Main menu

Background

မြန်မာ့ဆန်စပါးလောက၏ တစ်ကျော့ပြန်ရွှေခေတ်

Mon, 10/09/2017 - 13:38 -- journal_editor

အတိတ်ကာလကိုဆန်းစစ်ခြင်း
        မြန်မာတို့သည်ဆန်စပါးကို အဓိကစားသုံးခဲ့ပြီး ရှေးမြန်မာမင်း ဆက်အသီးသီးတို့က ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်ခဲ့ကြပါသည်။ ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တို့အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီး ချိန်မှစ၍ မြေသြဇာကြွယ် ဝသော ဧရာဝတီမြစ်ဝကျွန်းပေါ်ကို အခြေပြု၍ ဆန်စပါးကို စီးပွားဖြစ်ထုတ်လုပ်ပြီးတင်ပို့ခဲ့ပါသည်။ မှတ်တမ်းများအရ ၁၉၃၄ ခုနှစ်တွင်တန်ချိန် ၃ ဒသမ ၅၉၉ သန်းတင်ပို့ခဲ့ပြီး ၎င်းပမာဏမှာ ထိုကာလက ကမ္ဘာ့ဆန်ကုန်သွယ်မှု ၏ ၅၅ ရာခိုင်နှုန်းကို တင်ပို့ခဲ့ပါသည်။ ၁၉၆၀ ခုနှစ်နောက်ပိုင်း ထုတ်လုပ် မှု တစ်စတစ်စလျော့နည်းကျဆင်းခဲ့ပြီး ၁၉၇၀ ခုနှစ်၏ နောက်ပိုင်း ၁၉၉၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် တန်ချိန်တစ်သန်းအား ပြန်လည် တင်ပို့ခဲ့ပါသည်။ သို့သော်  ဗဟိုမှထိန်းချုပ်သော စနစ်များကြောင့် ဆန်စပါးတင်ပို့သည့် နိုင်ငံများစာရင်းမှ ပုံမှန်တင်ပို့နိုင်ခြင်းမရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ဆန်ကုန်သွယ်မှုဈေးကွက်တွင် ၂၀၀၂ ခုနှစ် အထိ မေ့လျော့ခံနိုင်ငံတစ်နိုင်ငံ အဖြစ်ရော က်ရှိခဲ့ပါသည်။ ၂၀၀၃ခုနစ်တွင်မူဝါဒသစ်ချမှတ်ပြီး ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုကို ပုဂ္ဂလိကမှဆောင်ရွက်ခွင့် ပြုခဲ့သော်လည်း ၂၀၀၈ ခုနှစ် မတိုင်မီကာလအထိ လက်သင့်ရာဆန်ပို့ကုန်ပါမစ် ချပေးပြီး လက်ဝါး ကြီးအုပ်စီးပွား ရှာခဲ့သော ကာလဖြစ်ခဲ့သည်။၂၀၀၉-၂၀၁၀ ကာလတွင် ခွဲတမ်း (Quota) စနစ်ဖြင့်တင်ပို့ခဲ့ပြီး တန်ချိန် ငါးသိန်းမှ ရှစ်သိန်း ကြားတင်ပို့ခဲ့သောကာလတစ်ခုဖြစ်ခဲ့ပါသည်။ ဈေးကွက်စီးပွားရေး စနစ်ကို လွတ်လပ်စွာဆောင်ရွ က်ပြီး မည်သူမဆို ပြည်ပတင်ပို့ရောင်း ချခွင့်ကို ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းတွင် ခွင့်ပြုခဲ့ပြီး နယ်စပ်မှတင်ပို့မှုကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။ မှန်ကန်လာသော ဈေးကွက်ဖွင့်မူဝါဒအောက်တွင် ဆန် စပါး ပြည်တွင်းပြည်ပကုန်သွယ်မှုသည် တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့ပြီး၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ်ဆန်တန်ချိန်တစ်သန်းကျော်တင်ပို့သော ပုံမှန်ဆန်တင်ပို့သော နိုင်ငံတစ်နိုင်ငံအဖြစ် ပြည်ပဆန်ဈေးကွက်တွင် ကုန်ဝယ်သူတို့၏ သ တိပြု စရာဖြစ်ခဲ့ပါသည်။ နယ်စပ်တင်ပို့မှုသည် ဆန် တန်ချိန်တစ်သန်းခန့် ပုံမှန်တင်ပို့သည့်မောင်းနှင်အားတစ်ခုအဖြစ် တိုးတက်ဖွံဖြိုးလာခဲ့ပါသည်။

