Main menu

Background

မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းဈေးကွက်မှသည် နိုင်ငံတကာဈေးကွက်သစ်များသို့တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

Thu, 03/29/2018 - 11:38 -- journal_editor

             ရော်ဘာသည် လူသားတို့နေ့စဉ်ဖြတ်သန်းနေထိုင်သည့် လူမှု ဘဝရှိ အသုံးပြုနေသော  ပစ္စည်းများတွင်  ကုန်ကြမ်းအဖြစ်သော် လည်းကောင်း၊ ကုန်ချောအဖြစ်သော်လည်းကောင်း၊ ဆက်စပ်ပစ္စည်း များ အဖြစ်သော် လည်းကောင်း တစ်စိတ်တစ်ဒေသပါဝင်လျက်ရှိသည့် အသုံးဝင်သည့်ပစ္စည်းတစ်မျိုးဖြစ်သည်။  ရော်ဘာအားနယ်ပယ်မျိုး စုံတွင် ပုံသဏ္ဍာန်မျိုးစုံဖြင့် အသုံးပြုလျက်ရှိကြသည့်အတွက် ရော်ဘာ ဈေးကွက်သည် တစ်နေ့ထက် တစ်နေ့  တွင်ကျယ်လာလျက်ရှိသည်   ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံ သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ပို့ကုန်ကဏ္ဍအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံ များသို့ အများဆုံး တင်ပို့လျက်ရှိပြီး ရော်ဘာသည်လည်း လယ်ယာထွက်ပို့ကုန်တင်ပို့ သည့် ပို့ကုန်ပစ္စည်းများတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ဘဏ္ဍာနှစ်အလိုက် မြန်မာနိုင်ငံမှ   ပြည်ပသို့ရော်ဘာတင်ပို့ အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    မြန်မာနိုင်ငံ၏ ရော်ဘာတင်ပို့မှုကိုလေ့လာကြည့်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်ထိ) ပင်လယ်ရေ ကြောင်းမှ တန်ချိန်  ၄၁၃၁၂ တန်နှင့် နယ်စပ်ကုန်သွယ်မှုမှ တန်ချိန် ၉၄၂၄၄ တန် တင်ပို့နိုင် ခဲ့ပြီး ယခင်နှစ်ကာလတူထက် ရော်ဘာတန်ချိန် ၈၇၃၂ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၉၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ထို့အပြင်  ယခုဘဏ္ဍာနှစ်တွင် ရော်ဘာတင်ပို့မှု၏ ၆၅ ရာခိုင် နှုန်းကျော် သည် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှု၏ အဓိကလမ်း ကြောင်းဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့်  ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့လျက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်အတွင်း မြန်မာနိုင်ငံမှ ရော်ဘာအများဆုံးတင်ပို့သည့် နိုင်ငံငါးခု မှာ တရုတ်နိုင်ငံ ၊  မလေးရှားနိုင်ငံ ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း တွေ့ရသည်။မူဆယ်နယ်စပ်ဒေသတွင်  မတ်လ ၈ ရက်၌  ဖြစ်ပေါ်လျက်ရှိ သော ရော်ဘာေ ဈးနှုန်းများအရ ရော်ဘာ ျွှ ( ၃ ) တစ်တန်လျှင်  ယွမ် ၁၀၀၀၀ နှင့် ယွမ် ၁၀၆၀၀ ဈေးနှုန်းရှိခဲ့ပြီး မန္တလေးမြို့မှမူဆယ်မြို့ အထိ သယ်ယူစရိတ်မှာ ရော်ဘာတစ်ပိဿာလျှင် ၆၅  ကျပ်ဖြစ်ကာ အလုပ်သမားခ ( တင်/ချ ) မှာ ၅၀ ကီလို တစ်အိတ်လျှင် ကျပ် ၅၀  ကျသင့်ကြောင်း သိရှိရသည်။ပြည်တွင်းဈေးကွက်အနေဖြင့် ရော်ဘာတစ်ပေါင်လျှင်  ကျပ် ၇၈၀  ရှိကြောင်းကို  မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှသိရှိရပြီး လိုင်စင်ဈေးနှုန်း အနေဖြင့်ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၁၃၅၈ မှ ၁၄၅၀  ရှိကြောင်း သိရှိရသည်။
