Main menu

Background

ရော်ဘာနဲ့ ဒေသထွက်ကုန်များ အရည်အသွေးကောင်းမွန်ပြီး ပြည်ပပို့ကုန် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး

Fri, 12/01/2017 - 13:12 -- journal_editor

      မြန်မာနိုင်ငံမှာ ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေအနက် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဟာ ရော်ဘာအများဆုံးစိုက်ပျိုးတဲ့ ဒေသတွေဖြစ်ကြပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီတို င်းဒေသကြီး တို့မှာလည်း စိုက်ပျိုးကြပေမယ့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်လောက် အများအပြားစိုက်ပျိုးခြင်း မရှိကြပါဘူး။ မွန်ပြည်နယ်မှာ ရော်ဘာစိုက်ဧက ငါးသိန်း နီးပါးရှိပြီး ကရင်ပြည်နယ်မှာ ရော်ဘာစိုက်ဧက ၂၇၀၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ပြောရမယ်ဆိုရင် ရော်ဘာစိုက်ဧက ၁၆ သိန်းရှိပြီး အပင်ပေါင်း ခုနစ်သန်းခန့်ဟာ အစေးခြစ်ရမယ့်အရွယ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ရော်ဘာတင်ပို့မှုကို ကြည့် မယ်ဆိုရင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း စက်တင် ဘာလကုန်အထိ ပင်လယ်ရေကြောင်းမှ အမေရိ ကန် ဒေါ်လာ ၆ ဒသမ ၈သန်းကျော်ဖိုးရှိ ရော်ဘာ တန်ချိန် ငါးထောင်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဟာ  ဒေသချင်းဆက်စပ်နေတဲ့ပြည်နယ်နှစ်ခုဖြစ်ပြီး ရာသီ ဥတု အနေအထားချင်းလည်း တူညီတဲ့ဒေသနှစ်ခု ဖြစ်ပါတယ်။ ပြည်နယ်နှစ်ခုစလုံးမှာ ထင်ရှားကျော် ကြားတဲ့ သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေရှိ ကြသလို နိုင်ငံရဲ့ နိုင်ငံခြားငွေကို တစ်ထောင့် တစ်နေရာကနေ ရှာဖွေပေးနေတဲ့ ရော်ဘာပင် အများအပြား စိုက်ပျိုးရာ ဒေသတွေလည်းဖြစ်ကြပါ တယ်။
         မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ပျိုးမှုနဲ့ နာမည် ထင်ရှားသလို ကျွဲကောသီးနဲ့ ဒူးရင်းသီးဟာလည်း ဒေသထွက်ကုန်တွေအနက် အထင်ရှားဆုံးသော ထွက်ကုန်များပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီ သစ်သီးဝလံများဟာ ပြည်တွင်းမှာသာ စားသုံး နေရတဲ့အဆင့်မှာပဲရှိနေတာဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းတဲ့အခြေအနေတစ်ခုလို့ ပြောရ မှာဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံ အသီးသီး ဟာ စားသုံးသူအကာအကွယ်ပေးရေး အတွက်  ဓာတုကင်းလွတ်သီးနှံများကိုသာ တင်သွင်းခွင့်ပြု နေတဲ့အတွက် ဓာတုကင်းလွတ်တဲ့သီးနှံဖြစ်ဖို့က အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူး။ မြန်မာနိုင်ငံဟာ ဆယ်စုနှစ် နှစ်စု ကြာမျှ ပိုးသတ်ဆေးတွေ၊ ဓာတုဆေးဝါးတွေနဲ့ယဉ်ပါးနေ ခဲ့တဲ့အတွက် ဓာတုကင်းလွတ်တဲ့ အော်ဂဲနစ်သီးနှံ ဖြစ်ဖို့ အချိန်အတော်ကြာယူရဦးမှာဖြစ်ပါတယ်။ "ကျွန်တော်တို့ မွန်ပြည်နယ်မှာ ဒေသထွက် ကုန်အနေနဲ့ ကျွဲကောသီး၊ မင်းကွတ်သီး၊ ဒူးရင်းသီး၊ ကြက်မောက်သီးတို့ ထွက်ရှိပြီး အဓိကထွက်ကုန်က  တော့ ကျွဲကောသီးပါ။ လောလောဆယ် အနေ အထားအရတော့ ကျွဲကောသီးကို ပြည်တွင်းမှာပဲ စားသုံးကြပါတယ်။ နိုင်ငံခြားကို တင်ပို့နိုင်ခြင်းမရှိ သေးပါဘူး။ မွန်ပြည်နယ်မှာ ပြည်ပပို့ကုန်အဖြစ် အရည်အသွေးမီတဲ့ ယိုစုံနဲ့ ဆွီတီမဆလာ ရှိပါ တယ်။ ဒါပေမဲ့ ပြည်တွင်းမှာပဲ ဖြန့်ဖြူးရတဲ့ အဆင့်မှာပဲ ရှိပါတယ်"လို့ မွန်ပြည်နယ် ရာမည ကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ လက်ေ ထာက် ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားခဲ့ပါတယ်။ မွန်ပြည်နယ်တွင် ကျွဲကောစိုက် ဧကပေါင်း နှစ်ထောင်ကျော်ရှိနေသော်လည်း ပြည်ပသို့ တင်ပို့ ရန်မှာ GAP စနစ်ကို မကျင့်သုံးနိုင်သေးသဖြင့် အဆင်မပြေသေးေ ကြာင်း၊ ကျွဲကောဇုန် ပြုလုပ်ပြီး GAP စနစ်ဖြင့်ကျင့်သုံးပြီးလျှင် ကမ္ဘာ့နိုင်ငံအနှံ့ အပြားကို တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့ပါတယ်။
          ရော်ဘာပင်ဟာ တစ်ပင်လုံးအသုံးဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ရော်ဘာဟာ ပြည်တွင်း စက်မှုလုပ်ငန်းအတွက်သာမက ပြည်ပပို့ကုန်အတွက် အရေးပါတဲ့ စက်မှုကုန်ကြမ်းသီးနှံဖြစ်ပါတယ်။ ရော်ဘာပင်ဟာ ပင်ပျို အရွယ်မှာ အစေးထုတ်ယူလို့ ရသလို အပင်အိုသွားချိန်မှာလည်း သစ်အဖြစ် အသုံးပြုနိုင်ပါတယ်။ ရော်ဘာသစ်နဲ့ သစ်ခွဲသား တွေ ပြုလုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်း ချလို့ရသလို အချောထည်ကုလားထိုင်များ၊ စားပွဲများ စတဲ့ ပရိ ဘောဂပစ္စည်းများ ပြုလုပ်ကာ ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း MOS  ရော်ဘာသစ် အချောထည်ထုတ်လုပ်ရေးစက်ရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ရော်ဘာပင်ဟာ နှစ်ရှည်ပင်ဖြစ်တာကြောင့် မျိုးကောင်းမျိုး သန့်ရွေးချယ် စိုက်ပျိုးရေးဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ရော်ဘာအစေး ပိုမိုထွက်ရှိရေးနဲ့ သက်တမ်းပြည့် အစေးလှီးနိုင်ရေးတို့ဟာ ရော်ဘာပင်ရဲ့အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် မိမိဒေသရဲ့ ရေမြေ ရာသီဥတုနဲ့ကိုက်ညီတဲ့ အထွက်ကောင်းမျိုးများကို ရွေးချယ် စိုက်ပျိုးဖို့ လိုအပ်လှပါတယ်။ "မြန်မာနိုင်ငံဒေသအလိုက် စိုက်ပျိုးဖို့ သင့်တော်တဲ့မျိုးတွေကတော့ မိုးရေချိန်လက်မ ၁၈၀၊ ၂၀၀ ရရှိလို့ မိုးများပြီး ခြောက်သွေ့တဲ့ တန င်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်ဒေသတွေမှာ စိုက်သင့်တဲ့ မျိုးတွေကတော့  BPM-24 , RRIC-100, RRIM-717, PB-235 တို့ဖြစ်ပါတယ်။ မိုးရေချိန်လက်မ ၁၀၀-၁၂၀ ရရှိလို့ မိုးအသင့်အတင့်ရှိပြီး ပူပြင်း ခြောက် သွေ့တဲ့ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီဒေသတွေမှာ စိုက်ပျိုးသင့်တဲ့ မျိုးတွေကတော့ PB-260 , RRIM-717, PB-235, RRIM-623, GT-1 ဖြစ်ပါတယ်။ မိုးရေချိန်လက်မ ၅၀-၆၀ ပဲရရှိလို့ မိုးနည်းပြီး အေးမြတဲ့ ကချင်၊ ရှမ်းတောင်တန်းဒေသတွေမှာ စိုက်သင့် တဲ့ မျိုးတွေကတော့ RRIM-600, GT-1, PR-255, PR-107, RRIM-623 တို့ဖြစ်ကြပါတယ်။ ရော်ဘာပင်ရဲ့ သဘာဝဟာ စတင်စိုက်ပျိုးတဲ့အချိန် ကနေ အနည်းဆုံး ၇ နှစ်၊ ၈ နှစ်ကြာမှသာ အစေးထုတ်ယူနိုင်တာကြောင့် ကိုယ့်ေ ဒသနဲ့ကိုက်ညီတဲ့ မျိုးတွေကို ရွေးချယ် စိုက်ပျိုးဖို့ လိုအပ်ပါတယ်"လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နှစ်ရှည်သီးနှံဌာနမှ ဌာန တာဝန်ခံ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြဝင်းက ပြောကြားခဲ့ပါတယ်။
