Main menu

Background

၂၀၁ ဘဏ္ဍာနှစ် ပထမသုံးလတွင် ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့်ရရှိ ယခင်နှစ်ကာလတူထက် ၁ ဒသမ ၃ ဘီလီယံခန့် ပိုမိုမြင့်တက်လာ

Thu, 07/12/2018 - 13:38 -- journal_editor

 ကုန်သွယ်မှုကဏ္ဍဟာ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို တိုင်းတာရာမှာ အဓိကပင်မကျောရိုးသဖွယ် ထောက်ပံ့ပေးသည့် အရေးကြီးသည့်အချက်ဖြစ်သည့်အပြင် နိုင်ငံတွင်းနေပြည်သူများရဲ့ လူမှုစီးပွားရေး အခြေ အနေ များ၊ လူနေမှုအဆင့်အတန်း၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် စားသုံးသူအကျိုး^အခွင့်အလမ်းများ အတွက်ပါအရေးပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်း အချက်အလက်များအရ ယခင်ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီး ထိုကဲ့သို့ဆောင်ရွက်နိုင်မှု ဟာ မြန်မာ့ကုန်သွယ်မှု သမိုင်း တစ်လျှောက်မှာ ပမာဏအများဆုံးဆောင် ရွက်နိုင်ခဲ့တဲ့နှစ်ဖြစ်ခဲ့တဲ့အတွက် သမိုင်းသစ်မှတ်တိုင်စိုက်ထူကာ သမိုင်းဝင်မှတ်တမ်းတင်နိုင်ခဲ့တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ ကုန်သွယ်မှုအချက်အလက်များအရ ယခု ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအထိMini Budget ၏ ပထမသုံးလပတ်ကာလ ဖြစ်သော ဧပြီ၊ မေ၊ ဇွန် ပထမသုံးလပတ်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါ တယ်။ အဆိုပါ ပထမသုံးလပတ်အတွက် ကုန်သွယ်မှုပမာဏ လျာထားချက်သည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၅ ဘီလီယံ ဖြစ်ပြီး ဆောင်ရွက်နိုင်မှုအနေဖြင့် ယာယီစာရင်းများအရ ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိ ကန်ဒေါ် လာ ၈ ဒသမ ၉ ဘီလီယံ ဆောင်ရွက် နိုင်ခဲ့သဖြင့် လျာထားချက်ပြည့်မီရုံမျှမက ကျော်လွန်ကာ ၁၃၀ ရာခိုင် နှုန်း ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ထို့အပြင် လက်ရMini Budget နှစ်ဖြစ်သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ ခြောက်လတာကာလအတွက် ကုန်သွယ်မှုပမာဏလျာထားချက် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံတွင် ပထမသုံးလ ပတ်၌ ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းသည် ယာယီစာရင်းများအရ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သဖြင့် ယခုMini Budget နှစ် အတွက်ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှုပမာဏဟာလည်း ပိုမို တိုးတက်၍ လျာထားချက်ပြည့်မီကျော်လွန်နိုင်ကြောင်းကို မှန်းဆ သုံးသပ်နိုင်ပါတယ်။ ယခုနှစ် ပထမသုံးလပတ် ကာလမှာဆောင်ရွက် နိုင်သော ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ ရှိရသည့်အတွက် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ သည့် ယခင်နှစ်ကာလ တူကထက်ပင် ယခုနှစ်ကုန်သွယ်မှုပမာဏက ပိုမိုလျက်ရှိတာကို တွေ့ ရပါတယ်။ ဤအချက်များကိုကြည့်ခြင်းအားဖြင့် ယခုနှစ်မှာလည်း ကုန်သွယ်မှုဟာ အရှိန်အဟုန်ကောင်းစွာနဲ့ ဆက်လက် တိုးတက် လျက်ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်၏ ပို့ကုန်တင်ပို့နိုင်မှုမှာ ၃ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး လယ်ယာထွက်ပစ္စည်း သုည ဒသမ ၇၁ ဘီလီယံ၊ တိရစ္ဆာန်ထွက်ပစ္စည်း သုည ဒသမ ၀၇ ဘီလီယံ ၊ ရေထွက် ပစ္စည်း သုည ဒသမ ၁၅ ဘီလီယံ၊ သတ္တုတွင်းထွက်ပစ္စည်း သုည