Main menu

Background

မြန်မာ့ဆန် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်

Wed, 07/17/2019 - 10:21 -- journal_editor

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခချန်းနှင့် သီးခြားတွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ခွဲတမ်း ဆက်လက်ပေးအပ်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန်များ အနာဂတ်တွင် ပိုမိုဝယ်ယူရေး ညှိနှိုင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဒေသများတွင် တရား မဝင် ကုန်သွယ်မှုများ ပပျောက်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ခဲ့မှု၏ အကျိုးဆက်အဖြစ် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် တစ် သိန်းကို တာစနစ်(အခွန်သက်သာခွင့်)ဖြင့်တင်ပို့ရန် မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တရုတ်နိုင်ငံအစိုးရအဖွဲ့ (COFCO)တာဝန်ရှိသူတို့ သဘောတူစာချုပ်ချုပ် ဆိုခဲ့ပြီး ဖြစ်သည်။ ဤသို့စာချုပ်ချုပ်ဆိုပြီးပါက ဆန်တင်ပို့မည့် Exporter ကြီးများသည် မြန်မာနိုင်ငံဘက်က သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် တရုတ်နိုင်ငံဘက်က စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာ ကြ ရန် လိုအပ်မည်ဖြစ်သည်။
          တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် Exporter ကြီးများသည် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင်ဖြစ်ရန် လိုအပ်ပါသည်။ ပြည်တွင်း၊ ပြည်ပ ဆန်စပါးဈေးကွက်တွင် အရောင်းအဝယ်အတွေ့ အကြုံရှိသူဖြစ်ရမည်ဖြစ် သည်။ ကုမ္ပဏီပိုင်ဆန်စက်(သို့)သိုလှောင်ရုံ ရှိရန်လိုအပ်သည်။ အကယ်၍ ကိုယ်ပိုင်ဆန်စက်၊ သိုလှောင်ရုံမရှိပါက အခြား ဆန်စက်၊ သိုလှောင်ရုံ ပိုင်ရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် (MOU) ရေးထိုးထားရှိပြီးဖြစ်ရန် လိုအပ်ပါ သည်။ ဆောင်ရွက်မည့် ကုမ္ပဏီသည် မှတ်ပုံတင်သက်တမ်းရှိသော ကုမ္ပဏီဖြစ်ရန်လိုပါသည်။ ဆန်တင်ပို့ရန်အဆိုပြုသော ဆန်စက်သိုလှောင်ရုံသည် Third Party  ၏ စစ်ဆေးမှုကို ခံယူနိုင်ရမည်ဖြစ်ပြီး စစ်ဆေးမှုလုပ်ငန်း လိုအပ်ချက် များတွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ အဆိုပြုသော  ဆန်စက်၊ သိုလှောင်ရုံသည် လက်ရှိ ပုံမှန်လည်ပတ် ဆောင်ရွက်နေသော ဆန်စက်၊ သိုလှောင်ရုံဖြစ်ရန်လိုအပ်ပါသည်။ တရုတ်နိုင်ငံနှ င့် မြန်မာနိုင်ငံတို့အကြားချုပ်ဆိုထားသည့် SPS Protocol ပါသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်နိုင်သည့် ကုမ္ပဏီဖြစ်ရန် လိုပါသည်။ တရုတ်နိုင်ငံဘက်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များရှိပါသည်။ တရု တ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင်  တရုတ်နိုင်ငံ၏ အပင် ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်း ဥပဒေများကို လိုက်နာရန်လိုအပ်ပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်များသည် ထိန်းချုပ်ပိုးမွှားများ ကင်းစင် ရမည်ဖြစ်ပြီး စပါးခွံ၊ ဖွဲ၊ ပင်စည်၊ အရွက်၊ ပေါင်းစေ့များ၊ မြေကြီးများ၊ အခြား ပင်ကြွင်းပင်ကျန် များ ကင်းစင်ရန်လိုအပ်ပါသည်။ တစ်ဖန် ဆန်တင်ပို့ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်ဖြစ်ပြီး ခွင့်ပြုနို င်သော စိုက်ပျိုးရေးသုံးဓာတုဆေးဓာတ်ကြွင်းများနှင့် ဘေးအန္တရာယ်ဖြစ်စေ တတ်သော ပစ္စည်းများနှင့် သက်ဆိုင်သောဥပဒေ၊ နည်းဥပဒေများကို လိုက်နာရမည်ဖြစ်ပါသည်။
