Main menu

Background

ချင်း(ဂျင်း) စိုက်ပျိုးဝင်ငွေတိုး၊ ချင်း(ဂျင်း)ခြောက် ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရေးကြိုးစားပေး

Mon, 10/30/2017 - 16:07 -- journal_editor

            ချင်း(ဂျင်း)ကို သိပ္ပံအမည်အားဖြင့် Zingiber offcinale ဟု ခေါ်ပါသည်။ အင်္ဂလိပ်ဘာသာအခေါ် အဝေါ်မှာ Ginger ဖြစ်ပါ သည်။ ချင်းစိမ်းကို Fresh  Ginger ဟု လည်းကောင်း၊ ချင်းခြောက် (သင်္ဘောချင်းခြောက်)ကို Dried Ginger ဟုလည်း ကောင်း၊ Ginger ဟုလည်းကောင်းခေါ်ဝေါ်သုံးစွဲ ကြကြောင်းတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုလုပ်၍ ပြည်တွင်း ဖူလုံကာ ဈေးနှုန်းလည်း တည်ငြိမ်ပြီး ထုတ်လုပ်သူ၊ တောင် သူ၊ ကုန်သည်၊ Exporter၊ စားသုံးသူမျှတသည့် ပုံမှန်အရောင်း အဝယ်ဖြစ်နေအောင် ကြိုးစားဆောင်ရွက်ကြရန်လည်း  လိုအပ်ပါသည်။ ထုတ်လုပ်မှု တိုးတက်ပြီး ပြည်တွင်းတွင်ဖူလုံမှုရှိကာ ပိုလျှံလျှင် ပြည်ပဈေးကွက်ကို ပုံမှန် ချိတ်ဆက်ရောင်းနိုင်အောင် ကြိုးစားရမည်ဖြစ်ပါသည်၊၊ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုး ထုတ်လုပ်ရောင်းချသည့်  လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင်အကျိုးရှိအောင် လုပ်နိုင်ပြီး လက်ရှိဈေးကွက် ခိုင်မာရ န်နှင့် ဈေးကွက်သစ်များ ရရှိ အောင် စွမ်းဆောင်နိုင်ရန်လည်း လိုအပ်ပါသည်။ ဈေးကွက်ခိုင်မာ ရန်နှင့် ဈေးကွက်သစ်များရရှိစေရန်မှာလည်း ဈေးကွက်ယှဉ်ပြိုင်နိုင် စွမ်းရှိရန် အရည်အသွေးမီသည့် ကုန်ပစ္စည်းများထုတ်လုပ်ရန် လိုအပ်သလို ထုတ်လုပ်သူပိုင်းကလည်း မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းအပေါ်တွင် Positive Product ရှိရန်လည်း လိုအပ်ကြောင်း တွေ့ရှိရပါသည်။

ကမ္ဘာ့ချင်း(ဂျင်း) ထုတ်လုပ်မှု အခြေအနေ
         ကမ္ဘာပေါ်တွင် ချင်း(ဂျင်း)အများဆုံးထုတ်လုပ်သည့် ၁၀ နိုင်ငံ မှာ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ နိုက်ဂျီးရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကင်မရွန်၊ တရုတ်(တိုင်ပေ)နိုင်ငံတို့ဖြစ်ပါသည်။ ကမ္ဘာ့အများဆုံးထုတ် လုပ်သည့် အိန္ဒိယနိုင်ငံမှာ တန်ချိန် ၇၀၃၀၀၀ ခန့်ဖြစ်ပြီး ဒုတိယအများဆုံး ထုတ်လုပ်သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး တန်ချိန် ၄၂၅၀၀၀ ခန့်၊ နီပေါနိုင်ငံသည် တတိယ အများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး တန်ချိန် ၂၅၅၂၀၈ ခန့်၊ နိုက် ဂျီးရီးယားနိုင်ငံသည် စတုတ္ထအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး တန်ချိန် ၁၅၆၀၀၀ ခန့်၊ ထိုင်းနိုင်ငံသည်ပဉ္စမအများဆုံးထုတ်လုပ် သည့် နိုင်ငံဖြစ်ပြီး တန်ချိန် ၁၅၆၀၀၀ ခန့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ကမ္ဘာ့ချင်း(ဂျင်း) စားသုံးမှု အခြေအနေ
         ကမ္ဘာပေါ်တွင် ချင်း(ဂျင်း) အများဆုံးစားသုံးသည့် ၁၀ နိုင်ငံမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ တရုတ်၊ နိုက်ဂျီးရီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ ပါကစ္စတန်၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဖြစ်ပါသည်။ ကမ္ဘာ့ပေါ်တွင် ချင်း (ဂျင်း) အများဆုံး စားသုံးသည့်  အိန္ဒိယနိုင်ငံမှာ တန်ချိန် ၇၉၀၀၀၀ ခန့် ဖြစ်ပြီး ဒုတိယအများဆုံး စားသုံးသည့်  နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး တန်ချိန် ၂၆၈၀၀၀ ခန့်၊ နီပေါနိုင်ငံ သည် တတိယအများဆုံး ချင်း(ဂျင်း) စားသုံး သည့်နိုင်ငံဖြစ်ပြီး တန်ချိန် ၂၂၁၀၀၀ ခန့်၊ နိုင်ဂျီးရီးယားနိုင်ငံသည် စတုတ္ထအများဆုံးစားသုံး သည့်နိုင်ငံဖြစ်ပြီး တန်ချိန် ၂၀၂၀၀၀ ခန့်၊ တရုတ်နိုင်ငံသည် ပÍ္စမ အများဆုံးစားသုံးသည့် နိုင်ငံဖြစ်ပြီး တန်ချိန် ၁၂၉၀၀၀ ခန့်ဖြစ် ကြော င်း လေ့လာတွေ့ရှိရပါသည်။

