Main menu

Background

ကုန်ပစ္စည်းအတုပြဿနာကြောင့် ပြည်သူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး

Thu, 05/23/2019 - 12:37 -- journal_editor

           ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးသော ချိုတကူးနှင့် ဂုဏ်ရည်မတူ ဇာတ်လမ်းလေးကို မှတ်မှတ်ရရဖြစ်မိသည်။ ဘယ်သူကမွေး၍ ဒီကို ရောက်လာမှန်းမသိသော တိုင်းတစ်ပါးသား ချိုတကူးလေးသည် အမိ၊ အဖ  ဘယ်သူမှန်း မသိ၊ မိမိ ဒီကိုဘယ်လိုရောက်လာမှန်းမသိ ခက်ခဲပင်ပန်းကြမ်းတမ်းစွာ ဘဝကိုရုန်းကန်လှုပ်ရှားခဲ့ရသည်ကို ဝမ်း နည်းရမှန်း  မသိခဲ့သော်လည်း  ဂုဏ်ရည်မတူရုပ်ရှင်ကားကြည့်မိသော အခါ သရုပ်ဆောင်ကောင်းလွန်းသောေ ကြာင့် ချိုတကူးလေးဝမ်းနည်း ကြေကွဲစွာ မျက်ရည်ကျခဲ့သည်။  ဘဝစစ်ကို ကြေကွဲစရာလို့မမြင်ဘဲ သဏ္ဌာန်လုပ် သရုပ်တူစွာ သရုပ်ဆောင်နေသောဘဝတုကိုကြည့်ပြီး မျက်ရည်ကျခဲ့သည်။ တစ်ခါကလည်း  ပင်စင်ယူသွား သည်မှာ အနှစ် ၂၀ လောက်ရှိပြီဖြစ်သော ဆရာသမားတစ်ဦးထံသို့ ဆရာသမား နေ့စဉ်  ဆေးဖြစ်ဝါးဖြစ်မှီဝဲသော အသားတံဆိပ်ပါ ရမ်အရက်အစစ် သုံးလုံးကိုသွားရောက်ဂါရဝပြုခဲ့သည်။ နှစ်လလောက်ကြာ၍ အိမ် သွားလည်ေ သာအခါ မင်းပေးတဲ့  ရမ်အရက်တွေက အတုတွေတဲ့၊ ဒါတွေကမှ  အစစ်တဲ့ကွ။ အဲဒါနဲ့ ကျွန်တော်လည်း လက်နဲ့စမ်းကြည့် တော့ ဆရာသမားအစစ်ဆိုတဲ့တံဆိပ်တွေမှာ အသားတံဆိပ်ပါမလာ ဘူး။ ဒါ့ကြောင့် အတုတွေဖြစ်မှန်း  ကျွန်တော်ချက်ချင်းသိခဲ့တယ်။ အတုရော၊ အစစ်ရော အားလုံးပုလင်းခွံတွေပဲကျန်တော့တာပဲ။ ကျွန် တော်လည်း မငြင်းခုံတော့ပါဘူး။ အတုတွေသောက်တာများလာတော့ အတုတွေကိုအစစ်လို့ထင်လာပြီး အစစ်တစ်ခါတစ်ရံ သောက်မိတော့ အတုလို့ထင်တာ မမှားပါဘူးလေ။
           တစ်ချိန်က မြန်မာနိုင်ငံတွင်ထုတ်လုပ်သော နာမည်ကြီး ရွှေဝါ ဆပ်ပြာသည် လူသုံးများ၊ အရောင်းတွင်ကျယ်လာသောအခါ ရွှေငါ၊ ရွှေပါတံဆိပ်ဖြင့် ဆပ်ပြာအတုများပေါ်ပေါက်ခဲ့ဖူးသည်။ ပို၍ဆိုး သည်မှာ အဆိုပါ ဆပ်ပြာအတုများကို အမြတ်ကြီးစားစီးပွားရေးသမား များက ယမ်းမီးခြစ်ဆံခေါင်းလေးနဲ့စာလုံးများကို ရွှေဝါဟုပြင်ကာ ရွှေဝါဆပ်ပြာနှင့်ဈေးနှုန်းအတူတူ ရောင်းချခဲ့ကြသည်ကို ကြုံတွေ့ခဲ့ရ သည်။ ယခုအချိန်တွင် အတုပြဿနာ သည် တစ်ကမ္ဘာလုံးနှင့် အကျုံး ဝင်ပတ်သက်လာနေသည်။ အလှကုန်အတုများကြောင့်  အလှပျက်ခဲ့ တာတွေ၊ ဆေးဝါးအတုတွေကြောင့် သေဆုံးခဲ့ရတာတွေ၊ စားဆီအတု တွေကြောင့် ရောဂါဖြစ်ရတာတွေ၊ စက်ဆီအတုေ တွကြောင့် စက် ပစ္စည်းတွေ အချိန်မတန်ဘဲ ပျက်စီးခဲ့ရတာတွေ၊ ဘိလပ်မြေအတုတွေ ကြောင့် အဆောက်အအုံပြိုကျပျက်စီး၍ သေဆုံးခဲ့ရတာတွေ၊ အစား အစာအတုတွေကြောင့် နာတာရှည်ရောဂါများ ဖြစ်ပွားခဲ့ရတာတွေ၊ ဓာတ်မြေသြဇာအတု၊  ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး  အတုတွေကြောင့် လယ်ယာထွက်ကုန် ပစ္စည်းတွေ ထိခိုက်ခဲ့ရတာတွေ စသည်ဖြင့် စုံလို့ပါပဲ။ ဒါပေမယ့် အတုတွေကတော့ ပန်းပန်လျက်ဆဲ ပင်၊ ပျော်ရွှင် ရယ်မောနေဆဲပင်ဖြစ်သည်။ အတုမျိုး စုံဈေးကွက်သည် ဆင်းရဲနွမ်းပါး၍  တစ်ဦးချင်းဝင်ငွေ နည်းပါးသော နိုင်ငံများတွင်ပို၍ များပြားလာနေသည်ကိုလည်း ပညာရှင်များက ထောက်ပြကြသည်။ အတုကိုအတုမှန်းသိလျက် ဈေးနှုန်းချိုသာမှု တစ်ခုတည်းကိုသာ ကြည့်ကာ ဝင်ငွေနှင့်ချိန်ထိုး၍ ဝယ်အသုံးပြုနေကြ၍ဖြစ်သည်။
          ထို့ကြောင့် ကုန်ပစ္စည်းအတု ပြုလုပ်ရောင်းချသူများသည် အဆမတန်အကျိုးအမြတ်များရရှိလာကြသည်။ စီးပွားရေးကျင့်ဝတ်နှင့်အညီ  ဆောင်ရွက်သောလုပ်ငန်းများကို အန္တရာယ်ပေးလာကြသည်။ အနှစ်နှစ်အလလက ပြုစုပျိုးထောင်ခဲ့သော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသော လုပ်ငန်းများအောင်မြင်စပြုချိန်၊ အကျိုးအမြတ်ရခါနီးအချိန်တွင် ဒုတိယဖိုးစိန်ဟု အရပ်တွင်ခေါ်သော၊ နိုင်ငံတကာ တွင် အညိုရောင်ဈေးကွက် (gray market) ဟုခေါ်ေ သာ မသမာစီးပွား ရေးလုပ်ငန်းများက အဆိုပါပစ္စည်းအတုများကို ထုတ်လုပ်၍ ဈေးပေါ ပေါဖြင့် အများကြီးရောင်း၊  အကျိုးအမြတ် မြန်မြန်ယူကာ ဆောင် ရွက်နေသဖြင့် တရားမျှတသန့်ရှင်းစွာ ကောင်းရောင်း၊ ကောင်းဝယ် ေ ဆာင်ရွက်သော လုပ်ငန်းရှင်များကိုများစွာ အထိနာစေခဲ့သည်။ အတုပြဿနာများသည် ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် နိုင်ငံတိုင်းရင်ဆိုင်နေရသော စိန်ခေါ်မှုကြီး ဖြစ်လာနေသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ လည်း ကုန်ပစ္စ ည်းအတုအပများကို ထိရောက်စွာ နှိမ်နင်းရန် နည်းလမ်းရှာဖွေလျက်ရှိသည်။ ဆွေးနွေးညှိနှိုင်းအဖြေရှာလျက်ရှိသည်။ ကုန်ပစ္စည်းအတုနှင့် ကုန်အမှတ်တံဆိပ် အတုပြဿနာ များမှာ ပို၍ပင်ကြီးထွားလာသည်။ အကျိုးအမြတ် များ စွာ ရရှိ၍ရဲတင်း လာကြသည်။ အတုပြဿနာများကိုခြုံ၍  အကြမ်းဖျင်းခွဲခြားလျှင် အမျိုးအစားလေးမျိုးရှိနေသည်ကို တွေ့ရှိရသည်။ ကုန်ပစ္စည်းအတု ပြုလုပ်ခြင်းနှင့် ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်  အတုပြုလုပ်ခြင်း နှင့် ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားသုံးစွဲခြင်း၊ ကုန် အမှတ်တံဆိပ်ကို ယှဉ်ပြိုင်တင်သွင်းခြင်းနှင့် သုံးစွဲခြင်းနှင့်ဖြစ်သည်။
          တချို့သောနိုင်ငံများတွင် အတုပြဿနာများကို နှိမ်နင်းရန် ဥပဒေများရေးဆွဲရန် ဆောင်ရွက်နေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံ တွင်မူ  အသင့်ပြဋ္ဌာန်းထားသော ဥပဒေများရှိပြီးဖြစ်သည်။ အချို့ သောဥပဒေများသည် လွတ်လပ်ရေးမရခင်ကပင် ကြိုတင်ရေးဆွဲထား ပြီးဖြစ်သည်ကို ထူးခြားစွာတွေ့ရှိရပါသည်။ အချို့ သောဥပဒေများ သည် နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီလိုအပ်၍ ကြိုတင်မျှော် တွေးကာ ရေးဆွဲ၍ပြဋ္ဌာန်းကျင့်သုံး လျက်ရှိပါသည်။  ရာဇသတ်ကြီး ဥပဒေ၊ အကောက်ခွန်ဥပဒေ၊ အမျိုးသားအစားအသောက် ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ အမျိုးသားဆေးဝါးဥပဒေ၊ ဗဟိုဘဏ်ဥပဒေ၊ စားသုံးသူကာကွယ်ရေး  ဥပဒေများသည် ထင်ရှားသည်။ အခြား ပြဋ္ဌာန်းထားသော ဥပဒေများသည်လည်း အလားတူအသက် ဝင်၍ စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ စီးပွားရေးကျင့်ဝတ် နှင့်အညီဆောင်ရွက်သော လုပ်ငန်းရှင်များကို ကာကွယ်ပေးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါသည်။ အတုပြဿနာများကို  ဥပဒေ များအရ ဖြေရှင်းရန်၊ နှိမ်နင်းရန် ဆောင်ရွက်လျက်ရှိသည်။ ကုန်ပစ္စည်းအတုပြုလုပ်ခြင်းနှင့် ရောင်းချခြင်းများနှင့် ပတ်သက်၍ ပေါ်ပြူလာအဖြစ်ဆုံးမှာ ငွေစက္ကူအတုြ ပဿနာများပင် ဖြစ်သည်။  ငွေစက္ကူအတုလုပ်လျှင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ(၁၀၆)အရ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်၂၀ နှစ်အထိ   ချမှတ်ခံရမည်ဖြစ်ပြီး ရာဇသတ်ကြီး  ဥပဒေပုဒ်မ ၄၈၉(က)အရ ငွေစက္ကူအတုပြုလုပ်ခြင်း၊ ၄၈၉(ခ) အရ ငွေစက္ကူအတု သုံးစွဲခြင်း၊ ၄၈၉(ဂ)အရ ငွေစက္ကူအတု လက်ဝယ်ထားရှိခြင်း၊ ၄၈၉ (ဃ)အရ ငွေစက္ကူအတုပြုလုပ်သော စက်ကိရိယာလက်ဝယ်ထားရှိ ခြင်းတို့အရ အရေးယူလေ့ရှိပြီး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ် ကျွန်းအထိပြစ်ဒဏ်များ  သတ်မှတ်ထားကြောင်း   တွေ့ရှိရသည်။  ဆေးဝါးအတုများပြုလုပ်ရောင်းချပါက အမျိုးသားဆေးဝါးဥပဒေအရ ငွေဒဏ်ကျပ် ၅၀၀၀ မှ ၅၀၀၀၀ ထိဖြစ်စေ၊ ထောင် ဒဏ်ခုနစ်နှစ်ထိ ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ သတ်မှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။ အစားအသောက်အတုပြုလုပ်လျှင် အမျိုးသားအစား အသောက်ဥပဒေအရ ငွေဒဏ်ကျပ် ၃၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် သုံးနှစ်ထိဖြစ်စေ ချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားသည်ကို တွေ့ရှိရ ပါသည်။
         ပစ္စည်းအတုများကို စားသုံးသူပြည်သူများ  သုံးစွဲ၍အသက် သေဆုံးခြင်း၊ အဆိပ်မိခြင်း၊ နာတာရှည်ရောဂါဖြစ်ပွားခြင်းများ ကြုံ တွေ့ရပါကမူ ရာဇသတ်ကြီးဥပဒေအရ ပိုမိုကြီးလေးသော ပြစ်ဒဏ် များကို ခံကြရပေမည်။ လက်ရှိတွင်ဆေးဝါးအတု၊  အရက်အတု၊ အစားအသောက်အတုများ ဈေးကွက်တွင် နေရာမရစေရေး ပူးပေါင်းဆောင်ရွက်ရန် အချိန်ကျရောက်ပါပြီ။ ဘယ်သူသေသေ ငတေမာ လျှင်ပြီးရော၊ အကျိုးအမြတ်များများရလျှင်ပြီးေ ရာ  သဘောမျိုးဖြင့်  စီးပွားရေးကျင့်ဝတ်နှင့်အညီ မဆောင်ရွက်သော ပစ္စည်းအတုရောင်း ချသူများကို ဥပဒေအရရော၊ စားသုံးသူများကပါ လက်မခံဘဲ ကျူး လွန်သူများကို ဖော်ထုတ်ကြရန်လိုပါသည်။ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်  လိုပါသည်။ သို့မှသာ လူသုံး၊ အိမ်သုံး ပစ္စည်းများကို အတုပြုလုပ်ရောင်းချသောသူများ ပေါ်ပေါ်တင်တင် ရဲရဲတင်းတင်း  လုပ်နေရာမှ  တဖြည်းဖြည်း  ကွယ်ပျောက်သွားမည် ဖြစ်သည်။ ကုန်အမှတ် တံဆိပ် ပစ္စည်းအတုများရောင်းချခြင်း၊ သုံးစွဲခြင်း များနှင့်ပတ်သက်၍ ဈေးကွက်တွင်  ကောင်းသောနာမည်ဂုဏ်သတင်း ဖြင့် ကျော်ကြားသော လူသုံး၊ အိမ်သုံးပစ္စည်းများကို ကုန်အမှတ် တံဆိပ်တုပ၍ လိမ်လည်ရောင်းချခြင်းြ ဖစ်ပါသည်။ လွန်ခဲ့သောငါးနှစ် ကျော်ခန့်က စတိုးဆိုင်တစ်ခုရှိ ရှိုးကေ့စ်ထဲတွင် ဘလက်လေဘယ်လ် ပုံစံတူ တစ်လီတာဝင် ပုလင်းသုံးမျိုးကို ပြသထား၍ ကြည့်ဖြစ်သည်။ ဈေးနှုန်းကို ကြည့်မိတော့ မတူညီသဖြင့် မေးကြည့်ရာ ကျပ် ၁၁၀၀၀ တန်က အတု၊ ကျပ် ၁၅၀၀၀ တန်ကအတုနဲ့အစစ်က တစ်ဝက်စီ၊ ၂၂၀၀၀ တန်က  အစစ်တဲ့။ သူတို့မပြောလျှင် သိနိုင်မည်မထင်ပေ။ ထိုသို့ထုတ်လုပ်သဖြင့်  ရာဇသတ်ကြီးဥပဒေပုဒ်မ (၄၈၆)အရ ကုန် ပစ္စည်းအတုများရောင်းချခြင်းကို ကျူးလွန်လျှင် ထောင်ဒဏ်တစ် နှစ်ထိ ကျခံရမည့်အပြင် ပစ္စည်းကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သည်ကိုမသိ၍ပဲလား။ အကျိုးအမြတ်များများ ရရှိ၍ပဲလား