         မြန်မာ့ရော်ဘာဟာ အရည်အသွေးကောင်း ပေမယ့် ထုတ်ယူမှု  နည်းစနစ်မမှန်ခြင်း၊ နည်း ပညာပိုင်းဆိုင်ရာ  အားနည်းခြင်း၊ နိုင်ငံတကာ အဆင့်မီသည့် ရော်ဘာပြားများ မထုတ်လုပ်နိုင် ခြင်းစတဲ့အချက်တွေကြောင့် နိုင် ငံတကာ ရော်ဘာ ဈေးကွက်မှာ ဈေးကောင်းမရဘဲ ဈေးနှိမ်ခံရခြင်း များနဲ့သာ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ "ပြည်တွင်းက ထွက်ရှိတဲ့ရော်ဘာတွေကို အရည်အသွေးကိုလိုက်ပြီး  ဈေးအနည်းငယ် ကွာခြားပါတယ်။ ကျွန်ေ တာ်တို့   အဝယ်ဒိုင်ကိုတော့ ရန်ကုန်၊ ပဲခူး၊ မွန်၊ တနင်္သာရီ စတဲ့ဒေသတွေက ရော်ဘာလုပ်ငန်းရှင်တွေ လာရောက်ရောင်းချ ကြပါတယ်။ လာရောင်းကြတာကတော့ RSS-1, RSS-2 နှင့် RSS-3 တို့ က အများဆုံးပါ။ မြန်မာနိုင်ငံ ရော်ဘာအသင်းရဲ့ချိတ်ဆက်ပေးမှုကြောင့် ပြည်ပအဝယ်ဒိုင်တွေနဲ့ ချိတ်မိပါတယ်။ ကျွန်တော်တို့ အဝယ်ဒိုင်အနေနဲ့တော့ လက်ငင်းငွေချေစနစ်ကိုသာ အသုံးပြုပါတယ်" လို့ မေထားရော်ဘာအဝယ်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ မြန်မာ့ရော်ဘာအထွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး ကျန်တာကို ထိုင်း၊ မလေး ရှားနဲ့ ဂျပန်နိုင်ငံတို့ကို တင်ပို့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ပြည်တွင်းက ရန်ကုန်တာယာစက်ရုံက အများဆုံး ဝယ်ယူကြောင်း သိရပါတယ်။ သို့သော် မြန်မာ့ရော်ဘာများရဲ့ အရည်အသွေးဟာ ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်လုပ်တဲ့ ရော်ဘာများရဲ့အရည်အသွေးကို မမီတာကြောင့် ရော်ဘာ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် အဆင့်မြ င့်ရော်ဘာဓာတ်ခွဲခန်းတစ်ခုကို ရန်ကုန် တိုင်းဒေသကြီးမှာ တည်ဆောက်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ်မြို့နယ် သဗျာကျေးရွာ အနီးမှာ ကျပ်သန်း ၂၀၀၀ တန် စက်ရုံကို အရည် အသွေးမြင့်ရော်ဘာ ထုတ်လုပ်ဖို့ ဆောက် လုပ်လျက်ရှိရာ ဒီဇင်ဘာလအတွင်း ပြီးစီးမှာဖြစ်တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဘားအံစက်မှုဇုန်မှာ နော်ဝေနိုင်ငံ မှ Nyor ကုမ္ပဏီ၊ ထိုင်းနိုင်ငံမှ Southland ကုမ္ပဏီ၊ ကရင်ပြည်နယ်ရော်ဘာထုတ်လုပ်ရေးအသင်း တို့နဲ့အတူ ရော်ဘာစက်ရုံတစ်ရုံ  ဆောက်လုပ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
           အရည်အသွေးမီတဲ့ရော်ဘာများရရှိဖို့ အခု လိုစီမံကိန်းတွေမှာ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်း မှသာ ရော်ဘာ အရည်အသွေးကိုမြင့်စေပြီး၊ ဒေသ တွင်းရော်ဘာထွက်ကုန်တွေကိုလည်း အရည် အသွေးမြှင့်တင်ရာရောက် မှာ ဖြစ်ပါတယ်။ ဒါ့ အပြင် နိုင်ငံတကာရဲ့ ဝယ်လိုအားလည်း တက် လာပြီး မှောင်ခိုတင်ပို့မှုလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ကရင်ပြည် နယ်ဟာ ထူးခြားတဲ့ဒေသထွက်ကုန်  မရှိပေမယ့် ဒေသ တွင်းမှာ စားသုံးဖို့အတွက် စပါး၊ ရော်ဘာ၊ မြေပဲ၊ ပြောင်း၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ကော်ဖီ၊  