Main menu

Background

ပြည်ပကုန်သွယ်မှုမြင့်တက်၊ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ပိုမိုပြီး အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံခန့် ရောက်ရှိ

Mon, 12/04/2017 - 14:58 -- journal_editor

        မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှ ဖွံ့ဖြိုးပြီးနိုင်ငံတစ် နိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်ရန်အတွက် အစိုးရနှင့်ပြည်သူလက်တွဲ ညီညီ ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံ တော်အစိုးရသည် နိုင် ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးမူဝါဒ(၁၂)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ အော င်မြင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ “ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် (Developing National Economy Through Trade)”ဟူသော မျှော် မှန်းချက်နှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရပါတယ်။  ပြည်ပကုန်သွယ်မှုကဏ္ဍသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသော အခန်းကဏ္ဍတစ်ခုဖြစ်နေေ သာကြောင့် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မိမိတို့ဝန်ကြီးဌာနက ချမှတ်ထား သည့် မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ နှင့်အညီ ပို့ကုန်များအား ခိုင်မာသောဈေးကွက်များ ကျယ်ကျယ် ပြန့်ပြန့်ရရှိနိုင်ရေး၊ ဈေးကွက်သေချာ သည့် ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ ပို့ကုန်တင်ပို့မှု လွယ်ကူလျင်မြန်စေေ ရးနှင့် နိုင်ငံ၏ပြည်ပကုန်သွယ်မှုကဏ္ဍအား နှစ်စဉ်အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက် ပါတယ်။ ထိုသို့ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် တွင် ကုန်သွယ်မှုပမာဏ ၂၉ ဒသမ၂၁ ဘီလီယံဖြင့် ကုန်သွယ်မှုသမိုင်းတစ်လျှောက် အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိခဲ့ကြောင်း တွေ့ရှိ ရပါတယ်။ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်(ဧပြီလမှ နိုဝင်ဘာလ ၂၄ ရက်နေ့ထိ) ကုန်သွယ်မှုေ ဆာင်ရွက်နိုင်မှုမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ဧပြီလမှ နိုဝင်ဘာလ ၂၄ ရက်နေ့ထိ) ကာလတူထက် ၃ ဒသမ ၉ ဘီလီယံကျော် ပိုမိုဆောင်ရွ က်နိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှုသမိုင်းတွင် မှတ်တိုင်သစ်တစ်ရပ် ထပ်မံစိုက်ထူနိုင်တော့ မှာ ဖြစ်ပါတယ်။
          မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုအခြေအနေဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ) ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ဖြစ်တဲ့အတွက် ကုန် သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆ ဘီလီယံ ဆောင်ရွက်နိုင် ခဲ့ပြီး ယခင်နှစ်ကာလတူထက်ပို့ကုန် ၁ ဒသမ ၆ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ၂ ဒသမ ၃  ဘီလီယံအပါအဝင် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရှိရပါတယ်။ ပြည်ပပို့ကုန်ကဏ္ဍကိုကြည့်မယ်ဆိုရင် ဒီနှစ်မှာသစ်တောထွက် ပစ္စည်းအုပ်စုက လွဲလို့ ကျန်ပို့ကုန်ပစ္စည်းများအားလုံး ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၁၈၇၇ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး အဓိကတင်ပို့တဲ့ လယ်ယာထွက် ကုန်ပစ္စည်းေ တွကတော့ ပဲမျိုးစုံတန်ချိန် ၉ ဒသမ ၇သိန်းကျော်၊ တန်ဖိုး ၆၇၁ ဒေါ်လာသန်း၊ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၁ သိန်း ကျော်၊ တန်ဖိုး ၆၄၃ ဒေါ်လာသန်း၊ ရော်ဘာတန်ချိန် သုည ဒသမ ဒသမ၇ သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ် လာ ၁၀၄ သန်း၊ နှမ်း တန်ချိန် သုညဒသမ ၈၁ သိန်း၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၉၇ သန်း၊ သစ်သီးဝလံမျိုးစုံ တန်ချိန် ၄ ဒသမ ၇ သိန်းခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၉၀ နှင့် ပြောင်းတန်ချိန် ရှစ်သိန်းခန့်၊ တန်ဖိုး အေ မရိကန်ဒေါ်လာ ၁၅၇ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ်ဒီ အချိန်ထိတော့ မြန်မာနိုင်ငံရဲ့ဆန်နှင့်ဆန်ကွဲ တင်ပို့မှုက ယခင်နှစ် ကာလတူထက် တန်ချိန် ၁၄ သိန်းခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး လယ် ယာကဏ္ဍ တင်ပို့မှုရဲ့အဓိက နေရာမှာ ရောက်ရှိနေတာကို တွေ့ရပါတယ်။ ဆန်နှင့်ဆန်ကွဲတင်ပို့မှုတွင် ယခင်နှစ်က နယ်စပ်ကုန်သွယ်မှုဖြင့် တင်ပို့မှုအားလုံး၏ ၇၂ ရာခိုင်နှုန်းဖြင့် အဓိကတင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ပင်လ ယ် ရေကြောင်းမှ တင်ပို့မှုတွင် ၆၀ ရာခိုင်နှုန်းနှင့် နယ်စပ်ကုန်သွယ်မှုဖြင့် တင်ပို့မှု ၄၀ ရာခိုင်နှုန်းဖြစ်သဖြင့် ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန် ကွဲတင်ပို့သည့် နိုင်ငံ များအနေဖြင့်လည်း ယခင်နှစ်က ၂၉  နိုင်ငံသာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ  ၄၈ နိုင်ငံ တင်ပို့နိုင်ခဲ့သဖြင့် ၁၉ နိုင်ငံသို့ ဈေးကွက်တိုးချဲ့ တင်ပို့နိုင်တဲ့အပြင် မြန်မာ့ဆန်တင်ပို့မှုမှာ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခု ဧပြီလ မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ကာလအတွင်း  သဘာဝဓာတ်ငွေ့တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ၂၀၁၄ သန်း တင်ပို့နိုင်ခဲ့ပြီး ပြည်ပပို့ကုန်တင်ပို့မှုတွင် ပထမနေရာတွင်ရှိနေကာ ယခင်နှစ် ကာလတူထက် အမေရိ ကန်ဒေါ်လာသန်း ၂၅၀ ပိုမို တင်ပို့နိုင်ခဲ့ကြောင်း၊ CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈၄ သန်းနဲ့ ဒုတိယနေရာတွင်ရှိနေပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၅၂၅ သန်း ပိုမိုတင် ပို့နိုင်ခဲ့ကြောင်း  သိရှိရပါတယ်။  ယခုနှစ်မှာ ရေထွက်ပစ္စည်းနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုဟာ ယခင်နှစ်များထက် အနည်း ငယ်သာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
         သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုဟာ ယခုနှစ် ဧပြီလ မှ နိုဝင် ဘာလ ၂၄ ရက်နေ့အထိ တန်ဖိုးအမေရိကန်ဒေါ်လာ ၉၂၇ သန်း တင်ပို့နိုင်ပြီး ယခင်နှစ်ကာလတူမှာ အမေရိကန်ဒေါ်လာ ၆၅၄ သန်း သာ တင်ပို့နိုင်တဲ့အတွက် အမေရိကန်ဒေါ်လာ၂၇၃ သန်း ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုကို အသေးစိတ်လေ့ လာကြည့်တဲ့အခါ သတ္တုနှင့် သတ္တုရိုင်းများတင်ပို့မှုဟာ ယခုဘဏ္ဍာ နှစ်(ဧပြီလ မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ) အေ မရိကန်ဒေါ်လာ ၄၁၅ သန်းတင်ပို့နိုင်ပြီး ယခုနှစ်ကာလတူတင်ပို့နိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၇၅ သန်းသာရှိတဲ့အတွက် အမေရိကန်ဒေါ်လာသန်း ၂၄၀ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အခြားသတ္တုတွင်းထွက်ပစ္စည်းများတင်ပို့မှု အေ နဖြင့် ယခုနှစ် (ဧပြီလမှ နိုဝင်ဘာလ ၂၄ ရက် နေ့အထိ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁၆ သန်း တင်ပို့ခဲ့ပြီး ယခင် နှစ်ကာလတူတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈၉ သန်းရှိသဖြင့် အမေရိကန်ဒေါ်လာ ၁၂၇ သန်း ပိုမိုတင်ပို့နိုင်ခဲ့ေ ကြာင်း၊ သတ္တု တွင်းထွက်ပစ္စည်းများ တင်ပို့မှုတွင် တင်ပို့သည့်ဈေးကွက်မှာ ထူးခြား စွာပြောင်းလဲမှုမရှိသော်လည်း သတ္တုနှင့်သတ္တုရိုင်းပစ္စည်း အမျိုး အစားများနှင့် တင်ပို့သည့်အရေအတွက်များ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ပိုမိုတင် ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ ပြည်ပမှသွင်းကုန်တင်သွင်းမှုတွင်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ သွင်းကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ ၁၁ ဒသမ၈ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူသွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ၅ ဘီလီယံရှိသည့်အတွက် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံပိုမို ဆောင်ရွက်နိုင် ခဲ့ကြော င်း သိရှိရပါတယ်။
