Main menu

Background

သို့လော သို့လော ပဲစင်းငုံ

Thu, 06/21/2018 - 13:40 -- journal_editor

ပဲစင်းငုံသီးနှံကို သိပ္ပံအမည်အားဖြင့်  Cajauns  Cajin (L) Millsp ဟုခေါ်ပြီး အင်္ဂလိပ်ဘာသာ စကားဖြင့် Pigeon Pea Toor Whole ဟုခေါ်သကဲ့သို့ အိန္ဒိယဘာသာစကားဖြင့် Arhar ဟုလည်း ခေါ်ပါသည်။  ပဲစင်းငုံကို အပူပိုင်းနှင့်အပူသမ ပိုင်းနိုင်ငံများတွင် စိုက်ပျိုးကြပြီး မိုးသီးနှံအဖြစ် အထက်မြန်မာပြည် အပူပိုင်း ခြောက် သွေ့ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်  အများဆုံးစိုက်ပျိုးကြသည့်  ပဲစင်းငုံအများစုမှာ သက်ကြီးမျိုးများဖြစ်၍ ပဲစင်းငုံစိုက်ပျိုးဧရိယာ၏  ၉၀ ရာခိုင်နှုန်း ကျော်မှာ သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ပဲစင်းငုံကိုမိုးသီးနှံ အဖြစ် မေလနှင့်ဇွန်လတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လ တွင် ရိတ်သိမ်းကြပါသည်။

မြန်မာနိုင်ငံတွင် ပဲစင်းငုံသီးနှံမှာ နှစ်စဉ်စိုက်ဧက ၁၆ သိန်း နီးပါးစိုက်ပျိုးကြပြီး ပျမ်းမျှအထွက် ၁၂ တင်း ခန့်နှုန်းဖြင့် အထွက် တင်းပေါင်း သိန်း ၁၉၀ ကျော်ခန့်  ထွက်ရှိပါသည်။ တန်ချိန်အားဖြင့် ၆၀၀၀၀၀ ကျော် ထွက်ရှိပြီးနှစ်စ ဉ်ပြည်ပတင်ပို့သည့် တန်ချိန်သည် နှစ်သိန်းကျော် သုံးသိန်းနီးပါးခန့် တင်ပို့ရောင်းချလျက်ရှိပါသည်။ ပဲစင်းငုံသည်ပြည်တွင်း၌အနည်းငယ်သာ စားသုံး၍ အဓိကအားဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချလျက် ရှိပြီး နိုင်ငံခြားငွေ အများဆုံး ရှာ ဖွေပေးလျက်ရှိသောပဲသီးနှံ တစ်မျိုးလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပဲစင်းငုံတင်ပို့လျက်ရှိသော နိုင်ငံများမှာ အိန္ဒိယ၊ စင်ကာပူ၊ အမေ ရိကန်၊ ကနေဒါ၊ အာရတ်စော်ဘွားများနိုင်ငံ၊ ပါကစ္စတန်၊ နီပေါ၊ ယူနိုက်တက်ကင်းဒမ်းနှင့် မလေးရှားနိုင်ငံတို့ဖြစ်ပြီး အဓိကဈေး ကွက်မှာ အိန္ဒိယသို့ တင်ပို့ရောင်းချခြင်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇  ခုနှစ်တွင် ပြည်ပသို့တန်ချိန် တန် ၁၈၄၆၁၀ တင်ပို့နိုင်ပြီး နိုင်ငံခြား ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၉ ဒသမ ၇၈၈ သန်း ရရှိခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲစင်းငုံတန်ချိန် ၂၂၄၅၆၆ တန်တင်ပို့နိုင်၍ ပြီးခဲ့သည့်နှစ်ထက် တန်ချိန် ၄၀၀၀၀ နီးပါးခန့်ပိုမိုတင်ပို့နိုင်ခဲ့၍ ယခင်နှစ်များကဲ့သို့ တင်ပို့တန်ချိန် မကွာသော်လည်း ဈေးနှုန်းမကောင်းသည့်အတွက် ဝင်ငွေရရှိမှုနည်းခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၂၃၉ သန်းခန့်သာ ရရှိခဲ့ပါသည်။