ပဲတီစိမ်း၊ နှမ်း စတဲ့ လယ်ယာထွက်ကုန်တွေ စိုက်ပျိုး လျက်ရှိပါတယ်။ အဲဒီလယ်ယာထွက်ကုန်များအနက်  သံတောင် မြို့က ထွက် ရှိတဲ့ ကော်ဖီဟာ  အမျိုးအစားအကောင်း ဆုံးကော်ဖီဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါ တယ်။ ဒါပေမဲ့လည်း သံတောင်ဒေသမှာစိုက်ပျိုးတဲ့ ကော်ဖီပင်တွေဟာ အပင်သစ်ကို စိုက်ပျိုးခြင်း မဟုတ်ဘဲ အပင်ဟောင်းကိုသာ ကိုင်းချိုင်ခြင်း၊ ကိုင်းသစ်ထွက်စေခြင်း စတဲ့မိရိုးဖလာနည်းများနဲ့ စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကော်ဖီသီး များကို ခူးဆွတ်ရာမှာလည်း  ကော်ဖီအထွက်နှုန်း နဲ့ အရည်အသွေးကို အဓိကထားပြီး ခူးဆွတ်တာမျိုး မဟုတ်ဘဲ တစ်နိုင်တစ်ပိုင် မိသားစုပုံစံနဲ့သာ ထုတ် လုပ်နေတာကြောင့်အရည်အသွေး ကောင်းပေ မယ့် ဈေးကောင်းမရဖြစ်နေတယ်လို့ ဆိုပါတယ်။ သံတောင်ကြီး ဒေသမှာ ကော်ဖီစိုက်ဧက ၉၅၉၀ ရှိကြောင်း သိရပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ဟာ ထိုင်း နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသနှစ်ခု ဖြစ်တာကြောင့် ထိုင်းနိုင်ငံကထွက်ရှိတဲ့ လယ်ယာ ထွက်ကုန်မှအစ လူသုံးကုန်ပစ္စည်းအဆုံး တရား ဝင်လမ်းကြောင်းရော၊ တရားမဝင်လမ်းကြောင်း များမှပါ ဝင်ရောက်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ပြည်တွင်းက သစ်သီးဝလံ ပန်းမန်ဈေးကွက်ကို ထိုင်းနိုင်ငံရဲ့ သစ်သီးဝလံ ပန်းမန်ဈေးကွက်က ကြီးစိုးနေတာဟာ မြန်မာ့ သစ်သီးဝလံဈေးကွက်အတွက် အဓိက စိန်ခေါ်မှု တစ်ခုပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ သစ်သီးဝလံ များဟာ သစ်သီးရဲ့အရသာမှာ ပြည်တွင်းကထွက် ရှိတဲ့ သစ်သီးများရဲ့ အရသာကို မမီပေမယ့်လည်း အဆိုပါ သစ်သီးများရဲ့အရွယ်အစား၊ အရောင် အဆင်း၊ အရည်အသွေးတို့ကို ပြည်တွင်းထွက် သစ်သီးဝလံများက လိုက်မမီတာကို တွေ့ရမှာ ဖြစ် ပါတယ်။ ဒါဟာ မျိုးကောင်းမျိုးသန့်ကို မစိုက်ပျိုး ခြင်း၊ နည်းပညာအားနည်းခြင်း၊ ခေတ်မီစိုက်ပျိုးရေးစနစ်များ ကို မကျင့်သုံးခြင်းတို့ေ ကြာင့် ဖြစ်ရတယ်လို့ သုံးသပ်မိပါတယ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မှတစ်ဆင့် သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်များကို မြန်မာနိုင်ငံတွင်းသို့ တင်သွင်းလျက်ရှိရာမှာ ၁၀ ဘီးကားကြီးများနဲ့ နေ့စဉ် ကားခြောက်စီးမှ ၁၀ စီးအထိ မြဝတီသို့ ဝင်ရောက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ ကရင် ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကရင်ပြည်နယ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့ နိုဝင် ဘာလ ၂၄ ရက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင် ရောက်လာ တာနဲ့အမျှ ကရင်ပြည်နယ်သာမက ၎င်းနဲ့ထိစပ်နေတဲ့ မွန် ပြည်နယ်မှာပါ ဒေသဖွံ့ဖြိုးမှု အသီးအပွင့်များကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသထွက်ကုန်များကို စိတ်ဝင်စား ကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်ပပို့ကုန်များ လည်း တိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။

 

ခင်မြနွယ် (MyanTrade)