ဒသမ ၃၂ ဘီလီယံ၊ သစ်တောထွက်ပစ္စည်း သုည ဒသမ ၀၅ ဘီလီယံ၊ စက်မှုကုန် ချောပစ္စည်း ၂ ဒသမ ၂ ဘီလီယံနှင့် အခြားပစ္စည်းအုပ်စုတွင် သုည ဒသမ ၄ ဘီလီယံဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်၏ သွင်းကုန်တင်သွင်းမှုမှာ ငါးဘီလီယံရှိခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုပစ္စည်းများ တင်သွင်းမှု ၁ ဒသမ ၈ ဘီလီယံ၊ လုပ်ငန်းသုံးကုန် ကြမ်း ပစ္စည်း များ တင်သွင်းမှု ၂ ဒသမ ၁ ဘီလီယံနှင့် လူသုံးကုန် ပစ္စည်းများတင်သွင်းမှု ၁ ဒသမ ၁ ဘီလီယံဖြစ်ကြောင်း တွေ့ရပါတယ်။ ယခုနှစ် ပထမသုံးလပတ် ကာလတွင်ပို့ကုန်တင်ပို့မှုအနေဖြင့် ၃ ဒသမ ၉ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် သုည ဒသမ ၈ ဘီလီယံ ပိုမိုတင်ပို့နိုင်ခဲ့ကာ ပိုမိုတင်ပို့နိုင်တဲ့ ပို့ကုန်ကုန်စည် အမယ်များကတော့ ချုပ်ပြီးအထည်၊ သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် သတ္တုရိုင်းများ၊ ဆန်/ဆန်ကွဲ၊Re-Export (High Speed Disel Oil)၊ သကြား၊ ပဲတီစိမ်း၊ ငါး၊ Re-Export (Refined Sugar) နှင့် နွားအရှင် တို့ပဲဖြစ်ပါတယ်။ ဆန်နှင့်ဆန်ကွဲအနေနဲ့တင်ပို့မှုမှာ တန်ချိန်နည်း သော်လည်း ဈေးကောင်းရရှိခြင်းကြောင့်တန်ဖိုးအနေနဲ့ယခင်နှစ် ထက် များပြားမှုရှိတာကိုတွေ့ရှိရပါတယ်။ ပဲတင်ပို့မှုအနေဖြင့် အိန္ဒိယ မှကန့်သတ်မှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် တင်ပို့နိုင် မှုကျဆင်းခဲ့သော်လည်းအခြားပို့ကုန်အမယ်များဖြစ်တဲ့ ချုပ်ပြီး အထည်ချုပ်များ၊ သဘာ၀ ဓာတ်ငွေ့ ၊ ဆန်/ဆန်ကွဲ၊ သကြားစတာ တွေကို ပိုမိုတင်ပို့နိုင်ခဲ့တဲ့အတွက် ပို့ကုန်တင်ပို့မှုဟာ ယခင်နှစ် ကာလတူနဲ့နှိုင်းယှဉ်တဲ့အခါမှာ ပိုမိုလာတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် Re-Export သကြားတင်ပို့မှုကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက် တွင် ပြန်လည်ခွင့်ပြုပေးခဲ့မှုကြောင့် သကြားဟာ ယခုနှစ် ကုန်သွယ်မှု ပမာဏမှာ ပိုမိုတင်ပို့နိုင်မယ့် အလားအလာကောင်းများရှိနေတာကို လည်း တွေ့ရှိရပါတယ်။ သွင်းကုန်တင်သွင်းမှုအနေနဲ့ကတော့ ၂၀၁၈ ခုနှစ် ဧပြီ၊ မေ၊ ဇွန်ပထမသုံးလပတ်အတွင်းမှာအမေရိကန်ဒေါ်လာငါးဘီလီယံ တင်သွင်းနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သုည ဒသမ ၅ ဘီလီယံပိုမိုခဲ့ကာ အဓိကတင်သွင်းခဲ့တဲ့အမယ်များ ကတော့ သံနှင့်သံမဏိေ ဆာက် လုပ်ရေးပစ္စည်းများ၊ ရေနံထွက် ပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းများနှင့်ဓာတ်မြေသြဇာတို့ဖြစ်ပါ တယ်။ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စက်သုံးဆီအပါအဝင် ရေနံ ထွက်ပစ္စည်းများ၊ ကုန်ကြမ်းနှင့် စိုက်ပျိုးရေးသွင်းအားစု၏ အဓိက လိုအပ်ချက်ဖြစ်သည့် ဓာတ်မြေသြဇာများ ပိုမိုတင်သွင်းလာသည်ကို ကြည့်ခြင်းအားဖြင့် မိမိနိုင်ငံတွင်းရှိ ပြည်ပကုန်ကြမ်းအသုံးပြုထုတ်လုပ် သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အသေးစား/အလတ်စား လုပ်ငန်းများ၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများနှင့် ပင်မစိုက်ပျိုး ရေးနယ်ပယ်များ၌ လုပ်ငန်းများလည်ပတ်စွာ လုပ်ကိုင်လျက်ရှိတာကို သိရှိနိုင်မှာပဲဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်လျက်ရှိတဲ့ အမေရိကန်ဒေါ်လာေ ငွလဲနှုန်းမြင့်တက်မှု အခြေအနေများက လည်း