ထိုသို့ပြည်ပသို့ အဓိက တင်ပို့ရောင်းချလျက်ရှိသော ပဲစင်းငုံကို မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး၌အဓိကစိုက်ပျိုး နေကြောင်း တွေ့ရှိရပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ပဲစင်းငုံစိုက်ဧကမှာ ဧက ၄၇၅၀၀၀ ရှိခဲ့ပါသည်။ ယင်းဧကများအနက် မြင်းခြံခရိုင်၏ ပဲစင်းငုံစိုက် ဧကသည် ၁၈၀၀၀၀ ကျော်နှင့် အများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသ တစ်ခုလည်းဖြစ်ပါသည်။ မြင်းခြံခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်း တွင်တည်ရှိပြီး လယ်ယာထွက်ကုန်ပေါ် အခြေခံသည့် စီးပွားရေး လုပ်ငန်းများကို  အများဆုံးလုပ်ကိုင်၍ စီးပွားရေးကောင်းမွန်သည့် ခရိုင်တစ်ခုလည်း ဖြစ်ပါသည်။ အသားတင်စိုက်ပျိုးမြေဧရိယာဧက ၇ ဒသမ ၃ သိန်းခန့်ရှိသည့်အနက် ယာမြေနှင့် ကိုင်းကျွန်းမြေသည် စုစုပေါင်းဧရိယာ ဧက ၆ ဒသမ ၄ သိန်းနီးပါး ဖြစ်သောကြောင့် အများစုသည်လယ်ယာထွက်ကုန် သီးနှံများကို စိုက်ပျိုး ထုတ်လုပ်သူ များဖြစ်ကြပါသည်။ လူဦးရေ ၈ ဒသမ ၇ သိန်း၏ ၈၇ ရာခိုင်နှုန်းခန့် သည် ကျေးလက်နေပြည်သူများဖြစ်သည့် အတွက် မြင်းခြံခရိုင်၏ လယ်ယာထွက်ကုန်သီးနှံများစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်ခြင်းဖြင့်  အသက်မွေးဝမ်းကျောင်းကြပြီး ၎င်းင်းတို့၏  စီးပွားရေးသည် လယ်ယာထွက်ကုန်ပေါ်အခြေ ခံသည့်စီးပွားရေး ဖြစ်ပါသည်။

မြင်းခြံခရိုင်တွင် အများဆုံးစိုက်ပျိုးသည့် လယ်ယာထွက်ကုန် သီးနှံများကိုကြည့်ပါက ဆန်စပါးမှအစပြု၍ ပဲမျိုးစုံ၊ ဆီထွက် သီးနှံများ၊ ကြက်သွန်နီအပါအဝင် စားဖိုဆောင်သီးနှံများ၊ ဖရဲနှင့် အခြားသစ်သီး ဝလံများ၊  ပြောင်းဖူး၊  ဆေးရွက်ကြီးစသည်ဖြင့် စိုက်ပျိုးထုတ်လုပ် လျက်ရှိသည့်အနက် မြင်းခြံခရိုင်၏ စီးပွားရေးတွင် ပဲစင်းငုံ၏ အရေးပါ မှုသည်လည်းအခန်းကဏ္ဍတစ်ရပ် အဖြစ် ပါဝင်လျက်ရှိကြောင်း တွေ့ ရှိရပါသည်။ ပဲစင်းငုံဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မြင်းခြံမြို့နယ် ရှိ သစ်ရုံကျေးရွာအုပ်စုတွင် စိုက်ပျိုးသော ပဲစင်းငုံများသည် အလုံး သန့် ခြင်း၊ အရွယ်ညီခြင်းစသည့် အရည်အသွေးကောင်းများ ရှိသကဲ့သို့ မိုးလေဝသမှန်ကန်ပါက တစ်ဧကအထွက်နှုန်း တင်း ၂၀ ခန့်အထိ ပင်ထွက်ရှိသောကြောင့် ပဲစင်းငုံဖြင့်နာမည် ထင်ရှားသောကျေးရွာအုပ်စုတစ်ခု ဖြစ်ပါသည်။ သို့သော် ယခုနှစ်တွင် ပဲစင်းငုံဈေးနည်းပါးမှု ကြောင့် အဆိုပါသစ်ရုံကျေးရွာ အုပ်စုအပါအဝင် ပဲစင်းငုံစိုက်ပျိုးသည့် ကျေးရွာများအနေဖြင့် ဝင်ငွေကျဆင်းခြင်းကို  ကြုံတွေ့နေရသော အနေအထားမျိုး ဖြစ်ပါသည်။

