Main menu

Background

ပြည်ပဈေးကွက်သီးနှံ အားလူးစိုက်ပျိုးရေး

Tue, 06/12/2018 - 10:51 -- journal_editor

အာလူးဟာ ယနေ့ကာလမှာ လူအများစားသုံးနှစ်သက်တဲ့ အစားအစာတစ်ခုအဖြစ် ကျော်ကြားပြီး အာဟာရနှင့် ပြည့်စုံတဲ့ စားဖိုဆောင်သီးနှံတစ်ခုဖြစ်ပါတယ်။ အာလူးရဲ့ ရုက္ခဗေဒအမည်ကတော့ Solanum ဖြစ်ပြီး မျိုးရင်းအမည်ကတော့သူ Solanaceae ဖြစ်ပါတယ်။ အာလူးကို ဘီစီ ၅၀၀၀နှင့် ၈၀၀၀ အကြားမှာ ပီရူးနိုင်ငံနဲ့ ဘိုလီးဗီးယားနိုင်ငံအစွန်ပိုင်းလောက်မှာ စတင်စိုက်ပျိုးခဲ့တယ်လ့ိုသရိ ပါတယ။် ၁၅၃၆ ခုနှစ်မှာ တော့ပီရီူးကိုသိမ်းပက်ခဲ့တဲ့ စပိန်လူမျိုးတွေဟာ အာလူးရဲ့ အရသာကို နှစ်သက်တဲ့အတွက် ဥရောပကို သယ်ဆောင်စိုက်ပျိုးခဲ့ပြီး နောက်ပိုင်းကာလများမှာ ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့တယ်လို့ ဆိုကြပါတယ်။  မြန်မာနိုင်ငံကိုတော့ ၁၉ ရာစု အလယ်လောက်မှာ အာလူးမျိုးရောက်ရှိခဲ့တယ်လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ အာလူးဟာ စားသုံးသူများ နှစ်စဉ်နှင့်အမျှ တိုးပွားနေတဲ့အပြင် ဟင်းအဖြစ်ရော သားရေစာ အဖြစ်ပါ စားသုံးကြတာကြောင့် စိုက်ပျိုးထုတ်လုပ်မှု ပိုမိုများပြားလာသလို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်မှုမှတစ်ဆင့် ဝင်ငွေများစွာလည်း ရရှိလျက်ရှိပါတယ်။ ဒါ့ကြောင့် အာလူးဈေး ကွက်ဟာ ဝေစုကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုလည်း ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုအောင်ပါပဲ။

မြန်မာနိုင်ငံအတွင်းစိုက်ပျိုးရာဒေသများမြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်ပေမယ့် နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးကဏ္ဍကိုမြှင့်တင်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ အာလူးကို ရှမ်းပြည်နယ်မှာ အဓိကစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း တို့မှာလည်း စိုက်ပျိုးထွက် ရှိပါတယ်။

