိုက်ပျိုးပြီး မက်ထရစ် တန်ချိန် ၁ ဒသမ ၆၇ သန်း ထွက်ရှိခဲ့ပါတယ်။ ၂၀၁၅-၁၆ ခုနှစ်က ပဲတီစိမ်း ၁ ဒသမ ၂၁ သန်း ဟက်တာ စိုက်ပျိုးခဲ့ပြီး မက်ထရစ်တန်ချိန် ၁ ဒသမ ၆ သန်း ထွက်ရှိခဲ့ပါတယ်။ ထွက်ရှိတဲ့ပဲမျိုး စုံထဲမှ နှစ်စဉ် အိန္ဒိယကို မက်ထရစ်တန်ချိန် ၁၀  သိန်းကျော်တင်ပို့ခဲ့ပါတယ်။ အဲဒီအထဲမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံမက်ထရစ်တန်ချိန် ကိုးသိန်း တင်ပို့ခဲ့ပြီး မြန်မာငွေကျပ် ၁ ဒသမ ၄ ဘီလီယံ ကျော်ခန့်  နိုင်ငံခြားငွေရရှိခဲ့ကြောင်း သိရပါတယ်။
(မြန်မာ့သြဘာ၏ စာရင်းအရ)
အဲဒီလို နိုင်ငံခြားဝင်ငွေရရှိနေတာကြောင့် တောင်သူတွေဟာ တစ်နှစ်ထက်တစ်နှစ် စိုက်ဧက တွေ တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းတွေတိုးအောင် လည်း ပြုပြင်ဖန်တီးပြီး စိုက်ပျိုးထုတ်လုပ်ခဲ့ကြ ပါ တယ်။ ပဲတင်ပို့သူ ကုန်သည်ေ တွကလည်း ပဲများ များတင်ပို့နိုင်ဖို့အတွက် တောင်သူနဲ့ပူးပေါင်းပြီး အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းတဲ့ ပဲမျိုးတွေကို ရွေးချယ်စိုက်ပျိုးခဲ့ကြတဲ့အတွက် တစ် နှစ်ထက်တစ်နှစ် ပဲထွက်ရှိမှုတွေ ပိုမိုလာခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုအချိန်မှာ အိန္ဒိယနိုင်ငံ ရဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် မြန်မာ့ပဲ တောင်သူတွေသာမက   မြန်မာ့ပဲတင်ပို့သူကုန် သည်များပါ ထိခိုက်မှုတွေရှိလာခဲ့ပြီး မြန်မာ့ပို့ကုန်  တိုးမြှင့်ရေးရည်ရွယ်ချက်ကိုပါ ထိခိုက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့ပဲကုန်သည်များနဲ့ နိုင်ငံ တော်မှ တာဝန်ရှိသူများ၊  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပြည် ထောင်စုဝန်ကြီးများနဲ့  တာဝန်ရှိသူများ ဟာ ပဲပြန် လည်တင်ပို့ခွင့်ရရှိရေးအတွက် နှစ်နိုင်ငံ သံတမန် နည်းလမ်းအရ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။အဲဒီလို ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးက သြဂုတ်လ ၃၀ ရက် ရက်စွဲနဲ့ သတင်းေ ကြညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီသတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတို့အကြား ဆက်ဆံရေးကိုရှေးရှု၍ နိုင်ငံခြားကုန်သွယ်မှုမူဝါဒ၏အပိုဒ် ၁-၀၅ ပြဋ္ဌာန်း ချက်များကို ဖြေလျော့ပေးခြင်းအဖြစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၅ ရက်မတိုင်မီကြိုတင်ေ ငွပေးချေ ထားတဲ့ ပဲစင်းငုံတင်သွင်းမှု စာချုပ်များ၊ မြန်မာ နိုင်ငံအစိုးရက  အသိအမှတ်ပြုထားတဲ့ ငွေလွှဲ ပြေစာများ၊ စာချုပ်များနဲ့ သက်ဆိုင်ရာဘဏ်များက တရားဝင်လက်ခံထားတSWIFT  စာရွက်စာတမ်း မိတ္တူများကို မှတ်ပုံ တင်ရန်  ခွင့်ပြုပေးမည်ဖြစ် ကြောင်း၊ ယခုဖြေလျော့ပေးမှုဟာ လက်ရှိကြုံတွေ့ နေရတဲ့ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဖြစ် ကြောင်း၊ ဖြေလျော့ပေးမှုကြောင့် ပဲအရောင်း စာချုပ် ချုပ်ဆို၍ ကြိုတင်ငွေပေးချေမှုများဆောင် ရွက်ပြီးတဲ့  စာချုပ်များအနေဖြင့် အိန္ဒိယနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ပါ ပမာဏအတိုင်း တင်ပို့ နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ကြေညာချက် ထုတ်ပြန်ပြီး ချိန်မှာ မြန်မာ့ပဲကုန်သည်တွေအနေနဲ့ အိန္ဒိယနိုင်ငံ သို့ ပဲတင်သွင်းရာမှာ  ပဲစင်းငုံအတွက် ကြိုတင် ငွေပေးချေပြီး ကုမ္ပဏီပေါင်း ၂၂ ခုရှိနေပြီး စာချုပ် ပေါင်း ၆၅စောင်၊ အမေရိကန်ေ ဒါ်လာ  ၆၃၃၀၈၆၆၇ ဒသမ ၀၁ တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၁၂၇၅၂ဒသမ ၂၇ နှင့် ကြိုတင်ငွေပေးချေဖို့ ကျန်တဲ့ကုမ္ပဏီ ၂၀၊ စာချုပ်စောင်ရေ ၄၀ရှိပြီး အမေရိကန်ဒေါ်လာ ၅၂၉၆၂၀၀ တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၁၁၉၂၈ တင်သွင်းဖို့ ကျန်နေသေးတယ်လို့ မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ဒါ့အပြင် မတ်ပဲမှာလည်း ကြိုတင်ငွေပေးချေ ထားတဲ့ ကုမ္ပဏီပေါင်း ခြောက်ခုရှိနေပြီး စာချုပ် ၁၇ စောင်၊ အမေရိကန်ဒေါ်လာ ၃၀၅၀၀၆၇ ဒသမ ၆၁ တန်ဖိုးရှိ မတ်ပဲ ၄၅၆၂ ဒသမ ၄၈ တန်ရှိနေပြီး ကြိုတင်ငွေပေးချေရန်ကျန်ရှိသည့် ကုမ္ပဏီပေါင်း သုံးခု၊ စာချုပ် ခုနစ်စောင်၊ အမေ ရိကန်ဒေါ်လာ ၆၆၁၅၁၂ တန်ဖိုးရှိ မတ်ပဲတန် ချိန် ၉၆၀ ရှိနေကြောင်း သိရပါတယ်။
ဒါ့အပြင် ယခုကာလဟာ ပဲစင်းငုံစိုက်ပျိုးတဲ့ ရာသီဖြစ်သလို မကြာခင်ကာလမှာလည်း မတ်ပဲ နဲ့ပဲတီစိမ်းတို့ကို စတင်စိုက်ပျိုးတော့မှာဖြစ်ပါတယ်။
အခုလို မြန်မာ့ပဲလောက အကျပ်အတည်း နဲ့ ရင်ဆိုင်ရတာဟာ တစ်နိုင်ငံတည်းသာရှိတဲ့ ဈေး ကွက်တစ်ခုတည်းကြောင့်   ဖြစ်တယ်လို့ ဈေး ကွက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်လျက်ရှိ ပါတယ်။ ဒါကြောင့် ပဲတင်ပို့သူ ကုန် သည်များနဲ့ ပဲစိုက်ပျိုးသူတောင်သူများအနေနဲ့ လာမယ့်ပဲစိုက် ရာသီသာမက နောက်နှစ်များမှာလည်း ဈေးကွက် တစ်ခုတည်းကို ဦးတည်တဲ့သီးနှံကို စိုက်ပျိုးခြင်း ထက် အခြားသောဈေးကွက်သစ်များမှာ လိုအပ် တဲ့သီးနှံတွေကို တိုးချဲ့စိုက်ပျိုးရမှာဖြစ်ပါတယ်။