        တရုတ်နိုင်ငံသို့တင်ပို့မည့် ဆန်များ ပြုပြင်ကြိတ်ခွဲခြင်း၊ သို လှောင်ခြင်း၊ တင်ပို့ခြင်း၊ ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့အစည်းများ သည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ပြီးမှသာ တရုတ်နိုင်ငံက လက်ခံဆောင်ရွက်မည်ြ ဖစ်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပါက နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန်အတွက် တင်ပို့မည့်ကုန် ပစ္စည်းအမည်၊ လိပ်စာနှင့် မှတ်ပုံတင်နံပါတ် (CODE)တို့ကို တိတိကျကျ ဖော်ပြပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘက်က ပို့ကုန်လုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၏ အမည်စာရင်းကိုပြုစု၍ တရုတ်နိုင်ငံဘက်သို့ အရည်အသွေးစံချိန် စံညွှန်းပြည့်မီကြောင်း ထောက်ခံချက်၊ ပိုးမွှားကင်းစင်ကြောင်း ထောက် ခံချက်နှင့်အတူ နှစ်စဉ် ဆန်တင်ပို့ချိန်မတိုင်မီ ပေးပို့ထားရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် ဧရိယာအတွင်းတွင် တရုတ်နိုင်ငံက သတ်မှတ်ထားသော ထိန်းချုပ်ပိုးမွှားများပေါက်ပွားမှု လျော့နည်းေ စရန် ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်ပြီး ဆောင်ရွက်ချက်အသေးစိတ်ကို တရုတ် နိုင်ငံသို့ ပေးပို့တင်ပြထားရမည်ဖြစ်သည်။ ဆန်စက်များတွင် ဆန်ပိုးများဖြစ်သည့် ကာဖရာကျိုင်း (Trogoder -ma granarium Evest)နှင့် ကျိုင်းနီ (Cryptolestes pusillaides Stee et Howe)တို့ ကျရောက်မှု ရှိ၊မရှိကို ၁၀၀ စတုရန်းမီတာလျှင် ထောင်ခြောက် တစ်ခုနှုန်းထားရှိပြီး ဖမ်းမိအကောင်ကို ကင်းထောက်စနစ်ဖြင့် မှတ်တမ်းပြုစု ထားရှိပြီး တရုတ်နိုင်ငံဘက်သို့ ပေးပို့တင်ပြရမည်ဖြစ်သည်။ မြန်မာနိုင်ငံက ဆန်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ ဆောင်ခြင်းများဆောင်ရွက်ရာတွင် မှိုတက်ခြင်း(သို့)မြေကြီး ၊ ပင်ကြွင်း ပင်ကျန်များ၊ ပေါင်းစေ့များ၊ စ ပါးစေ့များ၊ ဖုန်၊ ခဲ၊ သဲ၊ အမှိုက်နှင့် အခြားအစေ့များ ပါဝင်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။ မြန်မာနိုင်ငံဘက်က ဤသို့တင်းကျပ်စွာဆောင်ရွက်ရန် သဘောတူညီထားခြင်းကို မည်သို့ဆောင်ရွက်ထားကြောင်း တရုတ်နို င်ငံဘက်သို့ တင်ပြရန်ဖြစ်ပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ ထုပ်ပိုးသည့် နေရာများသည် သန့်ရှင်းပြီး ဘေးဖြစ်စေသော သက်ရှိဇီဝပိုးများ ကင်းစင်အောင်စီမံဆောင်ရွက်ထားရမည်ဖြစ်သည်။ တင်ပို့မည့်ဆန်များကို သီးသန့်သိုလှောင်ထားရမည်ဖြစ်သည်။