အာလူးမျိုးစိတ်များနှင့် စိုက်ပျိုးချိန်များမြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ အာလူးအမျိုးအစားများကတော့ L-11အမျိုးအစား၊ Markiesအမျိုးအစား၊ Caroluသူက အမျိုးအစား၊ Kufri Jyotiအမျိုးအစား၊ CIP-24အမျိုးအစား၊ Altanticအမျိုးအစားတို့ကို အများစုစိုက်ပျိုးလျက်ရှိပြီး LKPမျိုးခွဲများနဲ့ ပါကစ္စတန်မျိုး၊ နယ်သာလန်မျိုးများကို စိုက်ပျိုးနေကြတဲ့အပြင် အမေရိကန်မျိုးများကိုလည်း တင်သွင်းစိုက်ပျိုးဖို့ စီစဉ်နေကြောင်းကိုလည်း သိရပါတယ်။ တရုတ်မျိုးခွဲများကိုလည်းစိုက်ပျိုးတာ တွေ့ရပါတယ်။ စိုက်ပျိုးသူများကတော့ဘင်္ဂလားမျိုး၊ ရှမ်းမျိုးနဲ့ စစ်ဗိုလ်မျိုးလို့လည်း အလွယ်ခေါ်ကြတာကို လေ့လာတွေ့ရှိရပါတယ်။ စစ်ကိုင်းတိုင်း နှင့်မန္တေလးတိုင်းတို့မှာတော့ဆောင်း ဥးီ ပေါက်နှင့် ဆောင်းကာလတို့မှာ စိုက်ပျိုးကြပြီး ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ တူးဖော်ကြပါတယ်။ ရှမ်းပြည်နယ် မှာတော့ မိုးကာလနှင့် ဆောင်းကာလတို့မှာ စိုက်ပျိုးတာကို တွေ့ရှိရပါတယ်။ ပုံမှန်အားဖြင့်အာလူးကို မိုးအာလူးနှင့် ဆောင်းအာလူးဟု ခွဲခြားထားပြီး မိုးအာလူးကို မတ်လနှင့် ဧပြီလမှာ စိုက်ပျိုးပြီး သြဂုတ်နှင့်စက်တင်ဘာလတို့မှာ တူးဖော်ပါတယ်။ ဆောင်းအာလူးကိုတော့ အောက်တိုဘာနှင့် နိုဝင်ဘာလမှာစတင်စိုက်ပျိုးကာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာတူးဖော်ပါတယ်။ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ရေအာလူးလို့ခေါ်တဲ့ အာလူးအမျိုးအစားကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတို့မှာ ရေသွင်းစိုက်ပျိုးပြီး ဧပြီ၊မေလခန့်မှာ ပေါ်တတ်တာကိုလည်း တွေ့ရပါတယ်။ ကုန်းအာလူးကိုတော့ မတ်လလောက်မှာစိုက်ပျိုးပြီး ဇူလိုင်လမှာ ပေါ်ထွက်ပါတယ်။ မိုးကြိုအာလူးကို ဧပြီနဲ့ မေလမှာစိုက်ပျိုးကာ သြဂုတ်မှာပေါ်ထွက်ပါတယ်။ စကအာလူးလို့ခေါ်တဲ့ ဆောင်းအာလူး ကိုတော့ သြဂုတ်လမှာစိုက်ပျိုးကာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ထွက်ရှိတယ်လို့ သိရပါတယ်။ မျိုးယူခြင်း၊ စိုက်ပျိုးခြင်း၊ ပိုးမွှားများကာကွယ်ခြင်းနှင့် ရိတ်သိမ်းခြင်းအာလူးဟာမြေဆီလွှာ ၆၀ ဒီဂရီဖာရင်ဟိုက်နှင့် ၇၀ ဒီဂရီဖာရင်ဟိုက်တို့တွင် ကောင်းစွာဖြစ်ထွန်းကြောင်း သိရပါတယ်။ အာလူးပင်ဟာ မြေသြဇာကြိုက်သည့်အတွက် မစိုက်ပျိုးမီ မြေဆီလွှာတွင်နိုက်ထရိုဂျင်ဓာတ်နည်းပြီး ဖော့စ်ဖားရပ်နှင့် ပိုတက်စီယမ်ဓာတ်တို့များသော ၅-၁၀-၁၀ အချိုးရှိ ဓာတ်မြေသြဇာကို အသုံးပြုရပါတယ်။ အာလူးစိုက်ပျိုးရာမှာ မျိုးရွေးချယ်မှုဟာ အရေးကြီးလှပါတယ်။ မျိုးကိုရွေးချယ်တဲ့ အခါမှာ အနာအဆာ ကင်းပြီး မျက်စိနည်းတဲ့မျိုးကို ရွေးချယ်ရပါတယ်။အာလူးမျိုးယူတဲ့အခါမှာလည်း တူးထားတဲ့ အာလူးကို ချက်ချင်းစိုက်ပျိုးမည့်မျိုးအဖြစ်သုံးလို့ မရသေးဘဲ Tuber Dormancyလို့ခေါ်တဲ့ မျိုးစုနား ချိန်နှစ်လ၊ သုံးလမှာ အမှောင်ခန်းမှာ စနစ်တကျသိုလှောင်ထားရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ အခါမှာလည်း ပြုပြင်ထားတဲ့မြေမှာ အလုံးလိုက်သော်လည်းကောင်း၊ ခွဲစိတ်၍ သော်လည်းကောင်း စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ အာလူးစိုက်ပျိုးတဲ့မြေဟာခြောက်သွေ့မှုမရှိပါက ပိုမိုကောင်းမွန်ကြောင်း နှင့်မြေစေး အမျိုးအစားမှာ စိုက်ပျိုးရန်မသင့်ကြောင်းကိုလည်း သိရှိရပါတယ်။ ကုန်းအာလူးကို စိုက်ပျိုးရာမှာ မိုးရေကိုအားထား စိုက်ပျိုးရကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ဆောင်းအာလူး စိုက်ပျိုးရာမှာတော့ ရေ သွင်းစိုက်ပျိုးရတယ်လို့ဆိုပါတယ်။ အာလူးကို အဓိကဖျက်ဆီးတဲ့ ပိုးမွှားများမှာ ပင်ဖြတ်ပိုး၊ နှစ်ဆယ့်ရှစ်ပြောက်ကျိုင်းပိုးတို့ဖြစ်ပြီး နှစ်ဆယ့် ရှစ်ပြောက်ကျိုင်းပိုးဟာ မိုးရာသီနှင့် ဆောင်းရာသီတွင် ကျရောက်တတ်တယ်လို့ ဆိုပါတယ်။ အာလူး စိုက်ခင်းတွေမှာ ပင်ညှိုးရောဂါဟာ အဖြစ်များပြီး ရောဂါဖြစ်ပါက စိုက်ခင်းတစ်ခုလုံး ပျက်စီးတတ်ပါတယ်။မျိုးအဖြစ်သိမ်းထားတဲ့ အားလူးများမှာတော့ အာလူးဥတိုးဖလံကြောင့် ပျက်စီးတတ်ကြောင်းလေ့လာသိရှိရပါတယ်။ ဒီဖျက်ပိုး တွေကြောင့် မျိုးရယူတဲ့အချိန်ကစပြီး စိုက်ပျိုးတူးဖော်တဲ့အထိပျက်စီးဆုံးရှုံးမှု တွေ့ရှိတတ်ပြီး ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို စနစ်တကျ အသုံးပြုဖို့ လိုအပ်လှ ပါတယ်။ ပိုးသတ်ဆေး အသုံးပြုတဲ့အခါမှာ လည်းစံချိန်စံညွှန်းနဲ့အညီ သုံးစွဲဖို့ အရေးကြီးပါတယ်။