ပဲတင်ပို့သူကုန်သည်တွေအနေနဲ့လည်း ပဲ တင်ပို့နိုင်မယ့် ဈေးကွက်သစ်တွေကို ထပ်မံရှာဖွေ ဖို့လိုအပ်သလို ဈေးကွက်က လိုအပ်တဲ့ပဲတွေစိုက် ပျိုးနိုင်ဖို့ မျိုးကောင်းမျိုးသန့်တွေ၊ မျိုးစိတ်သစ် တွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက် ရ မှာြ ဖစ် ပါ တယ်။ဒါ့အပြင် ကန်ထရိုက်လယ်ယာစနစ်ကို ဆောင် ရွက်နိုင်ဖို့ တောင်သူတွေကို အသိပညာပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ကန်ထရိုက်လယ်ယာ စနစ် ထူထောင်ခြင်းရဲ့  အားသာချက်တွေကို  တောင်သူတွေ သိရှိေ အာင်၊ နားလည်သဘော ပေါက်အောင် စည်းရုံးဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။တောင်သူတွေအနေနဲ့လည်း မိမိတို့လယ်ယာ မြေမှာ အခုလက်ရှိစိုက်ပျိုးတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံအစား အခြားသောမိမိလယ်မြေနဲ့ အံဝင်ခွင်ကျဖြစ်မယ့်၊ ပြည်ပဈေးကွက်ဝင်မယ့် သီးနှံ များကို ပြောင်းလဲစိုက်ပျိုးကြဖို့ တိုက်တွန်းလိုပါ တယ်။ အခု အိန္ဒိယနိုင်ငံကို တင်သွင်းနေတဲ့ပဲသုံး  မျိုးဟာ မြန်မာနိုင်ငံတွင်းမှာ စားသုံးမှုအနည်းဆုံး ပဲတွေဖြစ်ပါတယ်။ ပဲစားသုံး မှုပုံစံကို ပြောင်းလဲ ပေမယ့်လည်း မြန်မာနိုင်ငံမှာ ပဲစားသုံးသူဦးရေ ဟာ အိန္ဒိယနိုင်ငံရဲ့ ဆယ်ပုံပုံတစ်ပုံတောင် မရှိ တာမို့ ပဲစားသုံးမှုပုံစံကို ပြောင်းလဲဖို့ ဆိုတာက လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ဒါ့အပြင် ပြည် တွင်းကို ကနေဒါနိုင် ငံ က တင် သွင်းနေတဲ့Yellow Peas  လို့ခေါ်တဲ့စားတော်ပဲ တင်သွင်းမှုကို ကန့်သတ်ဖို့လည်း လိုအပ်လှပါ တယ်။ ပြည်ပက တင်သွင်းလာတဲ့စားတော်ပဲဟာ ပြည်တွင်းက ထွက်ရှိတဲ့ ကုလားပဲထက် ဈေးသက် သာတာမို့ စားတော်ပဲကို ခွဲခြမ်းလုပ်ပြီး စစ်တပ် ရိက္ခာအဖြစ် ပေးသွင်းနေခြင်းကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်။ဒါဟာ မကြာခင်မှာ ထွက်ရှိလာတော့မယ့် ပဲစင်းငုံအတွက်ရည်ရွယ်ပြီး လုပ်ဆောင်ရမယ့် သဘောပါ။  အိန္ဒိယနိုင်ငံ ဟာ အခုလက်ရှိမှာ စာချုပ် ချုပ်ထားပြီး၊ ငွေသွင်းထားပြီးတဲ့ပဲတွေကိုသာ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။  မကြာခင်ထွက် ရှိလာမယ့်ပဲတွေအတွက် အထူးသဖြင့် ပဲစင်းငုံအတွက် လုပ်ဆောင်ပေးရဦးမှာဖြစ်ပါ တယ်။ ဒါကြောင့် ပဲစိုက်တောင်သူတွေရော၊ ပဲကုန်သည်တွေရော၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အသင်းအဖွဲ့တွေ အားလုံးစုပေါင်းပြီး အဖြေရှာနေကြပြီဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရသစ်ရဲ့ ပို့ကုန်သုံးဆမြှင့်တင်နိုင်ရေးအတွက် အားလုံးဝိုင်း ဝန်းကြိုးပမ်းအကောင်အထည်ဖော်ကြရမှာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်ပဈေးကွက်ရှာဖွေရာမှာ တစ်နိုင် ငံ တည်း ကို သာအားကိုးပြီး ကုန်ပစ္စည်းတင်ပို့နေတာကို အဆုံးသတ်ဖို့အချိန်အခါကို ရောက် နေပြီဖြစ်ပါတယ်။အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒကြောင့် မြန်မာ့ပဲဈေးကွက် ပြန်လည်ရှင်သန်လာ မလား၊ အေအီးစီးကို အကော င်အထ ည်ေ ဖာ်နေတဲ့အချိန်ဖြစ်လို့ အာဆီယံဒေသ တွင်းနိုင်ငံတွေရဲ့ တွန်းအားပေးမှုနဲ့အခြားသော ပြည်ပဈေးကွက်ဝင် သီးနှံတွေကို ပဲ တိုးချဲ့စိုက်ပျိုးနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြရမှာ ဖြစ်ပါ တယ်။ လောလော ဆယ် အစားထိုးသီးနှံစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံဆောင်ရွက်လျက်ရှိပြီး အစားထိုးသီးနှံ အပြင် လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်ရာမှာ ဈေးကွက်ဝင်သီးနှံဖြစ် ဖို့လည်း လိုအပ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံများဟာ နိုင်ငံတကာသတ် မှတ်ချက်တွေနဲ့အညီ အမျိုးအစား၊ အရည်အသွေး ကောင်းမွန်ရန် လိုအပ်သလို Value Added  အဖြစ် ထုတ်လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။
နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချနိုင်ဖို့ ထုတ်လုပ်မှုကုန်  ကျစရိတ်၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်တွေ လျှော့ချဖို့လိုအပ်ပါတယ်။ စိုက် ပျိုးထုတ်လုပ်တဲ့သီးနှံများဟာ နိုင်ငံတကာက လက်ခံနိုင်တဲ့ ပိုးမွှားဓာတ်<ကင်း သတ်မှတ်ချက်အတိုင်း ထုတ်လုပ်တင်ပို့နိုင်ဖို့လိုတယ်။ ဒါမှသာ နိုင်ငံတကာဈေး ကွက်မှာ ရောင်းချနိုင်မှာဖြစ်သလို ဈေးကွက်အသစ် တင်ပို့နိုင်မှာဖြစ်တယ်။
ပဲလောကရဲ့ လတ်တလော အခြေအနေကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ အရေးကြီး ကိစ္စ အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာဌာနအသီးသီးနဲ့ အဖွဲ့အစည်း အသီးသီးက ဆောင်ရွက်ပေမယ့်လည်းSupply Chain တစ်လျှောက်လုံးမှာ ရှိနေတဲ့ ပါဝင်ပတ်သက်သူအားလုံးအနေနဲ့လည်း လိုက်ပါ ပူးေ ပါင်းဆောင်ရွက်ပေး ဖို့လိုပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ပဲတင်သွင်းမှုနဲ့ ပတ်သက်ပြီး ပဲဈေးနှုန်း မှန်ကန်တည်ငြိမ်မှုမရှိဘူးလို့ ထောက်ပြလာတာကြောင့် ဈေးနှုန်း မှန်ကန်တည်ငြိမ်မှုရှိဖို့ လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
မယ်သီတာ