ကမ္ဘာ့ချင်း(ဂျင်း) တင်ပို့မှု အခြေအနေ
        ကမ္ဘာပေါ်တွင် ချင်း(ဂျင်း) တင်ပို့သည့် ၁၀ နိုင်ငံမှာ  တရုတ်၊ အိန္ဒိယ၊ နိုက်ဂျီးရီးယား၊ ဂျာမနီ၊ နယ်သာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ ဗီယက်နမ်၊ စပိန်၊ ပြင်သစ်၊ ပါကစ္စတန်နိုင်ငံတို့ဖြစ်ပါသည်။ ကမ္ဘာ ပေါ်တွင် ချင်း(ဂျင်း) အများဆုံးတင်ပို့သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့တင်ပို့မှု၏ ၃၇ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ ဒုတိယ အများဆုံး တင်ပို့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၁၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပါသည်။ တတိယအများဆုံး တင်ပို့ သည့်နိုင်ငံမှာ နိုက် ဂျီးရီးယားနိုင်ငံဖြစ်ပြီး ၉ ဒသမ ၆ရာခိုင်နှုန်း ဖြစ်ပါသည်။ စတုတ္ထ အများဆုံး တင်ပို့သည့်နိုင်ငံမှာ ဂျာမနီနိုင်ငံဖြစ်ပြီး ၇ ဒသမ ၅ ရာခိုင် နှုန်းဖြစ်ပါသည်။ ပဉ္စမအများဆုံးတင်ပို့သည့်နိုင်ငံမှာ နယ်သာလန် နိုင်ငံဖြ စ်ပြီး ၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါ သည်။  

ကမ္ဘာ့ချင်း(ဂျင်း) တင်သွင်းမှုအခြေအနေ
       ကမ္ဘာပေါ်တွင် ချင်း(ဂျင်း) တင်သွင်းသည့် နိုင်ငံပေါင်း ၁၃၄ နိုင်ငံရှိကြောင်း လေ့လာတွေ့ရှိ ရပါသည်။ အများဆုံးတင်သွင်းသည့် ၁၀ နိုင်ငံမှာ ပါကစ္စတန်၊ ဂျပန်၊ အမေရိကန်၊ မလေးရှား၊ နယ်သာလန်၊ အိန္ဒိယ၊ ယူနိုက်တ က်ကင်းဒမ်း၊ ဂျာမနီ၊ ကနေဒါ၊ စင်ကာပူနိုင်ငံတို့ ဖြစ်ပါသည်။ ကမ္ဘာ့ချင်း(ဂျင်း) တင်သွင်းသည့် နိုင်ငံများအနက် ပါကစ္စတန်နိုင်ငံသည် အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ပြီး ၁၆ ဒသမ ၀၇ ရာခိုင်နှုန်းခန့်ဖြစ်ပါ သည်။ ဒုတိယအ များဆုံးတင်သွင်းသည့် နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ၁၃ ဒသမ ၆၇ ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။ တတိယတင်သွင်းသည့်နိုင်ငံမှာ အမေရိ ကန်နိုင်ငံဖြစ်ပြီး ၁၃ ဒသမ ၅၉ ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။ စတုတ္ထတင်သွင်းသည့်နိုင်ငံမှာ မေ လးရှားနိုင်ငံဖြစ်ပြီး  ၇ ဒသမ ၉၅ ရာခိုင်နှုန်းခန့်ဖြစ်ပါ သည်။ ပဉ္စမ တင် သွင်းသည့်နိုင်ငံမှာ နယ်သာလန် နိုင်ငံဖြစ်ပြီး ၇ ဒသမ ၈၂ ရာခိုင်နှုန်း ခန့်ဖြစ်ပါသည်။