အာလူးတူးဖော်တဲ့အခါမှာတော့ ပေါက်ပြားဖြင့်သောလ် ည်း ကောင်း ၊ ထယထ် းို၍သောလ် ည်းကောင်း၊လက်ဖြင့်သော်လည်းကောင်း တူးဖော်ကြပြီး တူးဖော်ချိန်စောပါက အာလူးများပုပ် သွားတတ်တယ်လို့ သိရှိရပါတယ်။ တူးဖော်ထားတဲ့ အာလူးများကိုခြောက်သွေ့တဲ့နေရာမှာသိုလှောင် မှသာအာလူးများ ပုပ်သွားခြင်းကို ကာကွယ်နိုင်မှာပါ။

ယခုအခါ မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့်ထိုင်းနိုင်ငံသို့ တင်ပို့သည့် အာလူးများကို AVENTINE LIMITEDနယ်သာလန်နိုင်ငံမှအာလူးမျိုး(Atlantic)ကိုတင်သွင်း၍ ရှမ်းပြည်နယ် ဟဲဟိုး၊ တောင်ကြီး တို့တွင် မျိုးပွားထုတ်လုပ်ကာ ဟဲဟိုး၊ တောင်ကြီးတို့အပြင် မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းတို့တွင် စိုက်ပျိုးကြပြီး၊တောင်သူများအား အာလူးမျိုး(Atlantic)၊ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတို့ကိုကြိုတင်ထုတ်ပေးကြောင်း၊ စိုက်ပျိုးစရိတ်များကိုပါ ကြိုတင်ထုတ်ပေးကြောင်းသိရပါ တယ်။ ထို့ပြင် အာလူးတစ်ဧက စိုက်ပျိုးပါက ရင်း