   ပြည်ပရော်ဘာဈေးကွက်အနေဖြင့် မတ်လ  ၈ ရက်တွင်  ထိုင်းနိုင်ငံ၊ ဗန်ကောက်ရော်ဘာဈေးမှာRSS -1 တစ်တန်လျှင် ၁၇၈၃ ဒသမ ၅ အမေရိကန်ဒေါ်လာ RSS -2တစ်တန်လျှင်  ၁၇၆၄ ဒသမ ၅  အမေရိကန်ဒေါ်လာ၊RSS - 3 တစ်တန်လျှင်  ၁၇၄၇  အမေရိကန်ဒေါ်လာ ၊RSS - 4 တစ်တန်လျှင် ၁၇၃၇ ဒသမ ၅  အမေရိ ကန်ဒေါ်လာRSS - 5  တစ်တန်လျှင်  ၁၇၂၃  အမေရိကန်ဒေါ်လာ ဖြစ်ခဲ့ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူရော်ဘာဈေးမှာMSR -20  တစ်တန်လျှင် ၁၄၈၅ အမေရိကန်ဒေါ်လာဈေးဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာ့ရော်ဘာဈေးမှာ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်မြင့် တက်လာသည်ကို တွေ့ရှိရသည်။
The  Daily  Records  News  အရ ကမ္ဘာ့နိုင်ငံများတွင် ရော်ဘာ အများဆုံးထုတ်သည့် နိုင်ငံ    ၁၀ နိုင်ငံမှာ ထိုင်းနိုင်ငံ၊  အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊  ဗီယက်နမ်နိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊ အိုင်ဗရီကို့စ်နိုင်ငံ၊ ဂွာတီမာလာနှင့် ဘရာဇီးနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
Worldexports.com  တွင် ဖော်ပြထားသောစာရင်းများအရ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာတင်ပို့မှု၏ ၉၅ ဒသမ ၄ ရာခိုင်နှုန်းကိုတင်ပို့နိုင်ခဲ့သော ၁၅ နိုင်ငံစာရင်းတွင် မြန်မာ နိုင်ငံသည် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ အိုင်ဗရီကို့စ်နိုင်ငံတို့ပြီးလျှင် ဆဋ္ဌမမြောက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်ကိုလေ့လာတွေ့ရှိရသည်။  ကမ္ဘာ့သဘာ၀ ရော်ဘာတင်ပို့ရောင်းချနိုင်မှု၏ ၈၀ ရာခိုင်နှုန်းသည် အာရှနိုင်ငံများ မှဖြစ်ပြီး အာဖရိကနိုင်ငံများမှ  ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဥရောပနိုင်ငံ များမှ ၄ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးတင်ပို့နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ကမ္ဘာ့ရော်ဘာ ဝယ်လိုအားအခြေအနေကို လေ့လာကြည့်မည် ဆိုပါက ကမ္ဘာပေါ်တွင် ရော်ဘာတင်သွင်းလျက်ရှိသည့် နိုင်ငံပေါင်း ၁၆၉ နိုင်ငံရှိပြီး  ကမ္ဘာ့ရော်ဘာတင်သွင်းမှု အများဆုံးနိုင်ငံများမှာ တရုတ် ၊ အမေရိကန် ၊ မလေးရှား ၊ဂျပန် ၊ အိန္ဒိယ ၊ တောင်ကိုးရီးယား၊ ဂျာမနီ၊ ဘရာဇီး၊ စပိန်နှင့် ပြင်သစ်နိုင်ငံများဖြစ်ကြောင်း တွေ့ရှိရ သည်။Rubber World  New  ခန့်မှန်းချက်အရ ၂၀၁၆-၂၀၂၂ ခုနှစ် အတွင်း မြောက်အမေရိက၊ အာရှ-ပစိဖိ တ်နှင့် ဥရောပနိုင်ငံများတွင် ရော်ဘာဈေးကွက်များ မြင့်တက်လာနိုင်ကြောင်း  ခန့်မှန်းထားပြီး တရုတ်နိုင်ငံသည် ရော်ဘာလိုအပ်ချက် မြင့်တက်လာနိုင်ကြောင်း၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံသည်လည်း နိုင်ငံအတွင်းလိုအပ်ချက်များ ကြောင့် လိုအပ်ချက်မြင့်တက်လာနိုင်ပြီး ဗီယက်နမ်နိုင်ငံသည်လည်း ရော်ဘာ ဈေးကွက်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ အမေရိကန်နိုင်ငံတွင်မော်တော်ယာဉ်ကဏ္ဍများနှင့် စက်မှုကဏ္ဍများ ကြောင့် ရော်ဘာ ဝယ်လိုအားမြင့်တက်လာနိုင်ပြီး ဥရောပနိုင်ငံ များသည် သဘာဝအရင်းအမြစ်ကာကွယ်ရေးဥပဒေများကြောင့်  ရော်ဘာလိုအပ်ချက်မြင့်တက်မှုနည်းနိုင်ကြောင်း ခန့်မှန်းထားကြ သည်။
       မြန်မာနိုင်ငံတွင် ရော်ဘာကို အများအားဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ကုလသမဂ္ဂ ¾ (Unite Nations -UN)၏ လေ့လာသုံးသပ်ချက်များ အရ မြန်မာနိုင်ငံ သည် ရော်ဘာကိုအဓိကစိုက်ပျိုး ထုတ်လုပ်သည့် နိုင်ငံမဟုတ်သော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ခန့်ကတည်းက မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုသည် အားကောင်းစွာဆောင် ရွက်လာနိုင်ကြောင်းတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်အရသိရှိရ သည်။ယခုအခါ ရော်ဘာခြံရှင်များအနေဖြင့် အစေးလှီးရာသီပြန် လည်ရောက်ရှိနေပြီဖြစ်၍  အစေးလှီးလုပ်ငန်းများကို တွင်တွင် ကျယ်ကျယ် ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။  လက်ရှိရော်ဘာ ဈေးနှုန်းမှာ တောင်သူများတွက်ခြေကိုက်၍ လက်ဝယ်တွင်သိုလှောင် ထားရှိခြင်း   အနည်းငယ်သာရှိကြောင်း လေ့လာသိရှိရပါသည်။ ရော်ဘာခြံရှင်ကြီးများအနေဖြင့် ရော်ဘာဈေးများဈေးကောင်းစောင့် ၍ ရောင်းချလေ့ရှိကြပြီး ခြံငယ်လေးများအနေဖြင့်  အစေးခြစ်ပြီး ရော်ဘာစေးများအား  တိုက်ရိုက်ရောင်းချလျက်ရှိကြောင်း  သိရှိရ သည်။ မြန်မာ့ရော်ဘာတင်ပို့မှုမြင့်တက်ရန်အတွက် ဆောင်ရွက်ရာ တွင် ကမ္ဘာတွင် ရော်ဘာတင်ပို့လျက်ရှိသည့်  နိုင်ငံများနှင့် အရည် အသွေးပိုင်း ၊Logistic  ပိုင်း၊ နည်းပညာပိုင်းတို့၌ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းရန် လိုအပ်မည် ဖြစ်သည်။
     ထို့အပြင် ရော်ဘာကို ကုန်ကြမ်းတင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်း (Value Added Product)  များ ထုတ်လုပ် တင်ပို့ရောင်းချနိုင်ပါက ပိုမို၍ဈေးကောင်းရရှိမည်ဖြစ်ရာ ထိုသို့ ထုတ်လုပ် တင်ပို့နိုင်ရေးအ တွက် လိုအပ်သောခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများကိုလည်း မြန်မာ့ရော်ဘာကဏ္ဍ ပိုမိုတိုးတက် လာစေရေးအတွက် ပံ့ပိုးဖြည့်တင်းပေးရန်လိုအပ်လျက်ရှိသည်။ မိမိကုန်စည်၏ဈေးကွက်အား နိုင်ငံတကာမှ ခိုင်မာစွာ ဝယ်လိုအား ရရှိစေရေးအတွက် အရည်အသွေး ထိန်းသိမ်းမှု I (Quality Control) ထုပ်ပိုးမှုပုံစံ သေသပ်ခေတ်မီမှုတို့သည်လည်း အရေးကြီးလှသည်။ထို့ကြောင့် Sustainable Developmentဖြစ်စေမည့် နည်းလမ်း များဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် အရေးကြီးလှပါသည်။
     ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ရာတွင် တစ်ကမ္ဘာလုံးအတိုင်း အတာအနေဖြင့် ကျယ်ပြန့်စွာထိုးဖောက်နိုင်ရေးအတွက် မြန်မာ နိုင်ငံမှ ရော်ဘာအား လက်ရှိအများဆုံးတင်ပို့လျက်ရှိသည့် တရုတ် နိုင်ငံအပြင် ဈေးကွက် သစ် များ   ထပ်မံရရှိရေးအတွက်  အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်ပေါင်းကာ လက်တွဲညီညီအတူတကွ ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။    ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ  လုပ်ငန်းအများစုသည် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း (Small and Medium Size Enterprises) များဖြစ်သည့် အတွက်  ၎င်းင်းတို့အား ကုန်ကျစရိတ်နည်းနည်းဖြင့် ဈေးကွက်ကို ထိုး ဖောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြံဆရမည်ဖြစ်ရာတိုးတက် ခေတ်မီလာသော ယနေ့ခေတ်အခြေအနေအရE-Commerce /Mobile Commerceကဲ့သို့သောDigital Market Penetration နည်းလမ်းများ ကို နိုင်ငံတကာနည်းတူကျင့်သုံး၍ ဈေးကွက်ထိုးဖောက်ရေးကြိုးပမ်း သင့်သည်။
မြန်မာ့သဘာဝရော်ဘာသည်  အများဆုံးတင်ပို့နိုင်မှု ဆဋ္ဌမ အဆင့်ရှိနေသော်လည်း တစ်ကမ္ဘာလုံး တင်ပို့မှုအနေအထားဖြင့်နှိုင်း ယှဉ်လျှင်တင်ပို့နိုင်မှုသည် ၁ ဒသမ ၆ ရာခိုင်နှုန်းသာရှိသဖြင့် ပိုမို ထုတ်လုပ်တင်ပို့နိုင်ရေး၊   အရည်အသွေးမြင့်   ကုန်ချောပစ္စည်းများ အဖြစ်တင်ပို့နိုင်ရေးနှင့် ဈေးကွက်သစ်များသို့ထိုးဖောက်နိုင်ရေးကို ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ မြန်မာ နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးရေး ကို အခြေခံသည့်နိုင်ငံတစ်ခုလည်းဖြစ်သည့်အားလျော်စွာ  မိမိနိုင်ငံ၏ ပို့ကုန်ပစ္စည်း        များအား ကုန်ချောအဖြစ်တင်ပို့နိုင်ရေးနှင့် အဆင့်မြင့်နည်းပညာများ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်နိုင်ရေးစသည့်ကိစ္စရပ်များ တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်ရေးအတွက် မည်သို့ ပင်  စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသော်လည်း ]]စည်းလုံးခြင်းသည် အင်အား}} ဆိုသည်ကို လက်ကိုင်ပြု၍ အစိုးရ၊ ပုဂ္ဂလိကနှင့် သက်ဆိုင် ရာအသင်းအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ  လက်တွဲညီညီဖြင့်  ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့ရော်ဘာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာနှင့် ရင်ပေါင် တန်းကာ ဈေးကွက်သစ်များသို့ လည်း ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရှင်မင်းအံ့ (တန့်ဆည်)