၂၀၁၇ခုနှစ် သြဂုတ်လတွင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုကို ကန့်သတ်မှုကြောင့် မြန်မာနိုင်ငံတွင် ပဲစင်းငုံဈေးများ ကျဆင်းလာပြီး စိုက်ပျိုးထုတ်လုပ်မှုကို များစွာထိခိုက်စေခဲ့ပါသည်။  ပြီးခဲ့သည့်နှစ် မေ၊ ဇွန်လများတွင် စိုက်ပျိုးခဲ့သည့် ပဲစင်းငုံသည် သီးနှံပေါ်ချိန် ဇန်န ဝါရီလခန့်မှစ၍ ပဲစင်းငုံအသစ်တစ်တင်း ကျပ် ၁၂၀၀၀ နှင့် အဟောင်း တစ်တင်းကို ကျပ် ၁၁၀၀၀ နှုန်းဖြင့် စတင်အရောင်းအဝယ်ဖြစ်လာခဲ့သော်လည်း ပဲဈေးကွက်အေးမှုကြောင့် အချို့ပဲစင်းငုံစိုက်တောင်သူ များသည် ပြည်ပတင်ပို့မှုမရှိသည့်အတွက် စိုက်ခင်းများကိုဖျက်ပြီး အခြား အစားထိုးသီးနှံများကို စိုက်ပျိုးလာကြသဖြင့် အထွက်နှုန်း အလွန်အမင်း ကျဆင်းခဲ့ပါသည်။ ထို့အပြင် ထွက်ရှိလာသည့် ပဲစင်းငုံ များသည်အချိန်အခါမဟုတ်မိုးရွာသွန်း မှုကြောင့် အရည်အသွေးမ ကောင်းသည့်အတွက် ဈေးကွက်အတွင်း ၂၀၁၇ ခုနှစ်ထွက် ပဲစင်းငုံ အဟောင်းသည် ပို၍ဈေးကောင်းရရှိနေသည်ကို တွေ့ရှိရပါသည်။ တောင်သူ များအနေဖြင့် ပဲစင်းငုံကိုအထိုက်အလျောက် စိုက်ပျိုးခဲ့ သော်လည်း ပဲစင်းငုံဈေးကွက်ပျက်နေသည့်အတွက် အလေးထား အာရုံစိုက်မှု၊ ပြုစုမှုနည်းပါးမှုကြောင့် လည်းကောင်း၊ ရာသီဥတုချို့ ယွင်းခဲ့သဖြင့် လည်းကောင်း ပဲစင်းငုံ အရည်အသွေးနှင့် အထွက်နှုန်း ကိုပါ ထိခိုက်စေခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် မတ်လကုန် ဧပြီလဆန်း တွင် ပဲအသစ်ဝယ်ယူမည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာရမည် ဖြစ်သော်လည်း ထုတ်ပြန်ကြေညာခြင်း မရှိ သဖြင့် မြန်မာနိုင်ငံတွင် ပဲစင်းငုံအသစ်များ ထွက်ပေါ်လာချိန်အထိ ဈေးနှုန်းများတစ်စထက် တစ်စ ကျဆင်းလာသည်ကိုလည်း တွေ့ရပါသည်။