မသိနိုင်ပေ။ အဆိုပါပစ္စည်းအတုများကို ပြည်ပနိုင်ငံက တင်သွင်းလာလျှင်လည်း ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေ ပုဒ်မ (၁၆၇)အရ ပစ္စည်းသိမ်းပြီး တန်ဖိုးသုံးဆအထိ ငွေဒဏ်တပ် ရိုက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ကုန်အမှတ်တံဆိပ်အတုနှင့်   လူသုံး၊   အိမ်သုံးပစ္စည်းသည် မူရင်းလူသုံး၊ အိမ်သုံးပစ္စည်းလောက် အရည်အသွေးမမီသည်မှာ သေချာလှသည်။ ထို့ကြောင့် မူရင်းပစ္စည်းထက်ဈေးလျော့ ရောင်းချ နိုင်သည်။ ဈေးချိုသဖြင့် ဝင်ငွေနည်းစားသုံးသူများအကြိုက်တွေ့ကြသည်။
          ဘေးဥပဒ်အန္တရာယ်ဖြစ်မှာမပူပင်ကြ။ မူရင်းထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ ရောင်းချသူများမှမူ နစ်နာလှသည်။ ငွေကြေး အရင်းအနှီး၊ နာမည်ဂုဏ်သတင်းများ ဆုံးရှုံးရသည်။ သူများမိုးခါးရေ သောက်နေတာ ကိုယ်ပါေ သာက်မယ်ဖြစ်လာပါက ဈေးကွက်တစ်ခုလုံးအတုဖြစ်လာမှာ စိုးရိမ်ရပါသည်။ သစ်ကုလားအုတ်ပုံပြင်ထဲကလို  မိုးရွာနေ၍ တဲလေးထဲကို ခေါင်းကလေးဝင်ပါရစေမှ တဖြည်းဖြည်း တစ်ကိုယ်လုံး ဝင်လာသော အခါတဲလည်း ပျက်တဲ ပိုင်ရှင်လည်းမိုးမိခဲ့သလို ဈေး ကွက်ထဲသို့ အတုများတဖြည်းဖြည်း ဝင်ရောက်လာပြီး မူရင်းထုတ်လုပ် သော စစ်မှန်သည့်  ကုန်ပစ္စည်းများ ကွယ်ပျောက်သွားမှာ  စိုးရိမ်ရ သည်။ စစ်မှန်သည့် ကုန်ပစ္စည်းထုတ်လုပ်သည့်  လုပ်ငန်းရှင်များ နာလန်မထူနိုင်မှာ ပူရသဖြင့်အချိန်မီကာကွယ်ပေးရန် လိုအပ်ပါ သည်။ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှား သုံးစွဲခြင်းဆိုရာတွင် မသ မာစိတ်၊ မရိုးမဖြောင့်သော စိတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေသူ တစ်ပါး၏ ကောင်းသောဂုဏ်သတင်းဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း၏ လုပ်ငန်းအမည်၊ ရုပ်ပုံ၊ စာလုံး၊ အမှတ်အသား၊ ကိန်းဂဏန်း စသည့် အမှတ်တံဆိပ်များကို မသိမသာဖြစ်စေ၊ ဆင်တူ ယိုမှားဖြစ်စေ၊ မူရင်းကုန်အမှတ်တံဆိပ် ပိုင်ရှင်၏ တရားဝင်ခွင့်ပြုချက်မရဘဲ သုံးစွဲ ၍ ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ချိရောင်းချခြင်းဖြစ်သည်။ ကုန်အမှတ်တံဆိပ်ကို ဆင်တူယိုးမှားသုံးစွဲပါက ရာဇဝတ်ဥပဒေ အရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊  နှစ်မျိုးလုံးဖြစ်စေ တရားစွဲ ဆိုနိုင်ပါသည်။ သို့သော် အမျိုးအစားတူသော ကုန်စည်၊ ဝန်ဆောင်မှု များတွင်သာဆောင်ရွက်နိုင်သည်ကို