       တရုတ်နိုင်ငံသို့  တင်ပို့မည့် ဆန်များအတွက် အသုံးပြုမည့် ထုပ်ပိုးပစ္စည်းများသည် အသစ်ကိုသာ အသုံးပြုရမည်ဖြစ်သည်။ အသုံးပြုရမည့် ပစ္စည်းများသည် ဘေးဖြစ်စေသည့် သက်ရှိဇီ၀ ပိုးမွှားများနှင့် အဆိပ်ဖြစ်စေသော ပစ္စည်းများမပါဝင်စေရန် အထူးဂရုပြု စီမံဆောင်ရွက်ရမည်ဖြစ်သည်။ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်အိတ်များတွင် "တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့"ဟူသော အမှတ်အသားနှင့် ဆန်၏အုပ်စု ကြိတ်ခွဲသည့်စက်ရုံ၊ တင်ပို့သူအမ ည်၊ လုပ်ငန်းမှတ်ပုံတင် အမှတ်နှင့် ကုမ္ပဏီလိပ်စာတို့ကို တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြ ထားရမည်ဖြစ်သည်။ တင်ပို့သည့် ဆန်များ သယ်ယူပို့ဆောင်ရာတွင် ထိန်းချုပ်ပိုးမွှား၊ စပါးခွံ၊ အပင်အစိတ် အပိုင်းများ၊ ပေါင်းစေ့ များ၊ စပါးစေ့များ၊ အမှိုက်များ၊ မြေကြီးများ မပါဝင်စေရန် အထူးဂရုပြုစီမံ ဆောင်ရွက်ရန် လိုအပ်ပါသည်။ တရုတ်နိုင်ငံသို့တင်ပို့မည့် ဆန်များကို ပိုးမွှားကင်းစင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ တို့ကို ဆန် မတင်ပို့မီ တတိယအဖွဲ့အစည်းဖြစ်သည့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေး ရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS) နှင့် စစ်ဆေး၍ ပိုးမွှားကင်းစင်ကြောင်းနှင့် အရည်အသွေးစံချိန်စံညွှန်းကိုက်ညီကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးရမည်ဖြစ်သည်။ အဆိုပါ  သက်သေခံလက်မှတ်ပုံစံသည် အပြည်ပြည်ဆိုင်ရာ အပင်ကျန်းမာရေးစံချိန် စံညွှန်း အမှတ်စဉ်(၁၂)နှင့် ကိုက်ညီရမည်ဖြစ်သည့်အပြင် နမူနာသက် သေခံလက်မှတ်တစ်စောင်အား တရုတ်နိုင်ငံသို့ အတည်ပြုရန်နှင့် မှတ်တမ်းတင်ထားရှိရန် ပေးပို့ရမည်ဖြစ်သည်။တရုတ်နိုင်ငံသို့ ဆန်များမတင်ပို့မီ  ပစ္စည်းတွင် ပိုးမွှားအရှင်များ၊ သိုလှောင်ဖျက်ဆီး ပိုးမွှားများမပါရှိစေရန် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ အဆိပ်ငွေ့ မှိုင်းတိုက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးကြောင်း တရုတ်နိုင်ငံသို့ သက်သေခံလက်မှတ်ကို ပေးပို့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံက တင်ပို့သောဆန်များ တရုတ်နိုင်ငံ၏ ဝင်ပေါက်စခန်းသို့ ရောက်ရှိသည့်အခါ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်စစ် ဆေးရေးနှင့် ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(AQSIQ)၏ အောက်ရှိ တရုတ်နိုင်ငံ၏ စစ်ဆေးခြင်းနှင့်  ပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်းအဖွဲ့(CIQ)၏ စစ်ဆေးခြင်းကို ခံယူရ မည်ဖြစ်သည်။ ဆိပ်ကမ်းတွင် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်မှုအုပ်ချုပ်မှုအာဏာ ပိုင်များသည် ပိုးမွှားကင်းစင်ကြောင်း သက်သေခံလက်မှတ်နှင့် အခြားလိုအပ်သည့်  စာရွက်စာတမ်း အထောက်အထားများကို  တိုက်ဆိုင်စစ်ေ ဆးခြင်းနှင့်  ပိုးမွှားကင်းစင်ကြောင်း ရှိ၊ မရှိတို့ကို စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။