နှီးငွေ ၁၈ သိန်းမှ သိန်း ၂၀ ကုန်ကျမှုရှိတာကြောင် AVENTINE LIMITED တစ်ဧကလျှင် ရင်းနှီးငွေ ကျပ် ၁၂ သိန်းမှ ၁၃ သိန်းအထိ ကြိုတင်ထုတ်ပေးကာ စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းတိုးရန် အတွက် ကုမ္ပဏီရှိစိုက်ပျိုးရေး ဝန်ထမ်းများက စိုက်ပျိုးပုံအဆင့်ဆင့် နည်းပညာပေးကာ လုပ်ဆောင် ပေးလျက်ရှိကြောင်းကိုလည်း သိရှိရပါတယ်။ဒါကြောင့် စိုက်ပျိုးသူတောင်သူများ ကြိုးစားလျှင် ကြိုးစားသလောက် အကျိုးအမြတ်ခံစားရမှာဖြစ်ပြီး အာလူးမျိုးများစိုက်ပြီး ရက်ပေါင်း ၉၀ မှရက် ၁၀၀ အတွင်း အာလူးတူးရကြောင်း၊ ရာသီဥတု ရေမြေအပေါ်မူတည်ပြီး အာလူးစိုက် စက်များ၊ အာလူးတူးစက်များကိုလည်း ကုမ္ပဏီမှကူညီပေးကြောင်း၊ ထွက်ရှိလာသည့် အာလူးများကိုကုမ္ပဏီမပှ င ် ဈေးနနှု ်း တစခ် သု တမ် တှ ြ်ပးီ ပြနလ် ညဝ် ယယ် ူပေးကြောင်း သိရပါတယ်။ ယခုနှစ်တွင် အာလူးတစ်ဧကအထွက်နှုန်း ခြောက်တန်ထိထွက်ရှိပါကအာလူးတစ်ပိဿာ ကျပ် ၆၀၀ နှုန်းဖြင့် ပြန်လည်ဝယ်ယူပေးပြီး ခြောက်တန်အထက် ထွက်ရှိပါကတစ်ပိဿာ ကျပ် ၆၂၀ အထိ ဝယ်ယူပေးကြောင်း၊တောင်သူများကြိုးစားလျှင် ကြိုးစားသလောက်အကျိုးအမြတ်များစွာ ရရှိကြောင်း၊ ကုမ္ပဏီမှအာလူး တစ်ပိဿာ ကျပ် ၆၀၀ မှ ၆၂၀ အထိ ဝယ်ယူပေးချိန်တွင် ဟဲဟိုး၊ တောင်ကြီး၌ အာလူးတစ်ပိဿာ ဒေသပေါက်ဈေး ကျပ် ၄၀၀ မှ ၄၅၀ ခန့်သာရှိပြီး ကုမ္ပဏီမှ ၎င်းင်းတို့မျိုး ပေးစိုက်ပျိုးထားသော အာလူးများကို ဈေးနှုန်းကောင်းကောင်းပေး၍ ဝယ်ယူကြောင်း လည်း သိရှိရပါ တယ်။လက်ရှိအနေအထားကတော့ ရန်ကုန်မှမြဝတီသို့ ၁၂ ဘီးကားတစ်စီးလျှင် အာလူး ၁၆တန်ခန့်

