Main menu

Background

မွေးမြူရေးတောင်သူများအတွက် အကျိုးဖြစ်ထွန်းလျက်ရှိသည့် ပြည်ပသို့ ဆိတ်မွေးမြူ တင်ပို့မှု

Mon, 10/16/2017 - 14:18 -- journal_editor

       မြန်မာ့ဆိတ်များကို ပြည်ပနိုင်ငံအတော်များများက ကြိုက်နှစ်သက်ကြတယ်လို့ဆိုပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ မြန်မာ နိုင်ငံရဲ့ဆိတ်များကို အများအပြား ဝယ်ယူနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဆိတ်အရှင်များ ကို တရားဝင်တင်ပို့ခွင့်ရရှိပြီးနောက်ပိုင်းမှာ မူဆယ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆိတ်အရှင် တင်ပို့မှုဟာ တစ်နှစ်ကို ကောင်ရေ ခြောက်သောင်းကျော်ရှိတယ်လို့ မူဆယ်ကုန်သွယ်ရေးဇုန်ရဲ့ စာရင်းများအရ သိရပါ တယ်။ ဆိတ်တင်ပို့မှုကို ယခင်အစိုးရလက်ထက်များမှာ တရားဝင် တင်ပို့ခွင့် ပြုထားခြင်းမရှိပေမယ့် တစ်ဖက်နိုင်ငံရဲ့ လိုအပ်ချက်အရ ဆိတ်များကို တရားမဝင်တဲ့နည်းလမ်းနဲ့တင်ပို့နေတာကြောင့် တရား ဝင်တင်ပို့ခွင့်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ဆိတ်အရှင်များအား ပြည်ပသို့ အကန့်အသတ်ဖြင့် ခြောက်လစမ်း သပ်တင်ပို့နိုင်ရန် ခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးခဲ့ပါ တယ်။ အဲဒီနောက်၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ဆိတ်အရှင်တင်ပို့သည့် ကုမ္ပဏီပေါင်း ၁၄ ခုရှိပြီး အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိ ဆိတ်ကောင်ရေပေါင်း ခြောက်သောင်းကျော်ကို မူဆယ်ကုန်သွယ်ရေးဇုန်မှ တစ် ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၇-၁၈ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ကုမ္ပဏီပေါင်း ၁၃ ခုမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ဆိတ်ကောင်ရေ ပေါင်း ခုနစ်သောင်းနီးပါးကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ ပါတယ်။ ဆိတ်အရှင်များကို တင်ပို့လျက်ရှိတဲ့ကုမ္ပဏီများဟာ သူတို့ ကိုယ်တိုင်မွေးမြူပြီး တင်ပို့လျက်ရှိသလို တစ်နိုင်တစ်ပိုင် မွေးမြူသူများထံမှဝယ်ယူ၍လည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။  မြန်မာနိုင်ငံ အလယ်ပိုင်းဒေ သမှာ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ် ကိုင်သူတွေ အများအပြားရှိနေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများ အပြား မွေးမြူကြတယ်လို့သိရပါတယ်။ အထူးသဖြင့် စားကျ က်မြေ ကျယ်ကျယ်ပြန့်ပြန့်ရရှိသည့်နေရာများတွင် အများအပြား မွေးမြူလေ့ ရှိကြပါတယ်။