ကုန်သွယ်မှုကဏ္ဍအပေါ် မှာတစ်နည်းတစ်ဖုံအကျိုးသက်ရောက်မှုဖြစ်ပေါ်လျက်ရှိပါတယ်။ အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ငွေကြေးများထဲမှာ ခိုင်မာသည့် ငွေကြေးတစ်ခုဖြစ်ပြီးGlobal Currency အဖြစ် အသုံးပြုလျက်ရှိခြင်း ကြောင့် အမေရိကန်ဒေါ်လာဈေးတက်ခြင်း/ကျခြင်းသည် ကမ္ဘာ့ နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများအတွက်များစွာအရေးပါလျက် ရှိရာ မြန်မာနိုင်ငံသည် လည်းတစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းကာလများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော ငွေလဲနှုန်းများအရ တစ်ဒေါ်လာလျှင် ကျပ် ၁၃၃၀ ဝန်းကျင်မှ ၁၃၃၅ ကျပ်ဝန်းကျင်၌ရှိခဲ့ပြီး ဧပြီလတွင် ၁၃၄၀ ကျပ်ဝန်းကျင်နှင့် မေလတွင် ၁၃၅၅ ကျပ်ဝန်းကျင်ဖြင့် တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ နိုင်ငံတကာဈေးကွက်တွင် ကုန်သွယ်မှုပြုတဲ့အခါမှာလည်း အမေရိကန်ငွေကြေးခိုင်မာလာတာကြောင့် ဒေါ်လာနဲ့လဲလှယ်ရတဲ့ အခြားငွေတန်ဖိုးများ ကျဆင်းလာ ခဲ့ပြီး ဒေါ်လာငွေဖြင့်သာကုန်သွယ် မှုလုပ်ဆောင်ခြင်းမြင့်တက်လာခဲ့ပါတယ်။ ဒေါ်လာငွေသိုလှောင် သုံးစွဲမှုမြင့်တက်လာခဲ့တာကြောင့် နောက်ဆက်တွဲအနေနဲ့ဒေါ်လာဈေးမှာလည်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၌ ဇွန်လ လယ်မှာ အမေရိကန်ဒေါ်လာငွေလဲနှုန်းများ မြင့်တက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၆ ရက်တွင် အမေရိကန်တစ်ဒေါ်လာရောင်းဈေး ၁၃၉၃ ကျပ်၊ ဝယ်ဈေး ၁၃၉၀ ကျပ်ဖြစ်ကြောင်း သိရှိရပါတယ်။ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းဈေးတက်ခြင်းကြောင့် ပို့ကုန်ကဏ္ဍတွင် ပို့ကုန်တင်ပို့သူများအနေဖြင့် အကျိုးအမြတ် အသာစီးပိုမိုရရှိနိုင်လျက် ရှိပါတယ်။ ယခုလို ဒေါ်လာငွေဈေးမာသည့် အခြေအနေမျိုးတွင် မိမိတို့ရဲ့ပို့ကုန်များကို အရည်အသွေးမြှင့်၍ ပိုမိုထုတ်လုပ်ခြင်း၊ ပို့ကုန်အမယ်သစ်များရှာဖွေ၍ ပို့ကုန်တိုးမြှင့်တင် ပို့ခြင်းဖြင့်လည်း ဒေါ်လာငွေတန်ဖိုးတက်တဲ့အပေါ်မူတည်ပြီး ပို့ကုန် ကဏ္ဍ၌ အသာစီးရနိုင်မှာဖြစ်ပါတယ်။ လက်ရှိ အရှိန်အဟုန်ေ ကာင်း လျက်ရှိတဲ့ မြန်မာ့ကုန်သွယ်မှု ကဏ္ဍအား စဉ်ဆက်မပြတ် ဆက်လက်တိုးတက်စေရေးနဲ့ မြန်မာနိုင်ငံ ရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ဆန်နှင့်ပဲအမျိုးမျိုး အပါအဝင် မြန်မာ့ ပို့ကုန်များအား နိုင်ငံတကာဈေးကွက်၌ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ တင်ပို့ နိုင်ရေးတို့အတွက် ထုတ်လုပ်မှုနည်းပညာအပိုင်း၊ အရည်အသွေးပိုင်း၊ ထုပ်ပိုးမှုအပိုင်းစတာတွေမှာ နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ဈေးကွက် သစ်များရရှိရေး အတွက်လည်း အစိုးရ/ပုဂ္ဂလိကပိုင်းမှ တာဝန်ရှိသူ အားလုံးက ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကိုအခြေခံသောဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အတွက် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာ လွန်စွာအရေးကြီးလှပါတယ်။ ကုန်သွယ်မှု ကဏ္ဍမှာလည်း ပုဂ္ဂလိကကဏ္ဍဟာ အရေးကြီးလှပါတယ်။ ကုန်သွယ် မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ဒုတိယ သမ္မတ (၁) ဦးစီးတဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီအား ဖွဲ့စည်းပြီး ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ တွေ့ဆုံ ပေါင်းစပ်ညှိနှိုင်းခဲ့တာကြောင့် ယခုကဲ့သို့ အောင်မြင် တိုး တက်မြင့်မားလာတာဖြစ်ပါတယ်။ ဒုတိယ သမ္မတ(၁)ဦးစီးတဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် တွေ့ဆုံ ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးခဲ့တာ (၁၈) ကြိမ်မြောက်အထိ ရောက် ရှိခဲ့ပြီး ကုန်သည် လုပ်ငန်း ရှင် အသင်းအဖွဲ့များ၏တင်ပြချက်ပေါင်း ၂၅၀ ခန့်ကိုလည်း ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး ဖြစ်ပါ တယ်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများဟာ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း များစွာ အထောက်အကူဖြစ်စေပါတယ်။ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံစီးပွားရေးဟာလည်း ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်လာမှာပဲဖြစ်ပါတယ်။ သို့ဖြစ်၍ နိုင်ငံ့စီးပွားရေးအား ဘက်စုံကဏ္ဍစုံမှ ဟန်ချက် ညီညီ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရမှ စီးပွား ရေးဆိုင်ရာ မူဝါဒ(၁၂)ရပ်ကို ချမှတ်ခဲ့ပြီးဖြစ်ရာ ]ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေ ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် လယ်ယာ ကဏ္ဍ ၊ မွေးမြူရေး ကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာ စေရန်နှင့် လယ်ယာစက်မှုကဏ္ဍချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံ ဖော်ထုတ်ရန်}ဟူသောအချက်လည်း တစ်ရပ် အပါအဝင် ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံ့ စီးပွားရေး ပိုမိုကောင်းမွန်စေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိ၍ အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်ကာ ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိစေမည့် မူဝါဒပိုင်း ဆိုင်ရာ ပြင်ဆင်ဖြေလျော့မှုများ အား နိုင်ငံေ တာ် ၏ လမ်းညွှန်ချက်၊ မူဘောင်များနှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိတာကိုလည်း အားလုံးအသိပဲဖြစ်ပြီး အသေးစိတ်နှင့့်Update အချက်အလက်များ ကိုေ တာ့ www.commerce.gov.mm မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။ သို့ဖြစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၎င်းင်း၏မျှော်မှန်းချက်ဖြစ်သော ကုန်သွယ်မှု လုပ်ငန်းများဖြင့် အမျိုးသားအကျိုး စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဟူသည့်အချက်အပြင် ရည်မှန်းချက်များဖြစ်သော ကုန်သွယ်မှုပမာဏ တိုးတက်ရေးဆောင်ရွက်ရန်၊ ဈေးကွက်စီးပွားရေးနှင့်အညီ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့် တင်ေ ဆာင်ရွက်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ထွက်ကုန်များ ဈေးကွက်ဝေစု ပိုမိုရရှိအောင်ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေေ ချာမွေ့အောင် ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီရန်ဆိုသည့် ဦးတည်ချက်များကို လက်ကိုင်ပြုလျက် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်အောင် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို စဉ်ဆက် မပြတ်တိုးတက်လျက် ရှိသော ကုန်သွယ်မှုကိန်းဂဏန်းများက မီးမောင်းထိုး သက်သေထူလျက်ရှိပါကြောင်း အများပြည်သူသိရှိနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါတယ်။

ကြည်စိမ့်သူ (ဧရာမြေ)