         ပြည်ပသွင်းကုန် တင်သွင်းမှုတွင် ယခင်နှစ်ကာလတူ ပိုမိုတင် သွင်းခဲ့သည့် ကုန်ပစ္စည်းများအား လေ့လာကြည့်ပါက အဓိကအား ဖြင့် ရေနံထွက်ပစ္စည်းများဖြစ်သည့် ဒီဇယ်၊ ဓာတ်ဆီ တင်သွင်းမှု သည် မိမိတိုင်းပြည်၏ မော်တော်ယာဉ် အနေအထားနှင့် အခြား စက်မှုလုပ်ငန်းများ တည်ဆောက်ရေးလုပ်ငန်းများ သုံးစွဲမှုအပေါ်မူ တည်နေကြောင်း၊ ဓာတုဗေဒချည်ခင်များ တင်သွင်းမှုသည် အထည် အလိပ်လုပ်ငန်းများဖြစ်သည့် SME လုပ်ငန်းများ ပြန်လည်ဦးမော့ လာသည့် အခြေအနေကိုပြနေကြောင်း၊ ဆေးဝါးပစ္စည်းများ တင်သွင်းမှုသည် နိုင်ငံသူ/ နိုင်ငံသားများ၊ ပြည်သူ/ ပြည်သားများ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထား ဆောင်ရွက်လာနိုင်ခြင်းပင်ဖြစ်ကြော င်း တွေ့ ရှိရပါတယ်။  ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်မည်မျှပင် ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေပေမယ့် စိန်ခေါ်မှု အခက်အ ခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ သာဓကပြရရင် မြန်မာနိုင်ငံ၏  ပဲမျိုးစုံတင်ပို့မှုတွင် နှစ်စဉ် အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပဲစင်းငုံတင် သွင်းမှုအား လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်တွင် မတ်ပဲနှင့် ပဲတီစိမ်း တင်သွင်းမှုအား လည်းကောင်း ကန့်သတ်ခဲ့ခြင်းကြောင့် ယခုနှစ် (၁-၄-၂၀၁၇ ရက် နေ့မှ ၂၄-၁၁-၂၀၁၇ ရက်နေ့ထိ) ပဲတင်ပို့မှုအား ယခင်နှစ် ကာလ တူတင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၄၃ သန်း လျော့နည်းခဲ့ရတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အလား တူပင် Re-export သကြားတင်ပို့မှုအား ၂၀၁၇ ခုနှစ် စက် တင်ဘာလ ၂၂ ရက်တွင် ရပ်ဆိုင်းခဲ့ခြင်းကြောင့် Re-export သကြားတင်ပို့မှုသည်လည်း ယခင်နှစ်ကာလ တူထက် အမေ ရိကန်ဒေါ်လာ ၃၁၆ သန်း လျော့နည်းခဲ့ရတာကို တွေ့ရမှာဖြစ် ပါတယ်။ သွင်းကုန်ပိုင်းတွင်လည်း ယာဉ်တင်သွင်းမှု မူဝါဒအပြောင်းအလဲများကြောင်း မော်တော်ယာဉ်နှင့် မော်တော် ယာဉ်ပစ္စည်းများ တင်သွင်းမှု၌ ယခင်နှစ်ကာလတူထက် အမေ ရိကန်ဒေါ်လာ၂၃၉ သန်းလျော့နည်းသွားတာကို တွေ့ရှိရပါ တယ်။  
           ဒီလိုစိန်ခေါ်မှုတွေအပြင်  နိုင်ငံရဲ့အဓိကတင်ပို့နေတဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရာ မှာ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်များ  ကျရောက်ခြင်း၊ သွင်းအားစု ကုန်ကျစရိတ်မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုး သန့် ရရှိရန်လိုအပ်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်မားခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များ (Value Added) ထုတ်လုပ်မှုနည်းပါးခြင်း၊ နိုင်ငံတကာ ဈေးကွက်နှင့် ဝယ်လိုအားအပေါ် တည် မှီနေရခြင်း၊ ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များ၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှုစနစ်များ လိုအပ်နေခြင်းစတဲ့ အချက်များဟာ လက်ရှိလယ်ယာထွက် ကုန် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ များနဲ့ ကြုံတွေ့နေရပါတယ်။ ယင်းသို့ကုန်သွယ်မှုနယ်ပယ်တွင် အခက်အခဲများ စိန် ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ပြည်ပကုန်သွယ်မှု တိုးမြှင့်ရေး ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ စီးပွား ရေးမူဝါဒနှင့်အညီ သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ အသင်း အဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း၊ သက်ဆိုင်ရာ ကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်း၊ ကုန်သွယ်မှု Mission များစေလွှတ်ခြင်း၊ ဈေးကွက် သစ်များ ရှာဖွေခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ပြင်ဆင်ဖြေလျော့ ခဲ့ခြင်းတို့ကြောင့် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ပိုမိုဆောင်ရွက် နိုင်ခဲ့ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

 

ရှင်မင်းအံ့ (တန့်ဆည်)