ထို့ကြောင့်ပဲစင်းငုံဈေးကွက်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တွင်စတင်ပေါ်ထွက်လာသော ပဲစင်းငုံများကို လှောင်လက်များမှ တစ်ပိဿာ ကျပ် ၅၅၀ မှ ၅၇၀ ဖြင့်ဝယ်ယူလာကြပြီး ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် တစ်ပိဿာ ကျပ် ၅၀ မှ ကျပ် ၇၀ ခန့်ထိဈေးမြင့်လာပါ သည်။ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဈေးကွက်ပြန်အေးလာပြီး ပဲစင်းငုံအသစ် တစ်ပိဿာ ကျပ် ၅၂၀ အထိ ကျဆင်းလာပါသည်။ မတ်လနှင့် ဧပြီလ သြင်္ကန်အပြီး ၌ မြင်းခြံ ကုန်စည်ဒိုင်တွင် အရောင်း အဝယ်မဖြစ်၊ ပစ္စည်းအဝင်လည်းမရှိ  ဖြစ်လာပြီး မေလဆန်းတွင် ပဲစင်းငုံ အဟောင်းတစ်ပိဿာ ကျပ် ၅၀၀ ခန့်နှင့် အသစ် ကျပ် ၄၁၀ ခန့်ဈေးဖြင့်သာ တန့်နေခဲ့ပါသည်။ သို့သော် ၂၀၁၈ ခုနှစ်မေလလယ် ခန့်တွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ  မတ်ပဲနှင့် ပဲတီစိမ်းကို တန်ချိန် သတ်မှတ်ဝယ်ယူမည်ဟူသော သတင်းများထွက်ပေါ်ချိန် မှစ၍  ပဲစင်းငုံဈေးများ တစ်ပတ် အတွင်း ပြန်လည်ဈေးမြင့် လာရာ မေလ ဒုတိယပတ်တွင် ဈေးနှုန်းသည် တစ်ပိဿာ ကျပ် ၆၀၀ ခန့်နှင့် အရောင်းအဝယ် သွက်လာပြီးနောက် မေလ တတိယပတ်တွင် ကျပ် ၇၀၀၊ မေလကုန်ခါနီးတွင် တစ်ပိဿာကျပ် ၈၀၀ ဈေးအထိ မြင့်တက် လာသည် ကိုတွေ့ရပါသည်။

မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လပထမပတ်အတွင်း ပဲစင်းငုံဈေးကွက် အခြေအနေကို လေ့လာကြည့်ရာ မြင်းခြံမြို့တွင် ဈေးကွက်အနည်းငယ်အေးနေပြီး ယခင်တစ်ပတ်ထက်၂၅ ကျပ်ခန့် ဈေးကျ လာသော်လည်း တောင်သူများမှ တက်ဈေးမျှော်ပြီး ထိန်း၍ ရောင်းချသောကြောင့် ဈေးကွက်အတွင်း ပစ္စည်းအဝင်နည်းလျက် ရှိပါသည်။ ရန်ကုန်သို့  ခွဲခြမ်းအနေဖြင့် ရောင်းချခြင်းမရှိဘဲ အလုံး လိုက်သာ  ရောင်းချလျက်ရှိပါသည်။ မြင်းခြံမြို့တွင်ပဲစင်းငုံအသစ် ထက် အဟောင်းမှာ အရည်အသွေးပိုကောင်းသည့်အတွက် ဈေးပိုမို ရရှိပြီး အဟောင်းတစ်ပိဿာ  ၇၇၅ ကျပ်ဖြင့်အရောင်း အဝယ်ဖြစ် နေပါသည်။ နွားထိုးကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်မှ ပဲစင်းငုံများကို မြင်းခြံဈေးကွက်နှင့်မန္တလေး ဈေးကွက်များသို့ တင်ပို့ရောင်းချနေပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချမှု အနည်းငယ်သာ ရှိပါသည်။ ဇွန်လ ပထမပတ် အတွင်း အရောင်းအဝယ် မဖြစ်ဘဲ ဈေးနှုန်းအနေဖြင့် ပဲစင်းငုံအသစ် တစ်ပိဿာ ကျပ် ၅၅၀ နှင့်အဟောင်းတစ်ပိဿာ ကျပ် ၇၈၀ ခန့်ဖြင့်သာ ပေါက်ဈေးရှိပါသည်။ တောင်သာမြို့နယ်မှ ပဲစင်းငုံ များမှာ ရန်ကုန်သို့တစ်ရက်လျှင် ကားစီးရေ တစ်စီး၊ နှစ်စီးသာ ထွက် နေပြီးတောင်သာ ကုန်စည်ဒိုင်တွင် ပဲစင်းငုံ တစ်ပိဿာ (ဟောင်း) ၇၇၅ ကျပ်နှင့် (သစ်) ၅၇၅ ကျပ် ဖြင့်သာအရောင်း အဝယ်ဖြစ်နေပါသည်။ တောင်သာမှပဲစင်းငုံများကို မန္တလေးသို့ တင်ပို့ရောင်း ချမှု မရှိကြောင်း နှင့် ပဲစင်းငုံ ဈေးကွက်ကောင်းမှ တောင်သူများအကျိုးခံစားရကြောင်း၊ မဟုတ်ပါက မြို့ပေါ်ရှိ ကုန်သည်၊ ပွဲစားများသာ အကျိုးခံစားရပြီး ပြည်ပတင်ပို့မှု အမြဲရှိမှသာလျှင် တောင်သူများ  အကျိုးခံစားခွင့်ရှိ ကြောင်း ကုန်သည်တစ်ဦး၏သုံးသပ်ချက်အရသိရှိရ ပါသည်။ လက်ရှိ ဈေးကွက်အတွင်း  ဖြစ်ပေါ်နေသည့်အခြေအနေနှင့်စပ်လျဉ်း၍ တောင်သူများ၏ သဘောထားများကို သိရှိရန်ဆက်သွယ် မေးမြန်း ကြည့်ရာ မြင်းခြံမြို့နယ် သစ်ရုံကျေးရွာရှိ တောင်သူကြီးတစ်ဦးက“ပဲစင်းငုံ  ဈေးကောင်းစဉ်က နှစ်စဉ်ဧက ၅၀ ခန့်စိုက်ပျိုးပါတယ်။ ပဲစင်းငုံကို လုံး၀ လက်လွတ်သွားမှာတော့မဟုတ်ပါဘူး။ အနည်းဆုံး ထင်းနဲ့နွားစာ၊ မြေသြဇာအတွက် မပူရလို့ ခုဆိုစစိုက်နေပါပြီ။ ဒီနှစ် မှာတော့ပဲဈေးကွက်က မသေချာလို့ ၁၅ ဧက လောက်မှာ မြေပဲနဲ့ သီးညှပ် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ပဲစင်းငုံကိုလျှော့စိုက်ဖို့ တွန်း အားပေးနေပေမယ့် ဘယ်သီးနှံ ကို ဘယ်လိုစိုက်ပျိုးပါ၊ အစားထိုးစိုက် မယ့် သီးနှံရဲ့ဈေးကွက်အခြေအနေကတော့ ဒီလိုရှိပါတယ်။    ဒါစိုက် ရင်ကောင်းတယ်၊ နည်းပညာနဲ့  မျိုးကတော့ ဘယ်လိုပါဆိုတာမျိုး သေသေချာချာလမ်းညွှန်ပေးမယ့်သူ မရှိတဲ့အတွက် တောင်သူတွေမှာ စမ်းတဝါးဝါး အမှောင်ထဲ လမ်းလျှောက်နေရသလိုပါပဲ။ ပဲစင်းငုံလက် ကျန်အနေနဲ့ကတော့ ကျွန်တော်ဆီမှာ ၂၀၁၆၊ ၂၀၁၇၊၂၀၁၈ ခုနှစ် ထွက် ပဲစင်းငုံလက်ကျန်တစ်တင်းခွဲ အိတ် ၅၀၀ လောက်ကျန်ပါတယ်။ တစ်ပိဿာ ဈေး ကျပ် ၁၀၀၀ လောက်အထိ ရမလားလို့စောင့်ကြည့်နေ တာပါ”ဟု ပြောပါသည်။

