Main menu

Background

(၉)ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ (JCC) ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

Tue, 10/08/2019 - 14:39 -- journal_editor

    ထားဝယ် အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုး    တိုးတက်ရေးအတွက် မြန်မာ-ထိုင်း   ပူးတွဲကော်မတီ(JCC) ဝန်ကြီးအဆင့်  အစည်းအဝေးကို အောက်တိုဘာ ၃  ရက်တွင်  နေပြည် တော်ရှိ Park  Royal Hotel ၌ ကျင်းပခဲ့ ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းမြင့် နှင့်  ထိုင်းနိုင်ငံဘက်မှ  ပို့ဆောင်ရေး ဝန်ကြီးဌာန  ဝန်ကြီး  H.E Saksayam Chidchob တို့ တက်ရောက် အဖွင့်အမှာ စကား ပြောကြားခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာ နိုင်ငံဘက်မှ   ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့်    စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် ထားဝယ်အထူး စီးပွားရေးဇုန်   စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌဌဒေါက်တာမြင့်ဆန်းနှင့် သက် ဆိုင်ရာဝန်ကြီးဌာနများမှ    ကိုယ်စား လှယ်များစုစုပေါင်း ၃၆ ဦးနှင့် ထိုင်း နိုင်ငံဘက်မှ    ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်ခဲ့ကြသည်။

(၉)ကြိမ်မြောက်  မြန်မာ-ထိုင်း ပူးတွဲကော်မတီ  (JCC)အစည်းအဝေး တွင်  ထားဝယ်အထူးစီးပွားရေးဇုန် ဘက်စုံ    ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်လက်ဆောင် ရွက်သွားမည့် အစီအစဉ်များ၊ ထားဝယ် အထူးစီးပွားရေးဇုန်  တည်ဆောက်ရေး အတွက် ကနဦးစီမံကိန်းနှင့်အတူ တစ် ပြိုင်နက်တည်း  ဆောင်ရွက်သွားမည့် ပင်မစီမံကိန်း  အကောင်အထည် ဖော် ရန် ကိစ္စရပ်များ၊ ထားဝယ်အထူးစီးပွား ရေးဇုန်     ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လီမိတက်(SPV)၏ အခန်းကဏ္ဍဍနှင့် ဖွဲ့စည်းပုံ၊    နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက်    ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲအဆင့်မြင့်ကော်မတီ (JHC)ကျင်းပရန် ကိစ္စရပ်တို့ ကို ဆွေးနွေးခဲ့ကြသည်။

 

MOC(IR)