Main menu

Background

မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ကဏ္ဍစုံမှ ကြိုးပမ်းရမည်

Mon, 06/10/2019 - 11:32 -- journal_editor

         မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည်ဖြစ်သလို မြန်မာ့ထွက်ကုန်များကိုလည်း ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းကြရမည်လည်းဖြစ်သည်။လက်ရှိ အချိန်တွင် မြန်မာနိုင်ငံအနေဖြင့်   ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို အဓိထားတင်သွင်းလျက်ရှိနေသည်။ အခြားတစ်ဖက်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပနိုင်ငံများသို့ မြန်မာ့ထွက် ကုန်များ စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။ ထိုကဲ့သို့ ပြည်ပနိုင်ငံများသို့ မြန်မာ့ထွက်ကုန်များ တင်ပို့နေရာတွင် လယ်ယာထွက်ကုန် ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သတ္တု တွင်းထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချော ပစ္စည်းများနှင့် အခြားပစ္စည်းများ ပါဝင်သည်။
       မြန်မာနိုင်ငံအနေဖြင့် ပြည်ပပို့ကုန်ပမာဏနှင့် သွင်းကုန် ပမာဏတို့ကို နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်ပမာဏက ပိုမိုများပြားနေသည်။ မြန်မာနိုင်ငံတွင် ကုန်ကြမ်းထွက်ရှိသော်လည်း ကုန်ချောအထိ ပြုလုပ်နိုင်မှု  အားနည်းေ နသေးခြင်းတို့ကြောင့် တချို့ကုန်ပစ္စည်းများတွင် ပြည်ပသွင်းကုန်များကိုသာအားကိုးအားထားပြုနေရသည်။ မြန်မာနိုင်ငံ၏ သွင်းကုန်အနေအထားကို လေ့လာကြည့်မည်ဆိုလျှင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (မတ်လထိ) ပြည်ပနိုင် ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၂၉၅၃ ဒသမ ၂၆၄ သန်း၊ လုပ်ငန်းသုံးကုန်ပစ္စည်းများတင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၃၆၈၆ ဒသမ ၈၅၇ သန်း၊ လူသုံးကုန်ပစ္စည်းများ တင်သွင်း မှုတွင် အမေရိကန်ဒေါ်လာ ၂၃၂၅ ဒသမ ၆၃၆ သန်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (မတ်လထိ) စုစုပေါင်းတင်သွင်းမှု ပမာဏ မှာ အမေရိကန်ဒေါ်လာ ၈၉၆၅ ဒသမ ၇၅၇ သန်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့နေသည့် ပို့ကုန်အနေအထားကို လေ့လာကြည့်မည်ဆိုလျှင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(မတ် လထိ) လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့ရာတွင် အမေရိကန် ဒေါ်လာ ၁၇၀၈ ဒသမ  ၈၂၉ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများ တင် ပို့ရာတွင် အမေရိကန်ဒေါ်လာ ၂၇၅ ဒသမ ၃၉၁ သန်း၊ ရေထွက် ပစ္စည်းများ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၇၃ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းများ  တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၅၄၈ ဒသမ ၈၆၉ သန်း၊ သစ်တောထွက်ပစ္စည်းများ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၇၇၉ သန်း၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၄၆၄၀ ဒသမ ၁၃၀ သန်းနှင့် အခြားပစ္စည်းများ တင်ပို့ရာတွင် အမေရိက န်ဒေါ်လာ ၆၀၉ ဒသမ ၄၅၂ သန်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (မတ်လထိ) စုစုပေါင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၃၀၆ ဒသမ ၂၂၃ သန်း ဖြစ်ကြောင်း တွေ့ရှိရသည်။ မြန်မာ့ထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံ များသို့ တင်ပို့နေရာ တွင် နယ်စပ်ကုန်သွယ်ရေးဇုန်များမှ တင်ပို့နေသည်သာမကဘဲ ပင်လယ်ရေကြောင်းမှလည်း ဥရောပနိုင်ငံများအထိပင် တင်ပို့လျက်ရှိနေသည်။ သို့သော် ပြည်တွင်း ထွက်ကုန်ပစ္စည်းများ ပြည်ပနိုင်ငံများ သို့တင်ပို့ရာတွင် ဈေးကွက်ခိုင်မာရန်မှာ လွန်စွာပင် အရေးကြီးလှပေသည်။