        မြန်မာနိုင်ငံဘက်တွင် စပါးစိုက်ခင်းများတွင် လည်းကောင်း၊ သိုလှောင်ရုံများ တွင်လည်းကောင်း၊ ဆန်စက်များတွင်လည်းကောင်း၊ ဖျက်ပိုးမွှားအသစ်များတွေ့ရှိပါက တရုတ်နိုင်ငံဘက်သို့ ချက်ချင်း အကြောင်းကြားရမည်ြ ဖစ်သည်။ ဤသို့အချိန် တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပိုးမွှားရောဂါများအား ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ပူးတွဲလုပ်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံမှ ပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ စေလွှတ်မည်ဖြစ်သည်။ ဖျက်ပိုးမွှားများဆိုးရွားစွာ ပြန့်ပွားမှုကြုံရပါက တရုတ်နိုင်ငံအနေဖြင့်  ဖျက်ပိုးမွှားအန္တရာယ်အကဲဖြတ်ခြင်းနှင့်  ပိုးမွှားပြန့်ပွားမှုထိန်းချုပ်ခြင်းဆိုင်ရာ လိုအပ်ချက်များကို ကူညီ ဆောင်ရွက်ပေးသွားမ ည်ဖြစ်သည်။ အထက်ဖော်ပြပါ တရုတ်နိုင်ငံသို့ ဆန်များတင်ပို့မည်ဆိုလျှင် မြန်မာဘက်က သတ်မှတ်ချက်များနှင့် တရုတ်နိုင်ငံဘက်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို ကြည့်လျှင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ကိုတာခွဲတမ်းရရှိပြီး သဘောတူလက် မှတ်ရေးထိုးပြီးရုံ ဖြင့် ဆန်တင်ပို့ရန်မှာ လွယ်လှသည့် အလုပ်မဟုတ်သည်ကို ရိပ်စားမိကြဖို့လိုပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏  ပို့ကုန်၊သွင်းကုန်များနှင့် ပတ်သက် ပြီး စားနပ်ရိက္ခာများ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီရေးနှင့် စားနပ် ရိက္ခာ ဘေးကင်းလုံခြုံရေးအတွက် ပြဋ္ဌာန်းသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို တိကျစွာလိုက်နာရင်း ဤသို့တင်းကြပ်လာခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသော နိုင်ငံများမှာ မြန်မာနိုင်ငံအပါအဝင် ၁၀ နိုင်ငံရှိပါသည်။ အခြား နိုင်ငံများသည်  တရုတ်နိုင်ငံမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြသဖြင့် နှစ်စဉ်ဆန်တင်ပို့ခွင့် ကိုတာခွဲတမ်း ပုံမှန်ရရှိနေကြပြီး အချို့ယုံကြည်မှုရရှိ သွားကြသဖြင့် ကိုတာခွဲတမ်း ပိုမိုရရှိကြသည်လည်းရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၄-၂၀၁၅ခုနှစ်က တစ်ကြိမ်တရုတ် နိုင်ငံသို့ ဆန်တန် ချိန် တစ်သိန်းကိုတာ ခွဲတမ်းရရှိခဲ့ ဖူးပါသည်။ ယခုအခါ တစ်ကြိမ် ဆန်တန်ချိန်တစ်သိန်းကိုတာခွဲတမ်းရရှိခဲ့ပြန်ပါသည်။ ဤအခွင့်အရေးကို မိမိဘက်မှ သတ်မှတ်ချက်များကို အလေးထားဆောင်ရွက်ရင်း အခွင့်အရေးအမိအရယူသင့်ပါသည်။ မြန်မာ နိုင်ငံ အနေဖြ င့် တရုတ်နိုင်ငံသို့ တင်ပို့ရန် နှစ်စဉ်ဆန်ကိုတာ ခွဲတမ်းမရရှိခဲ့သည်မှာ ဆင်ခြင်စရာဖြစ်ပါသည်။သူများနိုင်ငံကလုပ်နိုင်လျှင် မိမိနိုင်ငံ ကလည်း လုပ်နိုင်ရမည်ဟူသော စိတ်ဓာတ်ရှိဖို့လိုပါသည်။အမှန်စင်စစ်မှာ တရုတ်နိုင်ငံသို့ တင်ပို့ ရန် နှစ်စဉ် ပုံမှန် ကိုတာခွဲတမ်းရရှိနေရန်မှာ တရုတ်နိုင်ငံဘက်မှ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို အလေးအနက်ထား၍ တိကျစွာလိုက်နာကျင့်သုံးပြရင်း တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ယုံကြည်မှု ခိုင်မာအောင် တည်ဆောက် ရန် လိုအပ်ပါသည်။ ဤသို့ဆိုလျှင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် နှစ်စဉ်ပုံမှန်ကိုတာခွဲတမ်းရရှိနေမည့်  အပြင် တဖြည်းဖြည်းကိုတာ ခွဲတမ်းပိုမိုရရှိနိုင်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

 

အောင်ဆန်း (စိုက်ပျိုးရေး)