        ၂၀၁၇ ခုနှစ် ဆန်စပါးရာသီတွင် ပုံမှန်တန်ချိန် တစ်သန်းခန့် တင်ပို့နေသည့် နယ်စပ်တင်ပို့မှုကို ယှဉ်ပြိုင်ရောင်းချမည့် ပုံမှန်ပင်လယ်ရေကြောင်း ကုန်သွယ်မှုဈေးကွက်သည် တစ်ဟုန်ထိုးဖွံဖြိုး လာခဲ့ပြီး မြန်မာနိုင်ငံအနေဖြ င့် ပထဝီအနေအထားအရ ဆန်လိုအပ်ချက် ရုတ်တရက်မြင့်မားလာသော သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့၏ ဝယ်လိုအားကြောင့် ဈေးကွက်အလျင်အမြန်လှုပ်ခတ်ခဲ့ပြီး  ပြည်ပတင်ပို့မှုတွင်လည်း ၁၉၄၀ နောက်ပိုင်း အမြင့်ဆုံး တင်ပို့ခဲ့သည့်  စံချိန်အားလုံးကို ကျော်ဖြတ်ကာ၂၀၁၇ ပြက္ခဒိန်နှစ်တွင် ဆန်တန်ချိန်၂ ဒသမ ၅ သန်းကျော်ခန့်တင်ပို့နိုင်မည့် နှစ်တစ်နှစ် ဖြစ်လာပါမည်။၂၀၁၈ ဈေးတို့ကိုဖော်ဆောင်မည့်၂၀၁၇ ဆန် စပါးစိုက်ပျိုး ထုတ် လုပ်မှုခန့်မှန်းချက်အရ ၂၀၁၆ ရာသီထွက်ရှိမှုနှင့်နှိုင်းယှဉ်လျှင် အမေရိကန်၊ ကိုလံဘီယာ၊ အီဂျစ်၊ မက်ဒါဂါစကား၊ တောင်ကိုရီးယား၊  ဂီနီ၊ ဘစ်ဆောနိုင်ငံတို့တွင် အထွက်နှုန်းမှာ ငါးရာခိုင်နှုန်းနှင့် အထက် လျော့နည်းမည်ဖြစ်ပြီး ဆန်စပါးအများဆုံး ထုတ်လုပ်စားသုံးနေသည့်  တရုတ်၊ အိန္ဒိယအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဘရာဇီး၊ မာလီ၊ ဂီနီယာ၊ ဘီနင်၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတို့တွင် သုည ဒသမ ၄ ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း ကြား လျော့နည်း ထွက်ရှိပါမည်၊၊ မြန်မာအပါအဝင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အီးယူနိုင်ငံများ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ပါကစ္စတန်၊ တူရကီ၊ အာဂျင်တီးနား၊ နိုင်ဂျာ၊မက္ကဆီကို၊  ဘင်နီဇွဲလား၊  အီကွေဒေါ၊ သြစတြေးလျနိုင်ငံတို့တွင်  တစ် ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းကြား ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ထိုင်း၊ ပီရူး၊ ကိုလံဘီယာ၊ ချီလီ၊ ကာဂျစ်စတန်၊ ကင်ညာ၊ မိုဇမ်ဘစ်၊ မော်ရိုကို၊ ဆီနီဂေါနှင့် ဂါနာနိုင်ငံတို့တွင် ပုံမှန်ထက် ငါးရာခိုင်နှုန်း အထက် ပိုမိုထွ က်ရှိပါမည်။ ကျန်နိုင်ငံများတွင် ပုံမှန်ထွက်ရှိ မည်ဟု ခန့်မှန်းထားပါသည်။

၂၀၁၈ ရာသီ မြန်မာ့ဆန်ဈေးကွက်အားသာချက်နှင့် ပြုပြင်ရမည့်အကြံပြုချက်
         လက်ရှိဆန်စပါးထွက်ရှိမည့် ခန့်မှန်းချက်များအရ မြန်မာ့ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံအပါအဝင် မြန်မာ့ဆန်ကို ဝယ်ယူနေကျနိုင်ငံများဖြစ်သည့် အာဖရိကမှ မာလီ၊  ဂီနီယာ၊ ဘီနင်၊ အာဆီ ယံနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ မလေး ရှားနှင့် အင်ဒိုနီးရှား၊ ဂျပန်၊တောင်ကိုရီးယားနိုင်ငံတို့သည် ဆန်အထွက်နှုန်းလျော့နည်း၍ ယခင်နှစ်များကထက် ပိုမိုတင်သွင်းမည့် အလားအလာကောင်းတို့ကို မိမိရရဆုပ်ကိုင်၍ ဈေးကွ က်ဖော်ဆောင်ရပါမည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှစ၍ ဈေးကွက် အလားအလာကောင်းတစ်ခုဖြစ်သည့် ဥရောပဈေးကွက်မှ ပေးအပ်ထားသော GSP အထူးအခွင့်အရေးကို ကုန်ကြမ်းတင်ပို့သည့် အရေအတွက် ဈေးကွက်မှ အရည် အသွေးဈေးကွက်သို့ ဖော်ဆောင်ရပါမည်။၂၀၁၈ ရာသီတွင် ဆုံးရှုံးသွားမည့် ပဲဈေးကွက်၏  ဂယက် ကြောင့် နွေစပါးတိုးချဲ့စိုက်ပျိုးလာနိုင်သည့်အတွက် ထွက်နှုန်းမြင့်မား လာမည့် ဆန်စပါးပမာဏကိုလည်း ကြိုတင်ဈေးကွက် ( G to G & B to B) ရှာဖွေထားရပါမည်။ ကမ္ဘာ့လူသားများ၏ ပြောင်းလဲလာသော စားသုံးမှုပုံစံအရ တန်းနိမ့်ဆန်များ၏ ဈေးကွက်မှာ တဖြည်းဖြည်းကျဉ်းမြောင်းလာပြီး တန်းမြင့်ဆန်များကို ပြောင်းလဲစားသုံးလာသည့် အတွက်ေြ ကာင့် တန်းမြင့်ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်မည့် ဆန်စက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရပါမည်။ ပေါင်းဆန်ထုတ်လုပ်သူများအတွက်လည်း ယခင်ရရှိပြီးသော အရည်အသွေးမြင့် ဥရောပဈေးကွက်အပြင် ဝယ်လိုအားမြင့် မားလာမည့် ဘင်္ဂလားဒေ့ရှ် ဈေးကွက်၏ ဝယ်လိုအားကြောင့် ပိုမိုထုတ်လုပ်တင်ပို့ရောင်းချနိုင်မည့် ကာလတစ်ခုဖြစ်ပြီး၊ အလျင်အမြန်တိုးတက်လာမည့် ဆန်စပါးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍစုံ၌ လိုအပ်နေပြီး ရင်းနှီးမြှုပ်နှံသူ များအတွက် လည်း အခွင့်အရေးနှင့် အကျိုးအမြတ်များကိုရရှိနိုင်မည့် အချိန် ကာလဖြစ်ပါသည်။

ရွှေရောင်အနာဂတ်ကိုပုံဖော်မည့်သူများနှင့် ရည်မှန်းချက်

       မှန်ကန်သော ဈေးကွက်စီးပွားရေး ကုန်သွယ်မှုအောက်တွင် သမားရိုးကျ လုပ်ကိုင်နေသည့် ဆန်စပါးလုပ်ကိုင်နေသူများ သာမက ပြည်တွင်းနှင့်ပြည်ပတွင် ပညာသင်ယူလာသော ပညာတတ်လူငယ်များ ဈေးကွက်ထိုးဖော က် ဝင်ရောက်လုပ် ကိုင်လာခြင်းသည် ပို့ကုန်လုပ်ငန်းကို အလျင်အမြန်ဖွံ့ဖြိုးလာပြီး ဈေးကွက်လိုအပ်ချက်ကြောင့် ထုတ်လုပ်မှုကဏ္ဍသည်လည်း အတူဖွံ့ဖြိုးလာခဲ့ပါသည်။ လက်ရှိဆန်စပါးကဏ္ဍ၏ ၈၀ ရာခိုင်နှုန်းခန့်ကို အသက် ၂၅ နှစ်မှ ၄၀နှစ်ကြား  လူငယ်များက ဦးဆောင်လုပ်ကိုင်နေခြင်းသည် အချိန်တိုကာလအတွင်း ဆန်စပါးကဏ္ဍ အလျင် အမြန် ဆက်လက်တိုးတက်မည့် အလားအလာကောင်းတစ်ရပ်ဟု  ရှုမြင်မိပါသည်။ မြန်မာနိုင်ငံ ဆန်စပါးအ ဖွဲ့ချုပ်၏ ရည်မှန်းချက်ဖြစ်သည့်၂၀၁၈-၁၉ တွင် ဆန်စပါးပို့ကုန် ရငွေ အမေရိကန်ဒေါ်လာတစ်ဘီလီယံပြည့်မီရေး၊ ၂၀၂၀-၂၁ တွင် ဆန်တန်ချိန် လေးသန်းခန့်နှင့် ကမ္ဘာ့ဆန် အများဆုံးတင်ပို့သည့် ငါးနိုင်ငံ (Top  Five  World  Rice  Exporter) စာရင်းဝင်နိုင်ငံအဖြစ် ရပ်တည်ရေး၊ ၂၀၂၅-၂၆ တွင် ဆန်တန်ချိန် ခုနစ်သန်းခန့်နှင့် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် သုံးနိုင်ငံ (Top Three  World  Rice  Exporter) စာရင်းဝင်နိုင်ငံအဖြစ် ရပ်တည်ရေးတို့ကို ရည်မှန်း ချက်ထား၍ မြန်မာ့ဆန်စပါးလောက၏ တစ်ကျော့ပြန်ရွှေခေတ်သို့ဖော်ဆောင်ကြပါစို့။

 

Eagle