မန္တလေးမြို့  ပဲဈေးကွက်တွင်  ပဲစင်းငုံ(အဟောင်း)တစ်တင်း ကျပ် ၁၅၀၀၀ နှုန်း၊ အသစ်တစ်တင်း  ကျပ် ၁၄၀၀၀ နှုန်းဖြင့် အရောင်း  အဝယ်ဖြစ်လျက်ရှိပါသည်။ ပုံမှန်အားဖြင့် ယခင်ကပဲစင်းငုံအသစ် သည် ဈေးမြင့်လေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ် တွင် အချိန်အခါမဟုတ်  မိုးရွာသွန်းသည့်အတွက် ပဲစင်းငုံများမိုးမိပြီး အထွက်နှုန်းနှင့် အရည် အသွေး ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ပဲစင်းငုံအဟောင်းမှာ အသစ်ထက် အရည်အသွေး ပိုမိုကောင်းမွန်သောကြောင့် ဈေးပို ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးသို့ ပဲစင်းငုံများ တင်ပို့ ရောင်းချကြောင်း၊ မန္တလေးမြို့တွင်ပဲစင်းငုံလက်ကျန်တစ်တင်းခွဲ အိတ် ၃၅၀၀၀၀ မှ ၄၀၀၀၀၀ ခန့်အထိကျန်ရှိနေသေးကြောင်း၊ ပြီးခဲ့သည့် မေလတွင် မန္တလေးမှ ရန်ကုန်သို့ တန်ချိန် ၂၀၀၀၀ ခန့်တင်ပို့ပြီး ကြောင်းနှင့် အိန္ဒိယ ကုန်သည်များအနေဖြင့် ပဲစင်းငုံကိုလိုသလောက် သာ ထိန်း၍ ဝယ်ယူ နေခြင်း၊ ၎င်းတို့နိုင်ငံတွင်ပဲလက်ကျန်များ ကျန် ရှိနေခြင်း၊ စာချုပ်အရေအတွက်ပြည့်မီအောင်တင်ပို့ရန် ကျန်ရှိနေ သေးခြင်းတို့ကြောင့်  ပဲစင်းငုံဈေးမှာ အမြင့်ဆုံးဈေး တစ်တင်း ကျပ် ၁၇၀၀၀ ခန့်သာဖြစ်နိုင်ကြောင်း၊ မန္တလေးပဲ၊ နှမ်းအသင်း ၏ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။

ပဲစင်းငုံသည် အညာဒေသတောင်သူများအတွက် လုံးဝပစ်ပယ် ၍မရသည့် သီးနှံတစ်မျိုးဖြစ်သဖြင့် စိုက်ပျိုးမှုကို လုံးဝစွန့် လွှတ်ရန် မဖြစ်နိုင်သော်လည်း လျှော့ချစိုက်ပျိုးသင့်သော သီးနှံတစ်ခုအဖြစ် နားလည်လက်ခံ ထားပြီးဖြစ်ပါသည်။ ထို့အပြင်တောင်သူအများစု အနေဖြင့် ပဲစင်းငုံကိုသီးညှပ်စိုက်ပျိုးမှုသာများပြား၍ ပဲစင်းငုံကို လျှော့၍ စိုက်ပျိုးရမည်ဆိုပါက လည်း အခက်အခဲမရှိနိုင်သည်ကို တွေ့ရှိရပါသည်။

