Main menu

Background

နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့်အတူ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည့် ချင်းရွှေဟော်ဒေသ

Mon, 04/08/2019 - 14:53 -- journal_editor

        နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့်အတူ ပိုမိုဖွံ့ဖြိုး တိုးတက်လာတော့မည့် ချင်းရွှေဟော်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည့်စုံကြွယ်ဝမှုတို့ အတွက် အဓိက ကျသည့်အချက်ဖြစ်ပါတယ်။ ကုန်သွယ်မှုသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ပါတယ်။ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းကုန် သွယ်မှုသာမက နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် ကဏ္ဍတစ် ရပ်ဖြစ်သည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများနှင့် ပင်လယ် ရေကြောင်းကုန်သွယ်မှုသာမက မိမိနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ် နေသည့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုများကိုပါ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုပမာဏ နှစ်စဉ် တိုးတက် လျက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သည် မြန်မာ့ကုန်သွယ်မှုသမိုင်း တစ်လျှောက် ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်နိုင်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။
             ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုသာမက နယ်စပ်ကုန်သွယ်မှု ဖြင့် နိုင်ငံတော်ရဲ့ကုန်သွယ် မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ကုန်သွယ်ရေးစခန်းပေါင်း ၁၇ ခု နှင့် ပို့ကုန် သွင်းကုန်ရုံး(၄)ရုံးဖွင့်လှစ်ပြီး နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှု အများဆုံးပြုလုပ်လျက်ရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေးဇုန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်း၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်းစသည့် ကုန်သွယ်ရေးစခန်း (၄)ခုနှင့် မြစ်ကြီးနားမြို့တွင် ပို့ကုန်သွင်းကုန်ရုံး (၁)ရုံးနှင့် ကျိုင်းတုံမြို့ တွင်လည်း ပို့ကုန်သွင်းကုန်ရုံး (၁)ရုံးတို့ဖွင့်လှစ်ထားရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ၁၉၉၄ ခုနှစ် သြဂုတ်လ ၁၃ ရက်မှာ ချုပ်ဆိုခဲ့ကြပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်း (၄)ခု အနက် ကုန်သွယ် မှုပမာဏ ဒုတိယအများဆုံး ဆောင်ရွက်လျက်ရှိသည့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့ နယ်၊ နမ့်ဟူကျေးရွာအနီးမှာ တည်ရှိပါတယ်။ ချင်းရွှေဟော်မြို့နှင့် (၅)မိုင်၊ ဟိုပန်မြို့နှင့် (၃)မိုင်၊ ကွမ်လုံမြို့နှင့် (၉)မိုင် ကွာဝေးပြီး လားရှိုး- ကွမ်းလုံ - ချင်းရွှေဟော်ကားလမ်းမကြီးပေါ်ရှိ ဟိုပန်မြို့သို့ သွားသည့် ကားလမ်းမနှင့်ဆုံရာ နမ့်တိန်ချောင်းကူးတံတားအနီးမှာ တည်ရှိပါတယ်။ (ဒေသအခေါ် ဖောင်ဆိပ်လို့လည်းခေါ်ပါတယ်) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ( ၀ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့နှင့် ထိစပ်လျက်ရှိပါတယ်။
          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို ၂၀၀၃ ခုနှစ် အောက်တို ဘာလ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း ပို့ကုန်သွင်းကုန် လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ တည် ဆောက်ရေး လုပ်ငန်းများကိုသာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ သြဂုတ်လမှစ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ နှစ်နိုင်ငံ ပို့ကုန်သွင်းကုန်လုပ်ငန်းများကို ချင်းရွှေဟော်မြို့ရှိ နမ်ဖာဟော် ချောင်း( နမ်ဖာဟော်တံတား)မှတစ်ဆင့် မြန်မာနိုင်ငံ၊ ချင်းရွှေဟော် မြို့နှင့် တရုတ်နိုင်ငံဘက် ချင်းရွှေဟော်မြို့သို့ ကုန်ပစ္စည်းများ တင်ပို့ တင်သွင်းလျက်ရှိပါတယ်။ မိမိဘက်မှ လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ပဲမျိုးစုံ၊ နှမ်းမျိုးစုံ၊ ပြောင်း၊ ဆန်၊ ရော်ဘာတို့နှင့် ရေထွက် ပစ္စည်းများကိုအဓိက တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ ဓာတ်မြေ သြဇာ၊ သွပ်နန်းကြိုးခွေ၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းလျက်ရှိပါတယ်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း စတင်ဖွင့်လှစ်စဉ် ကုန်သွယ် မှုပမာဏလျော့နည်းခဲ့သော်လည်း ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး ကုန်သွယ်မှုပမာဏများ  တိုးတက်လာခဲ့ရာ ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်နိုင်ခဲ့သည့် ကုန်သွယ်မှုတန်ဖိုးများအရ တစ်လပျမ်းမျှဆောင်ရွက်နိုင်မှုအခြေအနေများကို နှိုင်းယှဉ်ပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ) မှာ အများဆုံး ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