မြန်မာ့ချင်း(ဂျင်း) စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ
         မြန်မာနိုင်ငံတွင် ချင်း(ဂျင်း)ကို နေရာအနှံ့ အပြားစိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အများဆုံးစိုက်ပျိုးပါသည်။ ချင်း (ဂျင်း) အများဆုံးစိုက်ပျိုးသော မြို့နယ်မှာ ပင်လောင်းနှင့်ကလော မြို့နယ်ဖြစ်ကြောင်း သိရပါသည်။ ကလောနှင့် ပင်လောင်းဒေသမှ ထွက်ရှိသော ချင်း(ဂျင်း)များကို အောင်ပန်းမြို့သို့တင်ပို့ပြီး ၎င်းမှ တစ်ဆင့် ပြည်တွင်းတင်ပို့မှုအဖြစ် ရန်ကုန်၊ စစ်တွေ၊ မန္တလေးနှင့် အခြားမြို့ဈေးကွက်များသို့ တင်ပို့လျက်ရှိသည် ကို တွေ့ရှိရပါသည်။ တောင်ပေါ်ဒေသနှင့် မြေပြန့် ဒေသအလိုက် အရည်အသွေး အနည်း ငယ်ကွာခြားပါသည်။  ကလောဒေသမှထွက်သော ချင်း (ဂျင်း) သည် ကျစ်၍ အသားမာပြီး အနံ့ပိုပြင်းပါ သည်။ မြေပြန့်ဒေသပေါက်ေ သာ ချင်း(ဂျင်း)သည် ကြီးမား၍အသားပွပြီး အနံ့မပြင်းပါ။ သဲဆန်၍ ပွသောနုန်းမြေများတွင် လွန်စွာဖြစ်ထွန်းပြီး ရေမဝပ်စေဘဲ အစိုဓာတ် ကို အမြဲနှစ်သက်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ ချင်း(ဂျင်း) စိုက်ပျိုးမှု ဧကအေ နဖြင့် နှစ်စဉ်စိုက်ဧက ၁၇၈၀၀ ခန့်၊ အထွက်နှုန်းမှာ ၂၄၄၀ ခန့်၊ အထွက်ပိဿာ ၄၃၅၀၀၀၀၀၊ တန်ချိန်အားဖြင့် ၇၁၁၀၀ ခန့်ဖြစ် ပါသည်။ သုံးစွဲမှု တန်ချိန်မှာ ၅၁၃၅၀ ခန့်ဖြစ်သည့် အတွက် ပိုလျှံမှုအနေဖြင့်တန် ၁၉၇၅၀ ခန့်ဖြစ် သည့်အတွက် ပြည်ပသို့ပိုမို တိုးမြှင့်တင်ပို့နိုင်မည့် အလားအလာကောင်းများရှိကြောင်း တွေ့ရှိရ ပါသည်။ မြန်မာနိုင်ငံ၏ ချင်း(ဂျင်း) စိုက်ပျိုးထွက်ရှိချိန်မှာ မတ်လ နှင့် ဧပြီတွင် မြေပြုပြင်ခြင်းများပြုလုပ်၍ မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးပါသည်။ ဇူလိုင်လနှင့်နိုဝင်ဘာလတွင် အပင်ပြုစုစောင့်ရှောက် ပြီး ဒီဇင်ဘာလနှင့်မတ်လတွင်တူးဖော်ပါသည်။ ပြည်တွင်းချင်း(ဂျင်း)ဈေးများမှာ ရှမ်းပြည် (တောင်ပိုင်း) တစ် ပိဿာလက်ကားဈေးကျပ် ၂၅၀-၃၀၀ ၊ လက် လီ ဈေးကျပ် ၁၀၀၀-၁၃၀၀ ဖြစ်ပြီး အရည်အသွေး ပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ချင်း (ဂျင်း)စိုက် တောင်သူများအနေဖြင့်လည်း  စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်ထက်ကျော်လွန်ကာ ဈေးေ ကာင်းရရှိပြီး ဝင်ငွေတိုးနေကြောင်း သိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်း အခြေအနေ
၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ လအလိုက်ချင်း(ဂျင်း) လက်ကား၊ လက်လီဈေးနှုန်းအခြေအနေများကို တစ်ဖက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်-