      "ဆိတ်ကိုမွေးရင် ခြံထဲမှာ လှောင်မွေးတာထက် လွှတ်ကျောင်းပြီး မွေးတာက ပိုပြီးအသားတက်မြန်တယ်။ ပိုပြီးထွားကျိုင်းမြန်တယ်။ ဆိတ်ဆိုတာမျိုးက သွားလာလှုပ်ရှားနေမှ စားကျက်မှာ သူတို့စိတ်ကြိုက် စားချင်တာစားေ နရမှ ပိုပြီးနှစ်ခြိုက်တဲ့သတ္တဝါမျိုးဖြစ်တဲ့ အတွက် ခြံထဲမှာ လှောင်ပြီးထားတဲ့ဆိတ်ထက် လွှတ်ထားတဲ့ဆိတ်က  ပိုပြီးသန်မာတယ်။ အသားထွက်ပိုပြီးကောင်းတယ်"လို့ ဆိတ်မွေးမြူ သူတစ်ဦးက ပြောပါတယ်။ ဆိတ်တင်ပို့သူများ ဟာ ဆိတ်အထီးများ(သင်းကွပ်ပြီး)ကိုသာ အများအပြားတင်ပို့ကြတယ်လို့ သိရပါတယ်။ သင်းကွပ်ထားတဲ့ ဆိတ်အထီးများဟာ ပိုမိုကြီးထွားလွယ်ပြီး ဈေးကွက်မှာ ဈေးကောင်း ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆိတ်မွေးမြူသူ များရော ဆိတ်တင် ပို့သူများပါ ဆိတ်အထီးများကို အဓိကထားပြီး တင်ပို့လျက်ရှိပါတယ်။ မြန်မာနိုင်ငံက ဆိတ်များဟာ သဘာဝအလျောက်ပေါက်ရောက် နေတဲ့သစ်ရွက်များကိုသာ စားသုံးခြင်း၊ ပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဖတ်၊  ပဲေ မှာ်၊ မြေပဲမှော်၊ ရှားသီးပင်ခြောက်များကိုသာ စားသုံးတာကြောင့် အခြားနိုင်ငံများမှ ဆိတ်များထက် အရသာပိုရှိတယ်လို့ ဆိုပါတယ်။ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းလိုလိုရဲ့ ကျေးရွာတွေမှာအိမ်တိုင်း ဆိတ်မွေးကြတယ် လို့ ပခုက္ကူမြို့ရဲ့ ဒေသခံတစ်ဦး က ပြောပါတယ်။ "ကျွန်တော်တို့ ပခုက္ကူမြို့ရဲ့ကျေးရွာတိုင်းလိုလိုမှာ ဆိတ်မွေးကြ တဲ့သူတွေ များပါတယ်။ ရွာတိုင်းနီးပါး အိမ်တိုင်းနီးပါးမှာ ဆိတ်မွေးကြပါတယ်။ တစ်အိမ်ကိုအကောင် ၂၀-၃၀ လောက်မွေးကြ ပါတယ်။ သူတို့ကတော့ လွှတ်ေ ကျာင်း စနစ်နဲ့မွေးကြတာပါ။ တချို့ကတော့ဆိတ်အထီးတွေကိုပဲ မွေးကြတယ်။ တချို့ကတော့ အထီးရော အမရောတွဲပြီးမွေးကြတယ်။ ဆိတ်က တစ်နှစ်ကိုနှစ်သား တစ်ဗိုက်ဆိုေ တာ့ မွေးတဲ့သူတွေအတွက် တွက်ခြေကိုက် တယ် လို့ ပြောနိုင်ပါတယ်"ဟု ပြောကြပါတယ်။ ဆိတ်တစ်ကောင်လျှင် ကိုးလမှ ၁၀လအထိသာမွေးမြူရပြီး ၁၀လပြည့်ပါက ရောင်းတန်းဝင်သည့်ဆိတ်တစ်ကောင်ကို ရရှိ ကြောင်း သိ ရပါတယ်။ ဆိတ်များကို မွေးမြူရာမှာ အဓိကဖြစ်ေ ပါ်လျက်ရှိတဲ့ အခက်အခဲကတော့ စားကျက်မြေရရှိရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။ လူ တို့ရဲ့နယ်မြေချဲ့ထွင်မှုတွေ၊ တောင်ယာချဲ့ထွင်မှုတွေကြောင့်စားကျက်မြေများဟာ တစ်နေ့ တခြား ရှားပါးလာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ "ဆိတ်ကိုမွေးရာမှအဓိကပြဿနာက စားကျက်မြေရှားပါးတဲ့ ပြဿနာပဲ။ ဆိတ်ကိုလွှတ်ကျောင်းပြီးမွေးမှ ပိုပြီးကြီးထွားလွယ်၊ သန်မာလွယ်တယ်။ဒါပေမယ့် စားကျက်မြေက တစ်ေ န့တခြား ရှားပါးလာတဲ့အတွက် ဆိတ်ကျောင်း သူတွေဟာ စားကျက်မြေရရှိဖို့ နိစ္စ ဓူ၀ လုံးပန်းနေကြရတယ်"လို့ ၎င်းက ထပ်မံပြောကြားပါတယ်။