         အနာဂတ်ကာလများမှာ ဖွံ့ဖြိုးတိုးတက်လာမည့် မြန်မာ - တရုတ်နှစ်နိုင်ငံကုန်သွယ်ရေး ဆက်ဆံမှုများအတွက် နှစ်နိုင်ငံနယ် စပ်တစ်လျောက်တွင် မြန်မာ - တရုတ်နယ်စပ်ဒေသစီးပွားရေးပူး ပေါင်း ဆောင်ရွက်မှုဇုန် တည်ဆောက်ရန် နှစ်နိုင်ငံမူအားဖြင့်သဘော တူညီပြီးဖြစ်ကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ခြင်းဖြင့် စီးပွားရေး လုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန်၊ တွေ့ကြုံရသည့် အခက်အခဲများအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် အထူးစီးပွားရေးဇုန် တည်ထောင်ခြင်းကိစ္စရပ်များနှင့် သက်ဆိုင်မှု မရှိသည့် စီးပွားရေးဆောင်ရွက်ချက်များကိုလည်း အကောင်အထည် ဖော်ရန် ရည်ရွယ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဥက္ကဋ္ဌ အဖြစ်ပါဝင်တဲ့ မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက် မှုဇုန် တည်ထောင်အကောင် အထည် ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း၊ တရုတ်နိုင်ငံဘက်တွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ခံ အဖြစ်ဆောင်ရွက်ပြီး   သက်ဆိုင်ရာဌာန များ ပူးပေါင်းပါဝင် ဖွဲ့စည်း ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါတယ်။
           နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ တည် ဆောက်ခြင်းအားဖြင့် ဒေသတွင်းစီးပွားရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိလာမှာဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးသည် ပြည်သူ များအတွက် အကျိုးဖြစ်ထွန်းလာမှာဖြစ်လို့ ရရှိလာမည့်အခွင့်အရေး ကောင်းများကို အကျိုးရှိရှိအသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။ တရုတ် နိုင်ငံအနေဖြင့်နောင်ဖွံ့ဖြိုးတိုးတက်လာမည့် ကုန်သွယ်မှုဆက်ဆံရေး များအတွက် ရည်ရွယ်ပြီး  မြန်မာနိုင်ငံ၊ ချင်းရွှေဟော်မြို့နှင့် ထိစပ် လျက်ရှိသည့် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ မိန်းတိန်မြို့နယ်၊  တရုတ် ဘက်ခြမ်းတွင်  လင်ချန်းနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်လျက်ရှိပါတယ်။ စတုရန်းကီလိုမီတာ  ခုနှစ်သိန်းခန့် ကျယ်ဝန်းသော စီမံကိန်းအဖြစ် လျာထားဆောင်ရွက်လျက်ရှိပြီး မြေ ယာရှုမျှော်ခင်းဧရိယာ စတုရန်းမီတာ  သုံးသောင်းခန့် ပါဝင်ကြောင်း နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် ပွဲရုံတန်းများ၊ ဈေးဆိုင် ခန်းများ၊ ရေထွက်ပစ္စည်း  ကုန်စည်ဒိုင်၊ လယ်ယာထွက် ကုန်ပစ္စည်း ကုန်စည်ဒိုင်နှင့် မြန်မာနိုင်ငံမှ  တင်ပို့သည့် ပဲအမျိုးမျိုးနှင့် နှမ်းတို့ကို အဆင့်မြင့်နည်းပညာဖြင့် သန့်စင်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့ တင်ပို့ ရောင်းချနိုင်ရေး စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။
         တရုတ်နိုင်ငံအနေဖြင့် ၎င်းင်းတို့ဆောင်ရွက်လျက်ရှိသည့် One Belt One Road ( OBOR) မဟာ ဗျူဟာ၏ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်သည့် လင်ချန်းဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းအား အကောင်အထည်ဆောင်ရွက်ရာတွင် ၎င်းင်းတို့အနေဖြင့် လင်ချန်း-ချင်းရွှေဟော်မှ ကျောက်ဖြူမြို့သို့ဖြတ်သန်း၍ တရုတ်-မြန်မာ - ဘင်္ဂလားဒေ့ရှ် - အိန္ဒိယ (၄)နိုင်ငံအတွက် စီးပွား ရေးလမ်း ကြောင်းအဖြစ်လည်းကောင်း၊ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းပြီး တောင်အာရှဒေသ၊ ဥရောပနှင့် အာဖရိကဒေသများသို့ဖြာထွက်မည့် တံခါးပေါက်အဖြစ်လည်းကောင်း မျှော်မှန်းဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရှိရပါတယ်။ တရုတ်နိုင်ငံမှကုန်စည်များ လင်ချန်းမြို့ကိုဖြတ်သန်းပြီး ကုန်း လမ်းခရီးဖြင့် မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းမှတစ်ဆင့် တောင် အာရှဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပနှင့် အာဖရိကဒေသများသို့သွားရောက်ရာလမ်းကြောင်းအနေဖြင့် တရုတ်နိုင်ငံ ပင်လယ် ဆိပ်ကမ်းမှသွားသည့်ခရီးထက် ကီလိုမီတာ(၂၀၀၀မှ ၆၀၀၀)ခန့် ခရီး တိုတောင်းသွားမည်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ကူမင်းမှ လင်ချန်း စီးပွားရေးဇုန် (မိန်းတိန်-ချင်းရွှေဟော်)နယ်စပ်မှ မြန်မာနိုင်ငံ ကျောက် ဖြူဆိပ်ကမ်းထိ ၁၆၃၃ ကီလိုမီတာရှိပြီး ရွှေလီနယ်စပ်လမ်းကြောင်း ထက် ကီလိုမီတာ ၁၂၀၊ တာလော့နယ်စပ်လမ်းကြောင်းထက် ကီလို မီတာ ၂၃၃ အသီးသီး လမ်းခရီးသက်သာမှာဖြစ်ပါတယ်။ ကူမင်း- ချင်း ရွှေဟော်-ကျောက်ဖြူရထားလမ်း၊ တာလီ- လင်ချန်း အမြန်လမ်းမနှင့်