]]ပဲစင်းငုံ  ဈေးကောင်းစဉ်က နှစ်စဉ်ဧက ၅၀ ခန့်စိုက်ပျိုးပါတယ်။ ပဲစင်းငုံကို လုံး၀ လက်လွတ်သွားမှာတော့မဟုတ်ပါဘူး။ အနည်းဆုံး ထင်းနဲ့နွားစာ၊ မြေသြဇာအတွက် မပူရလို့ ခုဆိုစစိုက်နေပါပြီ။ ဒီနှစ် မှာတော့ပဲဈေးကွက်က မသေချာလို့ ၁၅ ဧကလောက်မှာ မြေပဲနဲ့ သီးညှပ် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ပဲစင်းငုံကိုလျှော့စိုက်ဖို့ တွန်း အားပေးနေပေမယ့် ဘယ်သီးနှံကိုဘယ်လိုစိုက်ပျိုးပါ၊ အစားထိုးစိုက် မယ့် သီးနှံရဲ့ဈေးကွက်အခြေအနေကတော့ ဒီလိုရှိပါတယ်။    ဒါစိုက် ရင်ကောင်းတယ်၊ နည်းပညာနဲ့  မျိုးကတော့ ဘယ်လိုပါဆိုတာမျိုး သေသေချာချာလမ်းညွှန်ပေးမယ့်သူ မရှိတဲ့အတွက် တောင်သူတွေမှာ စမ်းတဝါးဝါး အမှောင်ထဲ လမ်းလျှောက်နေရသလိုပါပဲ။ ပဲစင်းငုံလက် ကျန်အနေနဲ့ကတော့ ကျွန်တော်ဆီမှာ ၂၀၁၆၊ ၂၀၁၇၊၂၀၁၈ ခုနှစ် ထွက် ပဲစင်းငုံလက်ကျန်တစ်တင်းခွဲ အိတ် ၅၀၀ လောက်ကျန်ပါတယ်။ တစ်ပိဿာ ဈေး ကျပ် ၁၀၀၀ လောက်အထိ ရမလားလို့စောင့်ကြည့်နေ တာပါ}}ဟု ပြောပါသည်။

မန္တလေးမြို့  ပဲဈေးကွက်တွင်  ပဲစင်းငုံ(အဟောင်း)တစ်တင်း ကျပ် ၁၅၀၀၀ နှုန်း၊ အသစ်တစ်တင်း  ကျပ် ၁၄၀၀၀ နှုန်းဖြင့် အရောင်း  အဝယ်ဖြစ်လျက်ရှိပါသည်။ ပုံမှန်အားဖြင့် ယခင်ကပဲစင်းငုံအသစ် သည် ဈေးမြင့်လေ့ ရှိသော်လည်း ပြီးခဲ့သည့်နှစ်တွင် အချိန်အခါမဟုတ်  မိုးရွာသွန်းသည့်အတွက် ပဲစင်းငုံများမိုးမိပြီး အထွက်နှုန်းနှင့် အရည် အသွေး ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပဲစင်းငုံအဟောင်းမှာ အသစ်ထက် အရည်အသွေး ပိုမိုကောင်းမွန်သောကြောင့် ဈေးပို ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးသို့ ပဲစင်းငုံများ တင်ပို့ ရောင်းချကြောင်း၊ မန္တလေးမြို့တွင်ပဲစင်းငုံလက်ကျန် တစ်တင်းခွဲအိတ် ၃၅၀၀၀၀ မှ ၄၀၀၀၀၀ ခန့်အထိကျန်ရှိေ နသေးကြောင်း၊ ပြီးခဲ့သည့် မေလတွင် မန္တလေးမှ ရန်ကုန်သို့ တန်ချိန် ၂၀၀၀၀ ခန့်တင်ပို့ပြီး ကြောင်းနှင့် အိန္ဒိယ ကုန်သည်များအနေဖြင့် ပဲစင်းငုံကိုလိုသလောက် သာ ထိန်း၍ ဝယ်ယူနေခြင်း၊ ၎င်းင်းတို့နိုင်ငံတွင်ပဲလက်ကျန်များ ကျန်ရှိနေခြင်း၊ စာချုပ်အရေအတွက်ပြည့်မီအောင်တင်ပို့ရန် ကျန်ရှိနေ သေးခြင်းတို့ကြောင့်  ပဲစင်းငုံဈေးမှာ အမြင့်ဆုံးဈေး တစ်တင်း ကျပ် ၁၇၀၀၀ ခန့်သာဖြစ်နိုင်ကြောင်း၊ မန္တလေးပဲ၊ နှမ်းအသင်း၏ တာဝန်ရှိ သူတစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။