သတိပြုသင့်သည်။ မော်မော်စန်း မန္တလေးထိုးမုန့်နှင့် မော်မော်စန်းတည်းခိုရိပ်သာသည် အမည်တူ သော်လည်း လုပ်ငန်းအမျိုးအစားမတူပေ။ စာလုံးပုံစံ၊ ရုပ်ပုံများလည်း မတူညီ၍ တရားစွဲဆိုခွင့်မရှိပေ။ သို့ရာတွင် စာလုံးပုံစံ၊ ရုပ်ပုံများလည်း တူညီနေပါကမူ တားဝရမ်းထုတ်နိုင်သည်။ နစ်နာမှုများအတွက် တရားစွဲဆိုနိုင်သည်ကို သတိပြု သင့်ပါသည်။ လုပ်ငန်းများဆောင် ရွက်ရာတွင် ကုန်အမှတ်တံဆိပ်ကို ကြိုတင်၍မှတ်ပုံတင်ရန် လိုအပ်ပါသည်။ သို့မှသာ မိမိ၏ ကုန်အမှတ်တံဆိပ်ကို ကွဲပြားစွာ သီးသန့် သုံးစွဲနိုင်မည်ဖြစ်သည်။ အခြားသူများ မိမိကုန်အမှတ်တံ ဆိပ် ကို ဆင်တူယိုးမှား သုံးစွဲပါကလည်း ဥပဒေအရ တားဝရမ်းထုတ်ပိုင်ခွင့်ကို ရရှိနိုင်မည်ဖြစ်ပြီး၊ နစ်နာမှုများအတွက်လည်း ဥပဒေ၏အကာ အကွယ်ကို ရရှိနိုင်မည်ဖြစ်သည်။
         ကုန်အမှတ်တံဆိပ်ကို ယှဉ်ပြိုင်သုံးစွဲမှုနှင့်ပတ်သက်၍ မိသားစု ပိုင်လုပ်ငန်းများဖြစ်သည့် မိဘ၊ ဘိုးဘွားလက်ထက်က နာမည်ကြီး စားသောက်ကုန်၊ တိုင်းရင်းဆေး၊ ဆေးပေါ့လိပ် စသည့်လုပ်ငန်းများကို မိသားစုဝင်များက သီးခြားစီလုပ်ကိုင်ကြရာ၌ တုပခြင်း မဟုတ်သော် လည်း၊ ကုန်အမှတ်တံဆိပ်ကို မည်သူသုံးစွဲသင့်ကြောင်း အငြင်းပွား ရာမှ ညှိနှိုင်း၍ မူလအရည်အသွေးအတိုင်း ယှဉ်ပြိုင်သုံးစွဲကြခြင်းပင် ဖြစ်သည်။ အထူးသတိထားသင့်သည် မှာ ကုန်အမှတ်တံဆိပ်သည် ပစ္စည်းဥစ္စာများကဲ့သို့ တစ်ဦးမှတစ်ဦးသို့  လွှဲပြောင်းပိုင်ခွင့်၊ ရောင်းချ ပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့်ရှိသော တန်ဖိုးရှိပစ္စည်းတစ်ခုဖြစ်ပါသည်။ အတုပြုလုပ်ရောင်းချသူများသည် နာမည်ကြီး ကုန်အမှတ် တံဆိပ်များကိုသာ ပစ်မှတ်ထားကြသည်။ တန်ဖိုးကြီးမားသော ကုန်ပစ္စည်းများကိုသာ တုပဆောင်ရွက်ကြသည်။ သို့မှသာ ဈေးကွက်ရှာ ဖွေစရာမလိုဘဲ အဆင်သင့်တုပရောင်းချကာ အကျိုးအမြတ်ကြီးမားစွာ ရရှိကြသည်။ ငွေစက္ကူအတုများ၊ လူသုံး၊ အိမ်သုံးပစ္စည်းအတုများ၊ ဆင်တူယိုးမှားအတုများ လှိုင်လှိုင်ပေါများနေကြခြင်းဖြစ်သည်။ ထိုသို့ အတုဈေးကွက်ကြီး သက်တမ်းရှည်ကြာစွာ ရပ်တည်နေ နိုင်ခြင်းသည် ဈေးနှုန်းချိုသာခြင်း၊ နည်းပညာအဆင့်မြင့်မားလာခြင်း၊ စားသုံးသူ များ၏ ဗဟုသုတအားနည်းခြင်း၊ တစ်ဦးချင်းဝင်ငွေ နည်းပါးခြင်း စသည့် အကြောင်းများကြောင့်လည်း ပါဝင်ပါသည်။ လူသုံးအိမ်သုံးပစ္စည်းများနှင့်ပတ်သက်၍  အတုလား၊ အစစ် လား