Main menu

Background

မြန်မာနိုင်ငံကတည်ထောင်ထားရှိသော National Trade Portal and Trade Repository Website ၏မူရင်းကုတ် (Source Code) အား မိုဇမ်ဘစ်နိုင်ငံမှ ကူးယူသုံးစွဲခွင့်ပြုရေးဆိုင်ရာ မြန်မာ-မိုဇမ်ဘစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

Thu, 05/30/2019 - 10:56 -- journal_editor

     မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူညီချက်ကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။၎င်းသဘောတူညီချက်၏ အခန်း (၁)၊ ပုဒ်မ (၁၃) အရ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ကုန်သွယ်မှုသတင်းအချက်အလက်များ ပွင့်လင်း မြင်သာဖြစ်စေရန် National Trade Repository များတည်ထောင်၍ အာဆီယံ၏ ASEAN Trade Repository သို့ ချိတ်ဆက် ထား ကြရ မည်ဖြစ်သည်။
       အဆိုပါ အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် လိုက်ပါဆောင်ရွက်ရမည့် တာဝန်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနသည် USAID ၏ ကူညီထောက်ပံ့မှုဖြင့် ၂၀၁၆ ခုနှစ် မေ ၂၆ ရက်တွင် မြန်မာနိုင်ငံ ကုန်သွယ်မှု  သတင်းအချက်အလက်များ ဘဏ္ဍာတိုက် - National Trade Portal and Trade Repository Website - www.myanmartradeportal.gov. mm ကို တရားဝင်လွှင့် တင်ခဲ့ပါသည်။ ၎င်းကုန်သွယ်မှု သတင်းအချက်အလက်များဘဏ္ဍာတိုက်တွင် ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ အကောက်ခွန်နှုန်းထားများနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်း အချက် အလက်များအား မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထား သည်။ ထို့ပြင်  ကုန်စည်များတင်သွင်းရာတွင်  သက်ဆိုင်ရာဌာန ဆိုင်ရာများမှ စည်းကြပ်ထားသော အကောက်ခွန်မဟုတ်သည့် စီမံ ဆောင်ရွက်မှုများ (Non-tariff Measures-NTMs)  ကိုလည်း ကုန် စည်များအလိုက် ခွဲခြား၍ လုပ်ထုံးလုပ်နည်းများနှင့် ချိတ်ဆက်ဖော်ပြ ပေးထားပါသည်။
     အဆိုပါ Website ကို တည်ထောင်စဉ်က လာအိုနိုင်ငံမှ Source Code ကိုကူးယူ၍ ဆောင်ရွက်ခဲ့ပြီး Website ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် USAID၏  အကူအညီဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ် များကို ဆောင်ရွက်ခဲ့ပြီး မူလ Website နေရာ တွင် အဆင့်မြှင့်တင်ထားသော Website အား အစားထိုးလွှင့်တင်ခြင်း ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။  ဤကဲ့သို့ ဆောင်ရွက်ထားရှိမှုကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများသို့ လည်း အသိပညာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။ ယခုကဲ့သို့ Website ကို တည်ထောင်နိုင်ခြင်းဖြင့် အာဆီယံ ကုန်စည် ကုန်သွယ်ရေးသဘောတူညီချက်  (ASEAN Trade in Goods Agreement – ATIGA) ၏ အခန်း (၁)၊ ပုဒ်မ (၁၃)အတိုင်း လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ခြင်းသာမက ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏  ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးသဘော တူညီချက်ပါ ကုန်သွယ်မှု အချက်အလက်များ  ပွင့်လင်းမြင်သာဖြစ် စေရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ခြင်းနှင့် Ease of Doing Business ကိုလည်း များစွာအထောက်အကူ ဖြစ်စေ သည်။
         ယခုအခါ အဆင့်မြှင့်တင်ထားသော Website ၏ မူရင်းကုတ် (Source Code) အား  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ သည် WTO ၏ ကုန် သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက် (Trade Facilitation Agreement –TFA) ပါ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှုရှိစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Mozambique Trade Portal တည် ထောင်နိုင်ရေးအတွက် ကူးယူသုံးစွဲခွင့်ပြုပါရန်နှင့် Trade Portal ကို အောင်မြင်စွာ  ထူထောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အတွေ့အကြုံနှင့် အောင်မြင်မှုများကို လာရောက်လေ့လာလိုကြောင်း မေတ္တာရပ်ခံလာ ခဲ့ပါသည်။
         မြန်မာနိုင်ငံက  တည်ထောင်ထားရှိသော အဆင့်မြှင့်တင်ထား သည့် National Trade Portal and Trade Repository Website မူရင်းကုတ် (Source Code) အား မိုဇမ်ဘစ်သမ္မတနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ဌာနသို့ ကူးယူသုံးစွဲခွင့်ပြုရေး ဆိုင်ရာ မြန်မာ-မိုဇမ်ဘစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MOU) ကို  မေ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် မိုဇမ်ဘစ်နိုင်ငံစက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီးဌာန၊ National Director, Mr. Amilcar Carlos Arone တို့လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန၊ ဆက် သွယ်ရေးညွှန်ကြား မှုဦးစီးဌာန၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ USAID မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ မြန်မာနိုင်ငံအနေဖြင့်  မိုဇမ် ဘစ်နိုင်ငံ Trade Portal  စတင်တည်ထောင်နိုင်ရေးအတွက်  အကူအညီပေးခြင်းအားဖြင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြင့်စေပြီး ကုန်သွယ်မှုအလား အလာများ ဖန်တီးနိုင်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်လာေ စနိုင်မည်ဟု မျှော်မှန်းထားပါသည်။
 

DOT