       "ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ကိုယ်တိုင်လည်းမွေးပါတယ်။ တခြားကလည်းဝယ်ပြီး တင်ပို့ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေ နဲ့ လားရှိုးနဲ့ ကျောက်ဆည်မြို့က ဆူးလေကုန်းကျေးရွာမှာ ဆိတ်ကောင်ရေပေါင်း တစ်သော င်းလောက် မွေးထားပါတယ်။ ကိုယ်တိုင် မွေးထားတဲ့အပြင် ရေစကြို၊ မြိုင်၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေကလည်းဝယ်ယူပြီး တင်ပို့ပါတယ်။ ကျွန်တော်တို့ကတော့ တရုတ်နိုင်ငံကိုအဓိကတင်ပို့ပါတယ်။ တစ်ကြိမ်တင်ပို့ရင် အကော င် ၂၅၀ နဲ့ ၃၀၀ ကြားတင်ပို့ပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်ပိဿာကို ကျပ် ၆၅၀၀ ခန့်ရရှိပါတယ်။ တစ်ဖက်နိုင်ငံရဲ့ဝယ်လိုအား အနည်းအများ ပေါ်မူတည်ပြီး ဈေးအတက်အကျရှိပါတယ်"လို့ဝေယံထွန်းကုမ္ပဏီမှ မန်နေဂျာဖြစ်သူ ဦးအောင်ဝင်းက ပြောကြားခဲ့ပါတယ်။ ရေစကြို၊ မြိုင်၊ ပေါက်နယ်များမှာ ဆိတ်ကို အိမ်တိုင်းလိုလို မွေးမြူကြတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့မိမိယုံကြည်ရသူများကို မွေးချင်သည့်အကောင်ရေအလိုက် ငွေထုတ်ပေးကြောင်း၊ ဥပမာ ဆိတ်ပေါက် အကောင် ရေ ၅၀ လောက်ကို ကျပ်သိန်းလေးဆယ်၊ ပြီးတော့အစာဖိုးက ဘယ် လောက်ဆိုပြီး ထုတ်ပေးလိုက်ကြောင်း၊ ပြန်ရောင်းတဲ့အချိန်ကျရင် အစားဖိုးနဲ့ဆိတ်ဖိုးနဲ့နုတ်ပြီးကျန်တဲ့ အမြတ်ကို တစ်ယောက် တစ် ဝက် ခွဲယူတဲ့စနစ်ကို ကျင့်သုံးကြောင်း၊ ဆိတ်များကို ပဲနဘတ်၊ ဝါစေ့နဘတ်၊ နှံစားပြောင်း၊ အထွက်တိုးပြောင်း၊ ပဲခွံ၊ ဇီးဖတ်စတာ တွေကို ကျွေးရကြောင်း ၎င်းကထပ်မံပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့လ ည်း ဆိတ်တွေကို ကိုယ်တိုင်မွေးသလို မွေးဘက်လည်းပေးပါတယ်။ အရွယ်ရောက်ပြီးတဲ့ဆိတ်တွေကို မွေးဘက်တွေကိုပေးပြီး မွေးခိုင်းတာပါ။ သူတို့ကလူစိုက်ပေါ့။ အရွယ်ရောက်လာတဲ့အခါမှာ ဆိတ်တစ်ကောင်ရဲ့ကာလ တန်ဖိုး ကို တစ်ယောက်တစ်ဝက် ခွဲယူတဲ့စနစ်ကို ကျင့်သုံးပါတယ်။ မြိုင်၊ ရေစကြို၊ ကျောက်ဆည်အနီးတစ်ဝိုက်ကျေးရွာများနဲ့ ပေါက်နယ်တစ်ဝိုက်မှ ကျေးရွာများကို မွေးဘက်ပေးထားပါတယ်။ မွေးဘက်ပေးရာမှာ တစ်အိမ်ကို လေးငါး ဆယ်လောက်ပေးပါတယ်။ စိတ်ချရတဲ့သူဆိုရင် အကောင်တစ်ရာလောက်ပေးပါတယ်"လို့ ဖြိုး ကျော်ပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်လွင်ဦးက ပြောပါတယ်။ ဆိတ်များကိုမွေးဘက်ပေးရာမှာ မွေးဘက်ပြုလုပ်သူ များအနေ ဖြင့် အထွေအထူး ကုန်ကျစရာမလိုဘဲ အသားတင်ဝင်ငွေရရှိတာ ဖြစ်ပါတယ်။ ဆိတ်မွေးတဲ့တစ်အိမ်ထောင်လျှင်  မိသားစုများရှိရာ အိမ်ရှိကလေးမှအစ ဆိတ်ကျောင်းရန်၊ ဆိတ်အစာကျွေးရန်စတဲ့ လုပ်ငန်းများကို လုပ် ကိုင်နိုင်ကြသဖြင့် အလုပ်သမားစရိတ် ကုန် ကျခြင်းမရှိဘဲ အသားတင်ဝင်ငွေရရှိကြောင်း သိရပါတယ်။ ဖြိုးကျော်ပိုင်ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ဆိတ် ကောင်ရေပေါင်း သုံးသောင်းနီးပါးလောက် တရုတ်နိုင်ငံသို့ တင် ပို့နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဖြိုးကျော်ပိုင်ကုမ္ပဏီလီမိတက်ဟာ ကျောက်ဆည်မြို့ ဆူးလေကုန်းကျေးရွာမှာ ကိုယ်ပိုင် ဆိတ်မွေးမြူရေးခြံရှိသကဲ့သို့ ဆိတ်မွေးဘက်များကိုလည်း ထားရှိတဲ့အတွက်အခုလိုဆိတ်အကောင် ေ ရ အများအပြားတင်ပို့နိုင်တာဖြစ်ပါတယ်။
         ဆိတ်ကို တစ်ဖက်နိုင်ငံမှ ဝယ်လိုအားနဲ့ ဈေးကွက်အခြေအနေ၊ ပွဲတော်ရှိမှုနဲ့ ဈေးကျဆင်းမှုတို့အပေါ်မူတည်ပြီး တင်ပို့နေကြတာ ဖြစ်ပါတယ်။ ဆိတ်များကို တင်ပို့ရာမှာ နိုင်ငံတော်အစိုးရက တရားဝင်တင်ပို့ ခွင့် ပေးအပ် ထားသော်လည်း နယ်မြေအေးချမ်းမှုအပေါ်မူတည်ပြီး အခက်အခဲများရှိနေတယ်လို့  ဦးကျော်ကျော်လွင်ဦးက ထပ်မံပြော ကြားပါတယ်။မြန်မာနိုင်ငံမှာ ဆိတ်မွေးမြူခြင်းလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် မရှိသေးသော်လည်း ဆိ တ်တင်ပို့မှုလုပ်ငန်းကတော့ အရှိန် အဟုန်ရနေပြီဖြစ်ပါတယ်။ ဆိတ်ဟာ တင်ပို့သူရော မွေးမြူသူပါ နှစ်ဦးနှစ်ဖက်အကျိုးရှိသလို နိုင်ငံတော်အတွက်ပါ အကျိုးရှိတဲ့ ပြည်ပဝင်ငွေရရှိနေတဲ့ ပြည်ပပို့ကုန်တစ်မျိုးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဆိတ်အရှင်များကို တရားဝင်တင်ပို့ခွင့်ပြုပြီး နောက်ပိုင်းမှာ ရရှိလာတဲ့ပို့ကုန်ဝင်ငွေဟာ ပထမခြောက်လအတွင်း မှာပင် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ရရှိခဲ့တာကို ကြည့်ရင် သိနိုင်မှာဖြစ်ပါ တယ်။ အခုဆိုရင်လည်း နိုင်ငံတော်အစိုးရအနေနဲ့ ကျွဲနွားအရှင်များကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုလိုက်ပြီဆိုတဲ့ အမိန့်ကြော်ငြာစာကို အောက်တိုဘာ ၉ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဲဒီအမိန့်ကြော်ြ ငာစာမှာ "စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ရောင်းလိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်နေသည့် လွတ်လပ် သ ည့်ဈေးကွက်စနစ်ကို ဖော်ဆောင်နိုင်ရန်နှင့် တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်၊မွေးမြူရေးတောင်သူများ ဝင်ငွေ နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် တောင်သူ လယ် သမားတို့၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျွဲနွားအရှင်များအား ပြည်ပသို့ စည်းမျဉ်းစည်းကမ်း များနှင့်အညီ တရားဝင်တင်ပို့ခွင့်ပြုလိုက်ကြောင်း၊ ပြည်ပသို့ ကျွဲနွားများ တင်ပို့မည့်သူများအနေဖြင့်  ဝယ်ယူစုဆောင်ခြင်း၊ တိရစ္ဆာန် ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်တွင်းနယ်ကျော် သယ်ဆောင်ခြင်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန် ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့၏ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားရမည်ဖြစ် ကြောင်း"ဖော်ပြထားပါတယ်။ ဆိတ်အရှင်များကို တရားဝင်တင်ပို့ခွင့်ပြုလိုက်တဲ့အတွက် မွေးမြူရေးတောင်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး တစ်ဦးချင်းဝင်ငွေတွေလည်း တိုးတက်ရရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အနေနဲ့လည်း ကုန်သွယ်မှုပမာဏတိုးတက်လာ ပြီး နိုင်ငံတော်အတွက်အခွန်၀ င်ငွေတွေ တိုးတက်ရရှိလာမှာဖြစ်ပါ တယ်။ နိုင်ငံတော်အနေနဲ့ တရားမဝင် ကုန်သွယ်မှုတွေ လျော့နည်း ကျဆင်းလာပြီး တရားမဝင်လမ်းကြောင်းပေါ်ရောက်အောင် ပြုလုပ် ပေးတဲ့အတွက် အကျိုးအမြတ်များစွာ ရရှိစေမှာဖြစ်ပါ တယ်။ ဒါ့အပြင် တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေး အတွက် ကုန်သွယ်မှုဖြင့် ဆောင်ရွက်ပေးနိုင်တာကြောင့် များစွာ အကျိုးရှိစေမယ့် လုပ်ငန်းတစ်ရပ်လည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သာမက မွေးမြူသူေ တာင်သူများရော တင်ပို့သူများပါ တွက်ခြေကိုက်တဲ့အတွက် ဆိတ်တင်ပို့မှုလုပ်ငန်းကို ယခုထက်တိုးချဲ့ လုပ်ကိုင်သင့်ပါကြောင်း အကြံပြုလိုပါတယ်။ ဒါ့အပြင်အခုအခါမှာ ကျွဲနွားအရှင်များကိုပါ ပြည်ပသို့ တင်ပို့ ခွင့်ပြုလိုက်တဲ့အ တွက် တရားမဝင်ကျွဲနွားမှောင်ခို သယ်ဆောင် ရောင်းဝယ်မှုများကို ထိန်းချုပ်နိုင်မယ့်အပြင်  နိုင်ငံတော်အတွက် ကုန်သွယ်မှုပမာဏ တိုးတက်ရရှိကာ မွေးမြူသူတောင်သူများနဲ့ တင်ပို့သူကုန်သည်များပါ အကျိုးရှိလာတော့မှာ ဖြစ်ပါကြောင်း ရေး သားတင်ပြလိုက်ရပါတယ်။

 

မယ်သီတာ