          ချင်းယွင်းလေဆိပ်တို့အား တည်ဆောက်လျက်ရှိရာ ကူမင်း-လင်ချန်း ရထားလမ်းပိုင်းမှာပြီးစီးပြီဖြစ်ပြီး လင်ချန်း- ချင်းရွှေဟော်လမ်းပိုင်းမှာ ၂၀၂၀ တွင်ပြီးစီးမည်ဖြစ်ပါတယ်။ ကူမင်း-လင်ချန်း အဝေးပြေးလမ်း ကို ၂၀၁၅ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး လင်ချန်း-ချင်းရွှေဟော် အမြန်လမ်းပိုင်း အား ရထားလမ်းနှင့်အတူ ၂၀၂၀ တွင် တစ်ပြိုင်တည်းပြီးရန် လျာ ထားကြောင်းလည်း သိရှိရပါတယ်။ တရုတ်နိုင်ငံအစိုးရမှ လင်ချန်းနယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်တည်ဆောက်ရန် ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် နိုင်ငံတော်အဆင့် စီမံကိန်းအဖြစ် ခွင့်ပြုခဲ့ကြောင်း သိရှိရပါ တယ်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစ၍ ချင်းရွှေ ဟော်နယ်စပ်ဂိတ်အား အထူးနယ်စပ်ဂိတ် အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံအတွက် စားနပ်ရိက္ခာတင်သွင်းနေရာအဖြစ် ခွင့်ပြုခဲ့သည့် အပြင် ချင်းရွှေဟော်ဂိတ်အား Passport/Visa ဖြင့် တရားဝင် ဝင်/ထွက် ခွင့်ပြုသည့် ဂိတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စများကို ဒေသ၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်၏လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒေသစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရှိမှ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ တယ်။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကြောင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းေ ဆာင်ရွက်မှုကို ထင်ဟပ် ပေါ်လွင်စေခြင်း၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစေပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သလို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက် လာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးမှုသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ပါ တယ်။ နိုင်ငံတော်မှလည်း နောင်ဖွံ့ဖြိုးတိုးတက်လာမည့်ကုန်သွယ်မှု လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ခရီးသွားလုပ်ငန်းများ အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊  အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကုန်သွယ်မှုလျင်မြန်ချော မွေ့မှုကို အထောက်အကူပြုစေမည့် ချင်းရွှေဟော်မြို့ရှောင်လမ်း  ဖောက်လုပ်ရန်ဆောင်ရွက်လျက်ရှိခြင်း၊ မိမိနို င်ငံဘက်ခြမ်း၌ အထူး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်ဘက်စုံစီမံကိန်းတည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ စီစဉ်ဆောင်ရွက်လျက်ရှိခြင်း၊ ခံနိုင်ဝန်အားရှိသည့် ကွမ်းလုံတံတားအသစ်တည်ဆောက်နိုင်ရေး ဆောင် ရွက်လျက်ရှိခြင်း စသည့်လုပ်ငန်းများကို ချိတ်ဆက်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ လင်ချန်းဒေသစီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ခြင်း၊ ကွမ်းလုံတံတားသစ်အား မကြာမီအသစ်ဆောက်လုပ်ရန် စီစဉ် ဆောင်ရွက်နေခြင်းတို့ကြောင့် မဝေးတော့သည့်အနာဂတ်ကာလတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် မြန်မာ-တရုတ်စီးပွားရေးနှင့်ကုန်သွယ်မှု လုပ်ငန်းများနှင့်အတူ ချင်းရွှေဟော်ဒေသ သည်လည်း  အရှိန်အဟုန် ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါတယ်။

 

 

မောင်မောင်(ချင်းရွှေဟော်)