          လက်ရှိအချိန်တွင် ဥရောပနိုင်ငံများရှိငါးဈေးကွက်တွင် ရေငန် ငါးစားသုံးမှုများနေကြောင်း သိရသည်။ ပြည်တွင်း၌ ရေငန်ငါးများ မွေးမြူတင်ပို့နိုင်ပါက ဈေးကွက်အားကောင်းလာနိုင်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဒေါက်တာတိုးနန္ဒာတင်က မေ ၂၁ ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌  ကျင်းပခဲ့သည့် သားငါး ကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆို သည်။ လတ်တလောကာလတွင် မြန်မာနိုင်ငံအနေဖြင့် ဥရောပဈေး ကွက်သို့ သဘာဝမှ ရရှိသည့် ငါးများကို တင်ပို့ခွင့်ရရှိထားကြောင်း၊ အဆိုပါ  ငါးတင်ပို့ခွင့်မှာ ယခု မေ ၁ ရက်မှစပြီး ရရှိထားကြောင်း၊ လက်ရှိ ဥရောပနိုင်ငံများက ရေငန်ငါး စားသုံးမှု များပြားေ နသည့် အတွက် ပြည်တွင်း၌ ရေငန်ငါးများမွေးမြူပြီး ပိုမိုတင်ပို့နိုင်မည်ဆိုပါက ဈေးကွက် အားကောင်းလာနိုင်ကြောင်းကိုလည်း ဒေါက်တာတိုးနန္ဒာ တင်က ပြောထားသည်။ ထိုအခြေအနေမျိုး၊ ထိုအခွင့်အလမ်းကောင်း မျိုးကို လက်လွတ်မခံဘဲ ရေငန်ငါးများတင်ပို့ပြီး ခိုင်မာသည့်ဈေးကွက် ရရှိရေးနှင့် တိုင်းပြည်ဝင်ငွေတိုးတက်ရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ ငါးတင်ပို့နေသည့် စက်ရုံပေါင်း ၁၂၃ ရုံရှိပြီး ၂၃ ရုံမှာ ဥရောပဈေးကွက်သို့ သဘာဝမှ ရရှိသည့် ငါးများကိုသာ တင်ပို့လျက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံများထဲမှ စက်ရုံ ၁၅ ရုံသည် သဘာဝမှရရှိသည့် ငါးများကိုသာ တင်ပို့နိုင်ရန်သာမကဘဲ မွေးမြူရေးငါးများကိုပါ တင်ပို့နိုင်ရန် စစ် ဆေးမှုများပြုလုပ်ထားကြောင်း သိရသည်။
         သဘာဝမှရရှိသော ငါးများကို ဥရောနိုင်ငံ ၁၀ နိုင်ငံသို့ တင်ပို့ ရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တန်ချိန် ၁၀၀၀၀ ကျော်တင်ပို့ နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ရရှိခဲ့ကြောင်း၊ ဥရောပ ဈေး ကွက်သို့ တင်ပို့ခွင့်ရရှိထားသည့် မွေးမြူ ရေးငါး ၁၀ မျိုးမှာ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးခေါင်းပွ၊ရွှေဝါငါးကြင်း၊ ငါးတန်၊ ငါးခုံးမကြီး၊ တီလားဗီးယား၊ ပုစွန်ကြား၊ ပုစွန်ဖြူနှင့် ဂဏန်း ပျော့တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အတွင်းရှိ ငါး၊ ပုစွန် မွေးမြူသူများအနေဖြင့် တင်ပို့သည့် ငါးများမှာ ဥရောပစံနှုန်းများနှင့် ကိုက်ညီ မှုရှိစေရေး၊ ဥရောပနိုင်ငံများလိုလားသည့် မွေးမြူရေးထွက် ကုန်ဖြစ်စေရေးအပြင် ရေထွက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်း ရှင်းစေရေးအတွက်ကိုလည်း ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်သည်။ ယင်းအခြေအနေများ ဖြစ်လာစေရန် အတွက်လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းညှိနှိုင်း ပြီး ဆောင်ရွက်လျက်ရှိကာ နည်းပညာပိုင်း ပံ့ပိုးကူညီမှုများလည်း ရှိနေသည်။  ယင်းအပြင် တခြား မြန်မာ့ထွက်ကုန် ပစ္စည်းများကို ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ထုတ်ကုန် များ ဖြစ်လာစေရန်အတွက် အစိုးရပိုင်းကလည်း ပံ့ပိုးကူညီပေးလျက် ရှိနေသည်။ ထိုကဲ့သို့  အခြေအနေမျိုးတွင် မြန်မာ့ စိုက်ပျိုးမွေးြ မူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ရန်နှင့် ဈေးကွက်သေချာခိုင်မာမှု  ရှိလာရန် အတွက် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို ယူနန်နှင့်ရှန်ဟိုင်းသို့ တင်ပို့နိုင်ရေး ဆွေးနွေးနေကြောင်း မေ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်၌ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်း ရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (၂၇) ကြိမ်မြောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောခဲ့သည်။
         ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးနှင့် ဈေးကွက်သေချာ ခိုင်မာမှုရှိရေးအတွက် ကြိုးစားနေကြောင်း၊ နိုင်ငံ၏ ကုန်စည်များမှာ နယ်စပ်ဒေသ အထိရောက်ပြီးမှ ရောင်းမရဟုဆိုပြီး ပြန်သယ် လာရန် ခက်ခဲကြောင်း၊ တစ်ဖက်တွင် သိုလှောင်ထားနိုင်ရန်အတွက်လည်း တော်တော်ခက်ခဲကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး ဇုန်များမှ ထွက်လာသည့် ကုန်ပစ္စည်း များကို နိုင်ငံတကာသို့ တင်ပို့ ရောင်းချနိုင်ရေးနှင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဈေးကွက်တစ်ခုထူထောင်နိုင်ရန်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ မှာပင် ကုန်ပစ္စည်းများကို  ပါကင်ပိတ်ပြီး  တင်ပို့ရောင်းချနိုင်ေ ရး ယူနန်၊ ရှန်ဟိုင်းတို့နှင့် ဆွေးနွေးနေကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့နေရာတွင် အခက်အခဲပေါင်း များစွာ ကြုံတွေ့နေရသည်။ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် နယ် စပ်ဂိတ်များမှတစ်ဆင့် ကုန်ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်ရာ တွင် တစ်ဖက်နိုင်ငံမှ ဈေးကွက်ပိတ်ထားချိန် သို့တည်းမဟုတ် ဝယ်သူ မရှိသည့်အချိန်မျိုးတွင် ကုန်ပစ္စည်းများ သိုေ လှာင်ထားရန် နေရာမရှိ သည့်အတွက် ရောင်းချမှု ရပ်ဆိုင်းထားရခြင်း၊ အချိန်ကာလ ကြာရှည်စွာ စောင့်ပြီး ရောင်းချရန်မသင့် ကုန်ပစ္စည်းများကို ရသည့်ဈေးနှုန်းဖြင့် ရောင်းချရခြင်းတို့ ရှိနေသည့်အတွက်ကြောင့် မြန်မာကုန် သည်များအနေဖြင့် များစွာထိခိုက်နစ်နာမှုများ မကြာခဏ ကြုံတွေ့ဖြစ်ပေါ်နေရသည်။
         ပြည်ပသို့ပို့မည့် ကုန်ပစ္စည်းများကို ရန်ကုန်တွင် အရောင်းအဝယ်ပြုလုပ်ပြီးမှသာ နယ်စပ်ဂိတ်များသို့ ကုန်စည်သယ် သွားနိုင်သည့် အခြေအနေမျိုးကိုပြောင်းလဲနိုင်ရန်အတွက် ရန်ကုန်ဈေးကွက်ကို ပိုမိုတိုးချဲ့ လုပ်ဆောင် ရန် ပြင်ဆင်နေကြောင်းနှင့်  မြန်မာ-တရုတ် စီးပွားရေးစြင်္ကံတွင်လည်း အဆိုပါကုန်သွယ်ရေးကိစ္စအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ထည့်သွင်း စဉ်းစားလျက်ရှိကြောင်း သိရသည်။ မိမိအနေဖြင့် Supply Chain တစ်ခု လုံးကို အဆင့်မြှင့်ပြီး ဆောင်ရွက်နိုင်ရေးအတွက် မျိုးစေ့မှ မြေပြုပြင်သည်ကအစ စိုက်ပျိုးပြီးသည်အထိ သွင်းအားစုများကို သွင်းနေကြောင်း၊  နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း စနစ်တကျ ဆောင်ရွက် သွားရန်ရှိေ ကြာင်း၊ မြန်မာနိုင်ငံအနေဖြင့် ထုတ်ကုန်များကို စနစ်တကျ ထုတ်လုပ်နိုင်မည်ဆိုပါက ဈေးကွက်ကောင်းရနိုင်ကြောင်း၊ မော်တော်ကားလမ်းများမှတစ်ဆင့် Border Trade လည်းလုပ်နိုင်ကြောင်း၊ ရေကြောင်း၊ လေကြောင်းများမှ လည်း တင်ပို့နိုင်သည့် အခြေအနေရှိသည့်အတွက် ရန်ကုန်မြို့တွင် ဈေးကွက်ကြီးတစ်ခုထူထောင်ပြီး တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းနေကြောင်း၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး အဆိုပါကဏ္ဍ များကို ဆက်လက်ပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုထားသည်။ အစိုးရအနေဖြင့် ထိုကဲ့သို့ အပြုသဘော ဆောင်ရွက်မှုများရှိနေသည်မှာ ပြည်တွင်းကုန်သည်များအတွက် ဝမ်းမြောက် ဖွယ်ရာ သတင်းကောင်း တစ်ရပ်ဖြစ်သည်။ သို့သော် တရားမဝင်ကုန်စည်များ ပြည်တွင်းဈေးကွက်မှတစ်ဆင့် ပြန်လည်ဖြန့်ချိနေ သည့် အခြေအနေမျိုးရှိမလာစေရန်အတွက်လည်း တရားမဝင်ကုန်စည် စီးဆင်းမှုများ ကို သက်ဆိုင်ရာအစိုးရပိုင်းကလည်း တတ်နိုင်သမျှ ထိန်းချုပ်သွားရန်လိုအပ်နေသလို မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက်ကိုလည်း  ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှနေ၍ ဝိုင်းဝန်းကြိုးပမ်းကြရမ ည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

စိန်သံ