ပဲစင်းငုံသည် အညာဒေသတောင်သူများအတွက် လုံးဝပစ်ပယ် ၍မရသည့် သီးနှံတစ်မျိုးဖြစ်သဖြင့် စိုက်ပျိုးမှုကို လုံး၀ စွန့်လွှတ်ရန် မဖြစ်နိုင်သော်လည်း လျှော့ချစိုက်ပျိုးသင့်သော သီးနှံတစ်ခုအဖြစ် နားလည် လက်ခံထားပြီးဖြစ်ပါသည်။ ထို့အပြင် တောင်သူအများစု အနေဖြင့် ပဲစင်းငုံကိုသီးညှပ်စိုက်ပျိုးမှုသာများပြား၍ ပဲစင်းငုံကို လျှော့၍ စိုက်ပျိုးရမည်ဆိုပါကလည်း အခက်အခဲမရှိနိုင်သည်ကို တွေ့ရှိရပါသည်။

သို့ရာတွင် တောင်သူများအနေဖြင့် ပဲစင်းငုံအစား မည်သည့်သီးနှံကို စိုက်ပျိုးသင့် သည်၊ မည်သည့်အတိုင်းအတာအထိ စိုက်ပျိုးရမည်၊ မည်သည့်နည်းစနစ်ဖြင့်စိုက် ပျိုးရမည်၊ မည်သည့်ဈေးကွက်ကို  တင်ပို့ရောင်းချရမည်ဆိုသည်များကိုလည်း တောင်သူများနှင့် ဆွေးနွေးချက်များအပေါ် အခြေခံ၍ ဖြည့်ဆည်းပေးရမည့်အချက် များကိုလည်း တွေ့ရှိနေရပါသည်။

အဆိုပါပဲစင်းငုံများသည် ပြည်တွင်းတွင်စားသုံးမှု အလွန်နည်းပြီး တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ်လည်း  အလွန်နည်းပါးပါသည်။  ပဲစင်းငုံသီးနှံအနေဖြင့်  အိန္ဒိယ နိုင်ငံ၏ ဝယ်ယူလိုမှုပမာဏအပေါ်မူတည်ပြီး ကြော်ငြာချက်နှင့် ပဲစိုက်တောင်သူများ ၏ ပြောကြားချက်များ၊ ကုန်သည်များ၏ သုံးသပ်ချက်များအရ ပြည်ပသို့ တင်ပို့ရန် အတွက်သာ အဓိကရည်ရွယ်၍ စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ပြည်ပသို့တင်ပို့ရန်ဆို သော်ငြားလည်း အဓိကတင်ပို့နေသော နိုင်ငံမှာ အိန္ဒိယနိုင်ငံတစ်နိုင်ငံ တည်းသာ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပဲစင်းငုံဈေးကွက်သည် အိန္ဒိယနိုင်ငံ၏ ဈေးကွက်ကိုသာ မှီခိုနေရသည့် အနေအထားဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ ပဲစင်းငုံဝယ်ယူမှု ကန့် သတ်ခဲ့သည့်အတွက် ပြည်တွင်းတွင် တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် ခွဲခြမ်းထုပ်များထုပ် ၍ရောင်းချလာခြင်း၊ ပဲကြာဆန်လုပ်ငန်းများတွင်အသုံးပြုလာခြင်းနှင့် ပြည်တွင်းပဲ စားသုံးမှုမြှင့်တင် နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှု များကြောင့် ပဲစင်းငုံစား သုံးမှုအနည်းငယ်ပိုလာသော်လည်း အဓိကအားဖြင့် ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှုသည် အိန္ဒိယနိုင်ငံ၏ ဈေးကွက်ကိုသာ မှီခိုနေရခြင်းကြောင့် အလွန်သတိထား စိုက်ပျိုး သင့်သော သီးနှံတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မျိုးသီတာ ( မြင်းခြံ )