မြန်မာ့ချင်း(ဂျင်း)နှင့် အိန္ဒိယချင်း(ဂျင်း)တို့၏ ကွာခြားမှုအခြေအနေ

         မြန်မာ့ ချင်း(ဂျင်း)နှင့် အိန္ဒိယချင်း(ဂျင်း)တို့၏ထွက်ရှိမှု၊ အရည် အသွေးကွာခြားမှု အခြေအနေများကို အောက်ပါအတိုင်း တွေ့ရှိရမှာ ဖြစ်ပါသည်။ အထက်ပါနှိုင်းယှဉ်လေ့လာချက်အရ မြန်မာ့ ချင်း(ဂျင်း)နှင့် အိန္ဒိယချင်း (ဂျင်း)တို့၏ အထွက်နှုန်းနှင့် အရည်အသွေး ကွာခြား မှုများရှိသဖြင့် ပြည်ပတင်ပို့ရာတွင် ချင်း(ဂျင်း) မျိုးများ ပြောင်းလဲ စိုက်ပျိုးသင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ခြင်းထဲကချင်း(ဂျင်း) အကြောင်း သိကောင်းစရာများ
          ယခင်ကာလ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကုန်းကျေးရွာစု တောင်သူများမှာ မိသားစုစားသုံးရန်အတွက် ကိုင်းမြေများတွင် တောင်း အဟောင်းများဖြင့်စိုက်ပျိုးပြီး ရေနစ်မြုပ်ချိန်တွင် နွားတင်းကုတ်၊ မြက်စင်များပေါ်တွင် တင်ထားပြီး ရေကျချိန် အိမ်တံစက်မြိတ်အနီးချထားစိုက်ပျိုးခဲ့ရာမှ တစ်ချိန်တွင်တစ်ခြင်းလျှင် ချင်း(ဂျင်း) သုံးပိဿာ မှ ငါးပိဿာထိထွက်ရှိကြောင်း၊ တစ်စတစ်စ စမ်းသပ်စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးသည် အထိကျယ်ပြန့် လာခဲ့ကြောင်း လေ့လာသိရှိရ ပါသည်။ မျိုးအဖြစ် မြန်မာချင်းဖြူမျိုး၊ ဒေသအခေါ် ချင်းဖြူ (အောက် ချင်း)မျိုးဖြစ်ကြောင်း၊ ဟင်္သာတတွင် စိုက်ပျိုးသောချင်းမျိုးမှာ အနံ့ရှိ ပြီး အမျှင်နည်း၍ အသားနုသဖြင့် ဆေးဘက်ဝင်အမျိုး အစားဖြစ် ကြောင်း၊ အချင်း၂ ပေ၊ အမြင့် ၂ ဒသမ ၅ ပေခန့်ရှိ ကွမ်းခြင်း၊ ထန်း လျက်ခြင်းနှင့် ဒေသတွင် ရက်လုပ်သောခြင်းများကို အသုံးပြုပါသည်။ တိုက်ရိုက်စိုက်ပျိုးခြင်း၊ ပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း  နှစ်မျိုး ရှိကြောင်း တွေ့ရှိရပါသည်။ စိုက်ပျိုးပြီး ရက်ပေါင်းသက်တမ်း ၂၀၀ အကြာ နိုဝင်ဘာလတွင် စတင်တူးဖော်နိုင်ပြီး ရက်ပေါင်း ၂၄၀ ခန့်အကြာ ဇန်နဝါရီလတွင် အရွက်ကျပြီး ချင်းတက်ရင့်ချိန်မှ တူးဖော် ကြကြောင်း၊ တစ်ခြင်းလျှင် အနည်း ဆုံး သုံးပိဿာထွက်ရှိပြီး အများဆုံး ငါးပိဿာထိ ထွက်ရှိပါသည်။ ခြင်းစနစ်ဖြင့် စိုက်ပျိုးလျှင်ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ အိမ်ခြံမြေနေရာ ကျဉ်းကျဉ်းဖြင့် ချင်းများစိုက်ပျိုးနိုင်ပြီး တစ်နိုင်တစ် ပိုင် ပြုစုနိုင်ခြင်း၊ စီးပွားရေး တွက်ခြေကိုက်ခြင်း၊ ခြင်းစနစ်ဖြင့် စိုက်ပျိုး ခြင်းဖြင့် မိုးများသော ဒေသများတွင် ရေစိမ့်ကိုင်မှုသက်သာ၍ ချင်း(ဂျင်း)တွင် ကျရောက်တတ်သော မြေဆောင်ရောဂါများကို ကာကွယ်နိုင်ခြင်း၊ ပေါင်းမြက်ရှင်းလင်းရန်လွယ်ကူ သက် သာခြင်း၊ သီးနှံ ဖော်ရာတွင်သက်သာ၍ ရောဂါကူးစက်မှုနည်းပါးခြင်း၊ တစ်ခြင်း ချင်းပြုစု ပေးနိုင်သဖြင့် အထွက်နှုန်းမြင့် မားပြီး စိုက်ပျိုးသူအတွက် အကျိုးအမြတ်ပိုရရှိခြင်း၊ ပြည်ပပို့ကုန် အမယ်သစ်တစ်ခုအဖြစ် အရည်အသွေး မီချင်း (ဂျင်း) များထုတ်လုပ်နိုင်ခြင်း၊ အထွက်နှုန်းမှာလည်း အတန်းလိုက်စနစ်ထက်ပိုမိုထွက်ရှိပြီး စီးပွား ရေး တွက်ခြေကိုက်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း လေ့လာတွေ့ရှိ ရပါသည်။     

မြန်မာ့ ချင်း(ဂျင်း)စို ဘဏ္ဍာနှစ်အလိုက် ပြည်ပတင်ပို့မှု အခြေအနေ
        မြန်မာ့ ချင်းစို၊ ဘဏ္ဍာနှစ်အလိုက် ပြည်ပတင်ပို့မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အထက်ပါဇယားအရ ချင်း(ဂျင်း)စို ပြည်ပတင်ပို့မှုမှရရှိသော နိုင်ငံခြားငွေသည် နှစ်စဉ် အမေရိကန် ဒေါ်လာတစ်သန်းခန့် ရရှိနေကြောင်း တွေ့ရပါသည်။

မြန်မာ့ချင်း(ဂျင်း)ခြောက် ဘဏ္ဍာနှစ်အလိုက် ပြည်ပတင်ပို့မှု အခြေအနေ
မြန်မာ့ချင်း(ဂျင်း)ခြောက် ဘဏ္ဍာနှစ်အလိုက် ပြည်ပတင်ပို့မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အထက်ပါဇယားအရ ချင်း(ဂျင်း)ခြောက် ပြည်ပတင်ပို့မှုမှရရှိသော နိုင်ငံခြားငွေသည် နှစ်စဉ် အမေရိ ကန်ဒေါ်လာ နှစ်သန်းခန့်ရရှိနေကြောင်း တွေ့ရပါသည်။

မြန်မာ့ ချင်း(ဂျင်း) ခြောက် ဘဏ္ဍာနှစ်အလိုက် နိုင်ငံအလိုက် ပြည်ပတင်ပို့မှု အခြေအနေ
           မြန်မာ့ချင်း(ဂျင်း)ခြောက် ဘဏ္ဍာနှစ်အလိုက်၊ နိုင်ငံအလိုက် ပြည်ပတင်ပို့မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အထက်ပါဇယားတွင် ဖော်ပြထားသည့် နိုင်ငံအလိုက်ပြည်ပတင်ပို့မှု အခြေအနေအရ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံး တင်ပို့ပြီး စင်ကာပူ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ယူအေအီး၊ သီရိလင်္ကာ၊ ဂျာမနီနိုင်ငံများသို့လည်း နှစ်စဉ်ဈေးကွက်မပျက် တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါ သည်။

