Main menu

Background

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုနှင့် နိုင်ငံတကာငွေကြေးများ၏ တန်ဖိုးကျဆင်းသွားမှု

Wed, 06/27/2018 - 11:11 -- journal_editor

ဒေါ်လာဈေးတက်သောသတင်းများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့စီးပွားရေးလောကတွင်ပါရေပန်းစား လျက်ရှိသည့် ကမ္ဘာ့ကုန်သွယ်မှုအများစုသည် စံငွေကြေးဖြစ်သော အမေရိကန်ဒေါ်လာငွေကြေး နှင့် လည်ပတ် လုပ်ကိုင်နေသောကြောင့် ဒေါ်လာဈေးပြောင်းလဲမှုသည် စီးပွားရေးလောကကို ရိုက်ခတ်လျက်ရှိသည်။ ထို့ကြောင့် ဒေါ်လာဈေးမြင့်တက်လာခြင်း၏နောက်ကွယ် ဆက်စပ်အကြောင်းတရားများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်လှပါ သည်။

မြန်မာနိုင်ငံ၏ ငွေလဲနှုန်းပြောင်းလဲမှုအခြေအနေများအမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် ယခုနှစ်၂၀၁၈ ခုနှစ် ဇွန်လအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့  နျူးကလီးယားလက်နက် လျှော့ချရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီး  နောက်ပိုင်းတွင်အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာခဲ့သည်ကို တွေ့ရပါသည်။ထိုသို့ မြင့်တက်လာခဲ့သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေလဲနှုန်းကို ၎င်းင်းတိုးမြင့်လာမှုနှင့်လျော်ညီစွာ  တိုးမြှင့်သတ်မှတ်ခဲ့ပါ သည်။ ၂၀၁၈ ခုနှစ် ဇွန်လဒုတိယပတ်မှစတင်၍ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် မြင့်တက်လာခဲ့ပြီး ယခုနှစ်အတွက် အမြင့်ဆုံးအခြေ အနေကို ရောက်ရှိလာခဲ့သည်ကို တွေ့ရပါသည်။

၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် ယခင်လွန်ခဲ့သောနှစ်များနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံး တစ်ဒေါ်လာ လျှင် ၁၃၈၀ ကျပ် နှုန်းဖြင့်မြင့်တက်လာခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇန်န ဝါရီလ လယ်မှစ တင်ကာ မြန်မာနိုင်ငံအတွင်း ဘဏ်များအကြား လဲလှယ်နှုန်းမှာ  အမေရိကန်  တစ်ဒေါ်လာလျှင် ၁၃၂၂ ကျပ်နှုန်းဖြင့် ကျဆင်းလာခဲ့ပြီး ဇန်နဝါရီမှ ဧပြီလအတွင်း ငွေလဲနှုန်းမှာ တစ်ဒေါ် လာလျှင် ၁၃၂၇ ကျပ်ဝန်းကျင်နှုန်းဖြင့် မတည်ငြိမ်ဘဲ အတက်အကျ ဖြစ်နေခဲ့ပါသည်။ ဧပြီလအတွင်းအမြင့်ဆုံးငွေလဲနှုန်းမှာ တစ်ဒေါ်လာ လျှင်၁၃၃၁ ကျပ်နှုန်းရှိခဲ့သည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖော်ပြထားချက်အရ ယခု ၂၀၁၈ ခုနှစ်ဇွန်လ ၂၂ ရက် တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ လျှင် ၁၃၇၄ ကျပ်နှုန်းပေါက် ဈေးရှိခဲ့ပြီး ယခင်ဧပြီ၊ မေလများထက် ငွေလဲလှယ်နှုန်းမြင့်မားလာ ခဲ့ကြောင်း အလားတူ  အာဆီယံနိုင်ငံများ၏ အမေရိကန်ဒေါ်လာနှင့် ငွေလဲလှယ်နှုန်းများလည်း   မြင့်မားလာခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာတန်ဖိုးတက်ခြင်းသည်အခြားနိုင်ငံ များ၏ ငွေကြေး တန်ဖိုး ကျဆင်းခြင်းကို ဖြစ်ပေါ်စေတတ်ကြောင်း တွေ့ရှိရပါသည်။

အမေရိကန်ဒေါ်လာနှင့်   အာဆီယံနိုင်ငံများ၏  ငွေလဲနှုန်းဆိုင်ရာ အခြေအနေများ (၂၀၁၈ ခုနှစ်ဧပြီလမှ ဇွန်လ) အမေရိကန်ဒေါ်လာအပေါ်မူတည်ပြီး မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁၃၃၉ ဒသမ ၆ ကျပ် ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ  ၁၁၀ ဒသမ ၅၆ ကျပ် ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း  တိုးတက်မှုရာခိုင်နှုန်းမှာ သုည ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှ ငွေလဲမှုနှုန်းမှာ ၁၃၅၁ ဒသမ ၇ ကျပ်ရှိပြီး  ယင်းလအတွင်း ငွေကြေး ကွာဟမှုတန်ဖိုးမှာ ၁၁ ဒသမ ၀၀ ကျပ် ဖြစ်သည့်အတွက် ငွေလဲလှယ် နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ သုည ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁၃၆၁ ဒသမ ၉ ကျပ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ ၉ ဒသမ ၃၃ ကျပ်ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ သုည ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ အဆိုပါ သုံးလအတွင်း မြန်မာနိုင်ငံငွေကြေးတန်ဖိုး  အနည်းငယ်ကျဆင်း လာကြောင်းတွေ့ ရှိရပါသည်။အမေရိကန်ဒေါ်လာအပေါ်မူတည်ပြီး  ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၁၈ ခုနှစ်ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ  ၅၁  ဒသမ ၉၃ ပီဆိုရှိ ပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ-သုည ဒသမ ၅၄ ပီဆိုဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းကျဆင်းမှု (ရာခိုင်နှုန်း) မှာ -၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှငွေလဲမှုနှုန်း မှာ ၅၂ ဒသမ ၁၇ ပီဆိုရှိပြီး ယင်းလအတွင်း  ငွေကြေးကွာဟမှုတန်ဖိုး မှာ သုည ဒသမ ၈၂ ပီဆိုဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း တိုးတက် မှုရာခိုင်နှုန်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၅၂ဒသမ ၉၁ပီဆို ရှိသည့်အတွက် ယင်းလအတွင်း ငွေကြေးကွာဟမှု  တန်ဖိုးမှာ သုည ဒသမ ၈၃ ပီဆို ဖြစ်ပြီး ငွေလဲလှယ်နှုန်းတိုးတက်မှု ရာခိုင်နှုန်းမှာ  ၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပါသည်။ အဆိုပါ သုံးလအတွင်း ဖိလစ်ပိုင်ငွေကြေးတန်ဖိုး အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။အမေရိကန်ဒေါ်လာအပေါ်   မူတည်ပြီး စင်ကာပူနိုင်ငံ၏ ၂၀၁၈ ခုနှစ်ဧပြီလတွင်ပျမ်းမျှ ငွေလဲနှုန်းမှာ ၁ ဒသမ ၃၁၈ စင်ကာပူ ဒေါ်လာရှိပြီး  ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ  သုည ဒသမ ၀၁၅ စင်ကာပူဒေါ်လာဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ  ၁ ဒသမ ၁ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁ ဒသမ ၃၃၆ စင်ကာပူဒေါ်လာရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ သုည ဒသမ ၀၀၅  စင်ကာပူဒေါ်လာဖြစ်သည့်အတွက်   ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ သုည ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁ဒသမ၃၄၈ စင်ကာပူ ဒေါ်လာရှိပြီး ယင်းလအတွင်း   ငွေကြေးကွာဟမှု တန်ဖိုးမှာ သုည ဒသမ ၀၂ စင်ကာပူဒေါ်လာဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း တိုး တက်မှု (ရာခိုင်နှုန်း) မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါသည်။ အဆိုပါ သုံးလအတွင်း စင်ကာပူနိုင်ငံငွေကြေးတန်ဖိုး အနည်းငယ်ကျဆင်း လာကြောင်း တွေ့ရှိရပါသည်။အမေရိကန်ဒေါ်လာအပေါ် မူတည်ပြီး ထိုင်းနိုင်ငံ၏ ၂၀၁၈ ခုနှစ်ဧပြီလတွင် ပျမ်းမျှ ငွေလဲမှုနှုန်းမှာ ၃၁ ဒသမ ၃၈၄ ဘတ် ရှိသည့် အတွက် ယင်းလအတွင်းငွေကြေးကွာဟမှုတန်ဖိုးမှာ သုညဒသမ ၃၃၇ ဘတ်ဖြစ်ပြီး ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ ၁ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှ ငွေလဲမှုနှုန်းမှာ ၃၁ ဒသမ ၈၈၂ ဘတ်ရှိပြီး ယင်းလအတွင်း ငွေကြေး ကွာဟမှုတန်ဖိုးမှာ သုည ဒသမ ၃၈ ဘတ်ဖြစ်သည့်အတွက် ငွေလဲ လှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ ၁ဒသမ၂ ရာခိုင်နှုန်း  ဖြစ်ပါ ကြောင်း၊ ၂၀၁၈ ခုနှစ်ဇွန်လတွင် ပျမ်းမျှငွေ လဲမှုနှုန်းမှာ ၃၂ ဒသမ ၄၅၈ ဘတ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု တန်ဖိုးမှာ သုည ဒသမ ၈၈၄ ဘတ် ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း  တိုးတက်မှု (ရာခိုင်နှုန်း) မှာ ၂ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပါသည်။ အဆိုပါ သုံးလ အတွင်း ထိုင်းနိုင်ငံ ငွေကြေးတန်ဖိုး အနည်းငယ် ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။အမေရိကန်ဒေါ်လာအပေါ်  မူတည်ပြီး ဗီယက်နမ်နိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလတွင်  ပျမ်းမျှငွေလဲမှုနှုန်းမှာ ၂၂၇၈၉ ဒသမ ၅ ဒေါင်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ -၄၇ ဒသမ ၂၉၇ ဒေါင် ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းကျဆင်းမှု(ရာခိုင်နှုန်း) မှာ -သုညဒသမ၂ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၂၂၇၈၅ဒသမ၂၄ ဒေါင်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ ၃၆ဒသမ၂၆ ဒေါင် ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ သုညဒသမ၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊  ၂၀၁၈ ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၂၂၈၃ သုည ဒသမ ၉ ဒေါင်ရှိပြီး ယင်းလအတွင်းငွေကြေးကွာဟမှုတန်ဖိုးမှာ ၉၁ ဒသမ ၂၃ ဒေါင်ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ သုည ဒသမ၄ရာခိုင်နှုန်းဖြစ်ပါသည်။  အဆိုပါ  သုံးလအတွင်း ဗီယက်နမ်နိုင်ငံငွေကြေးတန်ဖိုး  အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ အမေရိကန်ဒေါ်လာအပေါ် မူတည်ပြီး လာအိုနိုင်ငံ၏ ၂၀၁၈ ခုနှစ်ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၈၃၁၅ဒသမ၉ ကစ်ပ်ရှိပြီးယင်းလ အတွင်း ငွေကြေးကွာဟမှု  တန်ဖိုးမှာ ၃၇ဒသမ ၇၆ ကစ်ပ် ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ သုည ဒသမ၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှ ငွေလဲမှုနှုန်းမှာ ၈၃၅၇ ဒသမ ၁ ကစ်ပ်ရှိပြီး ယင်းလအတွင်း ငွေကြေး ကွာဟမှုတန်ဖိုးမှာ ၄၉ ဒသမ ၇၁ ကစ်ပ်ဖြစ်သည့်အတွက် ငွေလဲ လှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ  သုည ဒသမ ၆ ရာခိုင်နှုန်း  ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၈၃၉၇ ဒသမ၂ ကစ်ပ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ ၄၁ ဒသမ ၁၃ ကစ်ပ်ဖြစ်သည့်အတွက်   ငွေလဲလှယ်နှုန်း   တိုးတက်မှု (ရာခိုင်နှုန်း) မှာ သုည ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါသည်။ အဆိုပါသုံးလ အတွင်း လာအိုနိုင်ငံငွေကြေးတန်ဖိုး အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ အမေရိကန်ဒေါ်လာအပေါ်မူတည်ပြီး   မလေးရှားနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၃ဒသမ ၈၉၃ ရင်းကစ် ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ သုည ဒသမ ၀၅၈ ရင်းဂစ်ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ ၁ ဒသမ ၅ ရာခိုင်နှုန်း  ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှငွေလဲနှုန်းမှာ ၃ ဒသမ ၉၅၀ ရင်းဂစ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ သုည ဒသမ ၀၅၇ ရင်းဂစ်ဖြစ်သည့် အတွက် ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ ၁ဒသမ၅ ရာခိုင် နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်း မှာ ၃ဒသမ ၉၉၂ ရင်းဂစ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု တန်ဖိုး မှာ ၀ ဒသမ ၀၃၃ ရင်းဂစ်ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ သုည ဒသမ ၈ ရာခိုင်နှုန်း  ဖြစ်ပါသည်။ အဆိုပါ သုံးလအတွင်း မလေးရှားနိုင်ငံငွေကြေးတန်ဖိုး အနည်းငယ်ကျဆင်း လာကြောင်း တွေ့ရှိရပါသည်။အမေရိကန်ဒေါ်လာအပေါ်မူတည်ပြီး  အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁၃၈၃၁ ဒသမ ၂ ရူပီ ယာရှိပြီး ယင်းလအတွင်း  ငွေကြေးကွာဟမှု တန်ဖိုးမှာ ၁၆၈ ဒသမ ၄၃ ရူပီယာဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ ၁ဒသမ၂ ရာခိုင်နှုန်းဖြစ် ပါကြောင်း၊  ၂၀၁၈ ခုနှစ် မေလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁၃၉၃၂ ဒသမ ၈ ရူပီယာရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု တန်ဖိုးမှာ -၉၆ ဒသမ ၈၁၃ ရူပီယာဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း ကျဆင်းမှု (ရာခိုင်နှုန်း)မှာ -သုည ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်ဇွန်လတွင် ပျမ်းမျှငွေလဲမှု နှုန်းမှာ ၁၃၉၅၆ ဒသမ၇ ရူပီယာရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ ၂၇၅ဒသမ၈ ရူပီယာဖြစ် သည့်အတွက် ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ ၂ ရာခိုင်နှုန်း  ဖြစ်ပါသည်။ အဆိုပါ သုံးလအတွင်း အင်ဒိုနီးရှားနိုင်ငံငွေကြေးတန်ဖိုး အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ အမေရိကန်ဒေါ်လာ အပေါ်မူတည်ပြီး ဘရူနိုင်းနိုင်ငံ၏ ၂၀၁၈ ခုနှစ်ဧပြီလတွင် ပျမ်းမျှ ငွေလဲမှုနှုန်းမှာ ၁ဒသမ၃၂၅ ဘရူနိုင်းဒေါ်လာ ရှိပြီး ယင်းလအတွင်းငွေကြေး ကွာဟမှုတန်ဖိုးမှာ သုည ဒသမ ၀၂၆ ဘရူနိုင်းဒေါ်လာဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း   တိုးတက်မှု (ရာခိုင်နှုန်း) မှာ ၂ ရာခိုင်နှုန်း  ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မေလတွင်ပျမ်းမျှ ငွေလဲမှုနှုန်းမှာ ၁ဒသမ ၃၆၇ ဘရူနိုင်း ဒေါ်လာရှိပြီး ယင်း လအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ သုညဒသမ၀၃၇ ဘရူနိုင်း ဒေါ်လာဖြစ်သည့်အတွက် ငွေလဲလှယ် နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ ၂ ဒသမ ၈ ရာခိုင်နှုန်း  ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁ ဒသမ ၄၆၀ ဘရူနိုင်း ဒေါ်လာရှိပြီး ယင်းလအတွင်းငွေကြေးကွာဟမှုတန်ဖိုးမှာ သုည ဒသမ ၁၀၀ ဘရူနိုင်း ဒေါ်လာဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းတိုးတက်မှု  (ရာခိုင်နှုန်း) မှာ ၇ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါသည်။ အဆိုပါ သုံးလအတွင်း ဘရူနိုင်း နိုင်ငံငွေကြေးတန်ဖိုး  အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါ သည်။အမေရိကန်ဒေါ်လာအပေါ်မူတည်ပြီး ကမ္ဘောဒီးယား နိုင်ငံ၏ ၂၀၁၈ ခုနှစ်ဧပြီလတွင် ပျမ်းမျှ  ငွေလဲမှုနှုန်းမှာ ၄၀၃၉ ဒသမ ၉ ရီရယ်ရှိပြီး ယင်းလအတွင်း  ငွေကြေးကွာဟမှုတန်ဖိုးမှာ -၇ ဒသမ ၀၆၉ ရီရယ်ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ -သုည ဒသမ၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မေလတွင် ပျမ်းမျှငွေလဲ မှုနှုန်းမှာ ၄၀၅၇ ဒသမ ၀ ရီရယ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု တန်ဖိုးမှာ ၄၀ ဒသမ၈၉ ရီရယ်ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ ၁ ရာခိုင်နှုန်း  ဖြစ်ပါ ကြောင်း၊ ၂၀၁၈ ခုနှစ်ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၄၀၆၉ ဒသမ ၈ ရီရယ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ -၁၉ ဒသမ ၉၉ ရီရယ်ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းကျဆင်းမှု(ရာခိုင်နှုန်း) မှာ -သုည ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ အဆိုပါ သုံးလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ငွေကြေးတန်ဖိုးအနည်းငယ် ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတကာတွင် ငွေလဲနှုန်းပြောင်းလဲမှု အခြေအနေများအမေရိကန်ဒေါ်လာအပေါ်  မူတည်ပြီး အိန္ဒိယနိုင်ငံ၏ ၂၀၁၈ ခုနှစ်ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၆၅ ဒသမ ၈ ရူပီးရှိပြီး ယင်းလ အတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ ၁ ဒသမ ၃၁ ရူပီးဖြစ်ပြီး ငွေလဲ လှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ  ၂ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၆၇ ဒသမ ၁၇ ရူပီးရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု တန်ဖိုးမှာ သုည ဒသမ ၅၄ ရူပီးဖြစ် ပြီး ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ သုညဒသမ ၈ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ခုနှစ်ဇွန်လတွင် ပျမ်းမျှငွေလဲမှု နှုန်းမှာ ၆၇ ဒသမ ၄၂ ရူပီး ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု တန်ဖိုးမှာ ၁ ဒသမ ၀၄ ရူပီးဖြစ်ပြီး  ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း)မှာ ၁ ဒသမ ၆ ရာခိုင်နှုန်း  ဖြစ်ပါသည်။ အဆိုပါသုံးလအတွင်း  အိန္ဒိယ ငွေကြေးတန်ဖိုး  အနည်းငယ်   ကျဆင်းလာကြောင်းတွေ့ရှိရပါသည်။အမေရိကန်ဒေါ်လာအပေါ်မူတည်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလတွင်  ပျမ်းမျှငွေလဲမှုနှုန်းမှာ ၈၃ တာကစ်ရှိပြီး ယင်းလအတွင်း  ငွေကြေးကွာဟမှုတန်ဖိုးမှာ ၁ ဒသမ ၆၇ တာကစ် ဖြစ်ပြီး ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း)မှာ ၂ ရာခိုင်နှုန်း ဖြစ်ပါ ကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင်  ပျမ်းမျှငွေလဲမှုနှုန်းမှာ  ၈၄ ဒသမ၆၃ တာကစ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ -သုည ဒသမ ၂၈ တာကစ်ဖြစ်ပြီး ငွေလဲလှယ်နှုန်းကျဆင်းမှု (ရာခိုင်နှုန်း)  မှာ -သုည ဒသမ ၃ ရာခိုင်နှုန်း  ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်ဇွန်လတွင် ပျမ်းမျှ ငွေလဲမှုနှုန်းမှာ ၈၄ ဒသမ ၄၉ တာကစ်ရှိပြီး ယင်းလအတွင်း ငွေကြေး ကွာဟမှုတန်ဖိုးမှာ သုည ဒသမ ၀၃ တာကစ်ဖြစ်ပြီး ငွေလဲ လှယ်နှုန်းတိုးတက်မှု(ရာခိုင်နှုန်း)မှာ သုည ဒသမ ၀၄ ရာခိုင်နှုန်းဖြစ် ပါကြောင်း လေ့လာရပါသည်။ အဆိုပါသုံးလအတွင်း ဘင်္ဂလားဒေ့ရှ် ငွေကြေး တန်ဖိုးအနည်းငယ် ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ အမေရိကန်ဒေါ်လာ အပေါ်မူတည်ပြီး တရုတ်နိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ   ၆ ဒသမ ၃၁ ယွမ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု  တန်ဖိုးမှာ သုည ဒသမ၀၄ ယွမ် ဖြစ်ပြီး ငွေလဲလှယ်နှုန်း  တိုးတက်မှု (ရာခိုင်နှုန်း) မှာ သုညဒသမ၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မေလတွင် ပျမ်းမျှ ငွေလဲမှု နှုန်းမှာ ၆ ဒသမ ၃၇ ယွမ်ရှိပြီး ယင်းလအတွင်း  ငွေကြေးကွာဟမှု တန်ဖိုးမှာ သုညဒသမ ၀၇ ယွမ်ဖြစ်ပြီး  ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း   ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၆ဒသမ၄၅ ယွမ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ သုည ဒသမ၀၇ ယွမ်ဖြစ်ပြီး ငွေလဲလှယ် နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ ၁ ဒသမ၂ ရာခိုင်နှုန်း  ဖြစ်သည်ကို တွေ့ရှိရပါသည်။   အဆိုပါသုံးလအတွင်း တရုတ်ယွမ်ငွေတန်ဖိုး အနည်းငယ်ကျဆင်းလာကြောင်းကိုလည်း တွေ့ရှိရပါသည်။ အမေရိကန်ဒေါ်လာအပေါ်   မူတည်ပြီး ကိုရီးယားနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ  ၁၀၉၀ ဒသမ ၉၄၃ ဝမ်ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု တန်ဖိုးမှာ ၃၉ ဒသမ ၂၀၉ ဝမ်ဖြစ်ပြီး ငွေလဲလှယ်နှုန်း  တိုးတက်မှု (ရာခိုင်နှုန်း) မှာ ၃ဒသမ၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မေလတွင် ပျမ်းမျှငွေလဲမှုနှုန်း မှာ ၁၀၇၇ ဒသမ၅၀၂ ဝမ် ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှု တန်ဖိုးမှာ ၇ဒသမ၄၉ ဝမ် ဖြစ်ပြီး ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ သုညဒသမ၇  ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊၂၀၁၈ ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေ လဲမှုနှုန်းမှာ ၁၀၆၆ဒသမ၆၁၄ ဝမ်ရှိပြီး ယင်းလ အတွင်း ငွေကြေးကွာဟမှု တန်ဖိုးမှာ ၇ဒသမ၈၄ ဝမ် ဖြစ်ပြီး ငွေလဲ လှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ သုညဒသမ၇ ရာခိုင်နှုန်း  ဖြစ်ပါ သည်။ အဆိုပါ သုံးလအတွင်း ကိုရီးယားငွေဈေးနှုန်း  အနည်းငယ် ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

အမေရိကန်ဒေါ်လာအပေါ်  မူတည်ပြီး ဂျပန်နိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁၀၇ဒသမ၇၉ ယန်း ရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ ၃ ဒသမ ၀၀၂ ယန်း ဖြစ်ပြီး ငွေလဲလှယ်နှုန်းတိုးတက်မှု (ရာခိုင်နှုန်း) မှာ ၂ ဒသမ၈ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မေလတွင်  ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁၀၉ ဒသမ၃၃ ယန်းရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုး မှာ -၁ ဒသမ ၁၀၆ ယန်း ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းကျဆင်းမှု (ရာခိုင်နှုန်း)မှာ-၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေလဲမှုနှုန်းမှာ ၁၀၉ ဒသမ ၇၁၁ ယန်းရှိပြီး ယင်းလအတွင်း ငွေကြေးကွာဟမှုတန်ဖိုးမှာ သုညဒသမ၃၅ ယန်း ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်း တိုးတက်မှု (ရာခိုင်နှုန်း) မှာ သုည ဒသမ၃ရာခိုင်နှုန်း  ဖြစ်ပါသည်။ အဆိုပါသုံးလအတွင်းကိုရီးယား ငွေ တန်ဖိုးအနည်းငယ် ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ အမေရိကန်ဒေါ်လာဈေး  မြင့်တက်လာရသည့်   အကြောင်း အရင်းများဒေါ်လာဈေး အတက်အကျကြောင့် ကောင်းကျိုးစီးပွား တိုး များလာသည့် နိုင်ငံရှိသကဲ့သို့ အကျိုးစီးပွားထိခိုက်နိုင်စေမည့် နိုင်ငံ များလည်း ရှိပါသည်။ ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွား ရေးတိုးတက်လာလျှင် ၎င်းင်းနိုင်ငံ၏ ငွေကြေးတန်ဖိုးသည်လည်း တက်လာလေ့ရှိသည်။ တစ်ဆက်တည်းမှာပင် နိုင်ငံပိုင်လုပ်ငန်းကြီးများ နှင့် နိုင်ငံသားများပိုင် ကုမ္ပဏီကြီးများ၏  စီးပွားရေး တိုးတက်လာ မှုကြောင့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး တက်ခြင်း၊ အလုပ် လက် မဲ့များနည်းပါးခြင်း၊ ငွေဖောင်းပွမှု ထိန်းချုပ်နိုင်ခြင်း၊ အစုရှယ်ယာများ ဈေးတက်လာ ခြင်းတို့အပြင် ငွေကြေးခိုင်မာလာမှုကြောင့် ပြည်သူ တိုင်း ဝယ်လိုအားပိုမိုတက်လာခြင်းနှင့် ပိုမိုကယ်ဝလာခြင်း စသည့် ကောင်းကျိုးများ တွေ့ရပါသည်။

အမေရိကန်စီးပွားရေးသည် ၂၀၁၂ ခုနှစ်မှစ၍ ထိရောက် သည့် စီးပွားရေးပြန်လည် ဦးမော့လာရေး  အစီအစဉ် များကြောင့် ၂၀၁၂ နောက်ပိုင်း စီးပွားရေး ပြန်လည်တိုးတက်လာသကဲ့သို့ နိုင်ငံ တကာဈေးကွက်များတွင်လည်း  ဒေါ်လာငွေကြေးတန်ဖိုး အထိုက် အလျောက် မြင့်တက်လာခဲ့သည်။  အထူးသဖြင့် ၂၀၁၄ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၏  စီးပွားရေးတိုးတက်မှုနှုန်း (GDPတိုး တက်နှုန်း) သည် ဒုတိယသုံးလပတ်အတွင်း ၄ ဒသမ၆  ရာခိုင်နှုန်း ရှိခဲ့သောကြောင့်၂၀၁၈ ခုနှစ်နောက်ပိုင်း  အမြင့်ဆုံးဖြစ်လာသည့် အတွက် အမေရိကန်နိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာ လုပ်ငန်းရှင်များ၏ ယုံကြည်မှုတိုးမြင့်လာနေကြောင်း တွေ့ရသည်။

အမေရိကန်ဒေါ်လာသည် အမေရိကန်နိုင်ငံ၏  တရားဝင် ငွေကြေးသာမက နိုင်ငံတကာသုံးငွေကြေးယူနစ်  ဖြစ်သောကြောင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို အမေရိကန်ဒေါ်လာကို အသုံးပြုဆောင်ရွက် နေသကဲ့သို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံတကာ ငွေကြေးလည်ပတ်မှုများသည်လည်း ဒေါ်လာ ငွေကြေး ကိုသာ အဓိကသုံးစွဲနေဆဲဖြစ်သည်။ ထို့ကြောင့်ဒေါ်လာငွေကြေး အတက်အကျသည် နိုင်ငံတိုင်းအတွက် အကျိုးသက်ရောက်မှုများရှိ မည်ဖြစ်သည်။ ထို့အပြင်  နိုင်ငံတိုင်းမှ   အရန်နိုင်ငံခြားရန်ပုံငွေ (Foreign Reserve) ကိုလည်း ဒေါ်လာနှင့်ရွှေတို့ကို အများဆုံးထား လေ့ရှိရာ ဒေါ်လာနှင့် ရွှေဈေးများ နီးကပ်စွာဆက်စပ်နေကြောင်း တွေ့ရသည်။ ယေဘုယျအားဖြင့် အရန်နိုင်ငံခြားရန်ပုံငွေ (Foreign Reserve)အတွက် ဒေါ်လာနှင့်ရွှေ  မည်မျှလျာထားမည်ဆိုသည့် အချက်မှာ ၎င်းင်းတို့၏ ဈေးနှုန်းများအပေါ်  မူတည်ပြီး ဒေါ်လာနှင့် ရွှေကို တိုင်းတာလေ့ရှိသည်။         ( ဆက်လက်ဖော်ပြပါမည် )