ခွဲခြားရန် လွန်စွာခက်ခဲလာသည်။ နည်းပညာများဖွံ့ဖြိုးတိုးတက် လာမှုများကြောင့် အတုများသည် အစစ်လောက်နီးနီး ပြင်ပလက္ခဏာ များတွင် အစစအရာရာတူညီလာခဲ့သည်။ လက်ရှိတွင်  ကုန်ပစ္စည်း အတုဖြစ်ကြောင်း ထောက်ခံချက်ကို အစိုးရ၏ တရားဝင်အဖွဲ့အစည်း ဖြစ်သည့် မှုခင်းတပ်ဖွဲ့(CID)ထံမှလည်းကောင်း၊ တရားဝင်ဖွဲ့စည်း ထားသည့် ကုန်ပစ္စည်းစစ်ဆေးရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျွမ်းကျင်သူများ၊ ဓာတုဝန်ရုံးများ စသည်တို့မှ ဆောင်ရွက်လျက် ရှိပါသည်။
          နိုင်ငံတော်မှ ဟန်ချက်ညီသော ဘက်စုံဖွံ့ဖြိုးရေးအတွက် စေတနာထားကာ ဆောင်ရွက်နေချိန်တွင် အဟန့်အတားဖြစ်လျက် ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဖြေလျော့ပေး၍ လုပ်ငန်းရှင်များ  လုပ် သာကိုင်သာရှိရန် လမ်းဖွင့်ပေးထားသည်ကို စေတနာဖြင့်သာ ရိုးသားကြိုးစားမှုဖြင့် အောင်မြင်မှု၊ တိုးတက်မှုများ ဖြင့်သက်သေပြသင့်သည်။ မရိုးမဖြောင့်သော၊ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော၊ အကျိုးအမြတ် များများ ရရှိရေးသာ ဦးတည် သော၊ စီးပွားရေးကျင့်ဝတ်နှင့်မညီသော  စားသုံးသူများကို စာနာမှု ကင်းသော၊ စားသုံးသူများကို ဘေးဥပဒ်အန္တရာယ်ဖြစ်စေသောလူသုံး၊ အိမ်သုံးပစ္စည်းများကို အတုပြုလုပ်၍ ရောင်းချခြင်းများဖြင့် သက် သေမပြကြရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ၅၄ သန်းကျော်သော စားသုံးသူပြည်သူများကို စေတနာထားသောအားဖြင့် ဘေးဥပဒ်အန္တရာယ်ရှိသော၊ ထုတ်ကုန် လုံခြုံစိတ်ရမှုမရှိသော မူရင်းပစ္စည်းများကိုသာ အရည်အသွေးပြည့် မီစွာ ထုတ်လုပ်ရောင်းချကြပါရန်၊ စားသုံးသူပြည်သူများကိုအန္တရာယ် ဖြစ်စေမည့် ကုန်ပစ္စည်းအတုများ ထုတ်လုပ်ရောင်းချခြင်း၊ ကုန် အမှတ်တံဆိပ်အတုများ ပြုလုပ်ရောင်းချခြင်း၊ ဆင်တူယိုးမှားသုံးစွဲ ခြင်း၊ ကုန်အမှတ်တံဆိပ် များ ယှဉ်ပြိုင်ဆောင်ရွက်ခြင်းများ မပြုလုပ် ကြပါရန်၊ စားသုံးသူများ ကိုယ်၊ စိတ်၊ နှလုံး အေးချမ်းစွာဖြင့် ယုံကြည် စိတ်ချစွာဖြင့် သုံးစွဲနိုင်သည့် စစ်မှန်၍ နိုင်ငံတကာစံနှုန်းသတ်မှတ် ချက်များနှင့်အညီ ကိုက်ညီသော ပစ္စည်းအစစ် များကိုသာ တင်သွင်း တင်ပို့၊ ဖြန့်ဖြူးရောင်းချကြပါရန်၊ ကုန်ပစ္စည်းအတုပြဿနာများကြောင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် စေတနာထား တိုက်တွန်းအပ်ပါသည်။

 

နိုင်ဦး(DOCA)