Main menu

Background

အိန္ဒိယ၏ ပေါ်လစီ အပြောင်းအလဲနှင့် မြန်မာ့ပဲဈေးကွက် အခြေအနေ

Thu, 05/09/2019 - 12:34 -- journal_editor

       လယ်ယာကဏ္ဍကိုအခြေခံထားသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်အများအပြားတင်ပို့နေသည်သာမကဘဲ ပဲမျိုးစုံကို လည်း တင်ပို့ရောင်းချမှုရှိနေသည်။ ထိုကဲ့သို့ ပဲမျိုးစုံတင်ပို့ရောင်းချနေရာတွင် မြန်မာ့ပဲဈေး ကွက်မှာ အိန္ဒိယနိုင်ငံကိုသာ အဓိကအားထား နေရသည်မှာ ကာလအတော်ကြာပြီဖြစ်သည်။ အိန္ဒိယနိုင်ငံဈေးကွက်ကိုသာအားထားနေရသည့် မြန်မာ့ပဲ ဈေးကွက်မှာ ကျဉ်းမြောင်းလှသည်။ ပဲတင်သွင်းမှုများပြားသည့် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများသို့လည်း ပဲတင်သွင်းနိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ ထို့အပြင် ပဲတီစိမ်းကို ကမ္ဘာနှင့်အဝန်း စားသုံးလျက်ရှိရာ မြန်မာ့ပဲတီစိမ်းကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နိုင်ရန် ကြိုးစားအားထုတ်မှု များစွာ ပြုလုပ်ရမည်ဖြစ်သည်။
          မြန်မာ့ပဲမျိုးစုံ ပြည်ပသို့တင်ပို့မှုနှင့်ပတ်သက်ပြီး အိန္ဒိယဈေး ကွက်ကိုသာ လုံးလုံးလျားလျားမှီခိုနေရခြင်းမှာ မြန်မာနိုင်ငံအတွက် ရေရှည်ရလဒ်ကောင်းနိုင်မည်မဟုတ်ပေ။ သာဓကတစ်ခုကို ကြည့် မည်ဆိုလျှင် ၂၀၁၇ ခုနှစ် သြဂုတ်လခန့်က အိန္ဒိယနိုင်ငံသည် မြန်မာ နိုင်ငံမှ ပဲဝယ်ယူမှုကို ကန့်သတ်လိုက်သည့်အတွက် မြန်မာနိုင်ငံ၏ပဲဈေးကွက်မှာ များစွာအထိနာခဲ့ရသည်။ ပဲအမျိုးမျိုးကိုဈေးနှိမ်ဝယ် ယူရောင်းချမှုများ မဖြစ်စေရေးအတွက် ရန်ကုန်ဈေးကွက်အပါအဝင် တစ်နိုင်ငံလုံးရှိ ပဲအရောင်းအဝယ်များကို ယာယီရပ်နားခဲ့ရသည်။ မြန်မာနိုင်ငံတွင်စိုက်ပျိုးနေသည့် ပဲစင်းငုံ၊ မတ်ပဲနှင့်ပဲတီစိမ်းတို့မှာအိန္ဒိယနိုင်ငံဈေးကွက်ကိုသာ အဓိကထားတင်ပို့နေရခြင်း ဖြစ်ပြီး ယခင်ကတစ်နှစ်ကိုတန်ချိန် တစ်သန်းခွဲအထိ တင်ပို့နေရာမှ  ပဲစင်းငုံတန်ချိန် နှစ်သိန်း၊ ပဲတီစိမ်းနှင့် မတ်ပဲတန်ချိန် သုံးသိန်းစီသာ ဝယ်ယူတော့မည်ဟု အိန္ဒိယနိုင်ငံက ကန့်သတ်ခဲ့သည်။ထို့ကြောင့် ၂၀၁၇ ခုနှစ်သည် မြန်မာ့ပဲေ ဈးကွက်ကို လှုပ်ခတ်စေခဲ့သည့်နှစ် ဖြစ်ခဲ့ ရသည်။
          မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် ဥရောပနိုင်ငံများက ဝယ်ယူလျက်ရှိရာတွင် အိန္ဒိယနိုင်ငံ၏ဝယ်ယူမှု က ၈၀ ရာခိုင်နှုန်းရှိနေသည်။ လက်ရှိအချိန်တွင်အိန္ဒိယမှ မြန်မာ့ပဲကိုပြန်လည်ဝယ်ယူမည် ဖြစ်သောကြောင့် မေလမှစတင်၍မြန်မာ့ပဲဈေးကွက် အလားအလာ ကောင်းမည့် အခြေအနေရှိနေကြောင်းပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ဧပြီ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်သည့်နိုင်ငံတော်ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၂၆) ကြိမ်မြောက်တွင် ပြောဆိုသည်။ အိန္ဒိယကိုပဲတင်ပို့သည့်နေရာတွင် အိန္ဒိယနိုင်ငံ၏ ပေါ်လစီ အပြောင်းအလဲကြောင့် လွန်ခဲ့သည့် တစ်နှစ်ခွဲေ လာက်က မြန်မာ နိုင်ငံဘက်မှ စိုက်ပျိုးသူရော၊ ရောင်းဝယ်သူပါ ထိခိုက်နစ်နာမှုများရှိ ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အိန္ဒိယက ဖွင့်ပေးသည့်အတွက် ကြောင့် ပဲဈေးများသည်လည်းတက်လာသည့် အနေအထားကြောင့် ကောင်းမွန်သည့်အလားအလာဖြစ်ကြောင်း၊ ပို့သည့်နေရာတွင် စနစ် တကျ ဖြစ်အောင် ဆက်လက်ပြီး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ တဖြည်းဖြည်းပဲနှင့်ပတ်သက်ပြီး ယခုမေလမှနေစ၍ အလားအလာ ကောင်းလာသည်ဟုေြ ပာ၍ရကြောင်း ဝန်ကြီးကပြောသည်။
           ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက်မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် နှစ်သိန်းနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲဝယ်ယူ မည်ဟု မတ် ၃၀ရက်က အိန္ဒိယနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက် ထွက်ရှိပြီးနောက်တွင် ပဲစင်းငုံနှင့် မတ်ပဲ ဈေးများ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၇ ရက်တွင် ပဲစင်းငုံအသစ် ၂၀၁၉ တစ်တန်လျှင် ကျပ်ဆယ်သိန်းနှစ်သောင်း၊ ပဲစင်းငုံအဟောင်း၂၀၁၇/၂၀၁၈ တစ်တန်လျှင် ကျပ်ကိုးသိန်းနှစ် သောင်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ အဆိုပါ ကြေညာချက် မထွက်ရှိ ခင်က ပဲစင်းငုံအသစ်တစ်တန်လျှင် ကျပ်ရှစ်သိန်းရှစ်သောင်း၊ ပဲစင်းငုံအဟောင်း တစ်တန်လျှင် ကျပ်ခုနစ်သိန်းရှစ်သောင်းရှိခဲ့ ကြောင်းသိရသည်။ ထို့အတူ မတ်ပဲဈေးနှုန်းများသည်လည်း ကြေညာချက်ထွက် ရှိပြီးချိန်တွင် မတ်ပဲအဟောင်းတစ်တန်လျှင် ကျပ်ရှစ်သိန်း၊ မတ်ပဲ အသစ်တစ်တန်လျှင် ကျပ်ရှစ်သိန်း တစ်သောင်းရှိခဲ့ပြီး ကြေညာချက် မထွက်ရှိခင်က မတ်ပဲအဟောင်းတစ်တန်လျှင် ကျပ်ခုနစ်သိန်း၊ မတ်ပဲ အသစ်တစ်တန်လျှင် ကျပ်ခုနစ်သိန်းတစ်သောင်းရှိခဲ့ကြောင်း သိရ သည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့ပဲများကို ပြည်ပသို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံကိုသာ အဓိကမှီခိုမနေဘဲကမ္ဘာ့ဈေးကွက်သို့ ချဲ့ထွင်ရန် လိုအပ်နေသည်။ ထိုကဲ့သို့ ဈေးကွက်ချဲ့ထွင်ရာတွင် အဓိကကျသည့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် သီးနှံဓာတ်ကြွင်းလျှော့ချနိုင်ရေးကိုလည်းေ ဆာင်ရွက်နေသည်ဟုသိရသည်။
        မိမိတို့ဘက်က ထွက်သည့်ပဲအရည်အသွေးကောင်းမွန်ရန်၊ ပိုးမွှားကင်းစင်ရန်၊ မျိုးကောင်းမျိုးသန့်ဖြစ်ရန်အဓိကကြကြောင်း၊ ယင်းအချက်များ ပြည့်စုံကောင်းမွန်မည်ဆိုပါကကိုရီးယား၊ ဂျပန် နှင့်ထိုင်ဝမ်တို့ တော်တော် ကြိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောသည်။ လက်ရှိအချိန်တွင်တောင်သူများအပါအဝင် ကုန်သည်ပွဲစား များကပါ အိန္ဒိယနိုင်ငံ၏ ပြီးခဲ့တဲ့နှစ်များ ကလို မူဝါဒအပြောင်းအလဲ ကြောင့် မြန်မာ့ပဲလောကအတွက် နစ်နာမှုကြီးဖြစ်လာမည်ကိုစိုးရိမ် လျက်ရှိကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ၏ ပေါ်လစီအပြောင်း အလဲ နှင့် မြန်မာ့ပဲဈေးကွက် အခြေအနေမှာတိုက်ရိုက် ဆက်နွှယ်နေ သည် ဖြစ်ခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ပေါ်လစီအပြောင်းအလဲကိုသာ စိုး တထိပ်ထိပ်နှင့် မျက်ခြည်မပြတ်စောင့်ကြည့်နေရမည် ဖြစ်သည်။အိန္ဒိယတွင် မြန်မာ့ပဲဈေးကွက် မည်မျှအထိခိုင်မာမှုရှိနေမည်ကို စောင့်ကြည့်ရမည် ဖြစ်သ လို အိန္ဒိယတစ်နိုင်ငံတည်းသို့ တင်ပို့မှုတွင် သာရောင့်ရဲကျေနပ်မနေဘဲ မြန်မာ့ပဲနှင့်ပတ်သက်၍ ကမ္ဘာ့ဈေးကွက် သို့ ထိုးဖောက်နိုင်ရန်လည်း ကြိုးပမ်းကြရဦးမည်ဖြစ်ကြောင်း တိုက် တွန်းရေးသားလိုက်ရပေသည်။

 

 

စိန်သံ