သယ်ဆောင်တင်ပို့နိုင်ပြီး ကားခအနေဖြင့်အာလူးတစ်ပိဿာ ၄၁ ကျပ် မှ ၄၆ ကျပ်အထိ ပေးဆောင်နေရပါတယ်။ ကားပိုင်ရှင်များအနေဖြင့်လည်း အတက်ကုန် အာလူးတင်ဆောင်လာပြီး အဆင်းကုန်များအား မိမိဈေးကိုက်ရာ ကုန်များတင်ဆောင်နိုင်ကြောင်းလည်း သိရှိရပါတယ်။တစဖ် ကန် ငို င် သံ့ိုတငပ် ရ့ို ာတငွ ်အာလးူ သညပ် က့ို နု ်လိုင်စင်မလိုသည့် ပစ္စည်းဖြစ်သဖြင့် အကောက်ခွန်တွင် ၁ ုါ လျှင် သုည ဒသမ ၅၂၅ အမေရိကန်ဒေါ်လာဖြင့် ပို့ကုန်ကြေညာလွှာ တင်သွင်းကာပြည်တွင်းအခွန်တွင် နှစ်ရာခိုင်နှုန်း အခွန်ပေးဆောင်ပြီးပါက တင်ပို့ ခွင့်ရရှိပြီဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံတွင် အာလူးတစ်ပိဿာ ပေါက်ဈေးမှာပစ္စည်းပေါ်မူတည်ပြီး ၃၁ ဘတ်မှ ၃၅ ဘတ် အထိရရှိကြောင်းကိုလည်း စုံစမ်းသိရှိရပါတယ်။ထွက်ရှိမှု၊ စားသုံးမှု နှင့် ပိုလျှံမှု အခြေအနေ မြန်မာနိုင်ငံတွင် ၂၀၁၆-၂၀၁၇ခုနှစ် စာရင်းများအရ အာလူးစိုက်ဧက စုစုပေါင်းမှာ ၉၀၂၇၉ဧကခန့်ရှိပြီး အထွက်နှုန်းမှာ တန်ချိန် ၅၆၃၂၀၆တန်ခန့်ထွက်ရှိကြောင်း တွေ့ရှိရပါတယ်။ ပြည်တွင်းသုံးစွဲမှုမှာ တန်ချိန် ၃၅၄၂၈၁ တန်ခန့် ရှိသဖြင့် ပိုလျှံတန်ချိန်မှာ ၂၀၈၉၂၅ ခန့်ရှိနိုင်ကြောင်းစိုက်ပျိုးရေးဌာန၏ စာရင်းများအရ သိရှိရပါတယ်။ကမ္ဘာ့အာလူးဈေးကွက်အခြေအနေလက်ရှိကမ္ဘာ့အာလူးဈေးကွက် အခြေအနေကို လေ့လာကြည့်ရာမှာ ဥရောပနဲ့ ဓနသဟာရနိုင်ငံတွေဟာ ယခင်ကတော့ အာလူးဈေးကွက်မှာဦးဆောင်ခဲ့ပေမယ့် ယခုအခါမှာ အာဆီယံ နိုင်ငံတွေဟာ အထွက်နှုန်း ကောင်းကောင်းနဲ့ ဈေးကွက်ဝေစုကို စိုးမိုးနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။၂၀၀၅ ခုနှစ်ကစပြီး အာလူးဈေးကွက်ဝေစုရဲ့ တစ်ဝက်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက သိမ်းယူခဲ့တာဖြစ်ပြီးနှစ် ၂၀ အတွင်း အမြင့်မားဆုံးဈေးကွက်ဝေစု ခွဲဝေပေးရမှုလို့တောင် ဆိုနိုင်ပါတယ်။ အာလူးတွေအထွက်နှုန်း ကောင်းပေမယ့်လည်း တိုးပွားလာတဲ့လူဦးရေကြောင့် ဈေးကွက်လိုအပ်ချက် ဟာ ကြီးမားနေဆဲပါပဲ။ အရင်ကတော့ အာလူးကို ချက်ပြုတ်စားသောက်ဖို့ အသုံးများပေမယ့် ခေတ်ရဲ့ပြောင်းလဲလာမှုအရ အသင့်စားအာလူးတွေကိုလူကြိုက်များလာတာဟာအာလူးသုံးစွဲမှုလမ်းကြောင်းပြောင်းလဲမှုလို့ ဆိုနိုင်ပါတယ်။ အမျိုးမျိုးသော အသင့်စားအာလူးထုတ်ကုန်တွေကို အရသာအမျိုးမျိုးနဲ့ အပြိုင်အဆိုင် ထုတ်ဝေနေကြပေမယ့် အာလူးစားသူများပြားတဲ့အတွက် အာလူးကို ဈေးကွက်မှာ လိုအပ်မြဲ လိုအပ်လျက် ရှိနေတာကို တွေ့နိုင်ပါတယ်။ဒါကြောင့်အာလူးဟာ ဈေးကွက်အလားအလာ ခိုင်မာကြီး