မြန်မာ့ချင်း(ဂျင်း) စို၊ ချင်း(ဂျင်း)ခြောက် ပြည်ပ တင်ပို့နိုင်မှု ကာလတူနှိုင်းယှဉ်ချက်
        မြန်မာ့ ချင်း(ဂျင်း) စို၊ ချင်း(ဂျင်း)ခြောက် ပင်လယ်ရေကြောင်း၊ နယ်စပ်လမ်းကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၂၀၁၇ ခုနှစ် အောက်တို ဘာလ ၁၃ ရက်ထိ ပြည်ပတင်ပို့မှု အခြေအနေနှင့် ယခင်နှစ်ကာလတူ နှိုင်းယှဉ်မှုမှာ တစ်ဖက်ပါအတိုင်း တွေ့ရပါသည်။ ၎င်းင်းဇယားကိုကြည့်ခြင်းအားဖြင့်  ချင်းစိုကို နယ်စပ်လမ်းကြောင်းမှသာ တင်ပို့လျက်ရှိနေပြီး ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင်ပိုမို၍တင်ပို့နေကြောင်း တွေ့ရှိရပါသည်။ ချင်း(ဂျင်း)ခြောက်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်း နှစ်ခုစလုံးမှ တင်ပို့လျက်ရှိပြီး ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့နေကြောင်း တွေ့ရှိရပါသည်။

မြန်မာ့ချင်း(ဂျင်း) တိုးမြှင့်တင်ပို့နိုင်ရေး
          မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ချင်း(ဂျင်း)အများဆုံးစိုက်ပျိုးထွက်ရှိပြီး အများဆုံးတင်ပို့နေသော တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံကြားတွင် တည်ရှိနေသည့်အတွက် ၎င်းတို့၏ဈေးကွက်များကို ယှဉ်ပြိုင်နိုင်ရန် အရေးကြီး ပါ သည်။  မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း နယ်စပ်မှ အများအပြားတင်ပို့နိုင်ကြောင်း တွေ့ရပါသည်။ ချင်းစို၊ချင်းခြောက် ပို့ကုန်လိုင်စင် လျှောက်ထားရာတွင် သီးခြား ထောက်ခံချက် တင်ြ ပရန်မလိုကြောင်းနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ လွယ်ကူမြန် ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ ပြည်ပဝယ်လက်ဈေးကွက်များလည်း ပုံမှန်ရှိ နေပြီး ဈေးကောင်းရရှိနေသည့် ပို့ကုန်အမယ် ဖြစ်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံမှ တင်ပို့နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် အခွင့်အရေးမဆုံးရှုံးရလေအောင် ဂျပန်ဈေးကွက်အကြိုက်နှင့် ဈေးကွက် ရရှိပြီးေ သာနိုင်ငံများသို့လည်း သတ်မှတ်ထားသည့်အရည်အသွေး စံချိန်စံညွှန်းအတိုင်း တင်ပို့ပြီး ဈေးကွက် ထိန်းသိမ်းသွားရန် လိုအပ်လှပေသည်။ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားနှစ်စဉ်တိုးတက်နေသည့်အပြင် နိုင်ငံတကာစားသုံးမှု လည်း တိုးမြှင့်လျက်ရှိသော ချင်း(ဂျင်း)ကို အိမ်နီးချင်း နိုင်ငံများတွင်လည်း တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နေ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ပြီး ချင်း(ဂျင်း) ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် ပြည်ပဈေး ကွက်အား ထိုးဖောက်ရန် လိုအပ်သကဲ့သို့ ရရှိပြီးသော ဈေးကွက်အား ပိုမိုခိုင်မာလာစေရေး ကိုလည်း ဆောင်ရွက်သင့်ပါသည်၊ ယခင်က စိုက်ပျိုးရန်မြေလွတ်မြေလပ်မရှိသော်လည်း ခြင်းထဲတွင် မြေကြီး မြေသြဇာထည့်ပြီး ချင်း စိုက်ပျိုးခြင်းကို ဧရာဝတီတိုင်းဒေသကြီးတွင် အများအပြားစိုက်ပျိုးခဲ့ဖူးပါသည်။ ယင်းခြင်းထဲက ချင်း(ဂျင်း)ကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးခြင်းဖြင့်လည်း ချင်းစိုက်ပျိုးထုတ်လုပ်မှု တိုး တက်နိုင်ခြေကို ပြန်လည်စဉ်းစားေ ဖာ်ထုတ် သင့်ပေသည်။  ပြည်ပသို့ ချင်း(ဂျင်း)စိုတင်ပို့ရောင်းချခြင်းထက် အကျိုးအမြတ်ပိုမိုရရှိနိုင်သည့် ချင်း(ဂျင်း)ခြောက်၊ Ginger Slide  နှင့်  Value Added များ ပြုလုပ်၍သော် လည်းကောင်း၊ Organic ချင်း(ဂျင်း) အမျိုးအစားဖြင့် လည်းကောင်း တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးစားဆောင် ရွက်သင့်ပေသည်။
 

ခင်ချောစု (ကုန်သွယ်မြင့်)