မားလှပါတယ်။

သုံးသပ်ချက်

ဒီလိုဈေးကွက်ကြီးမားလှတဲ့ အာလူးကိုမြန်မာနိုင်ငံမှာလည်း ကျယ်ပြန့်စွာ စိုက်ပျိုးနေကြပေမယ့် တောင်သူများအဖို့ စိုက်ပျိုးစရိတ် ကြီးမားပြီး ဆုံးရှုံးမှုများနေတာကို လေ့လာတွေ့ရှိနေရပါတယ်။ တောင်သူတွေရဲ့ ဆုံးရှုံးမှုဟာ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုဖြစ်တာကြောင့် နိုင်ငံအတွက်လည်း နစ်နာလှပါတယ်။ အချိန်ကုန်ခံ ငွေကုန်ခံပြီးစိုက်ပျိုးလိုက်ပေမယ့် နည်းစနစ်၊ မျိုး၊ ရာသီဥတုနဲ့ပိုးမွှား တို့ကြောင့် ဆုံးရှုံးရ ပါက ပို၍ပင်နစ်နာလှပါတယ်။ စိုက်သာစိုက်ရ အရည်အသွေးမမီပါကလည်း ဆုံးရှုံးမှုက ကြီးလွန်းလှပါတယ်။ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး အရည်အသွေးမီ ပို့ကုန်များများ ပို့နိုင်မှသာ တောင်သူရော နိုင်ငံပါ မျက်နှာပန်းလည်းလှမှာဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်အလယ်မှာ ယှဉ်ပြိုင်တဲ့အခါ အရည်အသွေးဟာအရေးအကြီးဆုံးဖြစ်ပါတယ်။ အရည်အသွေးမီစံချိန်စံညွှန်းမီတဲ့ ပို့ကုန်ရရှိဖို့ဆိုတာဟာ မှန်ကန်တဲ့ နည်းစနစ်အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှသာ ရနိုင်တဲ့အရာ ဖြစ်တာကြောင့် မှန်ကန်တဲ့ နည်းစနစ်တွေကို ကျင့်သုံးမှသာ ယခုတောင်သူတွေရင်ဆိုင်နေရတဲ့ အထွက်နှုန်းနည်းပါးမှု ပြဿနာကိုလည်း ကျော်လွှားနိုင်မှာပါ။ လတ်တလောမှာ လည်းတရုတ်နိုင်ငံမှ အာလူးများဟာမြန်မာနိုင်ငံကို ဝင်ရောက်မှုတွေရှိနေတာကြောင့် ဈေးကွက်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ ကိုလည်းကြားသိနေရပါတယ်။ ဈေးသက်သာတဲ့ တရုတ်နိုင်ငံမှ အာလူးတွေဟာ မြန်မာဈေးကွက်ကို ဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။လက်ရှိဈေးကွက်အရ တရုတ်အာလူးဟာ တစ်ပိဿာ ကျပ် ၂၅၀မှ ၃၀၀ကြားရရှိနေပြီးမြန်မာအာလူး များက တော့ တစ်ပိဿာ ကျပ် ၄၅၀ရရှိနေကြောင်း သိရှိရပါတယ်။ဒါ့ပြင် AVENTINE LIMITEDနည်းပညာများ ကူညီထောက်ပံ့ပေးထားသော နယ်သာလန်နိုင်ငံမှ အာလူးမျိုး (Atlantic) များဟာ မကြာမီထွက်ရှိလာတော့မှာဖြစ်ပြီး အဆိုပါ အာလူးများဟာ အမျိုးအစားနှင့် သတ်မှတ်ထားတဲ့အရည်အသွေး ပြည့်မီတဲ့အတွက် တစ်ပိဿာ ကျပ်၆၅၀ ခန့် ဈေးရရှိနိုင်တယ်လို့လည်း ဈေးကွက်သတင်းများအရ သိရ ပါတယ်။ကုန်သွယ်မှုရဲ့ သဘောသဘာဝအရ နိုင်ငံအချင်းချင်းဟာ မိမိနိုင်ငံမှ ကုန်ပစ္စည်းကို အခြားနိုင်ငံကို တင်ပို့ပြီးကုန်သွယ်မှုပြုကြကာ နိုင်ငံခြားဝင်ငွေ ရှာဖွေကြပါတယ်။ ဒီအခါမှာ ဈေးကွက် ပြိုင်ဆိုင်မှု ဆိုတာဟာမလွဲမသွေ ပါဝင်လာတဲ့အပြင် အရည်အသွေးနဲ့ပဲဈေးကွက်ရရှိမှုကို ဆုံးဖြတ်ကြတာဟာ ဖြစ်မြဲပါပဲ။WTOအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်း ပိတ်ပင်ထားတဲ့စာရင်းမှာ အာလူးသီးနှံပါဝင်မှုမရှိတာကြောင့် အာလူးဟာ ကန့်သတ်ထားခြင်း မရှိဘဲ လွတ်လပ်စွာတင်ပို့ တင်သွင်းနိုင်တဲ့ကုန်စည်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်အနေအထားပေါ်မူတည်ပြီး လွတ်လပ်စွာ ကုန်သွယ်ခွင့်ရှိတဲ့ စားဖိုဆောင် သီးနှံတစ်မျိုး ဆိုလည်းမမှားပါဘူး။ ပြည်ပမှ ဝင်ရောက်နေတဲ့ အာလူးတွေဟာ ပြည်တွင်းအာလူးများ ပေါ်ထွက်လာတဲ့အခါမှာ ဈေးနှုန်း အရည်အသွေး ပြိုင်ဆိုင်မှုတွေရှိလာစေမှာဖြစ်တာကြောင့်ကုန်ဈေးနှုန်းကုလည်း ထိန်းညှိစေပြီး ဖြစ်သွားစေပါတယ်။ လွတ်လပ်မျှတသောယှဉ်ပြိုင်မှုဟာ စားသုံးသူအတွက်လည်း အကျိုးပြုစေမှာ ဖြစ်ပါတယ်။ပြည်ပသို့တိုးချဲ့တင်ပို့ရန်အတွက် အာလူးစိုက်ပျိုးမြေဧရိယာ တိုးချဲ့စိုက်ပျိုးရန် လိုအပ် လှပါတယ်။ တစ်ဧကထွက်သင့်သော အထွက်နှုန်းထက် ပိုမိုထွက်ရှိစေရန် မျိုးများကို ရွေးချယ် စိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့်များကို ထည့်သွင်းစိုက်ပျိုးခြင်း၊ နည်းပညာပြုပြင် ပြောင်းလဲရန်စသည့် အချက်များကို စနစ်တကျလိုက်နာဆောင်ရွက် ပါက အထွက်နှုန်း တိုးတက်လာမည်ဖြစ်ပါတယ်။ တစ်ဧကအထွက်နှုန်း ၅၀၀၀ ပိဿာ ဝန်းကျင်ရရှိအောင် ဆောင်ရွက်နိုင်ပါက စားသုံးရန်ရည်မှန်းထားသည်ထက်ပိုမိုစားသုံးနိုင်မှာဖြစ်ပြီးပို့ကုန်ကိုလည်းထပ်၍တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ပြည်တွင်းတွင် အာလူးတစ်ဧကစိုက်ပျိုးပါက ထွက်ရှိနှုန်းမှာ ပိဿာချိန် ၂၅၀၀ မှ ၂၈၀၀ ပိဿာနှုန်း ထွက်ရှိကြောင်းသိရပြီး ပြည်တွင်းစားသုံးရန်အတွက် အဓိကစိုက်ပျိုးကြသည့်အပြင် ပြည်ပဈေးကွက် လိုအပ်ချက်ရှိပါက လိုအပ်သလောက်တင်ပို့နိုင်စွမ်းရှိရန် လိုအပ်လှပါတယ်။ ဒါ့ကြောင့်ဈေးကွက်ဝင် သီးနှံများကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပြီး စိုက်ပျိုးမှုဆိုင်ရာ နည်းပညာ ပံ့ပိုးမှုများ၊ အရည်အသွေးမီသော သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးစေခြင်းနှင့် စိုက်ပျိုးစရိတ်ကျဆင်းစေရန် အစီအမံများ ဆောင်ရွက်ပေးရန် အရေးကြီးလှပါတယ်။ ဒါတင်မက တောင်သူများအနေဖြင့်လည်း ဈေးကွက်သတင်းများနှင့် နည်းပညာသတင်းများကို မျက်ခြေမပြတ် လေ့လာသုံးသပ် သင့်လှပါတယ်။ သို့မှသာ စိုက်ပျိုးထုတ်လုပ်မှုကိုဈေးကွက်လိုအပ်ချက်နဲ့အညီ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် အလားအလာ ကောင်းလှတဲ့ အာလူးစိုက်ပျိုးသူများကို စိုက်ပျိုးစရိတ်များ လျှော့ချနိုင်ရန်၊ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရန်နှင့် အရည်အသွေးကောင်းပြီးဈေးကွက်ဝင် အာလူးသီးနှံများ စိုက်ပျိုးထုတ်လုပ် ရောင်းချ နိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းကူညီဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရေး သားလိုက် ရပါတယ်။

K.K.M ( မြဝတီ )